BREAKING
February 3, 2025

သတင်း

ကော့သောင်းလျှပ်စစ်တင်ဒါ ဒုတိယအကြိမ်ထပ်ခေါ်

diz_admin

August 11, 2020

ကော့သောင်းမြို့နယ် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းအတွက် လုပ်ကိုင်မည့်ကုမ္ပဏီများကို ဒုတိယအကြိမ် တင်ဒါခေါ်နေပြီဖြစ်သည်။ တင်ဒါလျှောက်လွှာကို သြဂုတ်လ ၈ ရက်နေ့တွင် စတင်ရောင်းချမည်ဖြစ်ပြီး စက်တင်ဘာလ ၉ ရက်နေ့တွင် တင်ဒါ ပိတ်မည်ဖြစ်သည်။ ကိုဗစ်ကပ်ဘေး အကြား သစ်ခိုးထုတ်မှု ပထမအကြိမ် ကော့သောင်းလျှပ်စစ်တင်ဒါကို ဇွန်လဆန်းက ဖွင့်ဖောက်စစ် ဆေးခဲ့သော်လည်း တင်ဒါဝင်ပြိုင်သည့် ကုမ္ပဏီများက Technical Proposal (နည်းပညာအဆိုပြုလွှာ) မအောင်မြင်ကြသည့်အတွက် တင်ဒါကို ပယ်ဖျက်ခဲ့သည်။ ထိုစဉ်က တိုင်းအတွင်းနှင့် တိုင်းပြင်ပမှ လျှပ်စစ်ကုမ္ပဏီခြောက်ခု ဝင်ရောက်ယှဉ် ပြိုင်ခဲ့သည်။ လက်ရှိတွင် သတ်မှတ်ထားသည့် အောင်မှတ်နှင့် အမှတ်ပေးစည်းမျဉ်းအချို့ကို ဖြေလျှော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ဆိုသည်။ သို့သော် ယင်းအစီအစဉ်ကို တင်ဒါ လျှောက်လွှာပိတ်ပြီးမှသာ တင်ဒါကော်မတီအစည်း အဝေးကျင်းပပြီး သတ်မှတ်မည်ဖြစ်ကြောင်း ၎င်းက […]

မလွှဲတောင်မှ ကော့သောင်းအထိ ပြည်ထောင်စုလမ်းမကြီးကို လမ်းချဲ့ရန် လွှတ်တော်တွင် တောင်းဆိုမည်

diz_admin

August 11, 2020

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းခြား မလွှဲတောင်ထိပ်မှ ကော့သောင်းမြို့အထိ ပြည်ထောင်စုလမ်းမကြီးအား အကျယ်ပေ ၁၀ဝ အထိချဲ့ပေးရန် ပြည်သူ့လွှတ်တော်တွင် တောင်းဆို မည်ဖြစ်ကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးက ပြောသည်။ တနင်္သာရီတိုင်းရှိ မြို့နယ် ၁၀ မြို့နယ်အနက် လောင်းလုံးနှင့် ကျွန်းစုမြို့နယ်မှလွဲပြီး ကျန်ရှစ်မြို့နယ်သည် အဆိုပါ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိနေပြီး တနင်္သာရီတိုင်း၏ အဓိက ဆက်သွယ်ရေးလမ်းမကြီး ဖြစ်သည်။ ကိုဗစ်ကပ်ဘေး အကြား သစ်ခိုးထုတ်မှု ပြည်ထောင်စုလမ်းမ အင်္ဂါရပ်အတိုင်းဆိုပါက လမ်းကျယ် ပေ ၁၀ဝ ရှိရမည်ဖြစ်သော်လည်း အချို့နေရာများတွင် ပေသုံးဆယ်ခန့်သာရှိကြောင်း သရက်ချောင်းမြို့နယ် လမ်းပိုင်းတစ်ခုကို ဥပမာပေးပြီး ဦးအောင်စိုးက ပြောသည်။ ယင်းကဲ့သို့ တနင်္သာရီတိုင်း၏အဓိက ဆက်သွယ်ရေးလမ်းမကြီးလည်းဖြစ်၊ ပြည်ထောင်စုလမ်းအင်္ဂါရပ်နှင့် လည်းမညီသေးသည့်အတွက်ကြောင့် လမ်းချဲ့ရန်လိုအပ်လာသဖြင့် ပြည်ထောင်စုအဆင့် လွှတ်တော်တွင် မေးခွန်းတင်ထားပြီး တောင်းဆိုခြင်းဖြစ်ကြောင်း […]

