BREAKING
February 2, 2025

သတင်း

ကွာရန်တင်းဝင်သူများ မဲပေးခွင့်ကိစ္စ အဖြေမထွက်သေး

diz_admin

August 4, 2020

ကိုဗစ်ကာလ ကွာရန်တင်းဝင်နေသူများ မဲပေးခွင့်ရရေးအတွက် မည်သို့ဆောင်ရွက်မည်ဆိုသည့် အစီအစဉ်မှာ တိတိကျကျမရှိသေးဘဲ တိုင်းအစိုးရအဖွဲ့၊ သက်ဆိုင်ရာ ကွာရန်တင်းစခန်းတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ ကိုဗစ်ဂယက်မှာ မည်သည့်အချိန်အထိ ရှိနေမည်ကို တိတိကျကျ မသိသေးသည့်အချိန်တွင် ကွာရန်တင်းစခန်းများတွင် အသွားအလာကန့်သတ်ထားသူများအတွက် သီးသန့်မဲရုံသတ်မှတ်မည်၊ မသတ်မှတ်မည်၊ ကြိုတင်မဲပေးခွင့်ပြုမည်၊ မပြုမည်နှင့်ပတ်သက်၍ မေးမြန်းရာ တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက အထက်ပါအတိုင်း ဖြေဆိုခဲ့ခြင်းဖြစ်သည်။ ပါးစပ်နှင့် နှာခေါင်းစည်း အရည်အသွေး ကောင်း/မကောင်း ဘယ်လိုစစ်မလဲ မဲဆန္ဒနယ်ပြင်ပရောက် အသွားအလာကန့်သတ်ထားသူများအတွက် ကြိုတင်မဲပေးခွင့် ပြုမည်ဆိုပါက ကြိုတင်ဆန္ဒမဲပေးခွင့်လျှောက်လွှာ(ပုံစံ ၁၅) ကို သြဂုတ်လ ၂၈ ရက်နေ့နောက်ဆုံးထား၍ သက်ဆိုင်ရာ မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲများထံ လျှောက်ထား ရမည်ဖြစ်သည်။ သို့သော် ပုံစံ(၁၅) လျှောက်ထားရန် တစ်လဝန်းကျင်သာ ကျန်သည့်အချိန်အထိ […]

လူငယ်ခြောက်ဦးက ဓားဖြင့် ဝင်ခုတ်

diz_admin

August 4, 2020

ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက် ရေတွင်းကြီးလမ်းဆုံရှိ မိုးမလင်းဆိုင် တစ်ဆိုင်ကို အသက် ၂၀ ဝန်းကျင်အရွယ် လူငယ်ခြောက်ဦးက သြဂုတ်လ ၁ ရက် ညဆယ်နာရီခွဲဝန်းကျင်တွင် ဓားအရှည်၊ သံတုတ်တို့ဖြင့် အကြောင်းမဲ့ဝင်လာကြောင်း ဆိုင်ပိုင်ရှင် ဦးအောင်အောင်က ပြောသည်။ လူခြောက်ဦးက ဆိုင်ကယ်နှစ်စီးဖြင့် ဆိုင်ရှေ့ရုတ်တရက်ဆိုင်ရှေ့လာရပ်ပြီး ဆိုင်အတွင်းရှိ ဘောလုံးပွဲကြည့်ရန် စောင့်နေသူများကို ဝင်ခုတ်ခြင်းဖြစ်ကြောင်း ဦးအောင်အောင်က ပြော သည်။ ဓားကိုင်ဝင်လာသည်ကို ကြိုမြင်လိုက်သဖြင့် ဆိုင်အတွင်းလူများအားလုံး ထွက်ပြေးသွားသဖြင့် လူထိခိုက်မှုမရှိသော်လည်း ဆိုင်ရှေ့ရပ်ထားသည့် ဆိုင်ကယ်များကို ဓားဖြင့်ခုတ်ပြီး ဖျက်ဆီးသွားခဲ့ကြောင်း ၎င်းက ပြောသည်။ “အကြောင်းမဲ့ဝင်ရိုက်သွားတာ။ ဘာမှရန်ညိုးရန်စလည်းမရှိဘူး” ဟု ဆိုင်ပိုင်ရှင် ဦးအောင်အောင်က ဆိုသည်။ ယင်းဖြစ်စဉ်အား ရပ်ကွက်အုပ်ချုပ်ရေးမှုးနှင့် ရဲတပ်ဖွဲ့ထံ ချက်ချင်းအကြောင်းကြားခဲ့သော်လည်း ည ၁၂ နာရီအချိန်အထိ မည်သူမျှလာရောက် စစ်ဆေးမေးမြန်းခြင်းမရှိကြောင်း […]

