ကျွဲ၊ နွားများ သယ်ဆောင်ရာတွင် ကန့်သတ်ချက်အချို့ ဖြေလျှော့
diz_admin
June 21, 2020ကျွဲ၊ နွားများကို ပြည်တွင်း၌ သယ်ဆောင်ရာတွင် ကန့်သတ်ချက်အချို့ကို ပြင်ဆင်ဖြေလျှော့ပေးလိုက်ပြီဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဇွန်လ ၂ ရက်တွင် ထုတ်ပြန်ထားသည်။ တောင်သူလယ်သမားတစ်ဦးလျှင် နှစ်ကောင်ထက်မပိုသော ခိုင်းကျွဲ၊ ခိုင်းနွားများကို နယ်နိမိတ်ချင်း ထိစပ်နေသည့် ကျေးရွာတစ်ခုမှ အခြားကျေးရွာတစ်ခု သို့မဟုတ် မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ မွေးမြူရန်သို့မဟုတ် လယ်ယာလုပ်ငန်းခွင်တွင် အမှန်တကယ်အသုံးပြုရန် သယ်ဆောင်ခြင်းဖြစ်ပါက သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်နှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန(မွေး/ကု)မှ ထုတ်ပေးသည့် တိရစ္ဆာန်ကျန်းမာရေး ထောက်ခံချက်လက်မှတ်မူရင်းတို့နှင့်အတူ သယ်ဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ဒါက တောင်သူလယ်သမားအတွက်ပဲ ဖြေလျှော့ပေးတာ ဖြစ်တယ်။ တောင်သူ လယ်သမားတစ်ယောက်က သူမွေးဖို့ လယ်ယာလုပ်ငန်းခွင်မှာ ခိုင်းဖို့ နွားလေးနှစ်ကောင်သယ်တာကိုမှ တိုင်းတွေ ပြည်နယ်တွေ […]