BREAKING
February 1, 2025

သတင်း

တိုင်းလွှတ်တော်ဥက္ကဋ္ဌ ရွေးကောက် ပွဲဝင်မည်

diz_admin

June 21, 2020

၂၀၂၀ ရွေးကောက်ပွဲဝင်နိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောကြားသည်။ ၎င်းအနေဖြင့် တိုင်းဒေသကြီးလွှတ်တော်၊ထားဝယ်မြို့နယ်မဲန္ဒနယ်အမှတ် ၂ မှ ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်ထားသည်ဟု ဆိုသည်။ တိုင်းဒေသကြီးအတွင်း အုပ်ချုပ်မှုစနစ်များ စနစ်တကျဖြစ်လာစေရန်၊ ဒီမိုကရေစီရှင်သန်စေရန်နှင့် ပြည်သူများ၏ လူမှုဘဝတိုးတက်လာစေရန် ရည်ရွယ်၍ ရွေးကောက်ပွဲထပ်ဝင်ရန် ကိုယ်စားလှယ်လောင်းလျှောက်ထားခဲ့ကြောင်း ဦးခင်မောင်အေးက ပြောသည်။ “ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်လိုက်ကောင်းတစ်ယောက်အနေနဲ့ ပီပီ သသ ဝင်ရောက်ပြီးတော့ ကူညီပေးချင်တဲ့အတွက်ကြောင့်မို့ တိုင်းလွှတ်တော်မှာ ကိုယ်စားလှယ်အဖြစ်နဲ့ လျှောက်ရခြင်း ဖြစ်ပါတယ်” ဟု ဦးခင်မောင်အေးက ဆိုသည်။ လွှတ်တော်ဥက္ကဋ္ဌအဖြစ် ငါးနှစ်တာကာလအတွင်း ရရှိခဲ့သည့်အတွေ့အကြုံ များအပေါ် အခြေခံကာ ကူညီနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးသည် ၂၀၁၅ ရွေးကောက်ပွဲအချိန်က တိုင်းဒေသကြီးလွှတ်တော်၊ ထားဝယ်မြို့နယ် မဲဆန္ဒနယ်အမှတ် […]

ဧပြီလလျှပ်စစ်ယူနစ်အခမဲ့ခံစားခွင့်အတွက် ငွေမရသေး

diz_admin

June 21, 2020

ကိုရိုနာရောဂါ ကာကွယ်ထိန်းချုပ်ရေး အရေးကြီးကာလဖြစ်သည့် ဧပြီလအတွက် လျှပ်စစ်ယူနစ် ၁၅၀ အခမဲ့သုံးစွဲခွင့်ကို တနင်္သာရီတိုင်းသားများခံစားခွင့်ရမည်ဟု အကြောင်းကြားထားသော်လည်း နေပြည်တော်မှ ငွေကြေးမရသေးကြောင်း တိုင်းဒေသကြီးလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးက ပြောကြားသည်။ လျှပ်စစ်ယူနစ် ၁၅၀ ခံစားခွင့်ရရေးအတွက် မဟာဓာတ်အားလိုင်း လျှပ်စစ်ယူနစ်ဈေးနှုန်းဖြင့် ပြည်ထောင်စုအစိုးရထံ တွက်ချက်တင်ပြထားရာ ခွင့်ပြုကြောင်း စီမံ/ဘဏ္ဍာဌာနက ခွင့်ပြုပေးမည်ဟု အကြောင်းကြားထားသည်ဟု ဆိုသည်။ သို့ရာတွင် ပြည်ထောင်စုအစိုးရ အဖွဲ့ အစည်းအဝေးတွင် မဆုံးဖြတ်ရသေးသည့်အတွက် ငွေမရသေးကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ဆိုသည်။ “ယူနစ်ကိစ္စကတော့ အဆင်မပြေသေးဘူး။ အပြန်ပြန်အလှန်လှန်ဖြစ်နေတာပေါ့။ စာပို့လိုက် လိုအပ်ချက်ကို ပြန်တောင်းလိုက် ပြန်ပို့လိုက် ဒီလိုဖြစ်နေတာ” ဟု ဦးအောင်သူရက ပြောသည်။ သို့သော် ယနစ် ၁၅၀ ခံစားခွင့်ရရှိရေးမှာ သေချာနေပြီး မည်သည့်အချိန်တွင် ငွေကြေးရရှိမည်ကို မသိနိုင်သေးကြောင်း […]

