BREAKING
February 2, 2025

သတင်း

အများသုံးလှည်းလမ်းပိတ်သူကို အမှုဖွင့်

diz_admin

July 28, 2020

ထားဝယ် အထူးစီးပွားရေးဇုန်နယ်မြေတွင် ဒေသခံများ အသုံးပြုနေသည့် လှည်းလမ်းပိတ်ထားသူကို အမှုဖွင့်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ရေဖြူမြိ့နယ်ရှိ ထိန်ကြီးကျေးရွာတွင် ယခင်ခေတ်အဆက်ဆက်မှ အများပြည်သူဖြတ်သန်းသွားလာနေသည့် လှည်းလမ်းကို ယင်းရွာအနီးရှိကျေးရွာတွင် နေထိုင်သည့် လင်မယားနှစ်ဦးက ပြီးခဲ့သည့် သုံးနှစ်ခန့်မှစတင်ကာ ပိတ်ဆို့ခဲ့ကြောင်း ရဲမှတ်တမ်းအရသိရသည်။ ထိုသို့ပိတ်ဆို့ပြီး သီဟိုဠ်ပင်နှင့် ရော်ဘာပင်များ စိုက်ပျိုးထားကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ယင်းသို့ပိတ်ဆို့ထားသဖြင့် လှည်းလမ်းကို ဖြတ်သန်းခွင့်ပြုရန် ကျေးရွာရပ်မိရပ်ဖများနှင့် အကြိမ်ကြိမ်ညှိနှိုင်းခဲ့သော်လည်း ဖြတ်သန်းခွင့်မပြုခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိုကြောင့် ဇူလိုင်လ ၂၂ ရက်နေ့တွင် ယင်းနေရာအနီးတစ်ဝိုက်ရှိ မယင်းကြီး ကျေးရွာ၊ ပရဒတ်ကျေးရွာနှင့် ထိန်ကြီးကျေးရွာနေ ဒေသခံ ၁၉ ဦးလက်မှတ် ထိုးကာ ရေနက်ဆိပ်ကမ်းနယ်မြေရဲစခန်းထံ လာရောက်တိုင်တန်းခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ လှည်းလမ်း […]

ထားဝယ်လျှပ်စစ်ယူနစ်ဈေး ဒေါ်လာဈေးအပေါ် အခြေခံကောက်မည်

diz_admin

July 28, 2020

ထားဝယ်ခရိုင်အတွင်း သုံးစွဲနေသည့် လျှပ်စစ်ယူနစ်ဈေးနှုန်းကို ဒေါ်လာဈေး အတက်အကျအပေါ်တွင် အခြေခံပြီး တွက်ချက်တော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဦးအောင်သူရက ပြောကြားသည်။ လက်ရှိ ထားဝယ်ခရိုင်လျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးရေးကို Petro & Trans ကုမ္ပဏီက တစ်ယူနစ်လျှင် ၂၃၈ ကျပ်ဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်တွင် စတင်လုပ်ကိုင်ခဲ့သည်။ ထားဝယ်ခရိုင်အတွက် လျှပ်စစ် တင်ဒါခေါ်ယူစဉ်က လောင်စာဈေးနှုန်းနှင့် ဒေါ်လာငွေလဲလှယ်အတက်အကျအပေါ် မူတည်၍ ၃လလျှင် ၁ ကြိမ် လျှပ်စစ်ယူနစ် ဈေးနှုန်းကို ပြင်ဆင်သတ်မှတ်နိုင်ကြောင်း စည်းကမ်းချက် တစ်ခုအဖြစ် ဖော်ပြထားသည်။ ထိုသို့ ၃ လ ၁ ကြိမ် ဈေးနှုန်းပြင်ဆင်လိုပါက တိုင်းအစိုးရအဖွဲ့သဘော တူညီမှုရယူရမည်ဖြစ်သည်။ အဆိုပါကုမ္ပဏီက ဂက်စ်လောင်စာကို အသုံးပြုပြီး လျှပ်စစ်ထုတ်လုပ်မည်ဟု တင်ဒါအောင်မြင်ထားသည်။ အထက်ပါကုမ္ပဏီဘက်မှ ဂက်စ်အင်ဂျင်ဖြင့် […]

