ထားဝယ်တက္ကသိုလ်တွင် ဘွဲ့ယူသူ နှစ်ရာနီးပါးသာရှိ
Dawei Watch
February 3, 2025ထားဝယ်တက္ကသိုလ်တွင် ဖေဖော်ဝါရီလ ၂ရက်က ၂၁ ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကျင်းပခဲ့ပြီး ဘွဲ့ယူသူ နှစ်ရာနီးပါးရှိကြောင်း ဘွဲ့တက်ရောက်ယူခဲ့သူများထံမှ သိရသည်။ နေ့သင်တန်း ဘွဲ့ယူသူ ၆၄ ဦးနှင့် အဝေးသင်ဘွဲ့ယူသူ ၁၂၇ ဦး စုစုပေါင်း ၁၉၁ဦး ရှိကြောင်း ၎င်းတို့က ပြောသည်။ နေ့သင်တန်းဘွဲ့နှင်းသဘင်ကို နံနက်ပိုင်းတွင် ကျင်းပပြီး အဝေးသင်ဘွဲ့နှင်းသဘင်ကို နေ့လယ်ပိုင်းတွင် ကျင်းပခဲ့သည်။ “ကျွန်မတို့ မေဂျာမှာ မဟာဘွဲ့ နှစ်ယောက်၊ ဂုဏ်ထူးတန်းတစ်ယောက်၊ ရိုးရိုးဘွဲ့က လေးယောက် အားလုံး ခုနစ်ယောက် ဘွဲ့ယူတယ်။ ဘွဲ့နှင်းသဘင်မှာလည်း အေးအေးဆေးဆေးပါပဲ။ ကျောင်းထဲမှာ လုံခြုံရေးချထားတာမျိုးတွေ မတွေ့ခဲ့ရဘူး” ဟု ဝိဇ္ဇာဘွဲ့ယူခဲ့သည့် ကျောင်းသူတစ်ဦးက ပြောသည်။ ယခုနှစ် ထားဝယ်တက္ကသိုလ်တွင် ဘွဲ့ယူသည့် နေ့သင်တန်းနှင့် အဝေးသင်ကျောင်းသားဦးရေသည် ပြီးခဲ့သည့်နှစ်ကထက် လျော့နည်းခဲ့သည်။ ပြီးခဲ့သည့်နှစ်က […]