BREAKING
February 1, 2025

သတင်း

ပဲ့စင်ကျွန်းအပါအဝင် ကျွန်းနှင့် ကမ်းခြေများကို လွယ်လွယ်မပေးရန် အရပ်ဘက်အဖွဲ့အစည်း ၁၆ ခု တောင်းဆို

diz_admin

July 6, 2020

ထားဝယ်ခရိုင်အတွင်းရှိ ပဲ့စင်ကျွန်းအပါအဝင် ကျွန်းနှင့် ကမ်းခြေများကို စီးပွားရေးလုပ်ငန်းရှင်တစ်ဦးတစ်ယောက်၏ လက်ဝယ်သို့ အလွယ်တကူ လုပ်ပိုင်ခွင့်မပေးရန် အရပ်ဘက်အဖွဲ့အစည်း ၁၆ ခုက တောင်းဆိုလိုက်သည်။ ထားဝယ်ဒေသခံရေလုပ်သားများ အဓိက မှီခိုအားထားရာ ပဲ့စင်ကျွန်းအပါအဝင် အခြားကျွန်းနှင့် ကမ်းခြေများကို တိုင်းအစိုးရအနေဖြင့် အလွယ်တကူ မချပေးရန်နှင့် သဘောထားမှတ်ချက် အလွယ်တကူမပေးရန် ဇူလိုင်လ ၄ ရက်က သဘောထားထုတ်ပြန်ကာ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ ရန်ကုန်မြို့အခြေစိုက် Excellent Fortune Development Group ကုမ္ပဏီ ဒါရိုက်တာ ဦးစိုင်းမျိုးဝင်းနှင့် ဇနီးဖြစ်သူ ဒေါ်နန်းခင်မြင့်ရီတို့ ဇနီးမောင်နှံက ပဲ့စင်ကျွန်းအပါအဝင် လောင်းလုံးမြို့နယ်အတွင်းရှိ ကျွန်းနှင့် ကမ်းခြေ ၅ ခု ကို မြေလွတ်၊ မြေလပ် လုပ်ပိုင်ခွင့်လျှောက် ထားခဲ့သည်။ ၎င်းတို့နှစ်ဦးအမည်ဖြင့် တောကျဲ ကျေးရွာအုပ်စုရှိ ပဲ့စင်ကျွန်း၊ […]

ကိုဗစ်ကာလ လျှပ်စစ်ယူနစ်အခမဲ့အတွက် ကျပ်တစ်သောင်းကျော် ခံစားခွင့်ရ

diz_admin

July 3, 2020

ကိုဗစ်ကာလ လျှပ်စစ်ယူနစ်အခမဲ့ခွင့်အတွက် ငွေကျပ်တစ်သောင်းကျော်ကို တနင်္သာရီတိုင်းရှိ အိမ်ထောင်စုများ ခံစားခွင့်ရပြီဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောကြားသည်။ ကိုဗစ် အရေးကြီးကာလဖြစ်သည့် ဧပြီလနှင့် မေလအတွင်း ၁၅ ရက်တာကာလအတွက် လျှပ်စစ်ယူနစ် အခမဲ့ခွင့်ကို ဇွန်လအတွက် မီတာခပေးသွင်းချိန်တွင် ခံစားခွင့်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဧပြီလအတွက် လျှပ်စစ်ယူနစ် ၁၅၀ ခံစားခွင့်ရရေးအတွက် မဟာဓာတ်အားလိုင်း လျှပ်စစ်ယူနစ်ဈေးနှုန်းဖြင့် တွက်ချက်တင်ပြ ထားရာ ဇွန်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စု အစိုးရက ခွင့်ပြုကြောင်း တရားဝင်အကြောင်းကြားလာသည်ဟု ဦးအောင်သူရက ပြောသည်။ ဧပြီလ လျှပ်စစ်ယူနစ် ၁၅၀ အခမဲ့အတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် ၁၁၅၅၀ ရရှိသည့်အတွက် တိုင်းအစိုးရထောက်ပံ့ထားသည့် ငါးထောင်ကျပ် နုတ်ယူမည်ဖြစ်ပြီး ကျန်သည့်ငွေကို ထောက်ပံ့မည်ဖြစ်သည်။ ယင်းအပြင် […]