ဘုရားကြီးဝင်းအတွင်း ရေတံခွန်ငယ်နှင့် ကြာကန် သုံးလအပြီး ဆောက်မည်

diz_admin

July 28, 2020

ထားဝယ်မြို့ရှိ ဘုရားကြီးဝင်းအတွင်း ရေတံခွန်ပုံစံငယ်နှင့် ကြာကန်ကို အချိန်သုံးလအတွင်း အပြီးတည်ဆောက်ရန် ရည်ရွယ်ထားကြောင်း ဘုရားကြီးဂေါပကအဖွဲ့ထံမှ သိရသည်။ ဘုရားကြီးဝင်းအတွင်းရှိ နဂါးရုံဘုရားအနီး(မဟာဥယျာဉ်တော်အတွင်း) တွင် ယခုလ အလယ်ပိုင်းတွင် ပညာရှင်ဖြင့် စတင်တည်ဆောက်ခဲ့ကြောင်း ဘုရားကြီးဂေါပကအဖွဲ့မှ ဦးထွန်းကြည်က ဆိုသည်။ အဆိုပါရေတံခွန်တွင် အပင်ငယ်များ စိုက်ထားမည်ဖြစ်ပြီး ကြာရေကန်တွင် ကြာငါးမျိုးကို ထည့်သွင်း စိုက်ပျိုးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ဟိန္ဒားရွာ ရေလှောင်တမံ လည်ပတ်ခွင့်ပိတ် “ကြာကန်လေးနဲ့ ရေတံခွန်လေးနဲ့ ဘုရားဖူးအများပြည်သူတွေ စိတ်လက်ချမ်းသာစေဖို့ပေါ့ကွယ်” ဟု ဦးထွန်းကြည်က ပြောသည်။ အဆိုပါရေတံခွန်ငယ်နှင့် ကြာရေကန်ကို ငွေကျပ် ၁၁၀ သိန်း အကုန်အကျခံ တည်ဆောက်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ယင်းအတွက် ကုန်ကျငွေကို လှူဒါန်းလိုပါက လာရောက်လှူဒါန်းနိုင်ကြောင်း ဘုရားကြီးဂေါပကအဖွဲ့ထံမှ သိရသည်။

ဟိန္ဒားရွာ ရေလှောင်တမံ လည်ပတ်ခွင့်ပိတ်

diz_admin

July 28, 2020

ထားဝယ်မြို့နယ် ဟိန္ဒားကျေးရွာ ရေလှောင်တမံ(ရေကန်တောင်) လာရောက် လည်ပတ်ခွင့်ကို ဇူလိုင်လ ၁၇ ရက်ကစပြီး ပိတ်လိုက်ပြီဖြစ်ကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဂျိုးဇက်က ပြောသည်။ ဟိန္ဒားရွာသားများ သောက်သုံးရေအဖြစ် အသုံးပြုနေသော အဆိုပါ ရေလှောင်တမံသို့ နေ့စဉ်လာရောက်လည် ပတ်နေသူများသည် ကန်ဘောင်ပေါ်တွင် လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ အမှိုက်များကို စည်းကမ်းမဲ့စွန့်ပစ်ခြင်းများကို ပြုလုပ်နေကြသဖြင့် လည်ပတ်ခွင့် ပိတ်လိုက်ခြင်းဖြစ်ကြောင်း ဦးဂျိုးဇက်က ပြောသည်။ ယင်းအပြင် ရေကန်တောင်မှာ ပေသုံးဆယ်ခန့် အမြင့်ရှိသဖြင့် အလည်အပတ် လာသူများ အန္တရာယ်မဖြစ်စေရန် ပိတ်လိုက်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ အများသုံးလှည်းလမ်းပိတ်သူကို အမှုဖွင့် “အစတုန်းကတော့ လွှတ်ပေးထား သေးတယ်။ နောက်ပိုင်းမှာ လူတွေက သွားလာများလာပြီးတော့ စည်းကမ်း မရှိဖြစ်လာတယ်။ အန္တရာယ်ကို ကြိုတင် တားဆီးတဲ့အနေနဲ့ ပိတ်လိုက်တာ” ၎င်းက […]

