အားလုံး တန်းတူ ကျောင်းတက်လိုပါသည်
diz_admin
July 27, 2020အထက်တန်းကျောင်းသား တစ်သောင်းခွဲ ကျောင်းနှင့် ဝေးဆဲ ကိုဗစ်ကာလတွင် ကျောင်းဖွင့်ရသည်မှာ သာမန် အချိန်နှင့်မတူသည်ကို သူလက်ခံထားသည်။ အလုပ်ရှုပ်မည် စိတ်ရှုပ်ရမည်ကိုလည်း သူကြိုတွက်ထားပြီးသား ဖြစ်သည်။ ကိုဗစ်ကာလအတွင်းဖြစ်နေသော်လည်း ဇူလိုင်လ ၂၁ ရက်တွင် အထက်တန်းကျောင်းများဖွင့်ရမည်ဆိုသောကြောင့် သရက်ချောင်းမြို့နယ် ညောင်ဇင်ကျေးရွာ အထက်တန်းကျောင်းအုပ် ဒေါ်အေးအေးလွင်တစ်ယောက် အလုပ်များရတော့သည်။သို့သော် သူက ကျောင်းဆရာမ တစ်ယောက်မဟုတ်လား။ ကျောင်းဆရာမတစ်ယောက်ဆိုသည်ထက် ကျောင်းအုပ်ဆရာမ တစ်ယောက်ဖြစ်နေသဖြင့် တစ်ကျောင်းလုံးက ကိစ္စအဝ၀ကို ကျောင်းမဖွင့်ခင်ကတည်းက သူစီမံရမည့်တာဝန်က ရှိနေသေးသည်။ ထိုကြောင့် သူစိတ်ညစ်သော်လည်း ကြိုပြင်ဆင်စရာရှိသည်ကို သူတတ်နိုင်သလောက် ကြိုပြင်ထားလိုက်သည်။ “စိတ်ညစ်တယ်ဆိုလည်း ဘယ်တတ် နိုင်မလဲ။ ကျွန်မတို့တာဝန်ပဲကိုလေ” ဟု ဒေါ်မိုးမိုးလွင်က ဆိုသည်။ အွန်လိုင်းကနေသင်ယူဖို့ တက္ကသိုလ်ကျောင်းသားတွေရဲ့ အခက်အခဲများ သို့သော် အမှန်တကယ် ဇူလိုင်လ ၂၁ ရက် ကျောင်းဖွင့်သောအခါ […]