ရေဖြူတွင် စစ်တပ်နှင့်တောင်သူတို့ မြေယာပြဿနာဖြစ်ပွား

diz_admin

July 1, 2020

ရေဖြူမြို့နယ် မီကျောင်းလှောင်ရွာ ဟောင်းအနီးတွင် ဒေသခံများစိုက်ပျိုးထားသော ဥယျာဉ်ခြံကိစ္စနှင့်ပတ်သတ်ပြီး ဇွန်လ ၂၅ ရက်က စစ်တပ်နှင့် ဒေသခံတို့ ပြဿနာဖြစ်ပွားခဲ့ကြောင်း ဒေသခံတောင်သူတစ်ဦးက ပြောသည်။ စစ်တပ်ပိုင်မြေပေါ်တွင် ဝင်ရောက် စိုက်ပျိုး၊ နေထိုင်သည်ဟုဆိုကာ ဥယျာဉ်ခြံထဲတွင် စိုက်ပျိုးထားသော အပင်အချို့ကို ခုတ်လှဲခဲ့ပြီး ခြံစောင့်တဲငါးလုံးခန့်ကိုလည်း မီးရှို့ခဲ့ကြောင်း ယင်းပြဿနာ ဖြစ်ပွားရာတွင် ပါဝင်သည့် တောင်သူဦးဝင်းမဲက ပြောသည်။ အမှတ် ၂၈၂ ခြေမြန်တပ်ရင်းနှင့် အမှတ် ၃၀၇ အမြောက်တပ်ရင်းတို့မှ တပ်ဖွဲ့ဝင် ၁၇ ဦးက ယင်းကဲ့သို့လာ ရောက် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဦးဝင်းမဲက ပြောသည်။ “ကျွန်တော်နေတဲ့ အိမ်လည်း သူတို့က မီးရှို့မလို့ပဲ။ ကျွန်တော်က တောင်းပန်လိုက်တယ်။ ရွာထဲမှာလည်း နေရာမရှိလို့ ခဏထားပေးပါဦးဆိုပြီး ပြောလိုက်တယ်။ ကျန်တဲ့သူတွေကတော့ ဘာမှ မပြောတော့ဘူး။ […]

ကိုဗစ်ကုစားရေးအတွက် ကျေးရွာ မတည်ရန်ပုံငွေ ထုတ်ချေးမည်

diz_admin

July 1, 2020

ကိုဗစ်-၁၉ကြောင့် ထိခိုက်မှုရှိသည့် ကျေးရွာများကို စီးပွားရေးကုစားမှုအနေဖြင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းမှ ချေးငွေထုတ်ပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းကျေးလက်ဒေသ ဖွံ့ဖြိုးဦးစီးဌာနထံမှ သိရသည်။ လိုအပ်သည့် သွင်းအားစုနှင့် ငွေကြေးအရင်းအနှီးများ ရရှိရန်၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိရန်နှင့် မိသားစုဝင်ငွေတိုးရန် ရည်ရွယ်၍ အရင်းမပျောက် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်းကို ပြုလုပ်ကြောင်း အထက်ပါဌာန တိုင်းဦးစီးမှူးက ပြောသည်။ အမျိုးသမီးဦးဆောင်သည့် အိမ်ထောင်စုများ၊ အစုအဖွဲ့ဖြင့် စီးပွားရေး၊ အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေး ဆောင်ရွက်လိုသော အိမ်ထောင်စုများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အလုပ်သမား အိမ်ထောင်စုများ၊ ရေလုပ်ငန်း၊ ကျေးရွာ ကုန်ထုတ်လုပ်ငန်း၊ အသေးစားရောင်းဝယ်ရေးနှင့် အသက်မွေးဝမ်းကြောင်း လုပ် ငန်းများကို ချေးငွေထုတ်ပေးမည်ဖြစ်ကြောင်း တိုင်းဦးစီးမှူးက ဆိုသည်။ အိမ်ခြေ ၅၀ ခန့်ရှိသည့် ကျေးရွာကို ကျပ်သိန်း ၁၀ဝ၊ အိမ်ခြေ ၅၀ မှ […]

