BREAKING
February 1, 2025

သတင်း

သဘာဝဘေးအတွက် ဘတ်ဂျက် လိုအပ်ချက်ရှိနေဟုဆို

diz_admin

July 6, 2020

မွန်ပြည်နယ်တွင် သဘာဝဘေးအတွက် ဘတ်ဂျက်ကို Covid-19 ကူးစက်ရောဂါကာလတွင်သုံးထားရသည့်အတွက် ဘတ်ဂျက် လိုအပ်ချက်ရှိနေသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။ ယမန်နှစ်က သဘာဝဘေးအတွက် ဘတ်ဂျက် ကျပ်သိန်းတစ်သောင်း ရှိခဲ့သော်လည်း ယခုနှစ်အတွက် လက်ရှိတွင် မွန်ပြည်နယ်အစိုးရ၌ သဘာဘေးဘတ်ဂျက် ကျပ်သိန်း ၅၀ဝ၀ ခန့်သာရှိသည်ဟု ၎င်းက ဆက်ပြောသည်။ “တော်တော်များများမှာ Shelter တွေ လိုက်ဆောက်နေတယ်။ ဘီလူးကျွန်း ကျိုက်မရော မော်လမြိုင်စသဖြင့် shelter တွေ လိုက်ဆောက်နေတယ်။ အဓိကက စားနပ်ရိက္ခာအတွက် အဓိက ဖြည့်ရမယ့် အခြေအနေမှာ ရှိတယ်။ အဲဒီအတွက် ဘတ်ဂျက်ကလည်း ကိုဗစ်မှာသုံးထားတာ နည်းနည်းများတော့ အဲဒီအတွက်ကို ပြန်ရှာ နေရတာပေါ့နော်” ဟု ဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။ သဘာဝဘေးအတွက် ဘတ်ဂျက် […]

မွန်ရှိ အိမ်ထောင်စု ၇၃၀ဝ၀ ကျော်ကို ငွေကြေး စတင်ထောက်ပံ့၊ မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသမှ အိမ်ထောင်စု ၃၀ဝ၀ ကျော်လည်း ပါဝင်

diz_admin

July 6, 2020

မွန်ပြည်နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၇၃၀ဝ၀ ကျော်ကို ဒုတိယအသုတ်အနေဖြင့် ဇွန်လ ၃၀ ရက်မှစပြီး ငွေကြေး ထောက်ပံ့မှု ပေးနေသည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။ ဃသလငိ-၁၉ ကူးစက်ရောဂါကာလ အခက်အခဲရှိသည့် အခြေခံလူတန်းစား များအတွင် ဒုတိယအသုတ်ထောက်ပံ့မှုတွင် အိမ်ထောင်စုတစ်စုလျှင် ကျပ် ၁၅၀ဝ၀ နှုန်းဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရမှ သိရ သည်။ “ပြည်ထောင်စုဘတ်ဂျက်ကပဲ အခု တစ်ခါပေးတာက စီမံဘဏ္ဍာဝန်ကြီးဌာနက ဘတ်ဂျက်” ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် က ပြောသည်။ ပြည်နယ်အတွင်းရှိ အခြေခံလူတန်းစားများအား ထောက်ပံ့မည့် ငွေကြေးများကို ပြည်နယ်အစိုးရမှ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများထံ ဇွန်လ ၂၉ ရက်နေ့က လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်ဟုလည်း […]

အတ္ထရံမြစ်ရေ သန့်စင်စီမံကိန်း ပြီးပါက မြို့ပေါ်ရပ်ကွက် ၈၀ ရာခိုင်နှုန်းထိ ရေသန့်ရမည်

diz_admin

July 6, 2020

အတ္ထရံမြစ်ရေသန့်စင်စီမံကိန်း ပြီးစီးသွားပါက မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက် ၈၀ ရာခိုင်နှုန်းခန့်ထိ ရေသန့်ဖြန့်ဝေပေးနိုင်မည်ဟု မွန်ပြည်နယ်အစိုးရ အဖွဲ့ စည်ပင်သာယာရေးနှင့် ဆောက်လုပ် ရေးဝန်ကြီးက ပြောသည်။ မြို့ပေါ်ရပ်ကွက် ရေရှားပါးမှု မဖြစ်ပေါ်စေရေးနှင့် သန့်ရှင်းသောရေ အသုံးပြုနိုင်ရေးအတွက် အတ္ထရံမြစ်ရေ သန့်စင်သည့် စီမံကိန်းကို ၂၀၁၉ ခုနှစ် အောက်တိုဘာလမှစကာ ဆောင်ရွက်ခဲ့ သည်။ စီမံကိန်းစတင်စဉ်က မြို့ပေါ် ၁၄ ရပ်ကွက်အတွက် ရေဂါလံ ၄ သန်း အထိသာ ထုတ်ရန် စီစဉ်ခဲ့သော်လည်း မြို့ပေါ် ရေလိုအပ်ချက်အရ ရပ်ကွက် ၁၆ ရပ်ကွက်အတွက် ရေဂါလံ ၆ သန်းထိ တိုးထုတ်ရန် ဆောင်ရွက်နေသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာ ရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။ “အစတုန်းက ဆွဲထားတဲ့စီမံကိန်းက ၁၄ […]

