BREAKING
April 25, 2025

သတင်း

ထားဝယ်အကျဥ်းထောင်တွင် ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက်မရ

Dawei Watch

January 27, 2025

ထားဝယ်အကျဥ်းထောင် အမျိုးသမီးအဆောင်ဘက်ခြမ်းတွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလခန့်ကစ၍ ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မရရှိဘဲ ဖြစ်နေကြောင်း အကျဥ်းသူမိသားစုများထံမှ သိရသည် ။ နေ့စဥ် ကျန်းမာရေးကြည့်ရှု စစ်ဆေးပေးချိန် မိနစ် ၃၀ ခန့်သာပေးသဖြင့် အကျဥ်းသူပမာဏများပြီး အချိန်နည်းနေ၍ ကျန်းမာရေးစောင့်ရှောက်မှုပိုင်းတွင် လိုအပ်ချက်ဖြစ်နေကြောင်း နိုင်ငံရေးအကျဥ်းသူတစ်ဦး၏ မိသားစုဝင်တစ်ဦး ကပြောသည်။ “အမျိုးသမီးဘက်ခြမ်းမှာက ဆရာဝန်တွေ ၊ ဆေးမှူးတွေကအမြဲမလာဘူး။ အကျဥ်းသူတစ်ယောက်ကိုပဲ ပြန်တာဝန်ပေးထားတာမျိုးရှိတယ်။ သူက သွေးပေါင်ချိန်ဖို့လောက်ကို မလုပ်ပေးချင်ဘူး ။ အချိန်မလောက်တာရော ၊ မလုပ်ပေးချင်တာရောပဲ ။ ဆေးဝါးဆိုလည်း ပါရာစီတမော လောက်ပဲရတယ် ။ ကျန်တာ အပြင်ကပြန်မှာနေရတာပဲ ” ဟု ၎င်းကပြောဆိုသည် ။ ယခင်က ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ညနေ ၄ နာရီနောက်ပိုင်းတွင် လူနာဦးရေ […]

ရေဖြူတွင် တော်လှန်ရေး တပ်စခန်းတစ်ခု တိုက်ခိုက်ခံရ

Dawei Watch

January 26, 2025

ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသ မူးဒူးရွာအနီးရှိ တော်လှန်ရေး တပ်စခန်းတစ်ခု စစ်ကောင်စီတပ်က ဝင်ရောက်တိုက်ခိုက်သွားကြောင်း ဒေသခံများနှင့် တော်လှန်ရေးရဲ‌ဘော်များထံမှ သိရသည်။ ဇန်နဝါရီ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အင်အား ၈၀ ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းသည် မူးဒူးရွာအနီးရှိ တော်လှန်ရေး စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ရာ တော်လှန်ရေးရဲဘော်သုံးဦး သေဆုံးသွားကြောင်း တော်လှန်ရေးရဲ‌ဘော်တစ်ဦးထံမှ သိရသည်။ “နောက်တန်းကို ဝင်စီးခံရတာပါ ရဲဘော်ခြောက်ဦးအနက် သုံးဦးကျသွားတယ်။ အလောင်းကို သူတို့ မီးရှို့ခဲ့တယ်”ဟု အထက်ပါ ရဲဘော်ကပြောသည်။ ထိုသို့ဝင်ရောက်စီးနင်းတိုက်ခိုက်ချိန်တွင် ကားတစ်စီးကိုလည်း စစ်ကောင်စီတပ်မှ မီးရှို့ခဲ့ပြီး လက်နက်ခဲယမ်းများနှင့် ငွေကျပ်သိန်း ၁၂၀ အပါအဝင် ၊ရွှေတစ်ကျပ်သားနှင့် ဖုန်း ၅ လုံးခန့်ကိုလည်း ယူသွားခဲ့ကြောင်း ၎င်းကဆိုသည်။ “စခန်း တိုက်ခိုက်ခံရချိန်မှာ အမျိုးသမီးတွေနဲ့ ကလေးတွေလည်းရှိတယ်။ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

