BREAKING
February 2, 2025

သတင်း

တားမြစ်ထားသော်လည်း ငါးလိပ်စွန်များ မကြာခဏဖမ်းဆီးခံနေရ

diz_admin

August 4, 2020

ရှားပါးရေသတ္တဝါဖြစ်သောကြောင့် မဖမ်းဆီးရန် တားမြစ်ထားသည့် Mandaray ခေါ် ငါးလိပ်စွန်များမှာ မကြာခဏ ဖမ်းဆီးခြင်းခံနေရကြောင်း ကိုယ်တိုင်မြင်တွေ့ရသူများထံမှ သိရသည်။ ယင်းငါးလိပ်စွန်များကို မြိတ်မြို့ရှိ ကမ်းနီးတံငါသည်တချို့က ဖမ်းဆီးပြီး မြိတ်ကမ်းနားလမ်းရှိ ပြည်တော်သာတံတား၊ ဆားတံတားနှင့် မြိတ်ခရိုင်ငါး လုပ်ငန်းဦးစီးဌာနအနီး သစ်ယာဝတံတားတို့တွင် မကြာခဏတင်ချလေ့ရှိကြောင်း မျက်မြင်များက ပြောပြသည်။ ငါးလိပ်စွန်တစ်ကောင်လျှင် အနည်းဆုံး အချိန်ပိဿာနှစ်ရာမှ အငယ်ဆုံး နှစ်ဆယ်ပိဿာခန့်ရှိပြီး တစ်ခါလာရောက် တင်ချလျှင် အနည်းဆုံးဆယ်ကောင်မှ အကောင်သုံးဆယ်ခန့် အထိ လာရောက် ရောင်းချလျက်ရှိနေသည်ဟု မြိတ်ကမ်းနားတွင် တက္ကစီမောင်းသူအချို့က ပြောပြသည်။ “ငါးလုပ်ငန်းက တင်ထားတဲ့ဆိုင်း ဘုတ်ကြီးအောက်မှာကိုပဲ အတင်အချ လုပ်နေတာ။ ငါးလိပ်စွန်တင် မဟုတ်ဘူး။ ငါးမန်းတွေပါ အကုန်တင်တယ်” ဟု တက္ကစီယာဉ်မောင်းနှင်သူ အသစ် ၅၅ နှစ်ခန့်အရွယ် မျက်မြင်အမျိုးသားတစ်ဦးက ဆိုသည်။ ယင်းနေရာများ၌ […]

ရန်ကုန်-ထားဝယ်လမ်း တံတားကျဉ်း လေးစင်း ဂျပန်ချေးငွေဖြင့် ဆောက်မည်

diz_admin

August 4, 2020

ရန်ကုန်-ထားဝယ်ကားလမ်းပေါ်ရှိတံတားကျဉ်းလေးစင်းကို ဂျပန်နိုင်ငံ၏ ဂျပန်အပြည်ပြည်ဆိုင်ရာပူပေါင်းဆောင် ရွက်ရေးအေဂျင်စီ(JICA) ငွေကြေးအကူအညီဖြင့် အသစ်တည်ဆောက်ရန်လျာထားကြောင်း တံတားဦးစီးဌာနထံမှ သိရသည်။ ဘေလီတံတား နှစ်စင်းနှင့်ကွန်ကရစ် တံတားနှစ်စင်းကို လာမည့်ဘဏ္ဍာနှစ်တွင် JICA ချေးငွေဖြင့် အသစ်တည်ဆောက်ရန်လျာထားကြောင်း တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၄)မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်မျိုးထွန်းက ဆိုသည်။ ကမ်းခြေနဲ့ ရေတံခွန်မှာ သတိပြုဖွယ်ရာများ အဆိုပါတံတားကျဉ်းအချို့၏အကျယ်မှာ ၁၆ ပေခန့်သာရှိပြီး ကားတစ်စီးဖြတ်သန်းချိန်တွင်ကျန်သည့်ယာဉ်များ ဖြတ်သန်း၍မရတော့ပေ။ “JICA က လုပ်ငန်းတင်ဒါပြန်ပေး မှာပေါ့နော်။ ကျွန်တော်တို့အနေနဲ့ ဌာန အနေနဲ့ဆောက်မှာမဟုတ်ပါဘူး” ဟု ဦးကျော်မျိုးထွန်းက ပြောသည်။ ပြည်ထောင်စုလမ်း၏ပျမ်းမျှ အကျယ်မှာ ၂၄ ပေ အကျယ်ရှိကြောင်း လမ်းအထူး အဖွဲ့ ၂၃ ထံမှ သိရသည်။ အဆိုပါ တံတားကျဉ်းများမှာ အရှည် ပေ ၄၀ မှ ၂၃၅ […]

