စပါးတင်းနှစ်သိန်းဝယ်ရန် တိုင်းအစိုးရ တင်ပြ
diz_admin
July 13, 2020မိုးစပါးပေါ်ချိန်တွင် တိုင်းအတွင်းက လယ်သမားများထံမှ စပါးတင်းပေါင်း နှစ်သိန်းဝယ်ယူနိုင်ရေး ပြည်ထောင်စု အစိုးရထံ ထပ်တင်ပြထားကြောင်း တိုင်းအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုက ပြောသည်။ အခြေခံဈေးနှုန်းအောက်ကျဆင်းနေသည့် စပါးများကို ငွေကျပ်သိန်း တစ်သောင်းဖြင့် ဝယ်ယူရန် ယခုနှစ်ဆန်းပိုင်းအတွင်း တိုင်းအစိုးရက စီစဉ်ခဲ့ဖူးသည်။ ယင်းသို့ စီစဉ်နေဆဲတွင် စပါးဈေးနှုန်းမှာ အခြေခံဈေးနှုန်းထက် ပိုမြင့်တက်သွားသဖြင့် ယင်းအစီအစဉ်မှာ မလုပ်ဖြစ်တော့ပေ။ တိုင်းနှင့်ပြည်နယ်အချို့ရှိ လယ်သမားများထံတွင် ပြည်ထောင်စုအစိုးရ ရန်ပုံငွေဖြင့် နှစ်စဉ်နီးပါး စပါးဝယ်ယူနေခဲ့သော်လည်း တနင်္သာရီတိုင်းတွင်မူ တစ်ကြိမ်မှ မဝယ်ဖူးခဲ့ပေ။ ယင်းအတွက်ကြောင့် ယခုနှစ်တွင် တနင်္သာရီတိုင်းမှ ဝယ်ယူခွင့်ရရှိရေးအတွက် ဇူလိုင်လ ဒုတိယအပတ်ကတည်းက ပြည်ထောင်စုအစိုးရထံ ကြိုတင်ပြီး တင်ပြထားခြင်းဖြစ်ကြောင်း ဒေါ်ရီရီချိုက ပြောသည်။ “အခြေခံစပါးဈေးနဲ့ စပါး(တင်း)နှစ်သိန်းလောက် ဝယ်နိုင်အောင်လို့ တင်ထားတာ” ဟု ၎င်းင်းက ပြောသည်။ […]