January 25, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇန်နဝါရီ ၁၉ ရက်မှ ၂၅ ရက်အထိ တရုတ်ဖိအားကြောင့် စစ်ကောင်စီနဲ့ ကိုးကန့်တပ်တို့ တရားဝင်အပစ်ရပ် တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းမှုနဲ့ စစ်ကောင်စီနဲ့ ကိုးကန့်တပ် MNDAA တို့ကြား အပစ်ရပ်ဖို့ နှစ်ဖက်သဘောတူညီ လိုက်ကြတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီလ ၂၀ရက်မှာ ပြောပါတယ်။ မြန်မာစစ်ကောင်စီနဲ့ ကိုးကန့်တပ်တို့ဟာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ၁၆ရက်နဲ့ ၁၇ရက်တွေမှာ တွေ့ဆုံဆွေးနွေးပြီး အခုလို သဘောတူညီပြီး လက်မှတ်ရေးထိုးခဲ့ကြတာလို့ ဆိုပါတယ်။ ဘယ်လိုအချက်တွေကို သဘောတူညီခဲ့ကြတယ်ဆိုတာ ကိုတော့ တရုတ်ဘက်က အသေးစိတ်မပြောပါဘူး။ အပစ်ရပ်သဘောတူညီချက်ထဲမှာ ဇွန်လထဲမှာ လားရှိုးကနေ ကိုးကန့်တပ် ပြန်ဆုတ်ပေးဖို့ ပါဝင်တယ်လို့ သတင်းထွက်နေပေမယ့် တရုတ်ဘက်က […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

January 24, 2025

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇန်နဝါရီ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ထောင် ၁၄ နှစ် ချမှတ်ခံရ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အမ်ရမ်ခမ်းကို အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ပါကစ္စတန် တရားရုံးကနေ ထောင်ဒဏ် ၁၄ နှစ်ချမှတ်ခဲ့ပါတယ်။ သူ့ဇနီးကိုတော့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့တာပါ။ သူ ဝန်ကြီးချုပ် တာဝန်ယူချိန်က လာဘ်စားမှုနဲ့ တရားရင်ဆိုင်နေရသူဖြစ်ပြီး ၂၀၂၃ ခုနှစ် သြဂုတ်လကတည်းက အကျဥ်းထောင်မှာ ထိန်းသိမ်းခံထားရပါတယ်။ ပြစ်ဒဏ်စီရင်ပြီး နောက်မှာတော့ ဇနီးဖြစ်သူကို တရားရုံး အချုပ်ဝင်းထဲကနေ အကျဥ်းထောင်ကို ရွှေ့ပြောင်းလိုက်ပါတယ်။ သူတို့နှစ်ဦးက ၂၀၁၈ ခုနှစ်ကနေ ၂၀၂၂ […]

ပကာရီရဲစခန်း စစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သားတစ်ဦး စနိုက်ဘာဖြင့် ပစ်သတ်ခံရ

Dawei Watch

January 24, 2025

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ၊ ပကာရီရဲစခန်းအနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သားတစ်ဦး ယနေ့ ဇန်နဝါရီလ ၂၄ရက် နေ့လယ်ပိုင်းက စနိုက်ဘာဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများထံမှ သိရသည်။ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့များ ပူးပေါင်း ပါဝင်သည့် ဒူရကစစ်ကြောင်းက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရုပ်သံနှင့်တကွ ယင်းစစ်ကြောင်းက သတင်းထုတ်ပြန်သည်။ ရုပ်သံမှတ်တမ်းတွင် မော်တော်ကားတစ်စီးဘေးတွင် အရပ်ဝတ်ဖြင့် စစ်ဆေးနေသည့် အမျိုးသားတစ်ဦး သေနတ်ကျည်ဆန် ထိမှန်၍ လဲကျသွားသည်ကို တွေ့ရသည်။ “အရပ်ဝတ်နဲ့ အောက်ဂိတ်မှာ လေးယောက်စစ်နေတာ စနိုက်ဘာနဲ့ ပစ်တာ တစ်ယောက်မှန်သွားတယ်။ အပေါ်စခန်းမှာ လည်း စစ်သားတွေရှိတယ်။ ဖြစ်ပြီးမှ ဆင်းလာကြတယ်” ဟု ဒူရကစစ်ကြောင်း ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားများက လမ်းကို ခေတ္တပိတ်ခဲ့ပြီးနောက် ပြန်ဖွင့်ပေးခဲ့ကြောင်း ရွာသားများထံမှ […]