တလိုင်းယာ မြေယာအမှု ရွာသားလေးဦး ငွေဒဏ်ချမှတ်ခံရ

diz_admin

August 4, 2020

မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၆ ဖြင့် ရေဖြူ မြို့နယ် တလိုင်းယာရွာသားလေးဦးကို စွဲဆိုထားသော အမှုကို ရွာသားတစ်ဦးလျှင် ငွေကျပ်သုံးသိန်းစီ ပေးဆောင်စေရန် မြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်ကြောင်း တရားစွဲခံရသူအချို့ထံမှ သိရသည်။ ယင်းအမှုမှာ တလိုင်းယာကျေးရွာရှိ တပ်စွန့်မြေအား ခုတ်ထွင်ရှင်းလင်းခဲ့သူ အချို့ကို မြေလွတ်၊ မြေလပ်၊ မြေရိုင်းပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ခုတ်ထွင်ရှင်းလင်းခဲ့သည်ဟုဆိုကာ ယခင်ရေဖြူမြို့နယ် မြေစာရင်းဦးစီးမှူး ဦးထွန်းထွန်းဦးက တရားလိုပြုလုပ် စွဲဆိုထားသော အမှုဖြစ်သည်။ ပါးစပ်နှင့် နှာခေါင်းစည်း အရည်အသွေး ကောင်း/မကောင်း ဘယ်လိုစစ်မလဲ ၂၀၁၈ ခုနှစ်က စွဲဆိုထားသော အဆိုပါအမှုကို ၂၀၂၀ ပြည်နှစ်ဇူလိုင်လ ၂၉ ရက်က ရေဖြူမြို့နယ်တရားရုံးက အထက်ပါအတိုင်း အမိန့်ချမှတ်လိုက် ခြင်းဖြစ်သည်။ အဆိုပါတပ်စွန့်မြေသည် မြေလွတ်၊ […]

ထားဝယ်တွင် အပေါင်ဆိုင် သုံးဆိုင်တိုးမည်

diz_admin

August 4, 2020

ထားဝယ်မြို့နယ်အတွင်း အပေါင်ဆိုင် ၃ ဆိုင်တိုးလာမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။ လက်ရှိဘဏ္ဍာနှစ်တွင် ထားဝယ်မြို့နယ်အတွင်း စည်ပင်သာယာရေးအဖွဲ့၏ လိုင်စင်ရ အပေါင်ဆိုင် ၈ ဆိုင်ရှိရာမှ လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ၁၁ ဆိုင်အထိ ရှိလာမည် ဖြစ်ကြောင်း အထက်ပါ အဖွဲ့ထံမှ သိရသည်။ ကမ်းခြေနဲ့ ရေတံခွန်မှာ သတိပြုဖွယ်ရာများ လာမည့်ဘဏ္ဍာနှစ်အတွက် စည်ပင်သာယာရေးအဖွဲ့၏ အခွင့်အရေးလိုင်စင်များကို သြဂုတ်လ ၅ ရက်နေ့တွင် ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချမည်ဖြစ်သည်။ ထိုသို့လေလံတင်ရောင်းချရာတွင် အပေါင်ဆိုင်လိုင်စင် ၃ ခုကိုပါ လေလံတင်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက ဆိုသည်။ “လျှောက်ထားတဲ့လူရှိလို့ ကျွန်တော်တို့က အသစ်ဖွင့်ပြီး ဆွဲရတာပါ” ဟု အမှုဆောင်အရာရှိက ပြောသည်။ အပေါင်ဆိုင်လိုင်စင်အသစ်အတွက် လျှောက်ထားလာပါက ရှိပြီးသား လိုင်စင်များနှင့် နယ်နိမိတ်မထပ်စေရန် နယ်မြေသတ်မှတ်ပြီး […]

