မြိတ်လေတပ်စခန်းဌာနချုပ်တွင် အမျိုးသမီး ၅ ဦး မိုးကြိုးထိမှန် သေဆုံး
diz_admin
June 8, 2020မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စု ဘုတ်ချောင်းကျေးရွာနှင့် ကပ်လျက်ရှိ မြိတ်လေတပ်စခန်းဌာနချုပ် ဧရိယာဝင်းတွင် ဇွန်လ ၃ ရက်နေ့ မွန်းလွဲပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မိုးကြိုးပစ်ခံမှုကြောင့် အမျိုးသမီးငါးဦးသေဆုံးခဲ့ရကြောင်း မြိတ်ခရိုင် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုထံမှ သိရသည်။ မြိတ်လေတပ်စခန်းဌာနချုပ် ဧရိယာဝင်းတွင် အမှတ် ၇၂ လေယာဉ်အုပ်စုမှ ဌာနချုပ်မှူးဒိုင်း တပ်တွင်း ဖူဆယ်ဘောလုံးပြိုင်င်ပွဲပြုလုပ်နေစဉ် ဘော်လုံးပွဲအားကြည့်ရှုအားပေးနေကြ သည့် အမျိုးသမီး ၁၂ ဦးအား မိုးကြိုးပစ်ခတ်မှုခံရကြောင်း လက်ထောက်ညွှန် ကြားရေးမှူး ဒေါ်တင်တင်ချိုက ပြောသည်။ မိုးကြိုးထိသည့် အမျိုးသမီး ၁၂ ဦးအနက် အသက် ၄ နှစ်ရှိ မိန်းကလေးငယ်တစ်ဦး အပါအဝင် အမျိုးသမီးငါးဦးသေဆုံးခဲ့ရပြီး ကျန်ခုနှစ်ဦးအား အမှတ် ၅၊ တပ်မတော်စစ်ဆေးရုံ ကုတင် ၁၀ဝ တွင် ဆေးကုသမှုခံယူနေရကြောင်း […]