BREAKING
February 3, 2025

သတင်း

သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ယမန်နှစ်ထက် လျော့ကျ

diz_admin

August 24, 2020

တနင်္သာရီတိုင်းတွင် ရှစ်လအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ လေးရာကျော်ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်ကထက် ဖြစ် ပွားမှုလျော့ကျလာကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ပိုးမွှားများမှတဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နှင်းရေးအဖွဲ့ (ရပကန)ထံမှ သိရသည်။ အထက်ပါဌာန၏ စာရင်းများအရ ယမန်နှစ် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ သြဂုတ်လ ၂၄ ရက်အထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၆၄၉ ဦး ရှိခဲ့ပြီး ယခု ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လကုန်အထိ သွေးလွန် တုပ်ကွေးဖြစ်ပွားသူ ၄၇၆ ဦးသာရှိခဲ့ရာ ၁၇၀ ကျော် လျော့ကျခဲ့ခြင်း ဖြစ်သည်။ ကူးစက်မြန် ဒုတိယလှိုင်း အန္တရာယ်နှင့် ကိုဗစ်ကာလ အားကစားပွဲ ပြီးခဲ့သည့်နှစ်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ သုံးဦးရှိခဲ့ပြီး ယခုနှစ်တွင် […]

ကူးစက်မြန် ဒုတိယလှိုင်း အန္တရာယ်နှင့် ကိုဗစ်ကာလ အားကစားပွဲ

diz_admin

August 24, 2020

မြန်မာရွှေ့ပြောင်းလုပ်သားအများစုမှာ ထိုင်းနိုင်ငံသို့ သွားရောက်ချိန်တွင် တနင်္သာရီတိုင်းနှင့် ထိစပ်နေသည့် ထိုင်း-မြန်မာနယ်စပ်များမှတစ်ဆင့် ဝင်ထွက်သွားလာလေ့ရှိသည်။ ယင်းတို့တွင် ရခိုင်ပြည်နယ်မှ ရွှေ့ပြောင်း အလုပ်သမားများလည်း ပါဝင်နေသည်။ လက်ရှိဖြစ်နေသည့် ရောဂါအနေအထားအရ တနင်္သာရီတိုင်းတွင်းနေ ပြည်သူများက ကိုဗစ်ကူးစက်မှု စိုးရိမ် ရသည့်အခြေအနေ ရှိနေကြောင်း ပူပန်သူများလည်းရှိလာသည်။ ဟိန္ဒားသတ္တုတွင်းတူးခွင့်ရကုမ္ပဏီအား ဆက်လုပ်ခွင့်ပြုမည်ကို ဒေသခံများစိုးရိမ် “စိုးရိမ်နေရတဲ့ပုံစံက ရာနှုန်းပြည့် ပဲဗျ။ အချိန်မရွေး ထဖြစ်နိုင်တယ်လို့တောင် တွေးထားတယ်” ဟု ဦးနိုင်မျိုးသွင် က ဆိုသည်။ ကူးစက်မြန် ဒုတိယလှိုင်းအန္တရာယ်လတ်တလောအနေအထားတွင် ထိုင်းနိုင်ငံသို့ ထီးခီးလမ်းမှတစ်ဆင့် သွားရန် ထားဝယ်အဝေးပြေးဂိတ်သို့ နေ့စဉ် လူသုံးဆယ်ထက်မနည်း လာရောက်နေကြသည်ကို မျက်မြင်တွေ့ခဲ့ရသည်ဟု ကိုဗစ်ကပ်ဘေးကာကွယ်ရေးကို အစဉ်တစိုက်လုပ်လာသူ ဦးနိုင်မျိုးသွင် က ဆိုသည်။ မကြာမီရက်ပိုင်းတွင် မလွှဲတောင်ဂိတ် အပါအဝင် တိုင်းအတွင်းရှိနေရာ အချို့တွင် စစ်ဆေးရေးဂိတ်များ […]

