BREAKING
February 2, 2025

သတင်း

မောတောင်နယ်စပ်ဂိတ်မှ ထိုင်းသို့ တရားမဝင် ဝင်ရောက်သူ ၂၀ ဦးကျော် ဖမ်းမိ

diz_admin

July 13, 2020

တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာအလုပ်သမား ၂၀ ဦးကျော်အား ဇူလိုင်လ ၁၁ ရက်က ဖမ်းမိခဲ့ကြောင်း မြိတ်-ပရာကျွပ် ညီအစ်မမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်ထံမှ သိရသည်။ မောတောင်နယ်စပ်ဂိတ်တစ်ဖက်ရှိ ထိုင်းနိုင်ငံ ပရာကျွပ်ခီရီခန်ခရိုင် ခလောင် ဝမ်တိုက်နယ် နယ်ခြားစောင့် ရဲတပ်ဖွဲ့ နှင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူတို့သည် သတင်းအရ နယ်မြေလုံခြုံရေး ကင်းလှည့်စစ်ဆေးနေစဉ် နယ်စပ်ရှိ သွပ်ဆူးကြိုးလိုင်းများကို ဖြတ်ကျော်ပြီး ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၆ ဦးကို စင်ခွန်နယ်စပ်ဂိတ်အနီးရှိ တောလမ်းတစ်နေရာတွင် ဇူလိုင်လ ၁၁ ရက် နံနက် တစ်နာရီခွဲအချိန်ခန့်က ဖမ်းမိခဲ့ကြောင်း ဦးအောင်ကြည်မြင့်က ပြောပြသည်။ ထို့အပြင် ယင်းနေ့ နံနက် ၆ နာရီခွဲ အချိန်ခန့်တွင်လည်း ထိုင်းနိုင်ငံသား မောင်းနှင်လာပြီး […]

ထားဝယ်တက္ကသိုလ် ဆရာများအိမ်ရာ ဆောက်မည်

diz_admin

July 13, 2020

ထားဝယ်တက္ကသိုလ်အဝင်၀ ဘယ်ဘက်ခြမ်းရှိ ‌မြေနေရာတွင် ဆရာ၊ ဆရာမ ၁၆၀ ဦးနေထိုင်နိုင်မည့် အိမ်ရာတစ်ခု ဆောက်လုပ်မည်ဖြစ်ကြောင်း ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီရွှေက ပြောသည်။ အိပ်ခန်း တစ်ခန်းပါ ရှစ်ခန်းတွဲ လေးထပ်တိုက်တစ်လုံး (၃၂ ခန်း)၊ အိပ်ခန်း နှစ်ခန်းပါ ရှစ်ခန်းတွဲ လေးထပ်တိုက် သုံးလုံး (၉၆ ခန်း)၊ အိပ်ခန်း သုံးခန်းပါ ရှစ်ခန်းတွဲ လေးထပ်တိုက် တစ်လုံး (၃၂ခန်း) စုစုပေါင်း အိမ်ခန်း ၁၆၀ ခန်းပါ အိမ်ရာစီမံကိန်းကို ဆောက်လုပ်မည်ဖြစ် ကြောင်း ဒေါက်တာသိင်္ဂီရွှေက ပြောသည်။ ယင်းအပြင်လူငါးရာဆန့် Commu- nity Center တစ်ခု၊ ပေ ၅၀_၁၀၀ ပတ်လည် ကိုယ်လက်လှုပ်ရှား အားကစားရုံ တစ်ခု၊ ကားပါကင်၊ လုံခြုံရေးဂိတ်၊ လုံခြုံရေး […]