မှုခင်းတပ်ဖွဲ့စုမှူးရုံးက လျှောက်ထားသည့် မြေနေရာကို လယ်သမားက ကန့်ကွက်

diz_admin

July 6, 2020

ထားဝယ်မြို့ ဆန်းချီတိုးချဲ့ကွက်သစ်တွင် ဆေးဝါးကွပ်ကဲရေးရုံးအနီးရှိ မြေနေရာအား တနင်္သာရီတိုင်း အမှတ်(၈) မှုခင်းတပ်ဖွဲ့စုမှူးရုံးထံ လွှဲပြောင်းပေးရန် လျှောက်ထားလာသည့်ကိစ္စကို လယ်သမားတစ်ဦးက ဇွန်လ ၂၆ ရက်တွင် ကန့်ကွက်စာ ပေးပို့လိုက်ကြောင်း သိရသည်။ အမှတ်(၈) မှုခင်းတပ်ဖွဲ့စုမှူးရုံးက လျှောက်ထားသည့်မြေနေရာ ဝ.၂၂ ဧက တွင် ဦးပိုင်အမှတ် လေးခုရှိနေကြောင်း ကန့်ကွက်လွှာခေါ်ယူထားသည်စာတွင် ဖော်ပြထားသည်။ အဆိုပါ ဦးပိုင်အမှတ်လေးခုအနက် သုံးခုမှာ အခြားသူတစ်ဦးပိုင်ဆိုင်သည့် မြေနေရာဖြစ်ပြီး အစားထိုးမြေနေရာ ယူထားဖြစ်ပြီးဖြစ်ကြောင်း ကန့်ကွက်ထားသူ၏ သမီးဖြစ်သူက ပြောသည်။ ကျန်တစ်ကွက်မှာ လျော်ကြေးမရသေးဘဲ ထားဝယ်မြို့နယ်အထွေထွေအုပ် ချုပ်ရေး ဦးစီးဌာနက စစ်ဆေးနေဆဲဖြစ်ပြီး တောင်သူများနှင့် သဘောတူညီမှု မရသေးသည့် မြေနေရာဖြစ်ခြင်းကြောင့် ကန့်ကွက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ လုပ်ထုံးလုပ်နည်းအရ ကန့်ကွက်သူ ရှိက အဆိုပါကန့်ကွက်လွှာကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက […]

လောင်းလုံးနှစ်လောင်းပြိုင် လူသတ်မှုကျူးလွန်သူ မမိသေး

diz_admin

July 6, 2020

လောင်းလုံးမြို့နယ်အတွင်း ဇွန်လ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် နှစ်လောင်းပြိုင်လူသတ်မှုကျူးလွန်သူကို မမိသေးကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သဗြေရှောင်ကျေးရွာရှိ နေအိမ်အောက်ထပ်တွင် အသက် ၈၆ နှစ်အရွယ် အမျိုးသမီကြီးတစ်ဦးနှင့် နေအိမ်အပေါ် ထပ် ဘုရားခန်းတွင် ၅၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ကို သတ်ဖြတ်သွားခြင်း ဖြစ်သည်။ လက်ရှိတွင် တရားခံဖော်ထုတ်နိုင်ရေး လုပ်ဆောင်နေဆဲဖြစ်ပြီး ဖမ်းမိရန် နီးစပ်နေပြီဖြစ်ကြောင်း ယင်းတာဝန်ရှိသူက ဆိုသည်။ ပြင်ပတွင်မူ လူသတ်တရားခံကို ဖမ်းမိပြီဖြစ်ကြောင်း ကောလာဟလသတင်းများ ထွက်ပေါ်နေသည်။ “လက်ရှိကတော့ သတင်းအစအန ဆွဲထုတ်နေတုန်းပေါ့နော်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။ လောင်းလုံးတွင် ရည်းစားစကားပြောရာမှ ဓားဖြင့်ခုတ် ယင်းလူသတ်မှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့အနေဖြင့် အမှုစစ်အဖွဲ့ဖွဲ့ကာ အလေးအနက်ထား လုပ်ဆောင်နေပြီး အချက်အလက်အချို့ ရရှိထားပြီးဖြစ်သည်ဟု […]