ဟိန္ဒားသတ္တုတွင်းတူးခွင့်ရကုမ္ပဏီအား ဆက်လုပ်ခွင့်ပြုမည်ကို ဒေသခံများစိုးရိမ်

diz_admin

August 24, 2020

ထားဝယ်မြို့နယ် ဟိန္ဒားသတ္တုတွင်း တူးခွင့်ရ ထိုင်းနိုင်ငံသားပိုင် မြန်မာပွန်ပီပက်(MPC) ကုမ္ပဏီ လုပ်ပိုင်ခွင့် ထပ်မံချထားမပေးရန် ဒေသခံများက တောင်းဆိုလိုက်သည်။ ဟိန္ဒားနှင့် မြောင်းပြိုကျေးရွာ ဒေသခံလေးရာနီးပါး(၃၉၅ ဦး)က လက်မှတ်ရေးထိုးကာ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းအစိုးရထံ သြဂုတ်လ ၁၂ ရက်ရက်စွဲဖြင့် ကန့်ကွက်စာကို ပေးပို့လိုက် ခြင်းဖြစ်သည်။ ရုံးခန်းမရှိက ကုမ္ပဏီများ ဒဏ်ငွေလေးသိန်း လက်ရှိတွင် အဆိုပါသတ္တုတွင်းလုပ်ပိုင်ခွင့်မှာ သက်တမ်းကုန်ဆုံးနေပြီဖြစ်ပြီး ထပ်မံလုပ်ကိုင်ခွင့်ရရှိရန် ကုမ္ပဏီဘက်က တင်ပြထားသည်။ မြန်မာပွန်ပီပက်ကုမ္ပဏီသည် ဟိန္ဒား သတ္တုတွင်းကို ၁၉၉၉ ခုနှစ်မှ ၂၀၁၉ ဇွန်လအထိ နှစ်ပေါင်း ၂၀ ကို အဆင့်ဆင့် သက်တမ်းတိုးကာ လုပ်ကိုင်ခဲ့သော ကုမ္ပဏီဖြစ်သည်။ ကုမ္ပဏီအနေနှင့် သတ္တုတူးဖော်နေသည့် ကာလတစ်လျှောက်တွင် ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ မပါဝင်ခြင်း၊ […]

ရုံးခန်းမရှိက ကုမ္ပဏီများ ဒဏ်ငွေလေးသိန်း

diz_admin

August 24, 2020

ရုံးခန်းဖွင့်လှစ်ထားခြင်းမရှိသည့် ကုမ္ပဏီများကို စစ်ဆေးအရေးယူတော့ မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန(DICA)ထံမှ သိရသည်။ ကုမ္ပဏီမှတ်ပုံတင်ထားပြီး အမှန်တကယ် ရုံးခန်းရှိ/မရှိ၊ ဒါရိုက်တာ တစ်ဦးချင်း အစုရှယ်ယာသတ်မှတ်ချက် ပြည့်မိ၊ မမီ၊ အမှန်တကယ်လုပ်ငန်းလုပ်ဆောင်ခြင်း ရှိ/မရှိ အစရှိသည့်အချက်များကို စစ်ဆေးမည်ဖြစ်ကြောင်း DICA ဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာ ထွန်းထွန်းက ဆိုသည်။ ရွှေအရောင်းအဝယ် ကျနေဆဲ “MIC (မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်) ပါမစ်မလုပ်ဘဲနဲ့ တင်ဒါ ဆွဲနေတဲ့ကုမ္ပဏီတွေကိုလည်း စစ်မယ်” ဟု ဒေါက်တာထွန်းထွန်းက ဆိုသည်။ ယင်းကဲ့သို့ စစ်ဆေးခြင်းကို စက်တင်ဘာလ အစောပိုင်းတွင် စတင် မည်ဖြစ်သည်ဟု ဆိုသည်။ ၂၀၁၇ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအရ မှတ်ပုံတင်ထားသည့် ကုမ္ပဏီ များအနေနှင့် ရုံးခန်းမရှိက ဒဏ်ကြေး […]

