BREAKING
February 3, 2025

သတင်း

ကိုဗစ်ရောဂါ စစ်နိုင်သည့် စက်သုံးလုံး တနင်္သာရီတိုင်းတွင် တပ်ဆင်မည်

diz_admin

August 17, 2020

ကိုဗစ်-၁၉ ရောဂါကို ဓာတ်ခွဲစစ်ဆေးနိုင်သည့် စက်သုံးလုံးကို တနင်္သာရီတိုင်းတွင် တပ်ဆင်မည်ဖြစ်ကြောင်း တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ လက်ရှိတွင် ကော့သောင်းမြို့နယ်တွင် တပ်ဆင်ထားပြီး ထားဝယ်နှင့် မြိတ်မြို့နယ်တို့တွင် ဆက်လက်တပ်ဆင် ရန်အတွက် အခန်းပြင်ဆင်ခြင်း၊ စက်ကိုင်တွယ်အသုံးပြုမည့် ကျန်းမာရေး ဝန်ထမ်းများကို သင်တန်းပေးခြင်းတို့ကို ဆောင်ရွက်နေကြောင်း အထက်ပါဌာန တိုင်းဦးစီးမှူး ဒေါက်တာထွန်းမင်းက ပြောသည်။ လွှတ်တော်သို့ ရောက်ရှိသွားသည့် ရေကြည်ငါးဖမ်းမှု “ဘယ်တော့စစ်နိုင်မယ်ဆိုတာတော့ မပြောနိုင်သေးဘူး” ဟု ၎င်းက ဆိုသည်။ ဓာတ်ခွဲစစ်ဆေးမှုကို ဆေးယဉ်ပါး တီဘီရောဂါရှာဖွေရေး (GenXPert) စက်ဖြင့် စစ်ဆေးနိုင်ရန် လုပ်ဆောင်ခြင်းဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံး မြို့နယ် ၂၆ မြို့နယ်တွင် အဆိုပါစက်ဖြင့် ကိုဗစ် -၁၉ ရောဂါကို ဓာတ်ခွဲစစ်ဆေးနိုင်တော့ မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကမူ ဇူလိုင်နောက်ဆုံးအပတ်က သတင်းထုတ်ပြန်ခဲ့သည်။ […]

မိုင်းပိတ်သိမ်းရေးအစီအမံနှင့် ရန်ပုံငွေ မရှိသေးသည့် မြန်မာပွန်ပီပက်ကုမ္ပဏီ

diz_admin

August 17, 2020

မြန်မာနိုင်ငံတွင် ထင်ရှားသော သတ္တုတွင်းတစ်ခုဖြစ်သည့် ဟိန္ဒား သတ္တုတွင်းတွင် ခဲမဖြူ-အဖြိုက်နက် ထုတ်လုပ်ခဲ့သည့် မြန်မာပွန်ပီပက် ကုမ္ပဏီသည် မိုင်းပိတ်သိမ်းရေးအစီအမံနှင့် ရန်ပုံငွေ မထားရှိသေးကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၏ ဖြေကြားချက်အရ သိရသည်။ ကိုဗစ်ကာလ ကျောင်းသားမိဘများသို့ ပန်ကြားချက် မိုင်းပိတ်သိမ်းရေးအစီအမံဆိုသည်မှာ သတ္တုတူးဖော်ချိန်တွင် ထွက်ရှိလာသည့် အပေါ်ယံမြေဆီလွှာများ၊ စွန့်ပစ်ကျောက်များကို သီးခြားစီ စနစ်တကျစုပုံထားရှိခြင်း၊ ရေစစ်ကန်များ တည်ဆောက်ခြင်း၊ ပျိုးခြံများတည်ထောင်ပြီး ဒေသနှင့် ကိုက်ညီသည့် သစ်ပင်များ၊ ပျိုးပင်များကို ကြိုတင်ပျိုးထောင်ထားရှိခြင်း၊ သတ္တုတွင်း ပိတ်သိမ်းချိန်၌ တူးဖော်ခဲ့သော ကျင်းများ၊ ချိုင့်များကို စွန့်ပစ်မြေစာများဖြင့် ပြန်လည်မြေဖို့ ပေးပြီး မြေညှိပြုပြင်ခြင်း၊ မြေဆီလွှာများဖုံးခြင်း၊ ဒေသနှင့်ကိုက်ညီသော သစ်ပင်များကို စိုက်ပျိုးပေးခြင်း၊ ရှင်သန်ကြီးထွားအောင် စောင့်ကြည့်ထိန်းသိမ်းခြင်း စသည့်လုပ်ငန်းများအတွက် စီမံချက်ကို ဆိုလိုသည်။ မိုင်းပိတ်သိမ်းရေးရန်ပုံငွေမှာမူ […]

