BREAKING
February 3, 2025

သတင်း

မလွှဲတောင်လမ်းပိုင်း ပျက်စီးမှုစောင့်ကြည့်ရန် ဝန်ထမ်းအရေအတွက် ပိုချထား

diz_admin

August 18, 2020

လက်ရှိတွင် မိုးသည်းထန်စွာရွာသွန်းလေ့ရှိသည့်အတွက် မလွှဲတောင်လမ်းပိုင်း ပျက်စီးမှုအခြေအနေအား စောင့်ကြည့်ရန် ဝန်ထမ်းအရေအတွက်ကို ယခင် ထက်ပိုမိုတာဝန်ချထားကြောင်း လမ်းဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဦးသက်ဇော်ဝင်းက ပြောကြားသည်။ ယခင်က မလွှဲတောင်လမ်းပိုင်းတွင် အင်ဂျင်နီယာ သုံးဦးခန့်သာ တာဝန်ချထားရာမှ ယခုနှစ်တွင် ရှစ်ဦးခန့်အထိ တာဝန်ပေးထားခြင်းဖြစ်ပြီး တနင်္သာရီ တိုင်းဘက်ခြမ်းရှိ မလွှဲတောင်တွင် တောင်ပြိုပါက လမ်းပိတ်ဆို့မှုမဖြစ်စေရေးအတွက် ချက်ချင်းလုပ်ဆောင်နိုင်ရန် တာဝန်ချထားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ လောင်းလုံးရှိ ငါးအမှုန့်ကြိတ်စက်ရုံ အနံ့ဆိုးထွက်မှုကို စစ်ဆေးအရေးယူမည် ဟုဆို ယမန်နှစ်မိုးရာသီက မိုးသည်းထန် စွာရွာသွန်းခြင်းကြောင့် မလွှဲတောင် နေရာအချို့တွင် တောင်ပြိုခြင်း၊ လမ်းသားပြတ်ကျခြင်းတို့ကြောင့် ရက်အနည်းငယ်ကြာ လမ်းကြောင်းပြတ်တောက်သွား ခဲ့သည်။ လမ်းဦးစီးဌာနထံမှ သိရသည့် စာရင်းအရ ယမန်နှစ်က မလွှဲတောင်တွင် နေရာကိုးနေရာထက်မနည်း မြေပြိုမှု ဖြစ်ပွားခဲ့သည်။ အဆိုပါလမ်းပိုင်းကို တာဝန်ယူထားသည့် လမ်းအထူးအဖွဲ့ […]

လောင်းလုံးရှိ ငါးအမှုန့်ကြိတ်စက်ရုံ အနံ့ဆိုးထွက်မှုကို စစ်ဆေးအရေးယူမည် ဟုဆို

diz_admin

August 18, 2020

လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာ၊ ကသည်းမကျွန်းရှိ အနံ့ဆိုးထွက်နေသော ငါးအမှုန့်ကြိတ်စက်ရုံကို စစ်ဆေးပြီး အရေးယူမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က ပြောသည်။ ဇူလိုင်လ ၃၀ ရက်က ပြုလုပ်သော အမျိုးသာလွှတ်တော်တွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ ဓားသွေးကျောက် နှစ်လောင်းပြိုင်လူသတ်မှု ငွေကျပ်ခြောက်သိန်းပေးပြီး စေခိုင်းခြင်းဟု ထွက်ဆို လောင်းလုံးမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်စိုးက အဆိုပါငါးအမှုန့်ကြိတ်စက်ရုံမှ အနံ့ဆိုးကို အနီးအနားရှိ ကျေးရွာခြောက်ရွာ မှ ခံစားနေရသည့်အခြေအနေ၊ ခွင့်ပြုချက်မရှိဘဲ မြေခုတ်ထွင်ရှင်းလင်းပြီး အဆောက်အအုံဆောက်နေသည့် အခြေအနေတို့ကို အရေးယူပေးရန် ရှိ၊ မရှိ လွတ်တော်တွင် မေးခွန်းမေးမြန်းခဲ့သည်။ အဆိုပါမေးခွန်းကို ဒုဝန်ကြီး ဦးလှကျော်က မြေတူးခြင်း၊ မြေညှိခြင်း၊ အဆောက်အအုံတိုးချဲ့ဆောက်လုပ်ခြင်း တို့သည် ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်နေခြင်းဖြစ်သောကြောင့် စာချုပ်စည်းကမ်း ဖောက်ဖျက်မှုဖြင့် […]

ဓားသွေးကျောက် နှစ်လောင်းပြိုင်လူသတ်မှု ငွေကျပ်ခြောက်သိန်းပေးပြီး စေခိုင်းခြင်းဟု ထွက်ဆို

diz_admin

August 18, 2020

ဖမ်းဆီးစစ်ဆေးချက်များအရ ငွေကျပ်ခြောက်သိန်းသာ ပေးကာ လူနှစ်ယောက်ကို သေနတ်ဖြင့် ပစ်သတ်ပေးရန် ခိုင်းစေခဲ့ကြောင်း ပေါ်ပေါက်လာသည်။ ထားဝယ်မြို့နှင့် ဆယ်မိုင်ကျော်သာ ဝေးကွာသည့် ဓားသွေးကျောက်ကျေးရွာရှိ နေအိမ်၌ ဇူလိုင်လ ၁၂ ရက်နေ့ နံနက်စောစောတွင် သားအဖနှစ်ဦးကို သေနတ်ဖြင့် ပစ်သတ်သွားခဲ့သည်။ အသက် ၇၈ နှစ်အရွယ်နှင့် ၃၈ နှစ်အရွယ် သားအဖနှစ်ဦးကို အနီးကပ်ပစ်ခတ်သွားခြင်း ဖြစ်သည်။ ဖုန်းအပေါင်ထားပြီး ငွေချေးနိုင် အခင်းဖြစ်ပွားသည့်နေအိမ်တွင် သေဆုံးသူနှစ်ဦးအပါအဝင် မိသားစုဝင် ကိုးဦးနေထိုင်ကြသည်။ အခင်းဖြစ်ညက မိသားစုဝင်များ အိပ်ပျော်နေစဉ် ဆိုင်ကယ်အသံကြားသည့်အတွက် သေဆုံးသွားသည့် အသက် ၃၈ နှစ်အရွယ်အမျိုးသားက အိမ်အောက်သို့ ဆင်းကြည့်ခဲ့သည်။ ထိုသို့ဆင်းကြည့်စဉ် သေနတ်ပစ်သံ ရှစ်ချက်ခန့်ကြားလိုက်ရပြီး ထိုအမျိုးသားမှာ သေနတ်ထိမှန်သွားကာ ဇနီးဖြစ်သူကို ပြေးရန် အော်ပြောခဲ့သည်။ ဇနီးဖြစ်သူနှင့်အတူ ကလေးအငယ်ဆုံး တစ်ဦးနှင့် […]

ရွေးကောက်ပွဲဝင်ရန် ကိုယ်စားလှယ်လောင်း ၃၀ဝ ကျော် စာရင်းတင်သွင်း

diz_admin

August 18, 2020

နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း ၃၀၃ ဦး စာရင်းတင်သွင်းထားသည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် ကိုယ်စားလှယ်လောင်းများ စာရင်းတင်သွင်းရမည့် နောက်ဆုံးရက် သြဂုတ် ၇ ရက်နေ့အထိ ကိုယ်စားလှယ်လောင်း ၃၀၆ ဦး စာရင်းတင်သွင်းခဲ့သော်လည်း သုံးဦးမှာ ပြန်လည်ရုပ်သိမ်း သွားခဲ့ခြင်းကြောင့် ၃၀၃ ဦး ကျန်ရှိခြင်း ဖြစ်သည်။ မွန်အမျိုးသားကျောင်းမှ တက္ကသိုလ်ဝင်တန်း ၁၂ ဦးသာ အောင် အဆိုပါအရေအတွက်မှာ ၂၀၁၅ ခုနှစ်ကထက် နှစ်ဆယ်ကျော် ပိုများလာခြင်း ဖြစ်သည်။ စာရင်းတင်သွင်းထားသည့် ကိုယ်စားလှယ်လောင်းတွင် နိုင်ငံရေးပါတီအသီးသီးတို့မှ ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁၂ ဦးတို့ ပါဝင်သည်။ “ကိုယ်စားလှယ်လောင်းအမည် စာရင်း […]

မွန်အမျိုးသားကျောင်းမှ တက္ကသိုလ်ဝင်တန်း ၁၂ ဦးသာ အောင်

diz_admin

August 18, 2020

မွန်ပြည်သစ်ပါတီ မွန်အမျိုးသား ပညာရေးဌာန ကွပ်ကဲမှုအောက်ရှိ မွန်အမျိုးသားကျောင်းများမှ တက္ကသိုလ်ဝင်တန်း ၁၂ ဦးသာ အောင်သည်ဟု မွန်အမျိုးသားပညာရေးကော်မတီ (Mon National Education Committee-MNEC) ထံမှ သိရသည်။ မွန်အမျိုးသားပညာရေးဌာန အောက်တွင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသရှိ ညီစား အထက်တန်းကျောင်း၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်္ကပါကျောင်း၊ ရေးမြို့နယ် အံဒင်အထက်တန်းကျောင်းဟူ၍ အထက်တန်းကျောင်း သုံးကျောင်း ရှိသည်။ မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသတွင် ငှက်ဖျားရောဂါဖြစ်ပွားမှု ပြန်လည်များပြာ အဆိုပါ အထက်တန်းကျောင်း သုံးကျောင်းတို့မှ ၂၀၁၉-၂၀၂၀ ပညာ သင်နှစ်တွင် ကျောင်းသူ ကျောင်သား ၁၄၄ ဦး တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုခဲ့ပြီး ၁၂ ဦးသာ အောင်ခဲ့သည်ဟု မွန်အမျိုးသားပညာရေးကော်မတီထံမှ သိရသည်။ ရာခိုင်နှုန်းအားဖြင့် ၈ ရာခိုင်နှုန်းကျော်သာ ဖြစ်သည်။ […]

မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသတွင် ငှက်ဖျားရောဂါဖြစ်ပွားမှု ပြန်လည်များပြား

diz_admin

August 18, 2020

မွန်ပြည်နယ်တွင် ငှက်ဖျားရောဂါ ဖြစ်ပွားနှုန်း တစ်နှစ်ထက်တစ်နှစ်ကျဆင်း လာသော်လည်း ယခု ၂၀၂၀ ခုနှစ်တွင် ငှက်ဖျားပြန်အဖြစ်များလာကြောင်း၊ အထူးသဖြင့် ရေးမြို့နယ်အတွင်းရှိ ၎င်းတို့ ထိန်းချုပ်ဒေသတွင် ငှက်ဖျားရောဂါဖြစ်ပွားမှုမှာ ပြန်လည်များပြားလာကြောင်း မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနထံမှ သိရသည်။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ဇွန်လကုန်ထိစာရင်းအရ တစ်ပြည်နယ်လုံးတွင် ငှက်ဖျားရောဂါဖြစ်ပွားသူ ၉၆၄ ဦးရှိပြီး ရေးမြို့နယ်သည် ၃၂၁ ဦးဖြင့် ငှက်ဖျားဖြစ်ပွားမှု အများဆုံးဖြစ်သည်ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစည်သူ ရဲနောင်က ပြောသည်။ ကိုဗစ်ကာလ ကျောင်းသားမိဘများသို့ ပန်ကြားချက် “အဲဒီဒေသ (မွန်ပြည်သစ်ပါတီ ဒေသ) မှာ ဒီနှစ် ဆောက်လုပ်ရေး လုပ်ငန်းတွေ အကြီးအကျယ်လုပ်နေ တယ်။ ပြည်ပအကူအညီနဲ့ပေါ့။ အဲဒီမှာ အပြင်ကလာတဲ့လူတွေ တအားများတယ်။ ကွင်းဆင်းစစ်ဆေးချက်အရ […]

ခရီးသွားလုပ်ငန်းအတွက် ဆိပ်ခံတံတားနှစ်ခုကို ယခုနှစ်အတွင်း စသုံးနိုင်မည်

diz_admin

August 17, 2020

ခရီးသွားလုပ်ငန်းအတွက် ရည်ရွယ်တည်ဆောက်ထားသည့် ဆိပ်ခံတံတား နှစ်ခုကို ယခုနှစ်အတွင်း စတင်အသုံး ပြုနိုင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဦးညိုအေးက ပြောကြားသည်။ လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာနှင့် ကျွန်းစုမြို့နယ် စမတ်ကျွန်းတို့တွင် ဟိုတယ်/ခရီးဌာန ဘတ်ဂျက်ဖြင့် ယခုဘဏ္ဍာနှစ်တွင် တည်ဆောက်နေခြင်း ဖြစ်သည်။ အုပ်ချုပ်မှုညံ့ဖျင်းသည့်အတွက် တနင်္သာရီတိုင်း ထင်သလောက် မတိုးတက်ဟု ဒေါက်တာညိုညိုသင်း ပြော စမ်းလှမ်းကျေးရွာတွင် သံကူကွန်ကရစ် ဆိပ်ခံတံတားတစ်စင်းနှင့် မြိတ်ခရိုင်ရှိ စမတ်ကျွန်းတွင် ပလပ်စတစ် ဘလောက်တုံးများဖြင့် ပြုလုပ်မည့် (Floating Jetty) ရေပေါ်ဆိပ်ခံတံတား တစ်စီးတို့ ဖြစ်သည်။ လက်ရှိတွင် စမ်းလှမ်းရှိ ဆိပ်ခံတံတား မှာ ၄၂ ရာခိုင်နှုန်းနှင့် စမတ်ကျွန်းတွင် ၁၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။ စမတ်ကျွန်းရှိ ရေပေါ်ဆိပ်ခံတံတားမှာ ပစ္စည်းမှာယူထားပြီး […]

အုပ်ချုပ်မှုညံ့ဖျင်းသည့်အတွက် တနင်္သာရီတိုင်း ထင်သလောက် မတိုးတက်ဟု ဒေါက်တာညိုညိုသင်း ပြော

diz_admin

August 17, 2020

အုပ်ချုပ်မှုဆိုင်ရာစီမံခန့်ခွဲမှုများ ညံ့ဖျင်းသည့်အတွက် တနင်္သာရီတိုင်းသည် တိုးတက်သင့်သလောက် မတိုးတက်ခြင်းဖြစ်သည်ဟု ဒေါက်တာညိုညိုသင်းက ပြောသည်။ တနင်္သာရီတိုင်းဒေသကြီးသည် သယံဇာတများ ပေါများသော်လည်း ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာ ညံ့ဖျင်းသည့်အတွက် ယခုအရပ်သားအစိုးရ လက်ထက်တွင် တိုးတက်သင့်သလောက် မတိုးတက်ဖြစ်သလို ယင်းမှာ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် အရေးယူခံရမှုနှင့်လည်း ဆက်စပ်နေပြီး အဆိုပါဖြစ်စဉ်ကြောင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဆုံးဖြတ် ချက်ချရာတွင် နှောင့်နှေး ကြန့်ကြာသွားခြင်း၊ စီမံကိန်းနှင့် စီးပွားရေးလုပ်ငန်းအချို့ တုံ့ဆိုင်းသွားခြင်းကြောင့် ဖြစ်သည်ဟု ဒေါက်တာညိုညိုသင်းက ဆိုသည်။ ကိုဗစ်ရောဂါ စစ်နိုင်သည့် စက်သုံးလုံး တနင်္သာရီတိုင်းတွင် တပ်ဆင်မည် တနင်္သာရီတိုင်းကို “ဒီလောက် ချမ်းသာတဲ့တိုင်း” ဟု ၎င်းက သုံးနှုန်းသွားခဲ့ပြီး အုပ်ချုပ်ရေးစနစ်ကြောင့် ပြည်သူ လူထုအနေနှင့် တိုးတက်သင့်သလောက် မတိုးတက်ခဲ့ဟု ဆိုသည်။ ယင်းအပြင် တိုင်းအတွင်း မဖြေရှင်းနိုင်သေးသည့် မြေယာပြဿနာများ၊ အလုပ်လက်မဲ့ […]