ရွှေအရောင်းအဝယ် ကျနေဆဲ

diz_admin

August 24, 2020

ကိုဗစ်ကပ်ရောဂါကြောင့် ရွှေအရောင်းအဝယ်အခြေအနေမှာ အေးစက်နေဆဲဖြစ်ကြောင်း ထားဝယ်ရွှေဆိုင် အချို့ထံမှ သိရသည်။ ပြီးခဲ့သည့်နှစ်က အလှူအတန်းနှင့် မင်္ဂလာဆောင်၊ ပွဲလမ်းသဘင်များရှိသဖြင့် ရွှေဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်အတိုင်းသာရှိနေသော်လည်း ယခုနှစ်တွင်ကိုဗစ်-၁၉ ရောဂါဖြစ်ပြီး ဖေဖော်ဝါရီ လခန့်မှ စတင်ကာ အရောင်းအဝယ်များ ထက်ဝက်မက လျော့ကျသွားခဲ့သည်မှာ ယခုအချိန်အထိဖြစ်ကြောင်း ရွှေဆိုင် လုပ်ငန်းရှင်အချို့ကပြောသည်။ ကိုဗစ်ကာလ စက်ချုပ်သမ ကိုဗစ်ကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်ခဲ့ခြင်းနှင့် ရွှေဈေးအပြောင်းအလဲ အတက်အကျဖြစ်ခြင်းတို့ကြောင့် ရွှေအရောင်းအဝယ်ဈေးကွက် အေးနေခြင်းဖြစ်သည်ဟု ထားဝယ်မြို့၊ ဈေးကြီးတောင်ဘက်ခြမ်းမှ ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။ “အခုက ပါးကို ပါးနေတယ်။ အခုဆို အရောင်းအဝယ်မရှိဘူး။ ဈေးကလည်း အတက်အကျဖြစ်နေတာကိုး” ဟု အထက်ပါအမျိုးသမီးက ဆိုသည်။ ကိုဗစ်ကာလတွင် တစ်နေ့လုံးဆိုင် ဖွင့်သော်လည်း မရောင်းရဘဲ ပြန်ရသည့် နေ့များလည်းရှိသည်ဟု ထားဝယ်မြို့၊ […]

ဝေဒနာ ထောက်ပံ့ကြေး

diz_admin

August 24, 2020

စေတနာဖြင့် လုပ်ဆောင်ခြင်းဖြစ်သော်လည်း ဝေဒနာကြုံရသည့် အဖြစ်မျိုးဆိုက်နေသည်။ အခြေခံ လူတန်းစားများအတွက် အစိုးရက ထောက်ပံ့သည့် ကိုဗစ်ထောက်ပံ့ကြေးနှင့်ပတ်သက်၍ ပေါ်ပေါ်တင်တင်တစ်မျိုး၊ ရင်ထဲတအုံနွေးနွေးဖြင့် ခံစားနေရသူက တစ်ဖုံ၊ တီးတိုးပြောသူကတသွယ် စသည်ဖြင့် ရပ်ရွာအတွင်း လူပြောများသည့် ကိစ္စဖြစ်လာသည်။ နှစ်လောင်းပြိုင်လူသတ်မှု နှစ်လကြာသည်အထိ ပဟေဠိ အချို့က ရပ်/ကျေးအုပ်ချုပ်ရေးမှူးကို တိုင်ကြားသည်မှ ဆန္ဒပြရန် စီစဉ်သည့်အထိ လုပ်ဆောင်လာကြသည်။ သာဓကအနေဖြင့် လောင်းလုံးမြို့နယ် တီဇစ်ကျေးရွာ အုပ်ချုပ်ရေးမှူး အတိုင်ခံရခြင်းနှင့် လောင်းလုံးမြို့ (က) ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ဆန္ဒပြရန်အထိ စီစဉ်ခဲ့ကြသည့် ဖြစ်စဉ်များ ဖြစ်သည်။ ပြဿနာ၏ အစကိုဗစ်ထောက်ပံ့ကြေးငွေပေးရမည့် အခြေခံလူတန်းစား သတ်မှတ်ချက်သည် ယင်းပြဿနာ၏ အစဟု ကောက်ချက်ဆွဲနိုင်သည်။ အစိုးရသည် စီးပွားရေးအဆင် မပြေသည့် အခြေခံလူတန်းစားများ၏ စားဝတ်နေရေးကို ကုစားပေးသည့်အနေဖြင့် ကိုဗစ်ထောက်ပံ့ကြေးငွေပေးခြင်း ဖြစ်သည်။ […]

