အာဇာနည်နေ့အခမ်းအနား အချိန်စောပြီးဥသြဆွဲမှု ၎င်းတွင်တာဝန်ရှိဟု ဝန်ကြီးချုပ်ပြော
diz_admin
July 27, 2020ထားဝယ်မြို့တွင် ကျင်းပသည့် အာဇာနည်နေ့အခမ်းအနားတွင် အချိန်စောပြီးဥသြဆွဲခဲ့သည့်ကိစ္စက ၎င်းတွင်တာဝန်ရှိကြောင်း တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဦးမြင့်မောင်က ဝန်ခံပြော ကြားလိုက်သည်။ အာဇာနည်နေ့ အခမ်းအနားတွင် သတ်မှတ်အချိန်ထက် ၁၇ မိနစ်ခန့် အချိန်စောပြီး ဥသြဆွဲခဲ့ခြင်း ဖြစ်သည်။ ယင်းကိစ္စမှာ ၎င်းတွင်တာဝန်ရှိကြောင်းကို ဇူလိုင်လ ၂၁ ရက်နေ့က ပြုလုပ်သည့် တိုင်းအစိုးရအဖွဲ့၏ တစ်နှစ်တာလုပ်ဆောင်ချက် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။ “အာဇာနည်နေ့နဲ့ ပတ်သက်ပြီးတော့ ဦးစီးကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့အတွက် ကျွန်တော့်မှာ တာဝန်ရှိပါတယ် ဒါနဲ့ ပတ်သက်ပြီးတော့ ဒီတစ်ခုလုံးရဲ့ အားသာချက် အားနည်းချက်တွေဟာ ကျွန်တော့်တာဝန်ပါ” ဟု ဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။ မရိုးသားသည့် ပိုင်ဆိုင်မှုရှိက သူခိုးဟုခေါ်ပါ ၇၃ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပသည့် အာဇာနည်ရင်ပြင်နှင့် တိုင်းအစိုးရအဖွဲ့ရုံးရှေ့ရှိ ကျောက်တိုင်တွင် မီးသတ်တပ်ဖွဲ့မှ […]