တောင်သူလယ်သမားများ ကိုဗစ်ချေးငွေရမည်

diz_admin

June 21, 2020

တောင်သူလယ်သမားများကို ကိုဗစ်-၁၉ အထူးချေးငွေအဖြစ် လယ် ၁ ဧကလျှင် ငွေကျပ် ၅၀ဝဝဝ ထပ်ချေးပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။ ကိုဗစ်-၁၉ ကြောင့် လယ်ယာစိုက်ပျိုး ရေးကဏ္ဍတွင် ထိခိုက်မှုများရှိနိုင်ခြင်း၊ လယ်ယာကုန်ထုတ်လုပ်မှု တိုးတက်စေရန်နှင့် ငွေကြေးလည်ပတ်မှု အဆင်ပြေစေရန်အတွက် တောင်သူလယ်သမားများကို ချေးငွေထုတ်ချေးခြင်းဖြစ်ကြောင်း အထက်ပါဘဏ်မှ တိုင်းမန်နေဂျာဒေါ်မိုးမိုးလွင်က ပြောသည်။ ချေးငွေကို မိုးစပါးချေးငွေနှင့်အတူ ထုတ်ချေးနိုင်ပြီး မိုးစပါးချေးငွေထုတ် ချေးပြီးသူများအနေဖြင့် ထပ်မံ၍လာရောက် ထုတ်ချေးနိုင်ကြောင်း ဒေါ်မိုးမိုးလွင်က ပြောသည်။ ယင်းသို့ ချေးငွေထပ်တိုးချေးပေးသည်မှာ လယ်သမားများအတွက် ကောင်းမွန်ပြီး လယ်ယာလုပ်ငန်းအတွက်များစွာ အထောက်အကူဖြစ်သည်ဟု သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွကျေးရွာမှ လယ်သမားဦးမောင်အေးက ပြောသည်။ ချေးငွေကို ဇူလိုင်လတွင် စတင်ထုတ်ချေးနိုင်မည်ဖြစ်ပြီး မိုးစပါးချေး ငွေပြန်ဆပ်သည့်ကာလနည်းတူ ၂၀၂၁ ခုနှစ် မေလ ၁၅ ရက်နောက်ဆုံးထား […]

Dawei Watch TV/ဗိုက်ပူအဝလွန်ရဲတွေ ဝိတ်လျော့နေရ

diz_admin

June 18, 2020

အခုဆိုရင် ရဲတပ်ဖွဲ့ဝင်တွေဟာ ဝိတ်လျော့နေရပါပြီ။ ဗိုက်ပူအဝလွန်ပြီး အချိန်လေးလအတွင်း ဝိတ်မကျဘူးဆိုင် အရေးယူမယ်လို့ ညွှန်ကြားထားတဲ့အတွက်ကြောင့်ပါ။ဒီလိုညွှန်ကြားထားတဲ့အတွက် ယာဉ်ထိန်းတပ်ဖွဲ့ဝင်တွေကတော့ ညနေတိုင်း လေ့ကျင့်ခန်းတွေ လုပ်နေကြပါပြီ။ဒီအကြောင်းတွေကို Dawei Watch ရုပ်သံက တင်ဆက်ထားပါတယ်။

Dawei Watch TV/ လာမည့်ရွေးကောက်ပွဲ နှင့် တနင်္သာရီ ဝန်ကြီးချုပ်

diz_admin

June 17, 2020

လာမည့် ရွေးကောက်ပွဲတွင် တနင်္သာရီ ဝန်ကြီးချုပ် ဦးမြင့်မောင် ရွေးကောက်ပွဲ ဝင်မည်လော၊ လက်ရှိ တာဝန်ထမ်းဆောင်နေစဉ် အားရမှု၊ အားမရမှု စသည်တို့ နှင့် ပတ်သက်ကာ Dawei Watch/တနင်္သာရီ အပတ်စဉ်က တွေ့ဆုံမေးမြန်းထားပါသည်။

ကိုယ်စားလှယ်လောင်းရွေးပွဲ NLD ပါတီတွင်း ပြင်းထန်နိုင်

diz_admin

June 15, 2020

လာမည့်ရွေးကောက်ပွဲအတွက် ပါတီအသီးသီးက ကိုယ်စားလှယ်လောင်းများကို ကြိုတင်ခေါ်ယူပြီး လျာထားနေ ကြပြီဖြစ်သည်။ လက်ရှိ အာဏာရပါတီဖြစ်သည့် NLD လည်း လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်လောင်း လျှောက်လွှာခေါ်ယူနေပြီ ဖြစ်သည်။ ကိုယ်စားလှယ်လောင်းလျှောက်လွှာ နောက်ဆုံးတင်သွင်းရမည့်ရက်ကိုမူ မြို့နယ်အလိုက် ကွဲပြားမှု အနည်းငယ်ရှိသည်။ မြို့နယ်အသီးသီး၏ ကိုယ်စားလှယ် လောင်းလျှောက်လွှာများကို ဇွန်လ ၁၅ ရက်နေ့တွင် တိုင်းအလုပ်အမှုဆောင်အဖွဲ့ ထံတင်ပြရန် ညွှန်ကြားထားကြောင်း တိုင်းအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမြင့်မောင်က ဆိုသည်။ လာမည့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းလျှောက်ထားခွင့်ကို ရပ်ကျေးအထိ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေထားသည့်အတွက် လျှောက်ထားသူများပြီး ပါတီအတွင်း ပြိုင်ဆိုင်မှုပြင်းထန်နိုင်သည်ဟု ၎င်းက ပြောသည်။ ကိုယ်စားလှယ်လောင်းလျှောက်ထားမှုကို မည်ကဲ့သို့ရွေးချယ်မည်၊ မည်ကဲ့သို့ ဆက်လုပ်မည်ကို တနင်္သာရီအပတ်စဉ်က တိုင်းအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးကို မေးမြန်းထားသည်။ ယင်းအပြင် တိုင်းအလုပ်အမှုဆောင်အဖွဲ့အတွင်း လစ်လပ်နေသည့် တိုင်း ဥက္ကဋ္ဌ၊ […]