မြန်မာနိုင်ငံတောင်ပိုင်းမှ ပြည်သူ ၃၀ ရာခိုင်နှုန်းခန့် မဲပေးခွင့်ဆုံးရှုံးဖွယ်ရှိ

diz_admin

August 4, 2020

မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ၃၀ ရာခိုင်နှုန်းခန့်သော မဲဆန္ဒရှင်တို့အနေနှင့် မဲပေးခွင့်ဆုံးရှုံးရဖွယ်ရှိနေသည်ဟု လွတ်လပ်တရားမျှတသည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် လူထုလှုပ်ရှားမှုအစီအစဉ်ထံမှ သိရသည်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး အထူးသဖြင့် မွန်နှင့် ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ဒေသရှိ ပြည်သူ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းသည် နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) ရှိမနေကြခြင်း ဖြစ်သည်။ ပါးစပ်နှင့် နှာခေါင်းစည်း အရည်အသွေး ကောင်း/မကောင်း ဘယ်လိုစစ်မလဲ တိုင်းရင်းသားပြည်သူလူထုများ လယ်ဝယ်တွင် မှတ်ပုံတင်မရှိပါက ၎င်းတို့၏ နိုင်ငံသားအခွင့်အရေးသည် အလိုလိုဆုံးရှုံးနေမည်ဖြစ်သည့်အပြင် လာမည့် ရွေးကောက်ပွဲတွင်လည်း မဲပေးပိုင်ခွင့် ဆုံးရှုံးကြရမည့်အခြေအနေရှိနေသည်ဟု အစီရင်ခံက ပြောဆိုထားသည်။ “နောက် သူတို့မှာလည်း နိုင်ငံသားစိစစ်ရေးကတ်ပြား လုပ်တာမျိုး အခွင့်အလမ်းမရကြတာလည်း ရှိပါတယ်” ဟု လွတ်လပ်တရားမျှတသည့် ၂၀၂၀ […]

မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်းစာရင်း အမျိုးသမီး ၁၆ ဦး အထိပါဝင်

diz_admin

August 4, 2020

နိုဝင်ဘာလအတွင်း ကျင်းပမည့် ရွေးကောက်ပွဲ၌ မွန်ညီညွတ်ရေးပါတီ ကိုယ်စားပြု ဝင်ပြိုင်မည့် အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၆ ဦးအထိ ပါဝင်သည်ဟု ပါတီက ထုတ်ပြန်ထားသည်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်လောင်း ၆၂ ဦး ဝင်ပြိုင်မည့်အနက်မှ အမျိုးသမီးကိုယ်စားလှယ်လောင်းအရေအတွက် ထိုမျှပမာဏပါဝင်ခြင်း ဖြစ်သည်။ ရာခိုင်နှုန်းအားဖြင့် ၃၀ ရာခိုင်နှုန်း ဝန်းကျင် ဖြစ်သည်။ မွန်ညီညွတ်ရေးပါတီအနေဖြင့် ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများစာရင်းကို ဗဟိုအလုပ်မှုဆောင်တွင် အတည်ပြုပြီး ဇူလိုင်လ ၂၆ ရက်နေ့က တရားဝင်ထုတ်ပြန်ထား သည်။ အရွေးခံမည့် အမျိုးသမီးကိုယ်စား လှယ်လောင်းများသည် ပြည်သူ့လွှတ်တော် ၁ ဦး၊ အမျိုးသားလွှတ်တော် ၇ ဦး နှင့် ပြည်နယ်လွှတ်တော် ၈ ဦးတို့ဖြစ်သည်။ မဲစာရင်းအပေါ် မွန်လူထု စိတ်ဝင်စားမှုနည်း […]