ချဲဒိုင်၊ ဘောလုံးပွဲဒိုင် ရပ်ကျေးအုပ်ချုပ်ရေးမှူး သတင်းပေးရန်တာဝန်ရှိဟု

diz_admin

July 28, 2020

မိမိရပ်ရွာအတွင်း ချဲဒိုင်၊ ဘောလုံးပွဲဒိုင်များရှိနေပါက ပြည်သူများသတင်း ပေးကြရန်နှင့် သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးကလည်း ရဲတပ်ဖွဲ့ထံ သတင်းပေးရန် တာဝန်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောကြား သည်။ လောင်းကစားဒိုင်နှင့် ပတ်သက်၍ ပြည်သူများ သတင်းပေးလာပါက အဆိုပါ လောင်းကစားဒိုင်ကို ထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဇူလိုင်လ ၂၁ ရက်နေ့က ပြုလုပ်သည့် တိုင်းအစိုးရအဖွဲ့၏ တစ်နှစ်တာလုပ်ဆောင်ချက် သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ “သတင်းပေးတာ မရှိဘဲနဲ့တော့ ကျွန်တော်တို့လည်း နတ်မျက်စိမဟုတ်တဲ့ အတွက်တော့ သတင်းမသိနိုင်ပါဘူး။ သတင်းပေးလျက်နဲ့ အရေးမယူပေးဘူး၊ သတင်းပေးလျက်သားနဲ့မှ ကျွန်တော်တို့ အပိုင်းက မဆောင်ရွက်ပေးဘူးဆိုရင် ကျွန်တော်တို့မှာ လုံးလုံး တာဝန်ရှိသွား မှာ ဖြစ်ပါတယ်” ဟု လုံခြုံရေးနှင့် နယ်စပ် […]

၂၀၂၀ ရွေးကောက်ပွဲ မြိတ်ခရိုင်အတွင်း နိုင်ငံရေးပါတီများ တိုးလာ

diz_admin

July 28, 2020

၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ မြိတ်ခရိုင်အတွင်း နိုင်ငံရေးပါတီများတိုးလာကြောင်း မြိတ်ခရိုင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။ ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ အချိန်က မြိတ်ခရိုင်အတွင်း ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီ ခြောက်ခုသာရှိခဲ့ပြီး ယခုလာမည့်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ဆယ်ခုအထိရှိလာကြောင်း မြိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးဝင်းကြည်က ပြောသည်။ ပြီးခဲ့သည့် ၂၀၁၅ ရွေကောက်ပွဲတွင် မြိတ်ခရိုင်အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ အမျိုးသားတိုးတက်ရေးပါတီနှင့် ကရင်တိုင်းရင်းသားပါတီတို့ ရှိခဲ့သည်။ အွန်လိုင်းကနေသင်ယူဖို့ တက္ကသိုလ်ကျောင်းသားတွေရဲ့ အခက်အခဲများ ယခုရွေးကောက်ပွဲတွင် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ကောင်းကျိုးဆောင်ပါတီတို့ ထပ်မံတိုးလာကြောင်း ကော်မရှင်ဥက္ကဋ္ဌက ဆိုသည်။ “ပါတီတွေက ထပ်တိုးလာသလို မဲဆန္ဒရှင်ဦးရေကလည်း အရင်ထပ်ထပ် ပြီးတိုးလာတယ်” ဟု ၎င်းက ပြောသည်။ မြိတ်ခရိုင်အတွင်း ပြီးခဲ့သည့် […]