တက္ကသိုလ်တွေ ပြန်ဖွင့်တော့မလား

diz_admin

June 15, 2020

တက္ကသိုလ်များ၏ ဒုတိယနှစ်ဝက် ပုံမှန်ကျောင်းဖွင့်ရက်မှာ ဇွန်လ ၁ ရက် ဖြစ်သော်လည်း တက္ကသိုလ်အတွင်းမှာတော့ ဆရာ၊ ဆရာမများနှင့် ရုံးဝန်ထမ်းများသာရှိနေပြီး ကျောင်းသူ၊ ကျောင်းသားများ ရှိမနေကြသေးပေ။ တက္ကသိုလ်နေ့သင်တန်းများ၊ အဝေးသင်သင်တန်းများ ပြန်ဖွင့်မည့်အချိန်နှင့်ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနက တစ်စုံတစ်ရာညွှန်ကြားလာခြင်း မရှိသေးသောကြောင့် ဖြစ်သည်။သို့သော်လည်း တက္ကသိုလ်များ၏ လုပ်ငန်းစဉ်အချို့မှာ စတင်အသက်ဝင် လှုပ်ရှားလာနေပြီ ဖြစ်သည်။ ထားဝယ်တက္ကသိုလ်တွင် ပထမနှစ်ဝက် အဖြေလွှာများကို ဇွန်လ ပထမအပတ်မှ စတင်လုပ်ဆောင်နေပြီး ထားဝယ်အဝေးသင်ဌာနတွင်လည်း ဘွဲ့ထောက်ခံစာများ စထုတ်ပေးလျက် ရှိသည်။ အဝေးသင်ပညာရေးကို အွန်လိုင်းမှ သင်ကြားရန် စီစဉ်နေကြောင်း ပညာရေးဝန်ကြီးဌာနက ပြောဆိုထားသော်လည်း လက်တွေ့သင်တန်းများရှိသည့် သိပ္ပံတွဲဘာသာရပ်များအတွက်မူ အွန်လိုင်းစနစ်မှာ စိန်ခေါ်မှုတစ်ခုဖြစ်နေကြောင်း ပညာရေးဝန်ကြီးဌာနက ပြောဆိုထား သည်။ ကွန်ပျူတာတက္ကသိုလ်(ထားဝယ်) တွင်လည်း ကျောင်းမဖွင့်မီ ကွန်ပျူတာပညာရပ်ဆိုင်ရာ ရက်တိုသင်တန်းပို့ချရန် စီစဉ်နေကြောင်း […]

မြန်မာဘောလုံး အကယ်ဒမီနည်းပြ သရက်ချောင်းရေတံခွန်တွင် ရေနစ်သေဆုံး

diz_admin

June 15, 2020

အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်)တွင် နည်းပြတာဝန် ထမ်းဆောင်နေသည့် မြန်မာ့လက်ရွေးစင်ကစားသမားဟောင်း ဦးအေးဆန်းသည် ဇွန်လ ၁၂ ရက်က ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သရက်ချောင်းရေတံခွန်တွင် ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။ ဦးအေးဆန်း၏ သေဆုံးမှုနှင့်ပတ်သက်ပြီး မြန်မာဘောလုံးအဖွဲ့ချုပ်ကလည်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ထားသည်။ ထားဝယ်သို့အလည်လာစဉ် သရက်ချောင်းရေတံခွန်တွင် ၎င်းနှင့်အတူပါလာသူများနှင့်အတူ ရေကူးရင်း ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သရက်ချောင်းမြို့နယ်ဘောလုံးအဖွဲ့ချုပ်မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။ “သူတို့ ခန့်မှန်းတာကတော့ ရေကူးရင်းနဲ့ ကြွက်တက်သွားပြီး သေတာဖြစ်နိုင်တယ်လို့ ပြောတယ်” ဟု သရက်ချောင်းဆေးရုံသို့ လိုက်လံကြည့်ရှုခဲ့သူ အထက်ပါအမျိုးသားက ပြောသည်။ ဖြစ်စဉ်မှာ ၅ နာရီခန့်တွင်ဖြစ်ပွားခဲ့ပြီး ၅ နာရီ ၄၅ မိနစ်ခန့်မှ အလောင်းကို ရှာတွေ့ခဲ့သည်ဟု ၎င်းက ပြောသည်။ မိုးမြင့်