BREAKING
February 3, 2025

သတင်း

မွန် NLDကိုယ်စားလှယ်လောင်း နှစ်ဦးကို ပြောင်းလဲ

diz_admin

August 10, 2020

လာမည့် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ကိုယ်စားလှယ်လောင်းနှစ်ဦးအား အပြောင်းအလဲလုပ်လိုက်ကြောင်း မွန်ပြည်နယ် NLDပါတီ တာဝန်ရှိသူတို့ထံမှ သိရသည်။ မွန်ပြည်နယ် ရေးမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၂)အတွက် ကိုယ်စားလှယ်လောင်း ဦးချစ်တင်နေရာအစား ရေးမြို့နယ် NLDပါတီ ဥက္ကဋ္ဌ ဦးကျော်မိုးအေးနှင့် မုဒုံမြို့နယ်ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)အတွက် ကိုယ်စားလှယ်လောင်း ဦးထွန်းကြည်နေရာတွင် ဒေါ်ခင်ကျော့ဖြူတို့ဖြင့် အစားထိုးလဲလှယ်ခဲ့ခြင်း ဖြစ်သည်။ ကိုဗစ်ကပ်ဘေး အကြား သစ်ခိုးထုတ်မှု NLDပါတီအနေနှင့် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများ စာရင်းကို ဇူလိုင်လ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်လိုက်သည့် အဆိုပါကိုယ်စားလှယ်လောင်းများထဲမှ အချို့ကို ပြန်လည်စိစစ်ပေးရန် ပါတီဝင်များနှင့် NLDကို ထောက်ခံသည့်ဒေသခံတို့က လက်မှတ်ရေးထိုးပြီး ကန့်ကွက်ခဲ့ကြပြီးနောက် ပါတီဗဟိုအနေနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့မှ […]

အမှားများသည့် မွန်မဲစာရင်း

diz_admin

August 10, 2020

မွန်ပြည်နယ်အတွင်း ပထမအကြိမ် ကြေညာကပ်ထားသည့် မဲစာရင်းများတွင် အချက်အလက် မှားယွင်းမှု များပြားနေသည်ဟု မဲဆဆန္ဒရှင်ပြည်သူများနှင့် ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲတို့ထံမှ သိရသည်။ မဲစာရင်း အချက်အလက်မှားယွင်းမှုသည် မဲရုံတိုင်းတွင်ရှိနေပြီး အချို့မဲရုံများ တွင် ထက်ဝက် (၅၀ ရာခိုင်နှုန်း)ကျော်အထိ မှားယွင်းနေကြောင်း မဲစာရင်းစောင့်ကြည့်လေ့လာနေသူတို့က ပြောသည်။ ကွမ်းသမားနှင့် ကိုဗစ် “ကျွန်မတို့ မဲရုံတွေကို လိုက်မေး ကြည့်တယ်။ ဘယ်နှဦးလာကြည့်ပြီး ပြီလဲ။ ဘယ်လောက်ပြင်ရလဲ။ တချို့နေရာဆိုရင် ငါးယောက်လာကြည့်တာ သုံးယောက်က ပြင်ရတယ်။ အဲလိုမျိုး ရှိတယ်” ဟု မဲစာရင်းကြည့်ရေး ကမ်ပိန်း လုပ်နေသည့် မခိုင်ခိုင်လဲ့မြင့်က ပြောသည်။ ပထမအကြိမ် မဲစာရင်းကို ဇူလိုင် လ ၂၅ ရက်နေ့မှ သြဂုတ်လ ၇ ရက်နေ့ ထိ ၁၄ […]

