BREAKING
February 2, 2025

သတင်း

ထီးခီးကုန်သွယ်ရေးဇုန်နှင့် မြို့ပြစီမံကိန်းအတွက် မြေဧက တစ်ထောင်ကျော် လျာထား

diz_admin

July 13, 2020

ထီးခီးနယ်စပ် ကုန်သွယ်ရေးဇုန်နှင့် ထီးခီး Town Plan စီမံကိန်းအတွက် မြေဧက တစ်ထောင်ကျော်ကို လျာထား ညှိနှိုင်းနေကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောကြားသည်။ ထီးခီးနယ်စပ်အနီးတွင် ထီးခီး (မယ့်သမီးခီး) စက်မှုဇုန်ကို ဖော်ဆောင်ရန် Mae Tha Mee Khee Region Industrial ကုမ္ပဏီက ကြိုးပမ်းနေသည်။ အဆိုပါကုမ္ပဏီကို KNU တပ်မဟာ ၄ (မြိတ်-ထားဝယ်ခရိုင်) ၏ စီးပွားရေး လုပ်ဆောင်ပေးနေသည့် Noble Prince ကုမ္ပဏီနှင့် KNU ကိုယ်စားပြု ကုမ္ပဏီတစ်ခုဖြစ်သည့် Sun and Rainbow ကုမ္ပဏီတို့ ပူးပေါင်းထူထောင်ထားခြင်း ဖြစ်သည်။ ယခင်က ထီးခီးစက်မှုဇုန်ကို မြေအကျယ်အဝန်း ၆၆၇၆ ဧကပေါ်တွင် အကောင်အထည်ဖော်ရန် လုပ်ဆောင်နေရာမှ […]

ဘူးထောင့်ကမ်းခြေတွင် သေနတ်ကိုင်ခြိမ်းခြောက်မှု ထပ်ဖြစ်

diz_admin

July 13, 2020

လောင်းလုံးမြို့နယ် သစ်တောကြိုးဝိုင်းအတွင်းရှိ ဘူးထောင့်ကမ်းခြေတွင် သစ်ခိုးထုတ်သူများက ဒေသခံရေလုပ်သားများကို တူမီးသေနတ်ကိုင်ပြီး ထပ်မံခြိမ်းခြောက်လာကြောင်း ရေလုပ်သား အချို့ထံမှ သိရသည်။ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်ကလည်း သစ်ခိုးထုတ်သူများက ယင်းကဲ့သို့ ခြိမ်းခြောက်မှုရှိခဲ့သည့်အတွက် ရဲတပ်ဖွဲ့က နယ်မြေရှင်းလင်းခြင်း၊ သက်ဆိုင်ရာ သစ်တောဝန်ထမ်းများကို နေရာပြောင်း ရွှေ့ခြင်းစသည့် အရေးယူလုပ်ဆောင်မှုများ ပြုလုပ်ခဲ့သည်။ ထိုကဲ့သို့ လုပ်ဆောင်ခဲ့ပြီးနောက် သစ်ခိုးထုတ်မှုများ၊ သေနတ်ကိုင် ခြိမ်းခြောက်မှုများ မရှိတော့ကြောင်း ဒေသခံ ရေလုပ်သားအချို့က ပြောသည်။ သို့ရာတွင် သစ်ခိုးထုတ်မှု သေနတ်ကိုင်ဆောင် ခြိမ်းခြောက်မှုများက နှစ်အနည်း ငယ်သာ ငြိမ်သက်သွားခဲ့ရာမှ ယခုအခါ ယင်းအခြေအနေများ ပြန်ဖြစ်လာသည်ဟု ၎င်းတို့က ပြောဆိုကြသည်။ အနီးအနားကျေးရွာနေသူက ယင်းနေရာတွင် ကွမ်းပင်စိုက်ပျိုးသည်ဟု အကြောင်းပြကာ အနီးတစ်ဝိုက်ရှိသစ်ပင်များကို သစ်ဖြတ်စက်ဖြင့် ခုတ်လှဲ၍ လှေဖြင့်ခိုးထုတ်နေကြောင်း ဘူးထောင့် ကမ်းခြေနေ […]