ဇဟာတောင်သူများကို မျိုးစပါး တင်း ၂၀ဝ ထောက်ပံ့

diz_admin

July 1, 2020

ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာတွင် ဆင်းသုခမျိုးစပါးစိုက်မည့်တောင်သူများကို မြန်မာနိုင်ငံဆန်ကုန်သည် အသင်း ဥက္ကဋ္ဌ၊ ဦးအောင်သန်းဦးက မျိုးစပါး တင်း ၂၀ဝ ထောက်ပံ့ပေးခဲ့ကြောင်း ဇဟာကျေးရွာအုပ်ချုပ်ရေးမှူး ဦးလွင်မိုးက ပြောသည်။ လယ်ယာကဏ္ဍဖွံဖြိုးရေးအတွက် စပါးတစ်တင်း အခြေခံဈေး ကျပ် ၅၀ဝ၀ နှုန်းဖြင့်ဝယ်ယူရန် ညှိနှိုင်းဆွေးနွေးသည့်ကိစ္စဖြင့် ထားဝယ်သို့လာရောက်စဉ် ဇဟာကျေးရွာတောင်သူများနှင့် တွေ့ဆုံ ခဲ့ပြီး ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း ဦးလွင်မိုးက ပြောသည်။ “ဆင်းသုခလုပ်ဖို့ လယ်သမားတွေကို ထောက်ပံ့ပေးတာ။ တစ်ကွင်းတစ်ဆက်တည်း စိုက်နိုင်အောင်ပေါ့” ဟု ဦးလွင်မိုးက ပြောသည်။ မျိုးစပါးတင်း ၂၀ဝ ကို လယ်တစ်ဧက လျှင် ၂ တင်းနှုန်းဖြင့် ၁၀ ဧကအထိ ထောက်ပံ့ပေးပြီး တောင်သူ ၂၅ ဦးခန့် ရရှိသည်ဟု ဦးလွင်မိုးက ပြောသည်။ အထွက်နှုန်းကောင်းပြီး ဈေးကောင်းရပါက လာမည့်နှစ်တွင် […]

မွန်ပြည်သစ်ထိန်းချုပ်ဒေသမှ အိမ်ထောင်စု ၃၀ဝ၀ ကျော် ထောက်ပံ့မှု ရရှိရန် တင်ပြထား

diz_admin

July 1, 2020

Covid-19 ကူးစက်ရောဂါကာလအတွင်း မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသမှ စားဝတ်နေရေးခက်ခဲသည့် အိမ်ထောင်စု ၃၀ဝ၀ ကျော် နိုင်ငံတော်မှ ဒုတိယအကြိမ် ထောက်ပံ့မှုရရှိရန် တင်ပြထားသည် မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ နိုင်ငံတော်မှ ဒုတိယအကြိမ် ထောက်ပံ့မည့်အစီအစဉ်တွင် မွန်ပြည်နယ်မှ အိမ်ထောင်စု ၇ သောင်းကျော် ထောက်ပံ့မှုရရှိရန် တင်ပြထားပြီး အဆိုပါ အိမ်ထောင်စုများတွင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသမှ အိမ်ထောင်စု ၃၀ဝ၀ ကျော် ပါဝင်သည်ဟု မွန်ပြည်နယ်အစိုးရ အဖွဲ့က ပြောသည်။ မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။ နိုင်ငံတော်မှ ဒုတိယအကြိမ်ထောက်ပံ့မှုအဖြစ် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် လာမည့် ရက်သတ္တ ပတ် ၂ ပတ်အတွင်း ထောက်ပံ့ပေးသွားနိုင်ရန် စီစဉ်လျက်ရှိသည်ဟု နိုင်ငံတော်သမ္မတရုံး က ဇွန်လ ၁၉ ရက်နေ့က […]