တိုင်းအတွင်းရှိ ဟိုတယ် လေးပုံ တစ်ပုံ ပြန်မဖွင့်နိုင်သေး၊ ဧည့်သည် ၇၀ ရာခိုင်နှုန်း ကျဆင်း

diz_admin

August 24, 2020

ကိုဗစ်ကပ်ဘေးကာလတွင် တနင်္သာရီတိုင်းအတွင်းရှိ ဟိုတယ်အားလုံး၏ လေးပုံတစ်ပုံမှာ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ တနင်္သာရီတိုင်းအတွင်း ဟိုတယ်အရေအတွက် ငါးဆယ်ရှိရာ သြဂုတ်လ ၂၁ ရက်နေ့အထိ ၃၈ လုံး ပြန်ဖွင့်ထားကြောင်း အထက်ပါဌာနထံမှ သိရသည်။ နှစ်လောင်းပြိုင်လူသတ်မှု နှစ်လကြာသည်အထိ ပဟေဠိ လက်ရှိတွင် ဖွင့်ထားသည့်ဟိုတယ် အပါအဝင် ပြန်ဖွင့်မည့်ဟိုတယ်များကိုပါ သက်ဆိုင်ရာ ဌာနများပါဝင်သည့်အဖွဲ့ ဖြင့် အဆင့်ဆင့်စိစစ်ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီမှသာ ဖွင့်ခွင့်ပြုကြောင်း ဟိုတယ်/ခရီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးညိုအေးက ဆိုသည်။ “ပြီးတဲ့အချိန်ကျမှ (တိုင်းဒေသကြီး) ဝန်ကြီးလက်မှတ်ထိုးပြီးတော့ အသိအမှတ်ပြုလက်မှတ်ပေါ့ ဖွင့်ခွင့်လက်မှတ်ထုတ်ပေးတယ်” ဟု ဦးညိုအေးက ပြောသည်။ ဟိုတယ်/ခရီးဌာန၏ စာရင်းအရ ထားဝယ်ခရိုင်တွင် ဟိုတယ် ၂၀ လုံး၊ မြိတ်တွင် ၁၈ […]

နှစ်လောင်းပြိုင်လူသတ်မှု နှစ်လကြာသည်အထိ ပဟေဠိ

diz_admin

August 24, 2020

လောင်းလုံမြို့နယ်၊ သပြေရှောင် ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် နှစ်လောင်း ပြိုင်လူသတ်မှုမှာ နှစ်လကြာသည့်အထိ တရားခံမမိသေးဘဲ အနည်းဆုံး လူသုံးဆယ်ဦးကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးထားပြီးဖြစ်ကြောင်း လောင်းလုံးမြို့မရဲစခန်းနှင့် သပြေရှောင်ကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။ ယင်းလူသတ်မှုသည် ဇွန်လ ၂၃ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၈၆ နှစ်အရွယ်နှင့် ၅၄ နှစ်အရွယ် သားအမိနှစ်ဦး အသတ်ခံရခြင်း ဖြစ်သည်။ ကိုဗစ်ကာလ ကျောင်းသားမိဘများသို့ ပန်ကြားချက် ယင်းလူသတ်မှုနှင့်ပတ်သက်ပြီး အသတ်ခံရသူနှင့် ဆွေးမျိုးတော်စပ်သူ သုံးဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးစစ်ဆေးပြီး အာမခံဖြင့် ပြန်လည်လွှတ်ပေးထားကြောင်း သပြေရှောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က ပြောသည်။ ယင်းအပြင် ကျေးရွာသားလေးဆယ် ဝန်းကျင်ခန့်ကိုလည်း အကြိမ်ပေါင်း ခြောက်ဆယ်ခန့် စစ်ဆေးထားပြီးဖြစ် သည်။ အုပ်ချုပ်ရေးမှူး၏ ပြောဆိုချက်အရ ယင်းလူသတ်မှုတွင် မျက်မြင်တွေ့ ရှိသူ တစ်ဦးလည်းရှိနေသည်။ […]