ရေတံခွန် မသွားရ

diz_admin

July 13, 2020

မွန်ပြည်နယ်အတွင်း နေ့စဉ် လူထောင်နှင့်ချီ လာရောက်အပန်းဖြေနေသည့် ရေတံခွန်များကို ဇူလိုင်လ ပထမအပတ်မှစပြီး သွားလာခွင့် ပိတ်ပင်လိုက်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံအချို့ထံမှ သိရသည်။ ဇွန်လအကုန် ဇူလိုင်လဆန်းပိုင်းမှ စပြီး မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆောင်နိုင်ကြီးရေတံခွန်၊ ပေါင်မြို့နယ်အတွင်းရှိ ဇင်းကျိုက်ရေတံခွန်ဟု လူသိများသည့် ကျောက် သင်္ဘောရေတံခွန်၊ ဆင်ရွာရေတံခွန်အပြင် အခြားသော သဘာဝရေတံခွန်၊ စမ်းချောင်းများသို့ ဒေသတွင်းသာမက အနယ်နယ် အရပ်ရပ်ကပါ နေ့စဉ် လူထောင်ချီ လာရောက် ရေကစားနေကြသည်။ လက်တလောဖြစ်ပွားနေသည့် ကိုဗစ် ၁၉ ကူးစက်ရောဂါကြောင့် ကျန်းမာရေးဝန်ကြီးဌာနက လူစုလူဝေး မဖြစ်စေရန် ထုတ်ပြန်ထားသည့်အတွက် လူစည်ကားသည့် ရေတံခွန်များကို ယခုကဲ့သို့ လည်ပတ်ခွင့် ပိတ်လိုက်ခြင်းဖြစ်ကြောင်း ပေါင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ပြောသည်။ “နေ့စဉ် ရေကစားတဲ့သူတွေနဲ့ စည်ကားနေတယ်။ […]

မွန်ညီညွတ်ရေးပါတီ မဲဆန္ဒနယ် ငါးဆယ်ကျော် ဝင်ပြိုင်မည်

diz_admin

July 13, 2020

မွန်ညီညွတ်ရေးပါတီ (Mon Unity Party) သည် လာမည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် အနည်းဆုံး မဲဆန္ဒနယ် ၅၅ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်က ပြောသည်။ လက်ရှိတွင် မဲဆန္ဒနယ်နှင့် ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အရေအတွက် တိတိကျကျ မသတ်မှတ်နိုင်သေးသော်လည်း အကြမ်းအားဖြင့် မွန်ပြည်နယ်တွင် မဲဆန္ဒနယ် ၃၂ ခု၊ ကရင်ပြည် နယ်တွင် ၁၃ ခု၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၇ ခု၊ ရန်ကုန်နှင့် ပဲခူးတိုင်း ဒေသကြီးတို့တွင် ၃ ခုခန့်ဝင်ရောက် ယှဉ်ပြိုင်သွားရန် စီစဉ်ထားသည်ဟု ၎င်းက ပြောသည်။ “ဝင်ပြိုင်မယ့် မဲဆန္ဒနယ်ကတော့ ခန့်မှန်းထားတာပေါ့နော်။ အတိအကျတော့ မဟုတ်သေးဘူး” ဟု […]

လာမည့်ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း တစ်သိန်းရှစ်သောင်းကျော် သုံးရန် တိုင်းအစိုးရလျာထား

diz_admin

July 13, 2020

တနင်္သာရီတိုင်းအတွင်း လာမည့် ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်းပေါင်း တစ်သိန်းရှစ်သောင်းကျော် သုံးစွဲရန်လျာထားကြောင်း တိုင်းဒေသကြီးရသုံးမှန်း ခြေငွေစာရင်းဦးစီးဌာနထံမှ သိရသည်။ ထိုလျာထားငွေများအနက် ကျေးလက်လမ်းများ ကောင်းမွန်စေရေးအတွက် စုစုပေါင်းဘဏ္ဍာငွေမှ ၂၈ ရာခိုင်နှုန်း ဝန်းကျင်အထိ အများဆုံးအသုံးပြုရန် လျာထားကြောင်း အထက်ပါဌာနထံမှ သိရသည်။ လက်ရှိတွင် လျာထားသည့် ဘတ်ဂျက်ပမာဏကို ပြည်ထောင်စုလွှတ်တော်ထံ တင်ထားပြီး ယင်းလွှတ်တော်က အတည်ပြုပြီးပါက အဆိုပါစာရင်းကို တိုင်းအစိုးရထံ ပြန်ပို့မည်ဖြစ်ကြောင်း ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးနေလင်းထက်က ရှင်းပြ သည်။ “တိုင်းအစိုးရအဖွဲ့ကတစ်ဆင့် တိုင်းဒေသကြီးလွှတ်တော်ကို ပြန်တင်ပြီးတော့ ဥပဒေထုတ်ပြန်ပြီးသွားရင် သုံးလို့ရပြီ” ဟု ဦးနေလင်းထက်က ပြောသည်။ လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်းပေါင်း တစ်သိန်းခုနစ်သောင်းခန့် သုံးစွဲရန်သတ်မှတ်ထားသည်။

