BREAKING
February 1, 2025

သတင်း

တိုင်မြို့တော် ထားဝယ်

diz_admin

July 6, 2020

ထားဝယ်သည် တိုင်မြို့တော်လော၊ တိုင်းမြို့တော်လောဟု လှောင်ပြောင်နေ ကြပြီဖြစ်သည်။ ထားဝယ်မြို့အတွင်းရှိ လမ်းမများ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် လျှပ်စစ်မီးတိုင်၊ ဖုန်းအော်ပရေတာများ၏ ဆက်သွယ်ရေးကြိုး သွယ်တန်းထားသည့် ကွန်ကရစ်တိုင်များဖြင့် ပြည့်နှက် နေသည်။ ယင်းကွန်ကရစ်တိုင်များက မြို့မျက်နှာစာအလှကို ပျက်စီးစေသည်ဟု ပြောဆိုမှုများလည်းရှိနေသည်။ ယင်းအခင်းအကျင်းက တိုင်းမြို့တော် မဟုတ်ဘဲ တိုင်မြို့တော်ဟု လှောင်ပြောင်ခေါ်ဝေါ်ကြသည်အထိ ကွန်ကရစ်တိုင်များက နေရာယူထားသည်။ ရှုပ်ပွများပြားလှသည့် ထိုဖုန်းတိုင်၊ မီးတိုင်များကို ရှင်းလင်းရန် စည်ပင်ကော်မတီကလည်း အကြိမ်ကြိမ် ကြိုးပမ်းခဲ့သည်။ သို့ရာတွင် လက်ရှိအချိန်ထိ ရှင်းလင်းလုပ်ဆောင်နိုင်မှုအရွေ့က မရှိသလောက်ပင်။ လမ်းဘေးနေရာများတွင် စိုက်ထူ ထားကြသည်က လျှပ်စစ်ဌာန၏ မီးတိုင်များ၊ Mytel၊ MPT၊ MBT၊ Ocean Wave စသည့် ဆက်သွယ်ရေး အော်ပရေတာများ၏ ဖုန်းတိုင်များဖြစ်ကြောင်း ထားဝယ်မြို့နယ်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။ ထိုကြောင့်လည်း […]

ပြည်ပပြန် ဆောက်လုပ်ရေးကျွမ်းကျင်ရွှေ့ပြောင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်း

diz_admin

July 6, 2020

ပြည်ပမှပြန်လာသည့် ဆောက်လုပ်ရေးကျွမ်းကျင် ရွှေ့ပြောင်းလုပ်သားများ အလုပ်လာလျှောက်နိုင်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဆောက်လုပ် ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။ COVID-19 ကာလတွင် ပြည်ပနိုင်ငံအသီးသီးမှ ပြန်လာသည့် ဆောက်လုပ်ရေးကျွမ်းကျင်လုပ်သားများကို ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းများရှိ လိုအပ်သောနေရာများတွင် အလုပ်ခန့် အပ်သွားမည်ဖြစ်ကြောင်း အထက်ပါ အသင်းဥက္ကဋ္ဌ ဦးကျော်မင်းမင်းလတ်က ပြောသည်။ “ဦးတည်တာကတော့ ပြန်တော်ပြန် တွေ ပြန်ဝင်လာသူတွေ အလုပ်လက်မဲ့ဖြစ် နေတဲ့ အခက်အခဲကို ဖြေရှင်းပေးနိုင် အောင်ပေါ့။ နိုင်ငံတော်ဘက်ကလည်း ကိုဗစ်ကာလမှာ တော်တော်အခက်အခဲ ဖြစ်တယ်လေ။ ကိုယ့်နိုင်ငံပြန်လာတာ ကိုယ့်နိုင်ငံသားတွေပဲလေ။ သူတို့ အလုပ် လက်မဲ့မဖြစ်ရအောင် သူတို့ မိသားစုတွေ စား၊ ဝတ်၊ နေ၊ ရေး အဆင်ပြေအောင် ကျွန်တော်တို့ နိုင်တဲ့အပိုင်းက ဝင်ပြီးတော့ ကူညီပေးတဲ့ သဘောပါ” ဟု ဦးကျော်မင်းမင်းလတ်က […]

ကိုဗစ်ကာလ လျှပ်စစ်ယူနစ်အခမဲ့အတွက် ကျပ်တစ်သောင်းကျော် ခံစားခွင့်ရ

diz_admin

July 6, 2020

ကိုဗစ်ကာလ လျှပ်စစ်ယူနစ်အခမဲ့ ခွင့်အတွက် ငွေကျပ်တစ်သောင်းကျော်ကို တနင်္သာရီတိုင်းရှိ အိမ်ထောင်စုများ ခံစားခွင့်ရပြီဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောကြားသည်။ ကိုဗစ် အရေးကြီးကာလဖြစ်သည့် ဧပြီလနှင့် မေလအတွင်း ၁၅ ရက်တာ ကာလအတွက် လျှပ်စစ်ယူနစ် အခမဲ့ခံစားခွင့်ကို ဇွန်လအတွက် မီတာခ ပေးသွင်းချိန်တွင် ခံစားခွင့်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဧပြီလအတွက် လျှပ်စစ်ယူနစ် ၁၅၀ ခံစားခွင့်ရရေးအတွက် မဟာဓာတ်အားလိုင်း လျှပ်စစ်ယူနစ်ဈေးနှုန်းဖြင့် တွက်ချက်တင်ပြထားရာ ဇွန်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စုအစိုးရက ခွင့်ပြုကြောင်း တရားဝင်အကြောင်းကြားလာသည်ဟု ဦးအောင်သူရက ပြောသည်။ ဧပြီလ လျှပ်စစ်ယူနစ် ၁၅၀ အခမဲ့အတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် ၁၁၅၅၀ ရရှိသည့်အတွက် တိုင်းအစိုးရ ထောက်ပံ့ထားသည့် ငါးထောင်ကျပ် နုတ်ယူမည်ဖြစ်ပြီး ကျန်သည့် […]

အဂတိလိုက်စားမှုဖြင့် အတိုင်ခံရသည့် ထားဝယ်စည်ပင်ဝန်ထမ်းသုံးဦးကို အရေးယူ

diz_admin

July 6, 2020

ထားဝယ်ကမ်းနားဈေး နေရာချထားမှုနှင့် ပတ်သက်၍ အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခံထားရသည့် ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းသုံးဦးကို ဌာနတွင်းအရေးယူမှုအဖြစ် နေရာပြောင်း ရွေ့လိုက်သည်။ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ၊ အင်ဂျင်နီယာမှူး၊ ဒုဦးစီးမှူး(ဈေး)တို့ကို ဌာနတွင်း အရေးယူမှုအဖြစ် နေရာအပြောင်းအရွှေ့လုပ်ဆောင်ခဲ့သည်ဟု တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။ ထားဝယ်ကမ်းနားဈေးကိစ္စနှင့် ပတ်သက်ပြီး အဂတိလိုက်စားသည်ဟုဆိုကာ အချက် ၅ ချက်ကို မတ်လ ၁၃ ရက်နေ့က တိုင်ကြားထားခြင်း ဖြစ်သည်။ စည်ပင်အဖွဲ့မှ ဒုဦးစီးမှူး(ဈေး)က ဈေးဆိုင်ခန်းနေရာအား စနစ်တကျ ချထားပေးမှုမရှိခြင်း၊ ကြွေပြားခင်းရန်ဟု ဆိုကာ ဆိုင်ခန်း ၈၀ ခန်းထံမှ တစ်ဆိုင်လျှင် ကျပ် ၇၅၀ဝ၀ နှင့် တစ်ခန်းလျှင် ကျပ် ၃၂၀ဝ၀ နှုန်းဖြင့် ဆိုင်ခန်း ၄၀ ကျော်ထံမှ ငွေကောက်ခံပြီး […]

နိုင်ငံရေးပါတီများ စည်းရုံးရေးကာလနှင့် ကိုဗစ်

diz_admin

July 6, 2020

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၈ ရက်တွင် တစ်နိုင်ငံလုံး အထွေထွေရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း ယခုလအတွင်း တရားဝင်ကြေညာလိုက်သည်။ တစ်ဆက်တည်းမှာပင် နိုင်ငံတော် သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ အပါအဝင် ပြည်ထောင်စုအဆင့်ဝန်ကြီးများ အားလုံးသည်လည်း အခြေခံဥပဒေပြဋ္ဌာန်းချက်၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပြဋ္ဌာန်းချက်တို့နှင့် ကိုက်ညီလျှင် ပါတီစည်းရုံးရေးကိစ္စ၊ နယ်မြေစည်းရုံးရေး ကိစ္စများကို ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်သည်။ တစ်ဘက်တွင် ကိုဗစ်ကပ်ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် ထုတ်ပြန်ထားသော ကန့်သတ်ချက် အချို့က ရှိနေဆဲဖြစ်ပြီး လူစု၊ လူဝေး နှင့်ဆိုင်သည့် ကန့်သတ်ချက်တစ်ခုမှာ နိုင်ငံရေးပါတီများ၏ စည်းရုံးရေးကိစ္စအတွက် အဟန့်အတား ဖြစ်နေသည်။ တနင်္သာရီတိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးကလည်း ပါတီစည်းရုံးရေးကိစ္စများကို ကိုဗစ်ထိန်းချုပ်ရေးအတွက် ထုတ်ပြန်ထားသည့် စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောသည်။ “ကိုဗစ်ထိန်းချုပ်ရေးအောက်ကပဲ သွားရမှာပါ။ […]

