ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်း စာရင်းကောက်
diz_admin
July 7, 2020တည်ထောင်ဖွင့်လှစ်ခွင့် မှတ်ပုံတင်ဖြင့် ဖွင့်လှစ်ထားသည့် ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းများ၏ စာရင်းကောက်ယူကာ အခြေခံပညာဦးစီးဌာနသို့ ပေးပို့ရန် ဇွန်လ ၂၉ ရက်နေ့က ညွှန်ကြားထားကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ “အရင်တုန်းက ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းကျောင်းကိစ္စကို ရုံးချုပ်ကနေ တစ်ခါမှ မေးတယ်ဆိုတာ မရှိဘူး။ ဖွင့်လှစ်ခွင့်ပြုဖို့လား ဘာလားဆိုတာတော့ မပြောတတ်ဘူး။ စာရင်းတွေတော့ တောင်းထားတယ်” ဟု အထက်ပါဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုးက ပြောသည်။ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများ၊ ဘကကျောင်း များကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဇူလိုင် ၂၁ ရက်မှ စတင်၍ အထက်တန်းအဆင့်ကို ဖွင့်လှစ်ခွင့်ပြုထားသော်လည်း ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းနှင့် ကျူရှင်များကို တရားဝင်ဖွင့်လှစ်ခွင့် ပြုထားခြင်း မရှိသေးကြောင်း ဦးအောင်စိုးက ဆိုသည်။ ၂၀၂၀-၂၁ ပညာသင်နှစ်အတွက် […]