၂၀၂၀ ရွေးကောက်ပွဲ တနင်္သာရီတိုင်း မဲဆန္ဒရှင်စာရင်း မကြာမီ ကြေညာမည်
diz_admin
July 20, 2020၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC က ထုတ်ပြန်ထားပြီး မဲပေးခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းကို ဇူလိုင်လ ၂၅ ရက်နေ့တွင် စတင်ကြေညာတော့မည် ဖြစ်သည်။ မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကျေးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများတွင် ၁၄ ရက်ကြာ ကြေညာမည် ဖြစ်သည်။ မဲဆန္ဒရှင် စာရင်းထုတ်ပြန်ကြေညာရာတွင် မိမိအမည် မပါဝင်ပါက ကော်မရှင်အဖွဲ့ခွဲ့ရုံးတွင် စောင့်နေသည့် တာဝန်ရှိသူများထံ ဆက်သွယ်နိုင်ကြောင်း တိုင်းရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးက ဆိုသည်။ ထိုသို့ဆက်သွယ်ပါက မဲစာရင်းတွင် မိမိအမည်ပါဝင်ရေးအတွင် တောင်းဆိုလွှာ (ပုံစံ-၃) ဖြင့် တင်သွင်း ဖြည့်စွက်ရမည် ဖြစ်သည်။ မဲစာရင်းတွင် မပါသင့်သူ ပါဝင်နေပါက ကန့်ကွက်လွှာ (ပုံစံ-၄) တောင်းယူကာ ကန့်ကွက်ရမည် […]