လောင်းလုံးတွင် ရည်းစားစကားပြောရာမှ ဓားဖြင့်ခုတ်

diz_admin

July 6, 2020

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ရည်းစားစကားပြောရာမှ အမျိုးသမီးတစ်ဦး ဓားဖြင့် ခုတ်ခံရကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ကဒက်ငယ်ထိန်ကျေးရွာတွင် ဇူလိုင်လ ၂ ရက်နေ့က အသက် ၂၃ နှစ် အရွယ် အမျိုးသမီးတစ်ဦးကို ၃၃ နှစ် အရွယ်ရှိ အမျိုးသားက လက်ကိုဆွဲကာ ရည်စားစကားပြောခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိုသို့ ရည်းစားစကားပြောခံရသည့် အမျိုးသမီးက ယင်းအမျိုးသားကို ချိုးနှိမ် ပြောဆိုခဲ့သည်ဟုဆိုကာ အမျိုးသားက အမျိုးသမီး၏ နေအိမ်ခြံဝင်းအတွင်း ဝင်ရောက်ပြီး ဓားဖြင့်ခုတ်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ အဆိုပါ အမျိုးသားကို သက်ဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မများဖြင့် လောင်းလုံးမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့ မှူးရုံးထံမှ သိရသည်။ လောင်းလုံး နှစ်လောင်းပြိုင် လူသတ်မှု အချက်အလက်အချို့ရထားပြီး […]

တိုင်းအတွင်း NLD ပါတီ ကိုယ်စားလှယ်လောင်းလျှောက်ထားသူ တစ်ရာ့ခုနစ်ဆယ်နီးပါးရှိ၊ အမျိုးသမီး ၂၅ ရာခိုင်နှုန်းပါဝင်

diz_admin

July 6, 2020

တနင်္သာရီတိုင်း NLD ပါတီတွင် ကိုယ်စားလှယ်လောင်းလျှောက်ထားသူ ၁၆၉ ဦး ရှိကြောင်း တိုင်းသတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဒေါ်မြရတနာထက်ထံမှ သိရသည်။ အမျိုးသားလွှတ်တော်အတွက် ၄၀ ဦး၊ ပြည်သူ့လွှတ်တော်အတွက် ၃၄ ဦး၊ တိုင်းဒေသကြီးလွှတ်တော် အမှတ် ၁ အတွက် ၄၀ ဦး၊ အမှတ် ၂ အတွက် ၄၈ ဦး၊ ကရင်တိုင်းရင်းသားရေးရာကိုယ်စားလှယ် နေရာအတွက် ၂ ဦး၊ သင့်လျော်ရာ မဲဆန္ဒနယ်ဟုဆိုရာ လျှောက်ထားသူ ၅ ဦး ရှိကြောင်း ဒေါ်မြရတနာထက်က ပြောသည်။ ယင်း ၁၆၉ ဦးအနက် ၄၂ ဦးမှာ အမျိုးသမီးများဖြစ်ပြီး ကရင်တိုင်းရင်သား ရေးရာကိုယ်စားလှယ်လောင်း လျှောက်ထားသူနှစ်ဦးမှာ ထားဝယ်နှင့် တနင်္သာရီ မြို့နယ်တို့မှ ဖြစ်ကြောင်း ၎င်းက ပြောသည်။ […]

ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ရ ဆရာ၊ ဆရာမ ငါးရာနီးပါးခန့်လျာထား

diz_admin

July 6, 2020

ယခုပညာသင်နှစ်တွင် တနင်္သာရီတိုင်းရှိ အခြေခံကျောင်းများတွင် ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ရ ဆရာ၊ ဆရာမ ငါးရာနီးပါး (၄၉၂ ဦး) ခန့်ထားရန် လျာထားကြောင်း တနင်္သာရီတိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။ ဝိဇ္ဇာ၊ သိပွံရိုးရိုးဘွဲ့ရ ၂၁၆ ဦးကို မူလတန်းပြ၊ ဂုဏ်ထူးတန်းဘွဲ့ရ ၁၉၂ ဦးကို အလယ်တန်းပြ၊ မဟာဘွဲ့ရ ၈၄ ဦးကို အထက်တန်းပြအဖြစ် ခန့်ထားရန် လျာထားကြောင်း အထက်ပါရုံးစာရင်းအရ သိရသည်။ KG+၁၂ (ဆယ်နှစ်တန်း ပညာရေး စနစ်သစ်) ကို အကောင်အထည်ဖော်ရာတွင် ဆရာလိုအပ်ချက် ရှိလာသဖြင့် ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ရများကို ခန့်အပ်ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ “ဘယ်အချိန်ကို ခေါ်မယ်ဆိုတာကိုတော့ ရုံးချုပ်က မညွှန်ကြားသေးဘူး။ သူက သတင်းစာကနေ ခေါ်မှာဆိုတော့ လျှောက်မယ့်သူတွေကတော့ သတင်းစာကို […]