BREAKING
January 13, 2025

သတင်း

လေညာတံတားစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရမှုတွင် လက်နက်ကြီးကြောင့် ဆယ်ကျော်သက်တစ်ဦးသေဆုံး

Dawei Watch

September 5, 2024

ဘုတ်ပြင်းမြို့ နယ် လေညာတံတား စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် လက်နက်ကြီးကျည်စထိမှန်ပြီး လေညာရွာ က ဆယ်ကျော်သက်လူငယ်တစ်ဦး သေဆုံးကြောင်း ဒေသခံများက ပြောသည်။ စက်တင်ဘာလ ၃ ရက် နံနက် ၈နာရီခန့်တွင် ဘုတ်ပြင်းမြို့နယ်၊ ချောင်းမွန်ရွာရှိ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်က တိုက်ခိုက်ရာ နာရီဝက်ခန့်ကြာတိုက်ပွဲဖြစ်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ဆိုသည်။ ယင်းသို့တိုက်ခိုက်ခံရစဉ် KNLA နှင့် PDF ပူးပေါင်းတပ်များကလည်း ချောင်းမွန်နှင့် ခုနစ်မိုင်ခန့်အကွာတွင်ရှိသည့် လေညာ တံတား စစ်ကောင်စီစစ်ဆေးရေးဂိတ်နှင့် လေညာအခြေစိုက် ခြေမြန်တပ်ရင်း ခမရ-၅၆၀၊ ခမရ- ၅၅၉ တပ်ရင်း တို့ကို တန်ပြန်သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ ချောင်းမွန်ရွာနှင့် လေညာတံတားဂိတ်တို့မှာ ဘုတ်ပြင်း-ကော့သောင်းလမ်းပိုင်းတွင် တည်ရှိသည်။ ယင်းနောက် ချောင်းမွန်ဘက်သို့ ရောက်ရှိနေသည့် […]

ဘန်ကောက်တွင် ထန်းရည်ရောင်းသော မြန်မာနှစ်ဦးဖမ်းဆီးခံရ

Dawei Watch

September 5, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ဘောဒေသတွင် မြန်မာနိုင်ငံသား ဖွင့်လှစ်ထားသည့် ထန်းရည်ဆိုင်တွင် လုပ်ကိုင်နေသော မြန်မာနိုင်ငံသားနှစ်ဦး စက်တင်ဘာလ ၂ ရက်နေ့ ညက ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ထန်းရည်ကို ဆိုင်ကြီးဖွင့်ပြီး ရောင်းချနေသည်ဟု သတင်းပေးတိုင်ကြားလာသဖြင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာမှ မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဆိုသည်။ ထန်းရည်ရောင်းချနေသူ နှစ်ဦးမှာ အသက် ၃၄ နှစ်နှင့် အသက် ၂၀ အရွယ် မြန်မာနိုင်ငံသားများဖြစ်ကြပြီး တစ်ရက်လျှင် လုပ်အားခ ၄၀၀ ဘတ်ဖြင့် မြန်မာနိုင်ငံသားတစ်ဦးက အလုပ်ခန့်ထားသဖြင့် လာရောက်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့သို့ ထွက်ဆိုထားသည်။ ယခုဖမ်းဆီးခံရသောဆိုင်သည် ဇော်တင်ထန်းရည်ဆိုင်ဖြစ်ပြီး ဘန်ဘောဈေးထဲတွင် မြန်မာအလုပ်သမားများကြား နာမည်ကြီး လူသိများသော ထန်းရည်ဆိုင်ဖြစ်ကြောင်း ဘန်ဘောရှိ မြန်မာနိုင်ငံသားများထံမှ သိရသည်။ “ဘန်ဘောဈေးထဲကို သွားလိုက်။ ဇော်တင်ဆိုင် […]

လက်နက်ကြီးကျည်စထိမှန်သည့် တနင်္သာရီ လယ်တောင်ယာရွာသူ သေဆုံး

Dawei Watch

September 5, 2024

တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုံးအုပ်စု၊ လယ်တောင်ယာရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့်လက်နက်ကြီး ကျည်စ ထိမှန်ခဲ့သည် အသက် ၄ဝကျော်အရွယ် ဒေါ်ပိန်သည် စက်တင်ဘာလ ၄ ရက်ညတွင် သေဆုံးကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောသည်။ ဝမ်းဗိုက်တွင် ကျည်စထိမှန်ဒဏ်ရာကြောင့် တနင်္သာရီဆေးရုံမှ မြိတ်ဆေးရုံသို့ ပြောင်းရွှေ့ကုသခဲ့ပြီး ခွဲစိတ်မှုပြုလုပ်ပြီးနောက် သေဆုံးသွားကြောင်း၎င်းတို့က ဆိုသည်။ စက်တင်ဘာလ ၃ ရက်ညက တနင်္သာရီမြို့ပေါ်ရှိ စစ်ကောင်စီတပ်က လယ်တောင်ယာရွာဘက်သို့ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ငါးလုံးအနက် တစ်လုံးရွာထဲ ကျရောက်ပေါက်ကွဲပြီး ဒေါ်ပိန်နှင့် ဒေသခံကလေးငယ်တစ်ဦးတို့ကို ထိမှန်ခဲ့သည်။ ဒေါ်ပိန်ကို ညတွင်းချင်း တနင်္သာရီဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဆေးဝါးမပြည့်စုံသဖြင့် နောက်တစ်ရက် နံနက်တွင် မြိတ်ဆေးရုံသို့ ပို့ဆောင်ကာ ခွဲစိတ်ကုသခဲ့ရကြောင်း မိသားစုဝင်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ နာရေးသတင်းသွားမေးခဲ့သည့် ဒေသခံတစ်ဦးက ပြောဆိုသည်။ […]