တိုင်းအတွင်း သစ်တောသယံဇာတ စာရင်းကောက်ယူ

diz_admin

July 6, 2020

သစ်တောသယံဇာတ အရင်းအမြစ်များ၏ ပကတိအခြေနေမှန်ကို သိရှိကာ လိုအပ်သည့် စီမံကိန်းများ ဆောင်ရွက်နိုင်ရန် တိုင်းအတွင်းရှိ သစ်တောသယံဇာတ စာရင်းကို ကောက်ယူခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာနထံမှ သိရသည်။ သစ်တောပြုန်းတီးမှုနှင့် သစ်တော အတန်းအစားကျဆင်းမှုကြောင့် လေထုအတွင်း ကာဗွန်ထုတ်လုပ်မှုလျော့ချရန်အတွက် ကမ္ဘာ့ကုလသမဂ္ဂ အစီအစဉ်ဖြင့် ဖင်လန်နိုင်ငံ၏ ငွေကြေးထောက်ပံ့မှု၊ UNREDD Project၊ FAO ၏ နည်းပညာအကူအညီဖြင့် သစ်တောဦးစီးဌာနတို့ ပူပေါင်းကာ စာရင်းကောက်ယူခြင်းဖြစ်ကြောင်း အထက်ပါဌာနမှ ညွှန်ကြား ရေးမှူး ဦးမြင့်သိန်းထွန်းက ပြောသည်။ “သူတို့ ကျွန်တော်တို့နဲ့ လာပြီးပူးပေါင်း ပြီးလုပ်တဲ့ ရည်ရွယ်ချက်ကတော့ ထာဝစဉ်တည်တံ့ခိုင်မြဲသော သစ်တော စီမံအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းကို အထောက်အပံ့ဖြစ်ဖို့ လုပ်ကြတာပေါ့” ဟု ဦးမြင့်သိန်းထွန်းက ဆိုသည်။ သစ်တောစာရင်းကောက်ယူရာတွင် စံနမူနာကွက်များရေးဆွဲ၍ သစ်တော နယ်မြေအတွင်းရှိ သစ်ပင်များ၊ […]

တနင်္သာရီတိုင်းအတွင်းသို့လာသည့် ပြည်တွင်းခရီးသွားများ

diz_admin

July 6, 2020

တနင်္သာရီတိုင်းအတွင်းသို့ ပြည်တွင်းမှ လာရောက်သူများအနေဖြင့် စောင့်ကြည့်ရေး စခန်း (ကျူ) ဝင်ရန် မလိုအပ်တော့ကြောင်း တနင်္သာရီတိုင်း အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးကျော်မင်းက ပြောကြားသည်။ ပြည်တွင်းနေသူများအနေဖြင့် ကျူဝင်ရန် မလိုသကဲ့သို့ ထောက်ခံစာလည်း မလိုအပ်တော့ကြောင်း ၎င်းက ဆိုသည်။ သို့ရာတွင် ပြည်ပမှ ပြန်လာသူ များကမူ မဖြစ်မနေ ကျူဝင်ရမည်ဖြစ်ကြောင်း ဦးကျော်မင်းက ပြောသည်။ ရန်ကုန်တိုင်းအတွင်းရှိ အင်းစိန်မြို့ နယ်နေသူများကို Stay Home အဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇွန်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ထို့အပြင် တနင်္သာရီတိုင်း ကိုဗစ် အရေးပေါ် တုံ့ပြန်ရေးကော်မတီကလည်း ဇူလိုင်လ ၁ ရက်နေ့တွင် အမိန့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ထိုအမိန့်ကြေညာချက်တွင်လည်း ပြည်ပပြန်များသာ ကျူဝင်ရမည်ဟု […]

ရေလုပ်ငန်းနှင့် ဆက်စပ် လုပ်ငန်းအချို့ကို အတိုးမဲ့ ကိုဗစ်ချေးငွေပေးရန် စီစဉ်

diz_admin

July 6, 2020

ကိုဗစ်အလွန်တွင် ရေလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများဖြစ်သည့် လှေပိုင်ရှင်၊ ငါးတင်၊ ငါးချ ဆိပ်ခံတံတားပိုင်ရှင်၊ ငါး၊ ပုစွန်ပြုပြင်မွမ်းမံရေး စက်ရုံများတွင် ပါဝင်သော အအေးခန်း၊ ငါးမှုန့်ကြိတ်စက်ရုံပိုင်ရှင်တို့ကို ငါးလုပ်ငန်းဦးစီးဌာနက အတိုးမဲ့ချေးငွေ ထုတ်ချေးရန် စီစဉ် နေကြောင်း တိုင်းငါးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။ လှေတစ်စီးလျှင် ကျပ်သိန်းတစ်ရာနှုန်း၊ ငါးပုစွန် ပြုပြင်မွမ်းမံရေးစက်ရုံတစ်ရုံလျှင် ကျပ်သိန်းတစ်ထောင်နှုန်း၊ ဆိပ်ခံတံတား တစ်ခုလျှင် ကျပ်သိန်း နှစ်ထောင်နှုန်းဖြင့် ထုတ်ချေးရန် စီစဉ်နေကြောင်း အထက်ပါဌာန ဦးစီးအရာရှိ ဦးစိုးသန့်က ပြောသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးရှိ လှေအစီးရေ ၃၁၉၀ စီး၊ ဆိပ်ခံတံတား ဆယ်ခုကို ချေးငွေထုတ်ချေးရန် စီစဉ်နေပြီး ငါး၊ ပုစွန်ပြုပြင်မွမ်းမံ ရေးစက်ရုံများကိုမှု အရေအတွက် ဖော်ပြထားခြင်း မရှိပေ။ […]