မဲစာရင်းအပေါ် မွန်လူထု စိတ်ဝင်စားမှုနည်း

diz_admin

August 4, 2020

မွန်ပြည်နယ်တစ်ခုလုံး၏ အခြေခံ မဲဆန္ဒရှင်များစာရင်းကို ဇူလိုင်လ ၂၅ ရက် နေ့က စတင်ကြေညာထားပြီး မဲစာရင်းအပေါ် မွန်လူထုတို့၏ စိတ်ဝင်စားမှု နည်းပါးသည်ဟု သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ထံမှ သိရသည်။ မဲစာရင်းကြေညာသည့်နေ့နှင့် ဒုတိယနေ့၊ တတိယနေ့တို့တွင်လည်း လာရောက်ကြည့်ရှုသူ နည်းပါးကြောင်း ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲနှင့် ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ မော်လမြိုင်မြို့ပေါ် ရပ်ကွက်တစ်ခု ဖြစ်သည့် သီရိမင်္ဂလာရပ်ကွက်တွင် မဲစာရင်းအား တသီးတသန့် လာရောက်ကြည့်ရှုခြင်းထက် အခြားအကြောင်းကိစ္စတို့နှင့် တွဲဖက်၍ လမ်းကြုံအားဖြင့်သာ ဝင်ရောက်ကြည့်ရှုကြလေ့ရှိသည်ဟု ပြောသည်။ “လူတွေက မဲစာရင်းကြည့်ဖို့ထက် ဝမ်းစာက အရေးကြီးတော့ အလုပ်ပဲ သွားကြတာလေ။ လာမကြည့်ကြဘူး” ဟု သီရိမင်္ဂလာရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက ပြော သည်။ မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်တွင်လည်း […]

ကိုယ်စားလှယ်လောင်းများထံ ကတိတောင်းရန် အုပ်ချုပ်ရေးမှူးအချို့ ပြင်ဆင်

diz_admin

August 4, 2020

ရွေးကောက်ပွဲမဲဆွယ်ကာလတွင် ပါတီအသီးသီး၏ ကိုယ်စားလှယ်လောင်းများထံတွင် ကတိတောင်းရန်အတွက် ပြင်ဆင်နေကြကြောင်း ထားဝယ်ခရိုင်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးအချို့ထံမှ သိရသည်။ ကျေးရွာများတွင်လိုအပ်နေသော လမ်း၊ တံတား၊ စာသင်းကျောင်း စသည့် အခြေခံအဆောင်အအုံများကို ပြုလုပ်ပေးရန် ကိုယ်စားလှယ်လောင်းများထံ ကတိတောင်းမည်ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး အချို့က ပြောသည်။ ထားဝယ်ခရိုင်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူး ခုနစ်ဦးထံ ဆက်သွယ်မေးမြန်းရာတွင် ငါးဦးက ကတိတောင်းရန် ပြင်ဆင်နေသည်ဟု ဖြေဆိုကြပြီး နှစ်ဦးက အစီအစဉ်မရှိသေးကြောင်း ဖြေဆိုကြသည်။ အုပ်ချုပ်ရေးမှူးအချို့က တောင်းဆိုမည့် ကျေးရွာလိုအပ်ချက်များကို ရေးမှတ်ထားကြပြီး အချို့ကလည်း တောင်းဆိုရန် စိတ်ကူးရှိကြောင်း ဖြေဆိုကြသည်လည်း ရှိသည်။ မဲစာရင်းလာကြည့်စေရေး လှုံ့ဆော်မည် “အဓိကကတော့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ မဲလာဆွယ်ရင်၊ သူတို့ဘက်က လမ်းဖွင့်ပေးမယ်ဆိုရင် ကျေးရွာဖွံ့ဖြိုးတိုးတက်ဖို့အတွက် လျာထားပြီး တောင်းဆိုမယ်ဆိုပြီး စဉ်းစားထားတယ်” ဟု ထားဝယ်မြို့နယ် ရှင်မုတ္ထီးကျေးရွာ အုပ်ချုပ်ရေးမှူး […]