မွန် သဘင်လုပ်သား ၁၅၀ဝ ကျော် စားဝတ်နေရေးအခက်အခဲဖြစ်

diz_admin

August 10, 2020

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် မွန်ပြည်နယ်အတွင်းရှိ ဇာတ်သဘင်လုပ်သား ၁၅၀ဝ ကျော် စားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု မွန်ပြည်နယ်သဘင်အစည်းအရုံးနှင့် သဘင်လုပ်သားများထံမှ သိရသည်။ ဇာတ်သဘင်များ ရပ်နားထားရသည့်အတွက် ဇာတ်ဆရာများက သဘင်လုပ်သားများအား လုပ်အားခ မရှင်းပေးနိုင်ခြင်းကြောင့် သဘင်လုပ်သား ၁၅၀ဝ ကျော်အနေနှင့် ထိုကဲ့သို့ ကြုံနေရခြင်းဖြစ်သည်ဟု မွန်ပြည်နယ်သဘင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌက ပြောသည်။ ကွမ်းသမားနှင့် ကိုဗစ် “သဘင်သမားဆိုတာ စပေါ်ငွေနဲ့ စရန်ငွေကို မျှော်စားရတာ။ အခု အလုပ်မရှိတော့ စပေါ်ငွေမရဘူး။ ဒီတော့ စားဝတ်နေရေး အိမ်ငှားခနဲ့ ကျောင်းဖွင့်လာပြီ ဆိုရင် သဘင်သမားတွေအတွက် ခက်ခဲတယ်” ဟု ဒုတိယဥက္ကဋ္ဌ ဦးစံလင်းက ပြောသည်။ မွန်ပြည်နယ်အတွင်း မြန်မာဇာတ်သဘင်နှင့် မွန်ဇာတ်သဘင် စုစုပေါင်း ၄၁ ဖွဲ့ရှိပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါ စတင်ဖြစ်ပွားချိန် မတ်လမှစတင်ကာ […]

ကိုဗစ်ထောက်ပံ့ငွေ အပါအဝင် အခြားငွေကြေးကိစ္စများ အလွဲသုံးသည်ဟုဆိုကာ တီဇစ်အုပ်ချုပ်ရေးမှူး အတိုင်ခံရ

diz_admin

August 10, 2020

အခြေခံလူတန်းစားများအား အစိုးရက ထောက်ပံ့သည့် ကိုဗစ်ထောက်ပံ့ငွေ အပါအဝင် အခြားငွေကြေးကိစ္စများကို အလွဲသုံးစားပြုလုပ်သည်ဟုဆိုကာ တီဇစ်ကျေးရွာ အုပ်ချုပ်ရေးမှူးကို အရေးယူပေးရန် ရွာသူရွာသား ၃၀ ဦးဝန်းကျင်က တိုင်ကြားထားသည်။ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းလွှတ်တော်ဥက္ကဋ္ဌတို့ထံ လက်မှတ်ရေးထိုး၍ သြဂုတ်လ ၇ ရက်နေ့က တိုင်ကြားထားခြင်း ဖြစ်သည်။ ကိုဗစ်ကပ်ဘေး အကြား သစ်ခိုးထုတ်မှု ကိုဗစ်ထောက်ပံ့ငွေနှင့် အခြားငွေကြေးကိစ္စများအပါအဝင် အကြောင်းအရာ ခုနစ်ခုဖြင့် တိုင်ကြားထားကြောင်း တိုင်ကြားစာအရ သိရသည်။ အစိုးရက ထုတ်ပေးသည့် ကိုဗစ်ထောက်ပံ့ကြေးကို ကျေးရွာနေသူများကို အသိပေးခြင်းမရှိဘဲ ၎င်းနှင့်သင့်မြတ်သူများကို ဦးစားပေးစာရင်းထည့်သွင်းပြီး ထုတ်ပေးခြင်း၊ ငွေလက်ခံရရှိကြောင်း လက်မှတ်ထိုးရာတွင် တချို့တစ်ဝက်ကို သာ လက်မှတ်ထိုးစေခြင်း၊ လက်မှတ်မထိုးစေဘဲ ထုတ်ပေးခြင်း အစရှိသည့် ဥပဒေနှင့်မညီဘဲ လုပ်ဆောင်ခဲ့ခြင်း စသည်တို့ပါဝင်သည်။ ထို့အပြင် အစိုးရက နောက်ဆုံးထုတ်ပေးခဲ့သည့် […]

တနင်္သာရီ ဘိန်းစာခင်းများ ရေတိုကာလအတွင်း မနှိမ်နှင်းနိုင်ဟု KNUပြော

diz_admin

August 10, 2020

တနင်္သာရီမြို့နယ်၊ သကျက်ကျေး ရွာအုပ်စု၊ ဘန်ကြုတ်ဒေသရှိ ဘိန်းစာခင်းများအား ရေတိုကာလအတွင်း နှိမ်နှင်းနိုင်မည်မဟုတ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU)က ပြောကြား လိုက်သည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဘန်ကြုတ်ဒေသတွင်းရှိ ဘိန်းစာပင်များအား လူအင်အား ငါးရာခန့်ဖြင့် ခုတ်ထွင်ရှင်းလင်းခဲ့ပြီးနောက် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ တနင်္သာရီမြို့နယ် ဥက္ကဋ္ဌ ဖဒိုစောဝဏ်ဝါးက ပြောဆိုခဲ့ခြင်းဖြစ်သည်။ ကိုဗစ်ကပ်ဘေး အကြား သစ်ခိုးထုတ်မှု ဘန်ကြုတ်ဒေသ တောတောင်အတွင်းရှိ ဘိန်းစာခင်း ၁၅ ဧကရှိ အပင်ရေတစ်သောင်းခွဲခန့်အား သြဂုတ်လ ၂ ရက်နေ့က မြိတ်ခရိုင်ရဲတပ်ဖွဲ့၊ တပ်မတော်သားများ၊ ဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ကရင်အမျိုးသားအစည်းအရုံးတို့ ပူးပေါင်း၍ ခုတ်ထွင်ရှင်းလင်းခဲ့ကြခြင်း ဖြစ်သည်။ ယင်းဒေသအတွင်းရှိ ဘိန်းစာခင်းများအား ယခုအကြိမ်လာရောက် ခုတ်ထွင်နှိမ်နှင်းခြင်းသည် ဆဋ္ဌမအကြိမ်မြောက်ဖြစ်ပြီး မြိတ်ခရိုင်အတွင်း မူးယစ်ဆေးဝါး သုံးစွဲမှု […]

ယုန်လေး၏ သီချင်းဗီဒီယိုကို Facebook စာမျက်နှာငါးခုက တစ်ပြိုင်နက်တင်ခဲ့

diz_admin

August 10, 2020

အဆိုတော်ယုန်လေး၏ အငြင်းပွားဖွယ် သီချင်းဗီဒီယိုကို ပြည်ခိုင်ဖြိုး ပါတီကို ထောက်ခံရန် ဆော်သြပေးနေသည့် Facebook စာမျက်နှာနှစ်ခု၊ တပ်မတော်အကြောင်း ထောက်ခံရေးသားနေသည့် စာမျက်နှာငါးခု၊ NLD ကို ရေးသားတိုက်ခိုက်နေသည့် စာမျက်နှာငါးခုကလည်း ပြန်တင်ခဲ့ကြသည်။ ဝါဒဖြန့်ချိရေးအသွင်ပေါက်သည့် တေးသီချင်းရုပ်သံကို အဆိုတော်ယုန်လေး၏ Facebook စာမျက်နှာတွင် တင်သည့်အချိန်နှင့် မိနစ်မခြားဘဲ တပ်ချုပ်၏ သမီးဖြစ်သူရှယ်ယာပါသည့် ကုမ္ပဏီနှင့် ၎င်း၏ စီးပွားရေးမိတ်ဖက်များပိုင် ကုမ္ပဏီများ၏ အနုပညာလုပ်ငန်းများအကြောင်း ဖော်ပြပေးနေသည့် Facebook စာမျက်နှာကလည်း တစ်ပြိုင်နက်တည်း လွှင့်တင်ခဲ့သည်။ အချိန်အားဖြင့် ၁၄ မိနစ်ခန့်ကြာမြင့်သည့် “ငါတို့အားလုံးရဲ့မြေ (စည်းလုံး သင့်ပြီမြန်မာပြည်)” ဂီတဗီဒီယိုကို အဆိုတော်ယုန်လေးက ၎င်း၏ Facebook အကောင့်တွင် သြဂုတ် ၄ နံနက် ၁၀ နာရီ ၅ မိနစ်တိတိတွင် လွှင့်တင်ခဲ့ပြီး […]

ရုပ်ရှင်ရုံဟောင်းနှစ်ခု အသစ်ပြန်ဆောက်မည်

diz_admin

August 10, 2020

တိုင်းအတွင်းရှိ ဟောင်းနွမ်းနေပြီ ဖြစ်သည့် ရုပ်ရှင်ရုံဟောင်းနှစ်ခုကို အသစ်ပြန်ဆောက်တော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောကြားသည်။ ထားဝယ်မြို့ရှိ ရွှေဝယ်သီရိရုံနှင့် မြိတ်မြို့ရှိ ဂုဏ်ရုပ်ရှင်ရုံတို့ဖြစ်ပြီး လက်ရှိ အဆောက်အဦဟောင်းတို့ကို ဖြိုချကာ အသစ်ဆောက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ကွမ်းသမားနှင့် ကိုဗစ် လက်ရှိတွင် ရွှေဝယ်သီရိရုပ်ရှင်ရုံအတွက် အသစ်တည်ဆောက်မည့် (plan) အစီအစဉ်ကို လာရောက်တင်ပြထားပြီး ဂုဏ်ရုပ်ရှင်ရုံ၏ အစီအစဉ်ကို လာမည့်ရက်ပိုင်းအတွင်း တင်ပြရန် ညွှန်ကြားထားကြောင်း ၎င်းက ပြောသည်။ ရွှေဝယ်သီရိရုံအား နှစ်ထပ်အဆောက်အအုံအဖြစ် တည်ဆောက်မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ဖွင့်လှစ်ပြနိုင်သနိုင်မည်ဟု တင်ပြထားသည်ဟု ဆိုသည်။ ရုပ်ရှင်ရုံဟောင်းကို လာမည့် နှစ်ဆန်းပိုင်းတွင် စတင်ဖြိုဖျက်မည် ဖြစ်သည်။ ယခင်က ထားဝယ်မြို့တွင် ရုပ်ရှင်ရုံ နှစ်ရုံရှိပြီး ရွှေဝယ်သီရိရုပ်ရှင်ရုံကို ၁၉၉၉ […]

ကုန်သီးသန့်တင်ရန် သတ်မှတ်လိုက်သည့်အတွက် သုံးဘီးယာဉ်မောင်းများ အကျပ်ဆိုက်

diz_admin

August 10, 2020

ထားဝယ်ဒေသတစ်ဝိုက် ခရီးသည် ပို့ဆောင်ရာတွင် အဓိကအသုံးပြုနေသည့် သုံးဘီးဆိုင်ကယ်များကို ကုန်သီးသန့်သာ တင်ရန်အတွက် သတ်မှတ်လိုက်ခြင်းသည် အဆင်မပြေကြောင်း သုံးဘီးယာဉ်မောင်းများက ပြောဆိုသည်။ သုံးဘီးဆိုင်ကယ်အတွက် လုပ်ငန်းလိုင်စင်ထုတ်ပေးရာတွင် ယခင်က ခရီးသည်တင်ဆောင်ခွင့်ရှိသည့် (ဂ) လုပ်ငန်းလိုင်စင်ကို ထုတ်ပေးနေရာမှ လက်ရှိတွင် သုံးဘီးဆိုင်ကယ်အားလုံးကို ကုန်စည်သာ တင်ဆောင်ခွင့်ရှိသည့် (က)လုပ်ငန်း လိုင်စင်ကိုသာ ထုတ်ပေးတော့ခြင်းဖြစ်သည်။ ကွမ်းသမားနှင့် ကိုဗစ် ယခင်နှစ်ပေါင်းများစွာကတည်းက သုံးဘီးဆိုင်ကယ်ဖြင့် ခရီးသည်တင် ဆောင်ခွင့်ရခဲ့သော်လည်း လက်ရှိတွင် ကုန်စည်သီးသန့်သာတင်ဆောင်ရမည်ဆိုပါက အခက်အခဲများစွာ ကြုံရနိုင်ကြောင်း ထားဝယ်မြို့အတွင်း ပြေးဆွဲနေသည့် သုံးဘီးယာဉ်မောင်းအချို့က ညည်းတွားပြောဆိုသည်။ လက်ရှိလုပ်ငန်းလိုင်စင်အရ ခရီးသည်တင်ဆောင်ခွင့်မရှိတော့သည့်အတွက် ဖမ်းဆီးအရေးယူခံရမည်ကို စိုးရိမ်နေရကြောင်း စည်ပင်သာယာဈေးကြီးတွင် ဂိတ်ထိုးပြေးဆွဲနေသည့် သုံးဘီးယာဉ်မောင်းတစ်ဦးက ဆိုသည်။ “ခရီးသည်မတင်ရဘူးဆိုရင် လုံးဝ အဆင်ပြေမှာမဟုတ်ဘူး” ဟု အဆိုပါ သုံးဘီးယာဉ်မောင်းက ပြောသည်။ လက်ရှိတွင် […]