ရခိုင်နှင့် ထိစပ်နေသည့် တိုင်းသုံးခုတွင် စစ်ကောင်စီတပ်စခန်းသုံးခုကို AA သိမ်းယူ
Dawei Watch
January 28, 2025ပဲခူး၊ ဧရာဝတီ၊ မကွေးတိုင်းတို့နှင့် ရခိုင်ပြည်နယ်ထိစပ်နေသော နေရာများတွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်စခန်းသုံးခုကို သိမ်းယူနိုင်ခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ဇန်နဝါရီလ ၂၇ ရက်တွင် သတင်းထုတ်ပြန်သည်။ ပဲခူးတိုင်း၊ မကွေးတိုင်း ဆိုင်းဘုတ်ရှေ့တွင် AA တပ်ဖွဲ့ဝင်များဖြင့် ရိုက်ကူထားသည့် မှတ်တမ်းဓာတ်ပုံများ၊ ရခိုင်-ဧရာဝတီအစပ် တိုက်ပွဲများတွင် သံချပ်ကာကားများဖြင့် သွားလာနေသည့် AA တပ်ဖွဲ့ဝင်များ၏ ဓာတ်ပုံမှတ်တမ်းများကိုလည်း ထုတ်ပြန်ချက်တွင် တွေ့ရသည်။ ရခိုင်ရိုးမတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက်သလို စစ်ကောင်စီတပ်ကလည်း ပဲခူးတိုင်းဘက်မှ ပြန်လည်ထိုးစစ်ဆင်နေသဖြင့် ပဲခူး-ရခိုင် ထိစပ်နေသောနေရာများနှင့် ရိုးမတောင်တန်းပေါ်တို့တွင် နေ့စဉ် တိုက်ပွဲဖြစ်နေကြောင်း ဖော်ပြသည်။ တောင်ကုတ်မြို့နယ်အတွင်း ရခိုင်-ပဲခူးထိစပ်နေသည့်နေရာရှိ မိုးထိတောင်စခန်းကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ပြီး ငါးရက်အကြာ ဇန်နဝါရီလ ၂၆ရက် နံနက်တွင် သိမ်းယူနိုင်ခဲ့ကြောင်း AA […]