BREAKING
February 2, 2025

သတင်း

တိုင်းအတွင်း မြို့ ၆ မြို့တွင် မွန်ညီညွတ်ရေးပါတီက ရွေးကောက်ပွဲ ဝင်မည်

diz_admin

July 21, 2020

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရေဖြူ၊ ပုလော၊ မြိတ်၊ တနင်္သာရီ၊ ဘုတ်ပြင်းနှင့် ကော့သောင်း စသည့် မြို့ခြောက်မြို့တွင် မွန်ညီညွတ်ရေးပါတီက ရွေးကောက်ပွဲဝင်ပြိုင်ရန် လျာထားကြောင်း ယင်းပါတီ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် နိုင်စိုးမြင့်ထံမှ သိရသည်။ အဆိုပါ မြို့စာရင်းသည် ကနဦး လျာထားစာရင်းသာဖြစ်ပြီး အပြောင်းအလဲ ဖြစ်နိုင်သေးကြောင်း သိရသည်။ ရွေးကောက်ပွဲအတွက် လျာထားသည့် မြို့တချို့တို့တွင် မွန်လူဦးရေ နည်းသည့်အတွက် ယှဉ်ပြိုင်ရန် စိတ်အားထက်သန်မှု လျော့နည်းနေ၍ ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်ကြောင်း နိုင်စိုးမြင့်က ပြောသည်။ ယှဉ်ပြိုင်မည့် မြို့နယ်များနှင့် ကိုယ်စားလှယ်စာရင်းကို ဇူလိုင်လကုန်ခန့်တွင် သိရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ မြေပြင် မွန်လူဦးရေစာရင်းနှင့် လ.ဝ.က စာရင်း ကွာဟမှုကြောင့် တနင်္သာရီတွင် မွန်တိုင်းရင်းသားရေးရာဝန်ကြီး မရဖြစ်နေ ‌ရွေးကောက်ပွဲဝင်ရန် လျာထားမြို့များအနက် မြိတ်မြို့တွင် ဇူလိုင်လ ၁၄ ရက်က […]

လာမည့်ရွေးကောက်ပွဲ ပထမဆုံးအကြိမ် မဲပေးခွင့်ရှိသူ လေးသောင်းခန့်ရှိ

diz_admin

July 21, 2020

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းအတွင်း မဲဆန္ဒရှင် တစ်သိန်းနီးပါး ထပ်တိုးလာသည့်အနက် အသက် ၁၈ နှစ်ပြည့်ပြီး ပထမဆုံးအကြိမ် မဲပေးခွင့်ရှိသူ လေးသောင်းဝန်းကျင်ခန့်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ အတွင်းရေးမှူး ဦးထိန်လင်းဦးက ပြောသည်။ ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲကာလက မဲဆန္ဒရှင် ၁၀ သိန်းခန့်ရှိခဲ့ပြီး လာမည့် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ၁၁ သိန်းခန့် ရှိကြောင်း ဦးထိန်လင်းဦးက ပြောသည်။ ၂၀၁၅ ခုနှစ် တိုင်းအတွင်း လူဦးရေ မှာ ၁၄ သိန်းကျော်ရှိပြီး ၂၀၂၀ ခုနှစ် တိုင်းလူဦးရေ ၁၅ သိန်းခွဲခန့် ရှိသည်။ ၂၀၂၀ ရွေးကောက်ပွဲအတွက် အထူးရဲ တစ်ထောင်ကျော်ခန့်ရန် ပြင် ပထမဆုံး မဲပေးခွင့်ရသူဦးရေသည် လူဦးရေနှင့် တိုက်ရိုက်အချိုးကျပြီး […]

တနင်္သာရီဂျာနယ်အမှု ပြင်ဆင်ချက် လျှောက်ထားမှု ပြည်ထောင်စုတရားလွှတ်တော်ချုပ် လက်မခံ

diz_admin

July 21, 2020

သရော်စာရေးသားဖော်ပြသည့်အတွက် အပြစ်ရှိသည်ဟု အမိန့်ချထားသည့် တနင်္သာရီဂျာနယ်၏အမှုကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဇူလိုင်လ ၁၇ ရက်နေ့တွင် ပလပ်လိုက် သည်။ တရားလွှတ်တော်ချုပ်တွင် မူလ အမှုအပေါ် အကြောင်းပြချက် ၆ ချက်ဖြင့် လျှောက်လဲချက်ပေးခဲ့ပြီးနောက် ဂျာနယ်၏ပြင်ဆင်မှုကို ပလပ်ကြောင်း တရားလွှတ်တော်ချုပ်၏ အမှုတွဲထုတ်ပြန်ချက်တွင် တွေ့ရသည်ဟု ဂျာနယ်ဘက်မှ အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ဇာနည်စိုးက ဆိုသည်။ တနင်္သာရီဂျာနယ်တွင် ဖော်ပြခဲ့သည့် ကလောင်ရှင် မူးဆေးအိုး၏ မဲဆွယ်အပြုံးသရော်စာသည် တနင်္သာရီတိုင်း ဝန်ကြီးချုပ် (ဟောင်း)နှင့် တိုင်းအစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ ၂၀၁၇ နိုဝင်ဘာလက တရားစွဲဆိုခဲ့သည့် အမှုဖြစ်သည်။ ထားဝယ်မြို့နယ်တရားရုံးက တနင်္သာရီဂျာနယ်တွင် အပြစ်ရှိသည်ဟုဆိုကာ ဒဏ်ငွေ ကျပ် ၅ သိန်းပေးဆောင်ရန် ယမန်နှစ် ဖေဖော်ဝါရီလက အမိန့်ချမှတ်ထားသည်။ မြို့နယ်တရားရုံးကချမှတ်သည့် အမိန့်ကို […]