မွန်ပါတီတွင် ကိုယ်စားလှယ်လောင်း လျှောက်ထားမှု အမျိုးသမီး အလွန်နည်း

diz_admin

July 28, 2020

မွန်ညီညွတ်ရေးပါတီတွင် ကိုယ်စားလှယ်လောင်း လျှောက်လာသည့်စာရင်းတွင် အမျိုးသမီးအရေအတွက် အလွန်နည်းသည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်စံတင်က ပြောကြားသည်။ ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မွန်ညီညွတ်ရေးပါတီကိုယ်စားပြု လျှောက်လာသည့် ကိုယ်စားလှယ်လောင်း ၈၀ ကျော်အနက် အမျိုးသမီး ၁၀ ဦးခန့်သာ ပါဝင်လာသည်ဟု ၎င်းက ပြောသည်။ “ကျွန်တော်တို့ကတော့ ဖိတ်ခေါ် ထားတာပဲလေ။ အရည်အချင်းတူရင် အမျိုးသမီးကို ဦးစားပေးမယ်ဆိုတာ” ဟု နိုင်စံတင်က ပြောသည်။ မွန်ရှိ တိုင်းရင်းသားလူမျိုးများအကြောင်း သင်ကြားမည် မွန်ညီညွတ်ရေးပါတီအနေနှင့် ပါတီတွင်း အမျိုးသမီးပါဝင်မှုကို အကန့်အသတ်မရှိ လမ်းဖွင့်ပေးထားသည့်အပြင် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် အမျိုးသမီးကို ဦးစားပေးမည်ဆိုသည့် မူဝါဒ ချမှတ်ထားသည်။ မြို့နယ်အဆင့်တွင် ကိုယ်စားလှယ်လောင်း လျှောက်ထားသည့်အနက် အမျိုးသမီးပါဝင်မှု ၂၅ ရာခိုင်နှုန်းနှင့် ၂၀ ရာခိုင်နှုန်းအကြားတွင် […]

မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ် ဝန်းကျင်ရှိဒေသခံ ၂၀ဝ၀ ကျော် မှတ်ပုံတင် မရှိ

diz_admin

July 28, 2020

မှတ်ပုံတင် ပျောက်သွားသူ၊ ပျက်စီးသွားသူနှင့် အသက် ၁၈ နှစ်ပြည့်သူများအပါအဝင် မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်တည်ရှိသည့် ရေးချောင်းဖျားဒေသမှ ဒေသခံပြည်သူ ၂၀ဝ၀ ကျော် မှတ်ပုံတင်မရှိသေးကြောင်း မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်က ပြောသည်။ မွန်ပြည်သစ်ပါတီအနေဖြင့် ၎င်းတို့ ထိန်းချုပ်မှုအောက်ရှိ ဒေသခံပြည်သူများ မှတ်ပုံတင်ရရှိနိုင်ရေးအတွက် ရေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့နှင့် ညှိနှိုင်း ဆွေးနွေးထားပြီး ကွင်းဆင်းပြုလုပ်ပေး ရန် သဘောတူထားသည်ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံက ပြောသည်။ “ရွေးကောက်ပွဲ မတိုင်ခင်တော့ လုပ်ဖြစ်မယ်” ဟု နိုင်ဗညားလယ်က ပြောသည်။ ဗဟိုဌာနချုပ်ဒေသတစ်ဝိုက်တွင် ဝင်ထွက်သွားလာခွင့် အပြည့်အဝ ဖွင့်မပေးထားသဖြင့် မှတ်ပုံတင်ကို ယင်းသို့ ညှိနှိုင်းလုပ်ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။ မွန်ပြည်သစ်ပါတီထိန်းချုပ်မှု အောက်ရှိ သထုံခရိုင် မော်လမြိုင်ခရိုင်၊ ထားဝယ်ခရိုင်နှင့် ဘုရားသုံးဆူဒေသတွင်မူ မှတ်ပုံတင်ပြုလုပ်ခြင်းနှင့် […]