ကမ္ဘာတွင်သစ္စာမရှိဆုံး အမျိုးသားများအဖြစ် ထိုင်းအမျိုးသားများသတ်မှတ်ခံရ

Dawei Watch

September 4, 2024

ထိုင်းနိုင်ငံမှ အိမ်ထောင်ရှိ အမျိုးသားများသည် ကမ္ဘာပေါ်တွင် သစ္စာမရှိဆုံး အမျိုးသားများဖြစ်သည်ဟု စက်တင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကမ္ဘာ့စာရင်းအင်း အချက်အလက်များတွင် ဖော်ပြလိုက်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးမှ အိမ်ထောင်ရှိ အမျိုးသားများက ၎င်းတို့၏ အိမ်ထောင်ဖက်များအပေါ် ဖောက်ပြန်မှုရာခိုင်နှုန်းကို စာရင်းပြုစုခဲ့သော ကမ္ဘာ့စာရင်းအင်းအဖွဲ့ (World of Statistics) က ယင်းသို့ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။ ယင်းအချက်အလက်များတွင် ထိုင်းအမျိုးသား ၅၆ ရာခိုင်နှုန်းက ၎င်းတို့၏ အိမ်ထောင်ဖက်များအပေါ် ဖောက်ပြန်နေသည်ကို တွေ့ရှိခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထို့ကြောင့် ထိုင်းအမျိုးသားများ၏ နောက်တွင် ၄၆ ရာခိုင်နှုန်းဖြင့် ဒိန်းမတ်နိုင်ငံက ဒုတိယ၊ ၄၅ ရာခိုင်နှုန်းဖြင့် အီတလီနိုင်ငံက တတိယ အသီးသီးရှိနေကြကြောင်း ထုတ်ပြန်ထားသည်။ ယင်းအချက်အလက်များမှာ ယေဘုယျအားဖြင့် ကောက်ခံထားသော အချက်အလက်များဖြစ်ပြီး နည်းပညာနှင့် […]

ခမောက်ကြီးတွင် စစ်ကောင်စီတပ် ကုန်းကြောင်း၊ ရေကြောင်းသုံးပြီး စစ်ကြောင်းထိုး

Dawei Watch

September 4, 2024

ခမောက်ကြီးမြို့တွင် စစ်ကောင်စီတပ်က ဩဂုတ်လ ၂၄ ရက်ကစ၍ ကုန်းကြောင်းအပြင် ရေကြောင်းတို့ အသုံးပြုပြီး စစ်ကြောင်းထိုး ရှာဖွေနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ မလိဝမ်းချောင်းဝတွင် ဩဂုတ်လ ၂၄ ရက်က ရေတပ်သင်္ဘော ကျောက်ချရပ်နား၍ စစ်ကောင်စီတပ်သားများ ကုန်းပေါ်တက်ကာ စတင် စစ်ကြောင်းထိုးကြောင်း ဒေသခံတို့က ပြောသည်။ ကျောက်ချရပ်နား၍ သုံးရက်ကြာပြီးနောက် သင်္ဘောပြန်လည်ထွက်ခွာသွားပြီး စစ်ကောင်စီတပ်သားများမှာ လိုက်ပါသွားခြင်းမရှိဘဲ ကုန်းပေါ်တွင် စစ်ကြောင်း ဆက်လက်ထိုးနေခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ သင်္ဘောထွက်သွားပြီးနောက်တွင် လှေငယ်သုံးစင်း ၊ ပဲ့ချိတ်လှေခြောက်စင်းတို့ဖြင့် စစ်ကောင်စီတပ်သားများ ထပ်မံရောက်ရှိ လာပြီး ခမောက်ငယ်ရွာပတ်ဝန်းကျင် ကျေးရွာများတွင် ယနေ့ စက်တက်ဘာလ ၄ ရက် အထိ ကုန်းပေါ် အပြင် ရေကြောင်း အသုံးပြုကာလည်း စစ်ကြောင်းထိုးရှာဖွေ‌နေကြောင်း ဒေသခံတို့က […]