ကျူဝင်နေသည့် ကိုယ်ဝန်ဆောင်၊ ကလေးနှင့် သက်ကြီးရွယ်အိုများကို ထောက်ပံ့ကြေးပေး

diz_admin

July 21, 2020

တိုင်းအတွင်း ကွာရန်တင်းဝင်နေသည့် ကိုယ်ဝန်ဆောင်မိခင်၊ အသက် ၅ နှစ်အောက်ကလေးနှင့် အသက် ၆၀ နှစ်အထက်ရှိ သက်ကြီးရွယ်အိုများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့ကြေးပေးခဲ့ကြောင်း သိရသည်။ တစ်ဦးလျှင် ငွေကျပ် သုံးသောင်းစီ ထောက်ပံ့ခြင်းဖြစ်ပြီး လက်ရှိကျူစခန်း ဝင်နေသူများကိုသာ ထောက်ပံ့ခြင်းဖြစ်ကြောင်း တိုင်းလူမှုဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။ တိုင်းအတွင်းရှိ ကွာရန်တင်းစင်တာ ၃၉၂ ခုတွင် ကိုယ်ဝန်ဆောင်မိခင် ၄၄ ဦး၊ ၅ နှစ်အောက်ကလေး ၄၁ ဦးနှင့် အသက် ၆၀ နှစ်နှင့်အထက် သက်ကြီးရွယ်အို ၁၄ ဦးကို ဇူလိုင် ဒုတိယအပတ်တွင် ထောက်ပံ့ပေးခဲ့ကြောင်း အထက်ပါဌာနမှ တာဝန်ရှိသူက ဆိုသည်။ မြန်မာနိုင်ငံ ကိုဗစ် ကပ်ဘေး အခြေအနေ မိုးမြင့်

တပ်မတော်သား တစ်ဦးကို ပစ်ခတ် ထွက်ပြေးသွားသူကို ဖမ်းမမိသေး

diz_admin

July 21, 2020

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းကြားရှိ မလွှဲတောင် စစ်ဆေးရေးဂိတ်တွင် ဖမ်းမိသည့် မူးယစ်ဆေးအမှု ကွင်းဆက်တရားခံအား ရေးမြို့နယ်တွင် သွားဖမ်းစဉ် တပ်မတော်သားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားသူကို ဖမ်းမမိသေးကြောင်း ရေးမြို့မ ရဲစခန်းထံမှ သိရသည်။ ဖြစ်စဉ်မှာ မူးယစ်ဆေး သယ်ဆောင်လာသူတစ်ဦးကို ဇူလိုင်လ ၇ ရက်က မလွှဲတောင်စစ်ဆေးရေးဂိတ်တွင် ဖမ်းမိခဲ့သည်။ ဖမ်းမိသူ၏ ထွက်ဆိုချက်အရ ကွင်းဆက်သံသယရှိသူကို ရေးမြို့နယ်အတွင်း တပ်မတော်နှင့် ရဲတပ်ဖွဲ့ပူးပေါင်းကာ ဇူလိုင်လ ၉ ရက် ညအချိန်တွင် သွားရောက်စစ်ဆေးခဲ့သည်။ ထိုသို့ သွားရောက်စစ်ဆေးစဉ် တရားခံက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ပြီး သေနတ်ဒဏ်ရာရသွားသည့် တပ်မတော်သားသည် ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ကြောင်း ရေးမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းမြင့်က ပြောသည်။ မြန်မာနိုင်ငံ ကိုဗစ် ကပ်ဘေး အခြေအနေ သေဆုံးသွားသည့် တပ်မတော်သားမှာ ဗိုလ်ကြီးအောင်ပြည့်ဖြိုးဖြစ်ကြောင်း ဒုရဲမှူးဝင်းမြင့်က […]