တက္ကသိုလ်၊ ကောလိပ်များအားလုံးကို အွန်လိုင်းမှ ပို့ချရန် စီစဉ်နေ

diz_admin

July 13, 2020

အဝေးသင်အပါအဝင် တက္ကသိုလ်၊ ကောလိပ်များအားလုံးကို အွန်းလိုင်းမှပို့ချနိုင်ရန်အတွက် သက်ဆိုင်ရာ တက္ကသိုလ် အစုအဖွဲ့အလိုက် လုပ်ဆောင်ရန် စီစဉ်နေကြောင်း ထားဝယ်မြို့ရှိ တက္ကသိုလ် အချို့ထံမှ သိရသည်။ သင်ခန်းစာလျှော့ချခြင်း၊ သင်ကြားမည့် သင်ခန်းစာများကို ဗီဒီယိုဖိုင် ရိုက်ကူးခြင်းတို့ကို ဝိဇ္ဇာသိပ္ပံတက္ကသိုလ် အုပ်စု၊ ကွန်ပျူတာ တက္ကသိုလ်အုပ်စု၊ နည်းပညာတက္ကသိုလ်အုပ်စု စသည်ဖြင့် အုပ်စုခွဲဆောင်ရွက်နေကြောင်း ယင်းတက္ကသိုလ်တို့ထံမှ သိရသည်။ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တို့အတွက် အွန်လိုင်းမှ ပို့ချမည့် သင်ခန်စာများကို ဇူလိုင်လ ၉ ရက်မှစပြီး ဒဂုံတတ္ကသိုလ်က ဦးဆောင်စီစဉ်နေကြောင်း ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီရွှေက ပြောသည်။ “သိပ်တော့ မကြာတော့ဘူး။ တစ်လ၊ နှစ်လအတွင်း ဖြစ်လာလိမ့်မယ်။ ဘာကြာင့် လဲဆိုတော့ ကလေးတွေက စာနဲ့ပြတ်မှာ စိုးလို့။ ဒါကို အကြာကြီး ဆွဲနေလို့ မရဘူး” ဟု […]

ကော့သောင်းတွင် ရေငန်ပုစွန် မွေးမြူရန် မြေယာလျှောက်ထားမှု ရွာသားများ ကန့်ကွက်

diz_admin

July 13, 2020

ပြည်တွင်းကုမ္ပဏီတစ်ခုမှ ကော့သောင်းမြို့နယ်အတွင်း ရေငန်ပုစွန်မွေးမြူရေး ပြုလုပ်ရန် မြေနေရာလျှောက်ထားလာမှုကို ကျေးရွာနေပြည်သူများမှ ကန့်ကွက်လိုက်ကြသည်။ ကော့သောင်းမြို့နယ်၊ စူငယ်ဘာ လိုင်းကျေးရွာအုပ်စု၊ အောင်ဇမ္ဗူရွာတွင် ရွှေကံမော်အကွာ ကာချားကုမ္ပဏီမှ ပုစွန်မွေးမြူရန် မြေဧကရှစ်ရာ လျှောက်ထားလာမှုအပေါ် ရွာသား ရှစ်ဆယ်ကျော်မှ လက်မှတ်ထိုးကာ ဇူလိုင်လ ၆ ရက်နေ့စွဲဖြင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံ ကန့်ကွက်လွှာ ပေးပို့ခဲ့ကြသည်။ အောင်ဇမ္ဗူကျေးရွာ ကွင်းအမှတ် (1 OSS ) တွင် ဧကရှစ်ရာနှင့် ကွင်းအမှတ် (2 OSS ) ဂျပန်ကမ်းခြေ ဒီရေ တောတွင် မြေလွတ်မြေလပ်မြေရိုင်းအဖြစ် ဧကသုံးရာအား လျှောက်ထားခဲ့ခြင်းဖြစ်သည်ဟု အောင်ဇမ္ဗူကျေးရွာမှ ဆရာတော် ဦးဇောတိက ကမိန့်ကြားသည်။ ယင်းသို့ လျှောက်ထားလာသည့် မြေဧရိယာရှစ်ရာအတွင်း တောင်သူများ၏ ဥယျာဉ်ခြံမြေများ၊ ဓနိတောမြေများ၊ တောင်သူစိုက်ပျိုးမြေများ၊ […]

ရွာသားနှင့် တာဆာကီစာချုပ် တစ်ဖက်သတ်ဖြစ်နေဟု လွှတ်တော်ကိုယ်စားလှယ်နှင့် ပညာရှင်များပြော

diz_admin

July 13, 2020

ဘုတ်ပြင်းမြို့နယ်ရှိ လငန်းရွာသားများနှင့် တာဆာကီပုလဲမွေးမြူရေး ကုမ္ပဏီတို့ ရေးထိုးထားသည့် စာချုပ် တစ်ဖက်သတ်ဖြစ်နေပြီး ခိုင်မာမှုမရှိဟု ဘုတ်ပြင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ဥပဒေပညာရှင်များက ပြောဆို လိုက်သည်။ ဘုတ်ပြင်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေလင်းထွန်းနှင့် ဥပဒေပညာရှင်များ ဇူလိုင်လ ပထမပတ်က လငန်းကျေးရွာသားများနှင့် တွေ့ဆုံ ပြီးနောက် ပြောဆိုခဲ့ခြင်း ဖြစ်သည်။ “ခိုင်မာအားကောင်းတဲ့ အဖွဲ့အစည်း၊ သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးရဲ့ ရှေ့မှာ ရေးထိုးထားတာလည်း မဟုတ်ဘူး။ လူလေးယောက်တည်း ရေးထိုးထားတဲ့ စာချုပ်ဖြစ်နေတယ်။ ခိုင်မာမှုမရှိဘူး တစ်ဖက်သတ် ဖြစ်နေတယ်” ဟု ဦးနေ လင်းထွန်းက ပြောသည်။ ယင်းအပြင် စာချုပ်ပါအပေါ် စာပိုဒ် အချက်အလက်များတွင် မက်လုံးအချို့ ပေးထားပြီး အောက်စာပိုဒ်တွင်မူ ပြဿနာ တစ်စုံတစ်ရာပေါ်ပေါက်ခဲ့ပါက စစ်ဆေးပြီး၂၀၀၈ အခြေခံဥပဒေနှင့်ရော မြန်မာပုလဲလုပ်ငန်း တည်ဆဲဥပဒေဖြင့်ပါ အရေးယူမည်ဟုလည်း […]

တနင်္သာရီမြို့ လွတ်လပ်ရေးကျောက်တိုင် ပြောင်းရွှေ့ စိုက်ထူမည်

diz_admin

July 13, 2020

တနင်္သာရီမြို့ မြို့မရဲစခန်းအတွင်း တည်ရှိသည့် လွတ်လပ်ရေးကျောက်တိုင်အား ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်တု‌နေရာသို့ ပြောင်းရွှေ့စိုက်ထူမည်ဖြစ်ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းထံမှ သိရသည်။ ဗိုလ်ချုပ်မြင်းစီးရုပ်ထုအနီးတွင် ပန်းခြံတစ်ခု ဆောက်လုပ်မည်ဖြစ်ပြီး ယင်းပန်းခြံတွင်းသို့ ဗိုလ်ချုပ်ရုပ်တုအား ပြောင်းရွှေ့မည် ဖြစ်သည်။ ထိုကြောင့် လစ်လပ်သွားသည့် ဗိုလ်ချုပ်ရုပ်ထုနေရာတွင် လွတ်လပ်ရေး ကျောက်တိုင်အား စိုက်ထူမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောသည်။ “အာဇာနည်နေ့အခမ်းအနားပြီးတော့မှ ရုပ်တုရွှေ့တာတွေ ပန်းခြံလုပ်တာတွေ စလုပ်မယ်” ဟု ဦးအောင်ကျော်ဟိန်းက ပြောသည်။ လက်ရှိ ဗိုလ်ချုပ်မြင်းစီးရုပ်တုအနီးရှိ ကားလမ်းမမှာ လမ်းချဲ့လိုက်သည့်အတွက် ရုပ်တုမှာ လမ်းနံဘေးထောင့်ဘက်သို့ ကျရောက်နေသဖြင့် လမ်းနှင့်နီးသည့် ပန်းခြံ၏ အလယ်သို့ ရုပ်တုအား ပြောင်းရွှေ့မည်ဖြစ်ကြောင်း ဦးအောင်ကျော်ဟိန်းက ပြောပြသည်။ အဆိုပါ ဗိုလ်ချုပ်ပန်းခြံနှင့် လွတ်လပ်ရေးကျောက်တိုင်စိုက်ထူမည့် မြေနေ ရာအား မြို့နယ်အုပ်ချုပ်ရေးမှူး၊ လမ်းဦးစီး၊ စည်ပင်သာယာရေးကော်မတီ၊ […]

