တနင်္သာရီတိုင်းတွင် မိုးကြီးမည်
diz_admin
August 4, 2020တနင်္သာရီတိုင်းတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ဒေသအလိုက် မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ်၏ အကြွင်းအကျန် တိမ်တိုက်များ ဖြတ်သန်းလာနိုင်မှုကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုန်လေအားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့် နေရာကွက်၍ မိုးကြီးနိုင်ခြင်း ဖြစ်သည်။ သြဂုတ်လ ၃ ရက်နေ့မှ ၈ ရက်နေ့အထိ တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ် ရှစ်ခုတို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပြီး ၂၄ နာရီအတွင်း မိုးရေချိန် သုံးလက်မ(၇၇-မီလီမီတာ)နှင့်အထက် ရွာသွန်းနိုင်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်ဟုလည်း […]