လေပြင်းကြောင့် မြိတ်တွင် လူနေအိမ်တစ်ရာခန့် ထိခိုက်ပျက်စီး

diz_admin

August 11, 2020

သြဂုတ်လ ၂ ရက်ညနှင့် ၃ ရက်နံနက်တွင် တိုက်ခတ်ခဲ့သည့်လေပြင်းကြောင့် မြိတ်ခရိုင်အတွင်း လူနေအိမ်တစ်ရာခန့် ထိခိုက်ပျက်စီးခဲ့ရကြောင်း မြိတ်ခရိုင် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။ လူနေအိမ် ၅၂ လုံးသည် ပြိုကျပျက်စီးခဲ့ရပြီး ၄၇ လုံးမှာ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ရပြီး လူဦးရေ ငါးရာဝန်းကျင် လေဘေးဒဏ်သင့်ခဲ့ရခြင်း ဖြစ်သည်။ ကွမ်းသမားနှင့် ကိုဗစ် ယင်းတို့အနက် မြိတ်မြို့နယ်တွင် ၃၈ လုံး၊ တနင်္သာရီမြို့နယ်တွင် ၃၄ လုံးနှင့် ကျွန်းစုတွင် ၂၇ လုံး ရှိခဲ့သည်ဟု အထက်ပါဌာန တာဝန်ရှိသူက ပြောသည်။ ပြိုကျ/ပျက်စီးခဲ့သည့် နေအိမ်အများစုမှာ ဓနိမိုးထရံကာနေအိမ်များဖြစ်ကြပြီး ခရိုင်အတွင်း လေဘေးသင့်ခဲ့သည့် ကျေးရွာအနည်းဆုံး နှစ်ဆယ်ရှိကြောင်း အထက်ပါဌာနထံမှ သိရသည်။ လက်ရှိအချိန်တွင် လေဘေးခံခဲ့ရသည့် လူဦးရေငါးရာနီးပါးသည် မိမိတို့ ရွာအတွင်း […]

ယာယီပိတ်ထားသည့် ရေတံခွန်သို့ လည်ပတ်ပါက ပုဒ်မ ၁၈၈ ဖြင့် အရေးယူနိုင်ဟုဆို

diz_admin

August 11, 2020

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု ဘန်းလမွတ်နှင့် ပနပ်ငယ်ကျေးရွာအကြားရှိ ယာယီပိတ်ထားသည့် ပနပ်ငယ်ရေတံခွန်သို့ လည်ပတ်ပါက ပုဒ်မ ၁၈၈ ဖြင့် အရေးယူနိုင်ကြောင်း ယင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်ထံမှ သိရသည်။ ကိုဗစ်ကာလအတွင်း ပနပ်ငယ် ရေတံခွန်သို့ လာရောက်လည်ပတ်သူများမှာ လူစုလူဝေးဖြစ်နေကြခြင်းနှင့် ထိခိုက်မှုတစ်စုံတစ်ရာဖြစ်ပွားမည်စိုးရခြင်းတို့အတွက် ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစပြီး ယာယီပိတ်ထားခဲ့ခြင်း ဖြစ်သည်။ ကွမ်းသမားနှင့် ကိုဗစ် ရေတံခွန်လည်ပတ်ခွင့်အား ယာယီပိတ်ထားသော်လည်း လည်ပတ်မှုအချို့ ရှိနေကြောင်းကို သြဂုတ်လ ၆ ရက်နေ့က ဘန်းလမွတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက အကြောင်းကြာလာခဲ့သဖြင့် သိရှိခဲ့ရကြောင်း အုပ်ချုပ်ရေးမှူးက ပြောပြသည်။ “မလိုက်နာရင် အရေးယူရမယ်လို့ ပြောထားတယ်” ဟု အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က ပြောသည်။ ပုဒ်မ ၁၈၈ မှာ ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျထုတ်ပြန် […]