ဖခင်က သားကို တုတ်ဖြင့် ရိုက်သတ်

diz_admin

July 13, 2020

ထားဝယ်ဒေသ၊ ရေဖြူမြို့နယ်၊ လဲရှောင်ကျေးရွာနေ အသက် ၆၈ နှစ်အရွယ် ဖခင်က သားဖြစ်သူကို တုတ်ဖြင့် ရိုက်သတ်ခဲ့ကြောင်း ရေနက်ဆိပ်ကမ်း နယ်မြေရဲစခန်းထံမှ သိရသည်။ ရေဖြူမြို့နယ် ၁၈ ကီလိုမီတာ လမ်းမကြီး၏ နံဘေး ပေ ၂၀ အကွာတွင် လူတစ်ဦးမှောက်လျက် လဲနေသည်ကို လမ်းသွားလမ်းလာတစ်ဦးက တွေ့ရှိရသဖြင့် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးကို ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း အထက်ပါရဲစခန်း ရဲအုပ် တင်ဆန်းဦးထံမှ သိရသည်။ ၎င်းသည် ဥယျာဉ်ခြံအတွင်း ဖခင်နှင့် အတူနေထိုင်ပြီး အမဲလိုက်ခြင်း၊ ငါးထောင်ခြင်းတို့ဖြင့် အသက်မွေးသူ ဖြစ်သည်။ ၎င်းသည် ယခင်ကတည်းကပင် ဖခင်နှင့် စကားများရန်ဖြစ်သည့်အချိန်တိုင်း ဖခင်ဖြစ်သူကို အသက်သေစေနိုင်လောက်သည်အထိ အန္တရာယ်ပြုခဲ့ဖူးသူဖြစ်ပြီး မသေဆုံးမီညက မူးယစ်ရမ်းကားပြီး ဖခင်ဖြစ်သူနှင့် စကားများရန်ဖြစ်ကာ တောလိုက်ထွက်သွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ တောလိုက်ရာမှ ပြန်လာစဉ် […]

တိုင်းအစိုးရကိုတရားစွဲထားသည့်အမှု တရားရုံး ပယ်ချ

diz_admin

July 13, 2020

အထွေထွေလျော်ကြေးငွေကျပ် သိန်းပေါင်း ငါးသောင်းရလိုမှုဖြင့် အစိုးရ ကို စူပါလိုကယ်ကုမ္ပဏီက တရားစွဲဆိုထားမှုကို တိုင်းဒေသကြီးတရားလွှတ်တော်က ဇူလိုင်လ ၆ ရက်နေ့ရုံးချိန်းတွင် ပလပ်လိုက်ကြောင်း ယင်းတရားရုံးထံမှ သိရသည်။ အထွေထွေလျော်ကြေးငွေရလိုမှု တရားမမှု အဆိုလွှာကို ယခုနှစ် မတ်လ ၁၂ ရက်က တိုင်းတရားလွှတ်တော်ထံ တင်သွင်းခဲ့ခြင်း ဖြစ်သည်။ အဆိုလွှာ၊ အချေလွှာနှင့် နှစ်ဖက်တင်ပြသည့် စာရွက်စာတမ်းများနှင့် အဆိုလွှာ အချေလွှာများအရ တရားစွဲဆိုရမည့် သတ်မှတ်အချိန်ကာလ (ကာလ စည်းကမ်းသတ်) ကျော်လွန်နေသည့်အတွက် ယင်းကဲ့သို့ ပလပ်ခဲ့ကြောင်း တိုင်းတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ဆိုသည်။ ကာလစည်းကမ်းသတ်ဥပဒေအရ နစ်နာသည်ဟု စတင်သိရှိချိန်မှ ၁ နှစ်အတွင်း တရားစွဲဆိုရမည်ဖြစ်သော်လည်း လက်ရှိအမှုမှာ အချိန် ၃ နှစ်ကျော်ပြီးမှ စွဲဆိုခြင်းဖြစ်ကြောင်း ယင်းတရားရုံးထံမှ သိရသည်။ သရက်ချောင်းမြို့ ပြည်သူ့ဆေးရုံ […]

လစ်လပ် ထားဝယ်စည်ပင် ကော်မတီဝင်နေရာ ပြန်ရွေးရန် ပြင်

diz_admin

July 13, 2020

လစ်လပ်သွားသည့် ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီဝင်တစ်ဦး၏ လစ်လပ်နေရာ အစားထိုးနိုင်ရန် စတင်ပြင် ဆင်နေပြီဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။ ကော်မတီဝင်ဖြစ်သူ ဦးဇော်လေးက ပါတီတာဝန်ထမ်းဆောင်ရန် နုတ်ထွက် သွားသည့်အတွက် ယင်းနေရာကို အစားထိုးနိုင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။ ဦးဇော်လေးသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဖြစ်သည်။ ထိုသို့ အစားထိုးရွေးချယ်ရန် စည်ပင်သာယာရေးဥပဒေအရ မြို့မိမြို့ဖ တစ်ဦးစီကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်စု ကိုယ်စားလှယ် ငါးဆယ်ရာခိုင်နှုန်းကျော်က ရွေးချယ်ထားသူများ၏ အမည်စာရင်းကို ဇူလိုင်လ ၁၀ ရက်နေ့ နောက်ဆုံးထားပေးပို့ရန် ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူးက ရပ်/ကျေးများကို ညွှန်ကြားထား သည်။ သက်ဆိုင်ရာရပ်/ကျေးက ရွေးချယ်ထားသည့် ကော်မတီဝင်လောင်းဦးရေ များပြားပါက မြို့တော်ခန်းမတွင် ရွေးချယ်ပွဲလုပ်မည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်းက ဆိုသည်။ ရွေးချယ်ပွဲကိုမူ အချိန်ရပါက လာမည့်အပတ်အတွင်း […]