မူးယစ်ဆေးဝယ် အပေါင်ခံ ဖုန်းတစ်လုံးနှင့် မိသားစုဝင်သုံးဦး၏ အသက်များ

diz_admin

July 1, 2020

ရဲတပ်ဖွဲ့ကတော့ အပေါင်ခံထားသည့် ဖုန်းတစ်လုံးပြန်ရလိုမှုဖြင့် လူသုံးဦးကို သတ်ခဲ့ကြောင်း ကောက်ချက်ဆွဲ ထားသည်။ ရေဖြူမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် သုံးလောင်းပြိုင်လူသတ်မှုမှ စွပ်စွဲခံရသူ လေးဦးကို ဖမ်းဆီးထားပြီး ထိုသို့ အမှုတည်ဆောက်ထားခြင်း ဖြစ်သည်။ ရေဖြူမြို့နယ်တွင် ဇွန်လ ၁၃ ရက် နေ့က ဖြစ်ပွားခဲ့သည့် သုံးလောင်းပြိုင် လူသတ်မှုကျူးလွန်သည်ဆိုသည့် အမျိုးသားလေးဦးကို ဖမ်းမိထားပြီး ရမန်နှစ်ပတ် (ရက်သုံးဆယ်) အတွင်း တရားစွဲတင်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ရဲတပ်ဖွဲ့တာဝန်ရှိသူများက ပြောသည်။ ထားဝယ်-ရန်ကုန်ကားလမ်းပေါ် ၂၄ မိုင် ၃ ဖာလုံတွင်တည်ရှိသည့် မီးရထားသံလမ်း ဂိတ်စောင့်အိမ်တွင် အသက် တစ်နှစ်ကျော်အရွယ် ကလေးတစ်ဦး အပါအဝင် မိသားစုသုံးဦးကို ဓားဖြင့်သတ်သွားခြင်း ဖြစ်သည်။ အသတ်ခံရပြီးနောက် ရဲတပ်ဖွဲ့က သေဆုံးသူနှင့် နောက်ဆုံးဆက်သွယ်ခဲ့သည့် ဖုန်းနံပါတ်များ အပါအဝင် အချက်အလက်ပေါင်း ၂၂ […]

တိုင်းအတွင်း မသန်စွမ်း မဲဆန္ဒရှင် နှစ်ထောင်ခန့်ရှိ

diz_admin

July 1, 2020

လာမည့်ရွေးကောက်ပွဲတွင် တိုင်းအတွင်း မသန်စွမ်းမဲဆန္ဒရှင် နှစ်ထောင့် တစ်ရာခန့်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံးထံမှ သိရသည်။ တိုင်းအတွင်းရှိ မသန်စွမ်းမဲဆန္ဒရှင်များတွင် ကိုယ်လက်အင်္ဂါမသန်စွမ်းသူ ၁၁၀ဝ ဦး၊ အမြင်အာရုံမသန်စွမ်းသူ ၃၀ဝ ဦးခန့်၊ အပြောအကြား မသန်စွမ်းသူ ၄၀ဝ ဦးကျော်ခန့်၊ ဉာဏ်ရည်မသန်စွမ်းသူ ၁၀ဝ ဦးကျော်ခန့်ရှိကြောင်း အထက်ပါရုံးမှ အတွင်းရေးမှူးက ပြောသည်။ မဲရုံသို့ လာရောက်မဲမပေးနိုင်သည့် မသန်စွမ်းမဲဆန္ဒရှင်များသည် ရွေးကောက်ပွဲမတိုင်မီ နှစ်ရက်အတွင်း သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင်ဖြစ်စေ အိမ်တိုင်ရာရောက်ဖြစ်စေ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ၎င်းက ပြောသည်။ ယခင် ရွေးကောက်ပွဲများတွင် မသန်စွမ်း မဲဆန္ဒရှင်စာရင်းကို သီးခြားကောက်ယူခဲ့ခြင်း မရှိကြောင်း ၎င်းက ပြောသည်။ ထားဝယ်ခရိုင်တွင် မသန်စွမ်း မဲဆန္ဒရှင် ၁၂၀ဝ ကျော်ခန့်၊ မြိတ်ခရိုင်တွင် ၆၀ဝ […]