တနင်္သာရီရေဘေးကူညီရေး လက်ကျန်ရန်ပုံငွေ ပြန်အသုံးပြုမည်

diz_admin

July 13, 2020

နှစ်စဉ်မြစ်ရေကြီးမှုနှင့် ရင်ဆိုင်နေရသည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် တွင် ယခုနှစ် ရေဘေးကူညီရေးအတွက် လက်ကျန်ရန်ပုံငွေအား ပြန်လည်အသုံး ပြုသွားမည်ဖြစ်ကြောင်း တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က ပြောကြားသည်။ ပြီးခဲ့သည့်နှစ်က ကြုံရသည့်ရေဘေးတွင် အလှူရှင်တို့မှ လှူဒါန်းထားသည့် ရန်ပုံငွေ ကျပ်သိန်းတစ်ရာရှိနေပြီး ရေဘေးကယ်ဆယ်ရေးအတွက် သံခွံစက်လှေ ငါးစီးနှင့် ဖိုင်ဘာစက်လှေနှစ်စီး အသင့်ရှိနေကြောင်း တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က ပြော သည်။ “လိုတဲ့အခါ သုံးလို့ရအောင် သဘာ၀ ဘေးရန်ပုံငွေအနေနဲ့ ထားထားတာပါ” ဟု တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က ပြောသည်။ ထို့အပြင် ရေကြီးနစ်မြုပ်မှု ဖြစ်ပွားလာပါက ရေဘေးသင့် ပြည်သူများအား ယာယီကယ်ဆယ်ရေးစခန်းများတွင် စနစ်တကျ ထားရှိနိုင်ရေးအတွက် တပ်မတော်နှင့် သက်ဆိုင်ရာဌာနတို့မှ တာဝန်ရှိသူတို့က ကယ်ဆယ်ရေးစခန်းများ ပြုလုပ်မည့် နေရာတို့အား ကွင်းဆင်းစစ်ဆေးကာ […]

ပုံစံ (၇) အလွဲသုံးစားလုပ်မှုဖြင့် ကျေးရွာတာဝန်ခံ အစစ်ခံရ

diz_admin

July 13, 2020

လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇) အလွဲသုံးစားလုပ်မှုဖြင့် ကျွန်းစုမြို့နယ်၊ ဒုံးပုလဲအော် ကျေးရွာတာဝန်ခံမှာ အစစ်ဆေးခံနေရကြောင်း ကျွန်းစုမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးစာရင်းအင်း ဦးစီးဌာနနှင့် ရွာသားများထံမှ သိရ သည်။ ကျွန်းစုမြို့နယ်၊ ရေမြစ်ကြီးကျေးရွာ အုပ်စု၊ ဒုံးပုလဲအော်ကျေးရွာ၊ ပသွေးချောင်းအပိုင်းတွင်နေထိုင်သည့် ဥယျာဉ်ခြံစိုက်သည့် တောင်သူကိုးဦးထံမှ ပုံစံ ၇ များအား ကျေးရွာတာဝန်ခံ ဒေါ်မိုးမိုးသူ က ပုံစံ ၁၀၅ နှင့် ပုံစံ ၁၁ ကျအောင် လုပ်ပေးမည်ဟုဆိုကာ ၂၀၁၈ ဒီဇင်ဘာလမှ တောင်းယူခဲ့ပြီး ပြန်လည်ပေးအပ်ခြင်း မရှိသည့်အတွက် ရွာသားများမှ လက်မှတ်ထိုးကာ ၂၀၂၀ ပြည့်နှစ် မေလက တနင်္သာရီတိုင်းဝန်ကြီးချုပ်ထံ တိုင်ကြားခဲ့ကြခြင်း ဖြစ်သည်။ ယင်းသို့ တောင်းယူခဲ့သည့် ရွာသားကိုးဦး၏ ဥယျာဉ်မြေစုစုပေါင်း ဧကလေးဆယ်ကျော်ရှိပြီး လွန်ခဲ့သည့် နှစ်ပေါင်းသုံးဆယ် အချိန်ကတည်းက […]