တနင်္သာရီအခြေစိုက်သတင်းဌာန ထပ်တိုး

diz_admin

August 4, 2020

ထားဝယ်မြို့တွင် အခြေစိုက်သည့် စုံစမ်းထောက်လှမ်းရေးသားမည့် ဒက္ခိဏ (Dakkhina Insight) အမည်ရှိ အွန်လိုင်းသတင်းဌာနတစ်ခု ထပ်တိုးလာသည်။ လက်ရှိတွင် သတင်းဌာနလိုင်စင် ရရှိရေးအတွက် ဇူလိုင်လအတွင်းက ပြန်ကြားရေးဝန်ကြီးဌာနထံ လျှောက်ထားပြီးဖြစ်ကြောင်း အထက်ပါသတင်းဌာန ၏ တာဝန်ခံအယ်ဒီတာ ဦးရဲထွဋ်ဝင်းက ဆိုသည်။ ကမ်းခြေနဲ့ ရေတံခွန်မှာ သတိပြုဖွယ်ရာများ “စုံစမ်းထောက်လှမ်းရတဲ့ သတင်းတွေ ဖော်ထုတ်ပြီး ရေးသားဖို့အတွက် ရည်ရွယ်တာပေါ့” ဟု ဦးရဲထွဋ်ဝင်းက ပြောသည်။ အဓိကအားဖြင့် တိုင်းအတွင်းရှိ သယံဇာတတူးဖော်ထုတ်လုပ်မှုအပိုင်းနှင့် တရားဥပဒေစိုးမိုးရေး(အဂတိလိုက် စားမှု) အပိုင်းကို ဦးစားပေး ရေးသားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ နောက်ပိုင်းတွင် အခြားမီဒီယာတိုက်များနှင့် မိတ်ဖက်လုပ်ကာ လက်တွဲလုပ်ဆောင်မည်ဖြစ်ကြောင်း ဦးရဲထွဋ်က ပြောသည်။ လက်ရှိတွင် တနင်္သာရီတိုင်းအတွင်း အခြေစိုက်သည့် Dawei Watch သတင်းဌာနနှင့် ၎င်းသတင်းဌာနကထုတ်ဝေသည့် တနင်္သာရီအပတ်စဉ်၊ […]

၀က်အပြင်းဖျားရောဂါဂယက်ကြောင့် ဝက်သားရောင်းအား ထက်ဝက်ကျ

diz_admin

August 4, 2020

အာဖရိက ဝက်အပြင်းဖျားရောဂါဂယက်ကြောင့် ထားဝယ်တွင် ဝက်သားရောင်းအား ထက်ဝက်ခန့်လျော့ကျလာကြောင်း ဝက်သားရောင်းချသူအချို့ထံမှ သိရသည်။ တစ်ရက်လျှင် ဝက်သား ၁၅ ပိဿာ ရောင်းချနေရာမှ ငါးပိဿာမှ ၁၀ ပိဿာခန့်သာ ရောင်းရတော့သည်ဟု ထားဝယ်မြို့ ကမ်းနားဈေးတွင် ဝက်သားရောင်းသူ ဒေါ်ညိုက ပြောသည်။ ပါးစပ်နှင့် နှာခေါင်းစည်း အရည်အသွေး ကောင်း/မကောင်း ဘယ်လိုစစ်မလဲ “အဲဒီရောဂါနဲ့ ဝေဝေဝါးဝါး ပြောနေကတည်းက လူတွေ မဝယ်စားကြဘူး။ တစ်ချို့က အဲလိုမျိုး သတင်းတွေကြားလို့ အစ်မတို့မှာ အရောင်းအဝယ်တော့ အေးသွားတယ်” ဟု ဒေါ်ညိုက ပြောသည်။ ဝက်သားရောင်းအားကျဆင်းလာသည်မှာ တစ်လနီးပါးခန့်ရှိပြီး ဝက်သားဝယ်ယူရန် ခေါ်ဆိုပါက ဝက်သားရှောင် ထားသည်ဟု ပြောဆိုမှုများရှိနေသည်။ သို့သော် ဆရာဝန်များကမူ ဝယ်နေကျအတိုင်း ပုံမှန်လာရောက်ဝယ်ယူအားပေး နေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဝက်သား […]

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်း သြဂုတ် ၉ ကြေညာမည်

diz_admin

August 4, 2020

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းကို ပညာရေးဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာမှတစ်ဆင့် သြဂုတ်လ ၉ ရက်နေ့တွင် ကြေညာမည်ဖြစ်ကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ထုတ်ပြန်ထားသည်။ တက္ကသိုလ်ခွင့်စာမေးပွဲ အောင်စာရင်းကို သတင်းစာနှင့် မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်တို့မှ တစ်ဆင့်အသိပေးထုတ်ပြန်မည်ဖြစ်ပြီး သက်ဆိုင်ရာကျောင်းများသို့ အီးမေးလ်ဖြင့် ပေးပို့မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ ကမ်းခြေနဲ့ ရေတံခွန်မှာ သတိပြုဖွယ်ရာများ အခြေခံပညာကျောင်းများ၌ အောင်စာရင်းကပ်ချိန်တွင် လူစုလူဝေး မဖြစ်ပေါ် စေရန် တစ်ဦးနှင့် တစ်ဦး ၆ ပေ ခြားစီ တန်းကြည့်ရှုနိုင်ရန်အတွက် လိုအပ်သလို ပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်ရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အောင်စာရင်းထုတ်ပြန်ရန်အတွက် အရေးကြီးစာရွက်စာတမ်းများလာယူရန် ပညာရေးဝန်ကြီးဌာနက ညွှန်ကြားလာခြင်းမရှိသေးကြောင်း တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။ “အခုက ကိုဗစ်ကာလကြောင့်မို့ သွားယူစရာမလိုပြီလား။ […]

ကော့သောင်းတွင် တရားခံပြေးထံမှ မူးယစ်ဆေးဖမ်းမိ

diz_admin

August 4, 2020

ကော့သောင်းမြို့တွင် တရားခံပြေးထံမှ မူးယစ်ဆေးများ ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။ ကော့သောင်းမြို့မရဲစခန်းတွင် ၂၀၁၆ ခုနှစ်က ဖွင့်လှစ်ထားသည့်အမှုမှ တရားခံပြေးဖြစ်သည့် အသက် ၂၈ နှစ်အရွယ်ရှိ အမျိုးသားအား ဇူလိုင် လ ၂၇ ရက်နေ့တွင် ဖမ်းဆီးရာမှ မူးယစ်ဆေး ဖမ်းမိခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ခိုးဝင်ပြန်လာသူများတွင် ဗွေဆော်ဦး ပိုးတွေ့ အေးမြကန်သာရပ်ကွက်ရှိ တန်းလျားတွင် အဆိုပါတရားခံပြေးရောက်နေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ထိုသို့ဝင်ရှာရာ တရားခံပြေးကို ဖမ်းမိခဲ့ပြီး ၎င်း၏ခန္ဓာကိုယ်အား ရှာဖွေရာ ဝတ်ဆင်ထားသည့် ဂျင်းဘောင်းဘီအတွင်း WY စိတ်ကြွဆေး ၁၇၂ ပြားနှင့် ICE မူးယစ်ဆေး ဝ ဒဿမ ၁ ဂရမ် ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းအရ […]

ခိုးဝင်ပြန်လာသူများတွင် ဗွေဆော်ဦး ပိုးတွေ့

diz_admin

August 4, 2020

ကော့သောင်းခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာလင်းထိုက် ကြိုတင်တွက်ဆထားသည့်အတိုင်းဖြစ်လာပြီဖြစ်သည်။ ကော့သောင်းမြို့တွင် ကိုရိုနာရောဂါပိုး တွေ့လူနာရှိလာလေပြီ။ တနင်္သာရီတိုင်းသားများ အများဆုံးရွှေ့ပြောင်းလုပ်ကိုင်နေသည့် ထိုင်းနှင့် မလေးရှားနိုင်ငံတွင် ကိုဗစ်ကူးစက်မှုများနေခြင်း၊ ယင်းအလုပ်သမားများမှာ ကော့သောင်းနယ်စပ်မှ နည်းအမျိုးမျိုးဖြင့် ဝင်လာနေခြင်းတို့ကြောင့် ထိုကဲ့သို့ မှန်းဆထားခြင်းဖြစ်ကြောင်း ဒေါက်တာလင်းထိုက်က ပြောသည်။ ကိုဗစ်ကပ်ဘေး အကြား သစ်ခိုးထုတ်မှု “နယ်စပ်ကလည်း မိုင်အများကြီးလေ။ ဝင်ပေါက်တွေကအများကြီး။ လုံးဝ မဝင်ရဘူးလို့ ပိတ်ဖို့ကလည်း အခက်အခဲ ရှိတယ်လေ။ အဲဒီထဲမှာ မလေးပြန် ဆိုတာက အန္တရာယ်များတယ်လေ။ မလေးမှာက ဖြစ်ပွားမှုများတာလည်းပါတယ်။ များတဲ့အတွက်ကြောင့် နယ်စပ်ကို မထိန်းနိုင်ရင်တော့ တစ်ချိန်ချိန်မှာ ဒါဖြစ်မယ်ဆိုတာ မှန်းထားပြီးသားပေါ့” ဟု ဒေါက်တာလင်းထိုက်က ပြောသည်။ ဇူလိုင်လ ၂၈၊ ၂၉ ရက်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည့် ကိုဗစ်ပိုးတွေ့လူနာသုံး ဦးရှိသည်။ ထိုသူ […]

ကျောင်းထိုင်ဆရာတော် ကြိုးဆွဲချ သတ်သေ

diz_admin

August 4, 2020

ကျွန်းစုမြို့နယ်တွင် ကျောင်းထိုင် ဆရာတော်တစ်ပါး ကြိုးဆွဲချ သတ်သေသွားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ညောင်ဘီးကျေးရွာအုပ်စုရှိ ဘုန်းတော်ကြီးကျောင်းတွင် သက်တော် ၃၇ နှစ် (ဝါတော် ၁၆ ဝါ) ရှိသည့် ကျောင်းထိုင်ဆရာတော်က ဇူလိုင်လ ၂၉ ရက်နေ့တွင် သတ်သေခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ အဆိုပါကျေးရွာအုပ်စုနေ အသက် ၅၉ နှစ်အရွယ်ရှိ အမျိုးသမီးကြီးတစ်ဦးက ၎င်း၏လက်ကိုင်ဖုန်းပျက်သွားသဖြင့် ဆရာတော်ကို ပြင်ခိုင်းရန် ဘုန်းကြီးကျောင်းသို့ သွားရောက်ခဲ့ကြေင်း ရဲမှတ်တမ်းတွင်ဖော်ပြသည်။ ထိုသို့သွားရာတွင် ဘုန်းကြီးကျောင်းအတွင်းရှိ တိုးချဲ့တိုက်ကျောင်းဆောင် အပေါ်ထပ်တွင် ကြေးစည်ချိတ် ဆွဲရန်ထားရှိသည့် ကြိုးဖြင့်ကြိုးဆွဲချ သတ်သေထားသည်ကို တွေ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ သဇင်နယ်မြေရဲစခန်းတွင် သေမှုသေခင်းဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။