ယာဉ်လမ်းစည်းကမ်းအသိပညာပေး ပုံစံ ပြောင်း

diz_admin

August 17, 2020

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးသည့်ပုံစံကို စတင် ပြောင်းလဲနေကြောင်း အမှတ် ၁၁ ယာဉ် ထိန်းရဲဒုတိယတပ်ဖွဲ့ခွဲမှူးရုံး (တနင်္သာရီ) မှ ရဲမှူးမိုးကျော်က ပြောကြားသည်။ ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းရန်၊ နောက်ကြည့်မှန်တပ်ရန်၊ အရှေ့မီး ထွန်းမောင်းရန်၊ နှစ်ဦးထက် ပိုမစီးရန် အစရှိသည့် အချက်များကို ပြီးခဲ့သည့် အပတ်မှစတင်ကာ မီးပွိုင့်လမ်းဆုံအချို့တွင် ယာဉ်ထိန်းရဲက လက်ကိုင်အသံချဲ့ စက်ဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးနေခြင်း ဖြစ်သည်။ ကိုဗစ်ကာလ ကျောင်းသားမိဘများသို့ ပန်ကြားချက် လက်ရှိတွင် ကိုဗစ်ကာလဖြစ်သည့်အတွက် ယာဉ်/လမ်းစည်းကမ်း အသိပညာပေးမှုကို လူအစုအဝေးဖြင့် မလုပ်ဆောင်နိုင်သည့်အတွက် ယင်းကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရဲမှူးမိုးကျော်က ပြောသည်။ နံနက်ပိုင်းနှင့် ညနေပိုင်း ရုံးတက်/ ရုံးဆင်းအချိန်များတွင် မီးပွိုင့်လမ်းဆုံများ၌ နေ့စဉ်နီးပါး ဆက်လုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ဖုန်းအပေါင်ထားပြီး […]

ဖုန်းအပေါင်ထားပြီး ငွေချေးနိုင်

diz_admin

August 17, 2020

လက်ထဲတွင် ဖုန်းတစ်လုံးရှိပါက ငွေကြေး အရေးပေါ်လိုအပ်ချက်ကို ဖြေရှင်းနိုင်ပြီ ဖြစ်သည်။ ဖုန်းအပေါင်ဆိုင်တွင် မိမိဖုန်းကို အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ပေါင်လိုက်ရုံ ဖြစ်သည်။ ထားဝယ်မြို့အတွင်း ဖွင့်လှစ်ထားသည့် ဖုန်းအပေါင်လက်ခံသောဆိုင်သည် ကိုဗစ်ကပ်ဘေးကာလအတွင်း စတင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဖုန်းအပေါင်ခံသည့်လုပ်ငန်းကို ပြီးခဲ့သည့် နှစ်လခန့်က စတင်လုပ်ကိုင်ခဲ့သည်ဟု ဖုန်းအပေါင်ဆိုင်ပိုင်ရှင် အမျိုးသားက ဆိုသည်။ သူက ဖုန်းပြုပြင်ရောင်းဝယ်ရေးလုပ်ငန်းနှင့် တွဲဖက်လုပ်ကိုင်နေခြင်း ဖြစ်သည်။ ကိုဗစ်ကာလ ကျောင်းသားမိဘများသို့ ပန်ကြားချက် သူ၏ သူငယ်ချင်းအသိမိတ်ဆွေ အချို့ငွေလိုအပ်ချိန်တွင် ဖုန်းအပေါင်ထားပြီး ငွေထုတ်ချေးရာမှ ယင်းအလုပ်ကို စလုပ်ဖြစ်ခဲ့သည်။ ဖုန်းတစ်လုံးလာရောက်ပေါင်နှံပါက ဖုန်းအဟောင်းဈေးနှုန်း(second ဈေး) ၏ တစ်ဝက်တိတိရှိသည့် ငွေပမာဏကိုသာ ထုတ်ချေးသည်ဟု ဆိုသည်။ ဥပမာ တစ်သိန်းတန်ဖုန်းတစ်လုံး၏ second ဈေးကို ကျပ်ခုနစ်သောင်းခွဲ သတ်မှတ်ထားပြီး […]

လွှတ်တော်သို့ ရောက်ရှိသွားသည့် ရေကြည်ငါးဖမ်းမှု

diz_admin

August 17, 2020

လောင်းလုံးမြို့နယ်နှင့် ဆက်စပ်လျက်ရှိသော မြန်မာ့ပင်လယ်ပြင်တွင် ဒေသအခေါ် ရေကြည်ငါး(ငါးနီတူ)များအား တရားမဝင်ဖမ်းဆီးမှု များပြားလာနေမှုနှင့်ပတ်သက်၍ သြဂုတ်လ ၄ ရက်နေ့က ကျင်းပသော အမျိုးသားလွှတ်တော်တွင် မေးခွန်းထုတ်လိုက်သည်။ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၂၊ လောင်းလုံးဒေသကိုယ်စားပြု အမျိုးသားလွှတ်တော်အမတ် ဦးသက်နိုင်စိုးက မေးခွန်းမေးမြန်းခဲ့ခြင်း ဖြစ်သည်။ ကိုဗစ်ကာလ ကျောင်းသားမိဘများသို့ ပန်ကြားချက် သူ၏ မေးခွန်းအရ သိရသည်မှာ ယင်းသို့ ဖမ်းဆီးမှုသည် ၂၀၁၂ ခုနှစ်မှစ၍ များလာနေသည်။ ပိုက်ကွက်စိပ်များ ဖြင့် ဖမ်းဆီးနေခြင်း ဖြစ်သည်။ ပိုက်ကို စစ်ဆေးရေးအဖွဲ့များ မတွေ့စေရန်အတွက် လှေပေါ်တင်ဆောင်ခြင်းမပြုဘဲ ပိုက်ချထားသည့်နေရာအား ဂြိုလ်တုလမ်းပြစနစ် (GPS) ဖြင့် အမှတ်အသား ပြုဖမ်းဆီးခြင်း၊ ဗို့အားပြင်းမီးဖြင့် မြှူဆွယ်ခြင်း စသည့်နည်းလမ်းများဖြင့် ဖမ်းဆီးကြသည်။ ဇီဝဇိုးတို့ ပျော်စံရာ ဖမ်းသူများသည် ဒေသခံက […]

တနင်္သာရီတိုင်းအတွင်း ကိုဗစ်ချေးငွေလျှောက်သူ သုံးရာကျော်ရှိ၊ ရေလုပ်ငန်းအများဆုံးဖြစ်

diz_admin

August 17, 2020

တိုင်းအတွင်းရှိ လုပ်ငန်းအရေအတွက် သုံးရာကျော်မှာ ကိုဗစ်ချေးငွေ လျှောက်ထားခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက် မှုလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။ ကိုဗစ်ကာလ ကျောင်းသားမိဘများသို့ ပန်ကြားချက် ကိုဗစ်ကြောင့် ထိခိုက်ခဲ့ရသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း၊ ရေထွက်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်း၊ ပြည်ပပို့ကုန် ထုတ်လုပ်သည့် ကုန်ထုတ် လုပ်ငန်း၊ သွင်းကုန်အစားထိုးပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်း၊ စားသောက် ကုန်ထုတ်လုပ်သည့် လုပ်ငန်း၊ ပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်း စသည့်လုပ်ငန်းအမျိုးအစားရှစ်ခုကို ချေးငွေလျှောက်ထားခွင့်ပြုထားခြင်းဖြစ်ပြီး သြဂုတ်လ ၁၀ ရက်နေ့က စာရင်းပိတ်ခဲ့သည်။ အလယ်တန်းကျောင်းများ ဖွင့်လှစ်ရေး စည်းကမ်းချက်ထပ်တိုး အဆိုပါလုပ်ငန်းများကို အတိုးနှုန်း ၁ ရာခိုင်နှုန်းရှိသည့် ချေးငွေထုတ်ချေးပြီး ချေးငွေကာလကို တစ်နှစ် သတ်မှတ်ထားကြောင်း သိရသည်။ စုစုပေါင်းလျှောက်လွှာ ၃၅၈ စောင်ရှိပြီး ရေလုပ်ငန်းက ၁၄၇ ဝန်းကျင် ပါဝင်ပြီး […]

အလယ်တန်းကျောင်းများ ဖွင့်လှစ်ရေး စည်းကမ်းချက်ထပ်တိုး

diz_admin

August 17, 2020

တိုင်းအတွင်း အလယ်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေး ကျောင်းစိစစ်ရေး အဖွဲ့များကို ဖွဲ့စည်းကာ စစ်ဆေးရန် အတွက် တိုင်းပညာရေးမှူးရုံးတွင် ပြင်ဆင်လျက် ရှိသည်။ ယခင်အထက်တန်းကျောင်းများဖွင့် လှစ်ခဲ့စဉ်က စည်းကမ်းချက်အချက် ၈၀ အပြင် နောက်ထပ်တိုးလာသည့် စည်းကမ်းချက် နှစ်ဆယ်ကျော်ပါ ထပ်တိုးပြီး စစ်ဆေးရမည်ဖြစ်ကြောင်း အထက်ပါရုံး ဒုတိယညွန်ကြားရေးမှူး ဒေါ်မေစန္ဒာလွင် က ပြောသည်။ ကိုဗစ်ကာလ ကျောင်းသားမိဘများသို့ ပန်ကြားချက် ထပ်တိုးအချက် နှစ်ဆယ်ကျော်အနက် အဓိကအချက်တစ်ခုမှာ သက်ဆိုင်ရာကျောင်းအုပ်များက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွန်ကြားသည့် စည်းကမ်းချက်များကို နေ့စဉ် ကြီးကြပ်ရမည်ဆိုသည့်အချက် ဖြစ်သည်။ အလယ်တန်းကျောင်းများ စဖွင့်မည့် အချိန်ကိုမူ တိတိကျကျ မသတ်မှတ်ထားသေးကြောင်း ၎င်းက ပြောသည်။ မှတ်ပုံတင်တွင် ထားဝယ်လူမျိုးဟု တပ်ခွင့်ရတော့မည်လော “အထက်တန်းကျောင်းတွေ အားလုံး ဖွင့်ပြီးလို့ သုံးပတ်ခြားပြီးတာနဲ့ အလယ်တန်းကျောင်းတွေကိုဖွင့်မယ်” […]

၁၀ ရက်တွင် ကိုးရက်ခန့် မိုးရွာမည်၊ သို့သော် နည်းမည်

diz_admin

August 17, 2020

တနင်္သာရီတိုင်းတွင် သြဂုတ်လ ၁၁ ရက်မှ ၂၀ ရက်နေ့အထိ ဆယ်ရက်အတွင်း မိုးရွာရက် ကိုးရက်ခန့်ရှိမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ယခု သြဂုတ်လ ၁၁ ရက်မှ ၁၄ ရက်နေ့အထိ လေးရက် ရွာသွန်းခဲ့ပြီးဖြစ်သည်။ ကိုဗစ်ကာလ ကျောင်းသားမိဘများသို့ ပန်ကြားချက် သို့သော် မိုးရွာသွန်းမှုမှာ ပုံမှန်ထက် နည်းပါးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တိုင်းဦးစီးမှူး ဦးကျော်မိုးခိုင်က ပြောသည်။ ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုန်အားကောင်းနေပြီး ပင်လယ်ပြင်မှ ရေငွေ့ကို သယ်ဆောင်လာသည့် လေကို ပြန်လည်တွန်းကန်ထားသည့် လေထုဖိ အားမရှိသဖြင့် လေစီးကြောင်းမှာ မြန်မာပြည်အထက်ပိုင်း ဒေသများသို့ လျောလျောလျူလျူ စီးဆင်းသွားရာ ယင်းအတွက်ကြောင့် တနင်္သာရီတိုင်းတွင် မိုးရွာရက်များ သော်လည်း မိုးရေချိန်ရရှိမှုမှာ ရွာသွန်း မြဲအောက်လျော့နည်းခြင်းဖြစ်ကြောင်း […]