ပေါင်တွင် လူငယ်လေးဦးကို စစ်ကောင်စီတပ် ပစ်ခတ်ဖမ်းဆီး

Dawei Watch

September 4, 2024

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဗြုချောင်ကျေးရွာတွင် လူငယ်လေးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ပစ်ခတ်ဖမ်းဆီးကြောင်း ဒေသခံတို့ထံမှ သိရသည်။ စက်တင်ဘာလ ၂ ရက်နေ့ ည ၈ နာရီဝန်းကျင်က လူငယ် ၁၀ ဦးခန့်သည် သဗြုချောင်ကျေးရွာဈေးတွင် ဝိုင်းဖွဲ့စားသောက် နေကြစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ ရောက်ရှိလာကြောင်း ဒေသခံတို့က ပြောသည်။ ယင်းသို့ရောက်ရှိလာချိန်တွင် လူငယ်အချို့က ထွက်ပြေးသည်ကို စစ်ကောင်စီတပ်ဖွဲ့တို့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၁၉ အရွယ် ကိုစူပါထောဆိုသည့် လူငယ်၏ ပေါင်တွင် ကျည်ထိမှန်ဒဏ်ရာရကြောင်း ဒေသခံတို့က ဆိုသည်။ ကျည်ထိမှန် ဒဏ်ရာရရှိသွားခဲ့သည့် ကိုစူပါထောနှင့် ထွက်မပြေးဘဲ ကျန်ခဲ့သည့် အသက် ၃၀ နှစ်ရှိ ကိုအောင်မင်းထွန်း၊ အသက် ၁၆ နှစ်ရှိ မောင်ကျော်ထက်ဦး၊ အသက် ၁၈ နှစ်ရှိ […]

လောင်းလုံး ဘူချိုင်းရွာသားသုံးဦးအပါအဝင် အမျိုးသားလေးဦးကို စစ်ကောင်စီတပ် သတ်ဖြတ်

Dawei Watch

September 4, 2024

လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စုကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်သည့် လေးရက်အတွင်း အမျိုးသား လေးဦးကို သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ဩဂုတ်လ ၃၁ ရက်နေ့တွင် အသက် ၅၀ ကျော်အရွယ် ဦးကျော်သန်းကို ကျေးရွာလမ်းမဘေးတွင် သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး စက်တင်ဘာလ ၁ ရက်နေ့တွင် ဦးဖိုးအေးကို ရော်ဘာခြံထဲတွင် ပစ်သတ်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ စက်တင်ဘာ ၂ ရက်နေ့တွင် ဦဘရွှေကိုမူ ထားဝယ်စိုက်ပျိုးရေးသိပ္ပံကျောင်းအနီးတွင် ပစ်သတ်ခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။ “သုံးယောက်စလုံးက ဘူချိုင်းရွာသားတွေ။ ဦးကျော်သန်းနဲ့ ဦးဘရွှေက ညီအစ်ကိုရင်း၊ အားလုံးက နွားကျောင်း သစ်ပင်စိုက်စားတဲ့ လူရိုးလူအေးတွေ၊အသက် ၅၀ အရွယ်ပတ်ခြာလည်တွေ ချည်းပါပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။ ယင်းအပြင် ဩဂုတ်လ ၃၁ ရက်နေ့တွင် […]

စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် တနင်္သာရီ လယ်တောင်ယာရွာသား နှစ်ဦးဒဏ်ရာရ

Dawei Watch

September 4, 2024

တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုံးအုပ်စု၊ လယ်တောင်ယာရွာတွင် စက်တင်ဘာလ ၃ ရက်ညက စစ်ကောင်စီတပ်က ပစ်ခတ် သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ တနင်္သာရီမြို့အခြေစိုက် စစ်ကောင်စီတပ်က လယ်တောင်ယာရွာဘက်သို့ ည ၈နာရီဝန်းကျင်တွင် လက်နက်ကြီးဖြင့် ငါးချက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ လက်နက်ကြီးကျည်တို့မှာ လယ်တောင်ယာရွာအတွင်းနှင့် အနီးပတ်ဝန်းကျင်တို့တွင် ပေါက်ကွဲခဲ့ပြီး ကလေးငယ်တစ်ဦးနှင့် အသက် ၄ဝ ကျော် အရွယ် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရကြောင်း ဒေသခံတို့က ပြောဆိုသည်။ အမျိုးသမီးတွင် ဝမ်းဗိုက်တွင် ကျည်စထိမှန်၍ အူများထိခိုက်၍ စိုးရိမ်ရသည့်အခြေအနေတွင် ရှိပြီး ကလေးငယ်တွင်မူ ကျည်စရှပ်ထိ ဒဏ်ရာရကာ စိုးရိမ်ဖွယ်ရာ မရှိကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။ ဒဏ်ရာရသည့် အမျိုးသမီးကို ညတွင်းချင်း တနင်္သာရီဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး […]