BREAKING
February 3, 2025

သတင်း

ပေ ၁၇၀ဝ ရှည် မြစ်ကူးတံတား လေထဲတွင် ပျောက်နေဆဲ

diz_admin

August 19, 2020

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် အညင်းရွာနှင့် ဘုရားထွက်ကျေးရွာသို့ ဆက်သွယ်မည့် ပေ ၁၇၀ဝ ရှည် မြစ်ကူးတံတားအား တည်ဆောက်ပေးနိုင်မည်မဟုတ်သေးကြောင်း ကျွန်းစုမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။ အဆိုပါတံတားကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရန်ပုံငွေဖြင့် တည်ဆောက်ရန် ပြီးခဲ့သည့်သုံးနှစ် ကတည်းက လျာထားသော်လည်း ယနေ့ချိန်ထိ ဆောင်ရွက်ပေးခြင်း မရှိသေးခြင်း ဖြစ်သည်။ ယင်းအတွက်ကြောင့် မည်သည့်အချိန်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုကြောင်းကို ယခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့က ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကျွန်းစုမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီက မေးမြန်းခဲ့သော်လည်း လတ်တလောတွင် တည်ဆောက် မပေးနိုင်သေးကြောင်း အဖြေကိုသာ ရရှိခဲ့သည်။ လာမည့်ဘဏ္ဍာနှစ်ရန်ပုံငွေတွင် မပါရှိသည့်အတွက် နောက်ပိုင်း ကာလများတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိမှု အပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီး […]

ဆိုက်ကားဆရာ၊ အငှားယာဉ်မောင်းနှင့် ခေါင်းရွက်ဗျပ်ထိုးဈေးသည်ပါ တက်နိုင်သည့် သင်တန်း

diz_admin

August 19, 2020

ယခုလကုန်ပိုင်းတွင် ဖွင့်လှစ်မည့် ခရီးသွားလုပ်ငန်းအခြေခံသင်တန်းသို့ ဆိုက်ကားဆရာ၊ အငှားယာဉ်မောင်း၊ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်များပါ တက်ရောက်နိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (ဟိုတယ်/ခရီး) ထံမှ သိရသည်။ ထို့အပြင် မြင်းလှည်းမောင်းသူ၊ စက်လှေမောင်းသူ၊ လက်မှုပညာသည် အစရှိသည့် ခရီးသွားလုပ်ငန်းများတွင် ဆက်စပ်ပါဝင်လုပ်ကိုင်နေသည့် အခြေခံ လူတန်းစားများလည်း လျှောက်ထား နိုင်မည်ဖြစ်သည်။ PPP ပါတီ ကိုယ်စားလှယ်လောင်း တစ်ဦး ပယ်ဖျက်ခံရ လက်ရှိဖွင့်လှစ်မည့်သင်တန်းကို သြဂုတ်လ ၂၉ ရက်နေ့မှ စက်တင်ဘာလ ၅ ရက်နေ့အထိ ရှစ်ရက်ကြာဖွင့်လှစ်မည် ဖြစ်သည်။ သင်တန်းသည် ကိုဗစ်ကပ်ဘေးကြောင့် ကျဆင်းနေသည့် ခရီးသွားလုပ်ငန်းကို ပြန်လည်မြှင့်တင်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဟိုတယ်/ ခရီး ရုံးထံမှ သိရသည်။ “ပညာအရည်အချင်းကတော့ ကန့်သတ်ထားတာ ထူးထူးခြားခြားတော့ မရှိဘူး။ ဒါပေမဲ့လည်း […]

PPP ပါတီ ကိုယ်စားလှယ်လောင်း တစ်ဦး ပယ်ဖျက်ခံရ

diz_admin

August 19, 2020

လာမည့်ရွေးကောက်ပွဲတွင် ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ကိုယ်စားပြုပြီး သရက်ချောင်းမြို့နယ်မှ ဝင်ရောက်ယှဉ် ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းကို ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း ထားဝယ်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ ယင်းသို့ ပယ်ဖျက်ခံရသူမှာ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၆ ဖြစ်သည့် သရက်ချောင်းမြို့နယ်မှ ဝင် ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည့် ဦးကျော်ကျော်ဦးဖြစ်ပြီး လွှတ်တော်ရွေးကောက်ပွဲ ဥပဒေနှင့် ငြိစွန်းနေသည့်အတွက် ပယ်ဖျက်ရခြင်းဖြစ်သည်ဟု ခရိုင် ရွေးကော်အတွင်းရေးမှူး ဦးသက်ထူးတင်က သြဂုတ်လ ၁၂ ရက်နေ့တွင် ပြောသည်။ စာကြည့်တိုက်များ အသက်ဝင်ရေး တိုင်းအစိုးရကူမည် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသည့် ကိုယ်စားလှယ်လောင်းများကို သြဂုတ် လ ၁၁ ရက်နေ့က စတင်စိစစ်ခဲ့ပြီး လက်ရှိတွင် ၄၄ ဦးကို စိစစ်ခဲ့ပြီး ဖြစ်သည်။ ထားဝယ်ခရိုင်အတွင်း လွှတ်တော် အသီးသီးအတွက် […]

ဆင်တုပ်ကွေးရောဂါကူးစက်ခံရပါက ဆေးကုသမှုခံယူရန် ကျန်းမာရေးဌာနထုတ်ပြန်

diz_admin

August 19, 2020

ချီကန်ဂန်ညာ(ဆင်တုပ်ကွေး)ရောဂါဖြစ်ပွားပါက ဆေးရုံ၊ ဆေးခန်းနှင့် ကျန်းမာရေးဌာနများတွင် စမ်းသပ်စစ် ဆေး၍ ဆေးကုသမှုခံယူရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။ ဆင်တုပ်ကွေးရောဂါသည် မွေးကင်း စကလေးငယ်များ၊ နာတာရှည်ရောဂါခံစားနေရသူများ(သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ)ခံစားနေရသူများနှင့် အသက် ၆၅ နှစ်နှင့်အထက် လူကြီးများတွင် ရောဂါပိုမိုပြင်းထန်တတ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ စာကြည့်တိုက်များ အသက်ဝင်ရေး တိုင်းအစိုးရကူမည် ယင်းအပြင် ကိုယ်အပူချိန်တက် ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ အဆစ်အမြစ်များ ရောင်ခြင်း/ ကိုက်ခဲခြင်း၊ အရေပြားတွင်အနီကွက်များ ထွက်ခြင်း စသည့် ရောဂါလက္ခဏာများဖြစ်ကာ တပတ်အတွင်း သက်သာပျောက် ကင်းတတ်သော်လည်း အချို့သူများတွင် အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်းကို လနှင့်ချီ ခံစားရနိုင်သည်ဟု သတိပေးထားသည်။ အဆစ်အမြစ်များနာပြီးကျန်ခဲ့မှုသည် လချီကြာတတ်သည်မှ အချို့လူများတွင် နှစ်ချီကြာခံရတတ်သဖြင့် ဆေး ထိုး၊ […]

စာကြည့်တိုက်များ အသက်ဝင်ရေး တိုင်းအစိုးရကူမည်

diz_admin

August 19, 2020

စာကြည့်တိုက်များ အသက်ဝင်ပြီး စာဖတ်သူများလာစေရန် တိုင်းအစိုးရက ကူညီထောက်ပံ့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးကျော်မင်း က ပြောကြားသည်။ တိုင်းအတွင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် စာကြည့်တိုက်အရေအတွက် တစ်ရာကျော်ရှိသည့်အနက် ၄၄ ခုသာ ဖွင့်လှစ်ထားနိုင်ရာ ယင်းအခြေအနေကို ကုစားနိုင်ရန် တိုင်းဒေသကြီး ပြတိုက်နှင့် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ ကို ဇူလိုင်လ ၂၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့ ကြောင်း ဦးကျော်မင်းက ပြောသည်။ အဆိုပါကော်မတီတွင် ဝန်ကြီးဦးကျော်မင်း က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။ ကိုဗစ်ကာလမှာ ကလေးများကို စောင့်ရှောက်တဲ့အခါ “အဓိကကတော့ စာဖတ်ရှိန် မြင့် တက်လာဖို့၊ စာကြည့်တိုက်ရဲ့လိုအပ်ချက်တွေကို အတတ်နိုင်ဆုံးပံ့ပိုးပေးနိုင် ဖို့အတွက် ဘတ်ဂျက်လျာထားမှုတွေ လုပ်နိုင်ဖို့အတွက်ကို အကြမ်းဖျင်းတော့ ဆွေးနွေးထားပါတယ်” ဟု […]

ထိုင်းနိုင်ငံသို့ပို့ခိုင်းသည့် ပါဆယ်ထုပ်အတွင်းမှ စိတ်ကြွဆေးပြား ခြောက်ရာနီးပါးတွေ့

diz_admin

August 19, 2020

ကော့သောင်းမှ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ပို့မည့် ပါဆယ်ထုပ်အတွင်းမှ စိတ်ကြွဆေးပြား ခြောက်ရာကျော် တွေ့ရကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အဏ္ဏဝါရပ်ကွက် ၊ ကမ်းနားလမ်းရှိ ပဲ့ချိတ်လှေဆိပ်တွင် သြဂုတ်လ ၁၁ ရက်နေ့က ပဲ့ချိတ်မောင်းသူတစ်ဦးသည် ရနောင်းဘက်ခြမ်းသို့ ပို့မည့်ပို့ကုန်များ လက်ခံနေစဉ် Click-I စီးလာသည့် အသက် ၁၈ နှစ်ခန့်ရှိ အမျိုးသမီးရောက်လာကြောင်း ရဲမှတ်တမ်းအရ သိရသည်။ တိုင်းအတွင်း အခွန်အများဆုံး ထမ်းဆောင်မှု ကော့သောင်းထိပ်ပြေး ရဲမှတ်တမ်းအရ သိရသည့် ဖြစ်စဉ်မှာ အောက်ပါအတိုင်း ဖြစ်သည်။ ထိုအမျိုးသမီးက ပါဆယ်ထုပ်တစ် ထုပ်လာအပ်ပြီး ပို့ဆောင်ခအဖြစ် ထိုင်းဘတ်ငွေတစ်ရာနှင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ရောက်ပါက ပါဆယ်ထုပ်လာယူ မည့်သူကို ဆက်သွယ်ရန် ထိုအမျိုးသမီးက ဖုန်းနံပါတ်တစ်လုံး ပေးခဲ့သည်။ ပဲ့ချိတ်မောင်းသူက မသင်္ကာသဖြင့် ပါဆယ်ထုပ်ကို […]