လမ်းဘေးအရက်သောက်သူ နှစ်ဆယ်နီးပါးကို ဖမ်းဆီး

diz_admin

July 21, 2020

ထားဝယ်မြို့အတွင်း လမ်းဘေးနေရာများတွင် အရက်သောက်နေသူ နှစ်ဆယ်နီးပါးကို ဇူလိုင်လ ၁၈ ရက် ညကဖမ်းဆီးခဲ့ကြောင်း ထားဝယ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သိန်းက ပြောသည်။ ထားဝယ်မြို့ရှိ အမှတ် ၂ အခြေခံ ပညာအထက်တန်းကျောင်းရှေ့တွင် အရက်သောက်နေသူ ၁၁ ဦးနှင့် ကမ်းနားလမ်းတွင် အရက်သောက်နေသူ ၇ ဦး ကို ည ၁၀ နာရီကျော်တွင် လှည့်ကင်းအဖွဲ့ဖြင့် ဖမ်းဆီးခဲ့ကြောင်း ၎င်းက ဆိုသည်။ “(အရက်သောက်နေတာက) လမ်းဘေးမှာ အများသူငါ အပန်းဖြေတဲ့ နေရာမှာ။ နားနေတဲ့နေရာပေါ့” ဟု ရဲမှူးကျော်သိန်းက ပြောသည်။ ရဲတပ်ဖွဲ့က ရောက်ရှိချိန်တွင် အဆိုပါလူငယ်များက အများပြည်သူ သွားရာလမ်းနှင့် အနားယူအပန်းဖြေနေရာတွင် အရက်သောက်နေသည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။ ဖျားနာ၊ ချောင်းဆိုးတိုင်း ကိုဗစ်ဖြစ်သလား အဆိုပါလူငယ်များကို […]

၀န်ထမ်းအိမ်ရာလိုအပ်ချက် စစ်တမ်းကောက်မည်

diz_admin

July 21, 2020

တနင်္သာရီတိုင်းအတွင်း ဝန်ထမ်းအိမ်ရာ လိုအပ်ချက် စစ်တမ်းကောက်မည်ဖြစ်ကြောင်း တိုင်းမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။ တနင်္သာရီတိုင်းရှိ လက်ရှိဝန်ထမ်း အိမ်ရာအခန်းပေါင်း ၈၁၄ ခန်းရှိပြီး ယင်းပမာဏသည် တိုင်းပြင်ပမှ လာရောက် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအတွက်ပင် လောက်ငမှု မရှိကြောင်း အထက်ပါဌာန တိုင်းဦးစီးမှူး ဦးသိန်းထူးက ပြောသည်။ လက်ရှိအနေအထားအရ ဝန်ထမ်းခြောက်ဦးလျှင် တစ်ဦးနှုန်းသာ ဝန်ထမ်းအိမ်ရာချထားပေးနိုင်သည့် အခြေအနေရှိကြောင်း ဦးသိန်းထူးက ပြောသည်။ “ထားဝယ်မှာဆိုရင် ဝန်ထမ်းဘယ် နှယောက်ရှိလဲ၊ သက်ဆိုင်ရာဌာနတွေ မှာရှိတဲ့ ဝန်ထမ်းတွေက ဘယ်လောက်လဲ။ ဒေသခံတွေက ဘယ်လောက်ရှိလဲ။ မြို့ပြ အိမ်ရာဌာနက ပေးနိုင်တဲ့ ဝန်ထမ်း ဘယ်လောက်ရှိလဲဆိုတာတွေကို လေ့လာမှုလေးလုပ်ဖို့ ရှိတယ်” ဟု ၎င်းက ဆိုသည်။ မြန်မာနိုင်ငံ ကိုဗစ် ကပ်ဘေး အခြေအနေ ဝန်ထမ်းအိမ်ရာချထားပေးရာတွင် […]

အလယ်တန်းနှင့် အထက်တန်းကျောင်းသားများ စာရေးကိရိယာ ထောက်ပံ့မည်

diz_admin

July 21, 2020

ယခုနှစ် ကျောင်းဖွင့်ရာသီတွင် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့်သင် ကျောင်းသူ ကျောင်းသားများကို ကျောင်းသုံးပြဋ္ဌာန်းစာအုပ်အပြင် ဗလာစာအုပ်နှင့် ခဲတံ၊ ဘောပင်တို့ကိုပါ ထောက်ပံ့ရန် ပညာရေးဝန်ကြီးဌာနက စီစဉ်နေသည်ဟု တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ ပြီးခဲ့သည့် ပညာသင်နှစ်များက မူလတန်းကျောင်းသူ ကျောင်းသားများကိုသာ ဗလာစာအုပ်တစ်ဒါဇင် ထောက်ပံ့ပေးခြင်းရှိသော်လည်း ယခု ပညာသင်နှစ်တွင် အလယ်တန်းနှင့် အထက်တန်းကျောင်းသူ ကျောင်းသားများကိုပါ ဗလာစာအုပ်နှင့် ခဲတံ၊ ဘောပင် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။ ယခုပညာသင်နှစ်တွင် အလယ်တန်းနှင့် အထက်တန်း ကျောင်းသူ၊ ကျောင်းသားများကို ဗလာစာအုပ် တစ်ဒါဇင်နှင့် ခဲတံ၊ ဘောပင်များကိုပါ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း MRTV-4 သတင်းဌာနတွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း ဖြေကြားထားသည်။ အွန်လိုင်းကနေသင်ယူဖို့ တက္ကသိုလ်ကျောင်းသားတွေရဲ့ […]