တရားဥပဒေစိုးမိုးရေးအပါအဝင် ပြဿနာများကို ဖြေရှင်းပေးနိုင်ရေးအတွက် တနင်္သာရီဒေသအား ရွေးချယ်ခဲ့ခြင်းဖြစ်ဟု

diz_admin

August 11, 2020

မြေယာပြဿနာများအရေး၊ အလုပ်လက်မဲ့နှင့် ရွှေ့ပြောင်းအလုပ်သမားများအရေး၊ တရားဥပဒေစိုးမိုးရေး စသည့် လက်ရှိအစိုးရအတွင်း မဖြေရှင်းနိုင်ခဲ့သည့် အရေးတို့ကို နိုင်သလောက် ဖြေရှင်း ပေးနိုင်ရေးအတွက် တနင်္သာရီဒေသအား ရွေးချယ်ခြင်းဖြစ်ကြောင်း လာမည့် အထွေထွေရွေးကောက်ပွဲတွင် တနင်္သာရီမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာညိုညိုသင်းက ပြောဆိုသည်။ ၎င်းအနေနှင့် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၉ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားခြင်း ဖြစ်သည်။ အဆိုပါ မဲဆန္ဒနယ် အမှတ် ၉ သည် တနင်္သာရီ မြို့နယ်တစ်ခုလုံးကို ကိုယ်စားပြုခြင်း ဖြစ်သည်။ ကွမ်းသမားနှင့် ကိုဗစ် တနင်္သာရီမြို့နယ်သည် တနင်္သာရီ တိုင်းဒေသကြီးအတွင်း ဒုတိယအဆင်းရဲဆုံးမြို့နယ်ဖြစ်ပြီး သယံဇာတအရင်းမြစ် များရှိသော်လည်း တိုးတက်သင့်သလောက် မတိုးတက်သည့်အတွက် ရွေးချယ်ခဲ့ရခြင်း ဖြစ်သည်ဟု ဒေါက်တာညိုညိုသင်း က ဆိုသည်။ ယင်းအပြင် တနင်္သာရီမြို့သည် […]

လောင်းလုံး ငွေစုအမှု အစိုးရထံ အကူအညီတောင်း

diz_admin

August 11, 2020

လောင်းလုံးမြို့နယ်တွင် တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေသော ငွေစု၊ ငွေချေးလေလံစုမဲ ပြဿနာများ၏ နောက်ဆက်တွဲကိစ္စကို ကူညီဖြေရှင်းပေးရန် တိုင်းအစိုးရအပါအဝင် ဌာနငါးခုကို သြဂုတ်လ ၄ရက်က စာပို့ အကူအညီ တောင်းခံလိုက်သည်။ တိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဥပဒေချုပ်၊ တိုင်းလွှတ်တော်မြေယာအငြင်းပွားမှု စောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့၊ တိုင်းတရား ဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၊ လောင်းလုံးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ကိုတစ်ပြိုင်တည်း လိပ်မူတောင်းဆိုလိုက်ခြင်း ဖြစ်သည်။ ကွမ်းသမားနှင့် ကိုဗစ် လောင်းလုံးမြို့နယ်ရှိကျေးရွာအချို့တွင် အလွန်ရှုပ်ထွေးပြီး ရှင်းပြရန်ခက်ခဲသော ငွေစု၊ ငွေချေး၊ လေလံပြဿနာ တစ်ရပ်လွန်ခဲ့သည့် ကိုးနှစ်ခန့်က ဖြစ်ပွားခဲ့သည်။ လောင်းလုံးမြို့နယ်တရားရုံးတွင်အဆိုပါ လေလံအမှု ပေါင်းထောင်ချီ တရားစွဲဆိုခဲ့ကြသည်။ ၂၀၁၈ခုနှစ်စက်တင်ဘာလတွင် အဆိုပါလေလံပြဿနာနှင့် ပတ်သက်ပြီး တရားစွဲခံရသူတို့ဘက်က ဆန္ဒပြသည်အထိ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ယင်းပြဿနာ တစ်ခန်းရပ်သွားခဲ့သည်။ ၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၁၁ ရက်တွင်မူ တရားမဇာရီအမှုအရ တရားရုံးမှ […]

ထီးခီးလမ်းအဆင့်မြှင့်တင်ရေး လမ်းဒီဇိုင်းစစ်ဆေးမှု ပြီးစီးလုနီးဟုဆို

diz_admin

August 10, 2020

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံကိုဆက်သွယ်ထားသည့် ထီးခီးလမ်းအား အဆင့်မြှင့်တင်ရေးအတွက် လမ်းဒီဇိုင်းစစ်ဆေးမှုမှာ ပြီးစီးလုနီးပါး ဖြစ်နေပြီဖြစ်ကြောင်း လမ်းဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်ဇော်ဝင်းက ပြောကြားသည်။ ထီးခီးလမ်းအဆင့်မြှင့်တင်မည့် လုပ်ငန်းနှင့် ပတ်သက်၍ လမ်းဒီဇိုင်း အပါအဝင် အပြီးသတ်အစီရင်ခံစာကို ပြီးခဲ့သည့်နှစ်က ထိုင်းနိုင်ငံ NEDA (အိမ်နီးချင်းနိုင်ငံများ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ) က ဆောက်လုပ်ရေးဝန်ကြီးဌာနထံ တင်ပြထားသည်။ ထားဝယ်စီမံကိန်းကို အီတာလျံ-ထိုင်းအသက်ပြန်သွင်း၊ အဆင့်ငါးဆင့်ဖြင့် အကောင်အထည်ဖော်မည် လက်ရှိတွင် အဆိုပါ လမ်းဒီဇိုင်းကို စစ်ဆေးသည့်ကိစ္စက ကိုးဆယ်ရာခိုင်နှုန်း ကျော် ပြီးစီးနေပြီဖြစ်ကြောင်း ဦးသက်ဇော်ဝင်းက ဆိုသည်။ “ကျွန်တော်တို့က ဖိုင်နယ်(နောက်ဆုံး) ညှိနေတဲ့ အနေအထားပေါ့။ တော်တော် ခရီးပေါက်နေပါပြီ” ဟု ဦးသက်ဇော်ဝင်း က ပြောသည်။ စစ်ဆေးပြီး ထွက်ရှိလာမည့် လမ်းဒီဇိုင်းအပေါ်မူတည်ကာ ချေးယူမည့် […]

NLDထိပ်ပိုင်းခေါင်းဆောင်ဟောင်း သရက်ချောင်းပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုး ရွေးကောက်ပွဲမဝင်

diz_admin

August 10, 2020

လာမည့် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် သူ့အနေနှင့် ဝင်ရောက်အရွေးချယ်ခံမည် မဟုတ်တော့ကြောင်း ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးက တနင်္သာရီအပတ်စဉ်သို့ ပြောသည်။ နိုင်ငံရေးကို မှန်ကန်ဖြောင့်မတ်စွာ လုပ်ချင်သော်လည်း လုပ်ခွင့်မရသည့်အတွက်ကြောင့် ရွေးကောက်ပွဲမဝင်တော့ ခြင်းဖြစ်သည်ဟု ဦးအောင်စိုးက ဖွင့်ဟသည်။ ကိုဗစ်ကပ်ဘေး အကြား သစ်ခိုးထုတ်မှု “တစ်သီးပုဂ္ဂလည်း မဝင်တော့ဘူး။ တခြားပါတီကနေလည်း မဝင်တော့ဘူး။ ဒေသအကျိုးကိုပဲ အတတ်နိုင်ဆုံးနိုင်တဲ့ဘက်က ကူညီတော့မယ်လို့ ဆုံးဖြတ်ထား တယ်” ဟု ၎င်းက ဆိုသည်။ ၎င်းသည် NLDပါတီ စတင်တည်ထောင်စဉ်မှစ၍ ပါတီတာဝန်အရပ်ရပ်ကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် တနင်္သာရီတိုင်းဥက္ကဋ္ဌ၊ ၂၀၁၆ ခုနှစ်တွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခံထားရသူ ဖြစ်သည်။ ယင်းအပြင် ၎င်းသည် အဂတိလိုက်စားမှုဥပဒေဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသော တနင်္သာရီတိုင်း […]