တိုင်းအတွင်း အခွန်အများဆုံး ထမ်းဆောင်မှု ကော့သောင်းထိပ်ပြေး

diz_admin

August 19, 2020

၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက် တနင်္သာရီတိုင်းအတွင်း အခွန်အများဆုံး ထမ်းဆောင်ဆုရရှိသူများတွင် ကော့သောင်းခရိုင်က အများဆုံးပါဝင်ခဲ့ကြောင်း မြိတ်မြို့နယ်၊ ပြည်တွင်းအခွန်ဦးစီးဌာနမှ သိရသည်။ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ အခွန်အများဆုံး ထမ်းဆောင်သူ လုပ်ငန်းရှင် တစ်ထောင်စာရင်းတွင် တနင်္သာရီတိုင်းအတွင်းမှ လုပ်ငန်းရှင် ၁၆ ဦး ပါဝင်ခဲ့သည်ဟု မြိတ်မြို့နယ်၊ ပြည်တွင်းအခွန်ဦးစီးဌာနမှူး ဦးခင်မောင်ကိုး က ပြောပြသည်။ ကော့သောင်းရေထွက်ကုန် ရနောင်းဈေးကွက်တွင် ထက်ဝက်ဈေးကျ အဆိုပါ ၁၆ ဦးတွင် ကော့သောင်း ခရိုင်မှ ၁၂ ဦးနှင့် မြိတ်ခရိုင်မှ လေးဦးတို့ ပါဝင်ခဲ့ခြင်း ဖြစ်သည်။ “ထားဝယ်ခရိုင်ကတော့ မပါပါ ဘူး။ မပါတာ ခုဆိုရင်နှစ်နှစ်ဆက်တိုက် ရှိပြီ” ဟု ဦးခင်မောင်ကိုးက ပြောသည်။ အခွန်အများဆုံး ထမ်းဆောင်ဆု ရရှိသူ အများစုမှာ ရေလုပ်ငန်း လုပ်ကိုင်သူများ […]

ကော့သောင်းရေထွက်ကုန် ရနောင်းဈေးကွက်တွင် ထက်ဝက်ဈေးကျ

diz_admin

August 19, 2020

ထိုင်းနိုင်ငံသို့ သွားရောက် ရောင်းချနေသည့် မြန်မာနိုင်ငံဘက် ခြမ်း၊ ကော့သောင်းခရိုင်အတွင်းမှ ရေထွက်ကုန်များမှာ ဈေးထက်ဝက်ကျော် ကျဆင်းနေကြောင်း ကော့သောင်း ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ခရိုင် ငါးဦးစီးဌာနထံမှ သိရသည်။ ကိုဗစ်မဖြစ်မီအချိန်က ထိုင်း နိုင်ငံတွင် ဘတ်တစ်ရာရခဲ့သည့် ရေထွက် ပစ္စည်းသည် ယခုအခါ ဘတ်လေးဆယ် ခန့်သာရတော့ပြီး ခြောက်ဆယ်ရာခိုင် နှုန်းခန့် ကျဆင်းသွားသည်ဟု ကော့ သောင်းခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးမျိုးအောင်က ပြောသည်။ “ဈေးကျသွားတဲ့ ဒဏ်ကို အောက်ခြေရေလုပ်သားတွေ အားလုံး လက်ရှိ ခံစားနေရတယ်”ဟု ၎င်းက ပြောသည်။ ကော့သောင်းခရိုင်မှထွက်သည့် ကမ်းနီးရေထွက်ပစ္စည်း ငါးပုစွန်များကို ဒေသခံရေလုပ်သားများက ထိုင်းဝယ် လက်တစ်ခုတည်းကိုသာ အားထားပြီး ရောင်းချနေကြရသည်။ ယခင်က မြန်မာဘက်ခြမ်းမှ ထိုင်းနိုင်ငံသို့ တင်ပို့နေသည့်ရေထွက်ပစ္စည်းများအား မလေးရှားနှင့် အင်ဒိုနီး ရှားဝယ်လက်များမှ ပုံမှန်လာရောက် […]