တနင်္သာရီတွင် စစ်ကောင်စီ ခြေလျင်စစ်ကြောင်းနှင့် ရိက္ခာယာဉ်တန်း တိုက်ခိုက်ခံရ

Dawei Watch

January 24, 2025

တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီခြေလျင်စစ်ကြောင်းနှင့် ရိက္ခာ၊ လက်နက်ခဲယမ်းတင်လာသည့်ယာဉ်တန်းများကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း မြေပြင်အခြေအနေသိရှိသူများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ဇန်နဝါရီလ ၂၁ရက်နှင့် ၂၂ရက်တွင် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။ ဇန်နဝါရီ ၂၁ရက် ညနေ ၆နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ခြေလျင်စစ်ကြောင်းတစ်ခုကို ပြည်ထောင်စု ကားလမ်းမပေါ် တွင် ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးခြောက်လုံးချကာ တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။ အဆိုပါစစ်ကြောင်းတွင် အင်အားနှစ်ရာဝန်းကျင်ပါပြီး စစ်ကောင်စီ၏ ဇဝဲရွာအခြေစိုက် အမှတ် (၅၅၆)ခြေမြန်တပ်ရင်းက တိုက်ပွဲပြင်းထန်နေသည့် သိန်ခွန်းရွာဘက်ကို စစ်ကူသွားမည့်စစ်ကြောင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ “သူတို့(စကစ)က တိုက်ခိုက်ခံရပြီးနောက်ပိုင်းကစပြီး ဇဝဲတပ်ကနေရော အမြောက်တပ်ကနေပါ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် မကြာမကြာပစ်နေတာ (ဇန်နဝါရီလ) ၂၃ရက်အထိပဲ။ သူတို့ဘက်က ထိခိုက်တာတွေလည်း […]

ကလေးငယ်ကို အဓမ္မပြုကျင့်မှုဖြင့် သက်ကြီးပိုင်းအမျိုးသားတစ်ဦးကို လောင်းလုံးပကဖ ဖမ်းဆီး

Dawei Watch

January 24, 2025

လောင်းလုံးမြို့နယ်၊ ကျေးရွာကျေးရွာတွင် အသက် ၇နှစ်အရွယ် မိန်းကလေးငယ်ကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည် ဆိုသည့် သက်ကြီးပိုင်းအမျိုးသားတစ်ဦးကို ဖမ်းဆီးထားကြောင်း ‌လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးက ပြောသည်။ ယခုရက်သတ္တပတ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဓမ္မပြုကျင့်ခဲ့သူမှာ အသက် ၆၀ ဝန်းကျင်အရွယ်ရှိသည့် ဦးအောင်မိုးဆိုသူဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ မိခင်ဖြစ်သူ အလုပ်ထွက်လုပ်ချိန် တစ်ယောက်တည်းရှိနေသည့် ကလေးငယ်ကို သုံးကြိမ်ထက်မနည်း အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း အကြိမ်ကြိမ် မျက်မြင်တွေ့ရှိသည့် ကလေးများ၏ ပြောဆိုချက်ကို ကိုးကားကာ ဒေသခံများက ပြောဆိုသည်။ “သူ့အမေက ပလုံကောက် အဝတ်လျှော်သွားနေတုန်း ကလေးက ဟိုသွားဒီသွားသွားနေတာပေါ့။ အဲဒါကို (အဓမ္မပြုကျင့် တာကို) ကစားဖော်ကလေးတွေကတွေလို့ ပြန်ပြောရာကနေ သိရတယ်။ ကလေးကို ချော့ပြီးမေးတော့ ဖိုးအောင်မိုး လုပ်လို့ နာတယ်ဆိုပြီး ဖြေတယ်။ […]

ခေါဇာမြို့ရှိ ခလရ ၃၁ တပ်ရင်းကို မွန်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်

Dawei Watch

January 24, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့ရှိ စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ ၃၁ ကို မွန်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် ဒေသခံတို့ထံမှ သိရသည်။ ဇန်နဝါရီလ ၂၃ရက် နံနက် ၈နာရီဝန်းကျင်က ခလရ ၃၁ တပ်ရင်းကို မွန်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက် ခိုက်ခဲ့ရာမှ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားကြောင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက် ရေး) NMSP-AD က ဇန်နဝါရီလ ၂၄ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်သည်။ “ပစ်ခတ်မှုဖြစ်ပြီးတော့ သူတို့လုပ်နေကျအတိုင်းပဲ (ခလရ) ၃၁ ကနေ လက်နက်ကြီးတွေ လှမ်းထုတာရှိတယ်။ သူတို့ဘက်က ထိသွားတာရှိတယ်လို့ သိရပေမယ့် ဘယ်နှစ်ဦးလဲတော့ အတိအကျမသိဘူး” ဟု ခေါဇာမြို့ခံလူငယ်တစ်ဦးက ပြောသည်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကမူ […]