BREAKING
February 3, 2025

သတင်း

စည်ပင်လေလံရငွေ ယခင်နှစ်ထက် သိန်းကိုးဆယ်ကျော်ပိုရ

diz_admin

August 25, 2020

ထားဝယ်မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့၏ လိုင်စင်အမျိုးအစား ၁၂ ခုကို လေလံတင်ရောင်းချရာ ယခင်ဘဏ္ဍာနှစ်ထက် ငွေကျပ်သိန်းကိုးဆယ်ကျော် ပိုရကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ကမ်းနားပျံကျဈေးကောက်၊ လမ်းဘေးဈေးကောက်၊ စည်ပင်သာယာဈေး ကြီးပျံကျဈေးကောက် စသည်တို့အပါအဝင် အရပ်ရပ်အခွင့်အရေးလိုင်စင် ၁၂ ခုကို ယခုလ ၅ ရက်နေ့မှ ၁၇ ရက်နေ့အတွင်း လေလံတင်ရောင်းချခဲ့ရာ ကျပ် ၂၇၂၀ သိန်းကျော် ရရှိခြင်းဖြစ်သည်။ ပဲ့စင်ကျွန်းကိစ္စ ဟိုတယ်/ခရီးဌာနသဘောထား တောင်းခံထား ပြီးခဲ့သည့်နှစ်ကမူ အထက်ပါ လိုင်စင် ၁၂ ခုကို လေလံတင်ရောင်းချရာတွင် ငွေကျပ် ၂၆၂၉ သိန်းကျော် ရရှိခဲ့သည်။ “လေလံတွေမှာ အပြိုင်ဆွဲတဲ့သူတွေ များတဲ့အတွက် ဈေးပိုများလာတယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။ လက်ရှိတွင် သားသတ်လိုင်စင်နှင့် အပေါင်ဆိုင်လိုင်စင်အချို့ကို ရောင်းချရန် ကျန်ရှိနေသေးပြီး […]

ပဲ့စင်ကျွန်းကိစ္စ ဟိုတယ်/ခရီးဌာနသဘောထား တောင်းခံထား

diz_admin

August 25, 2020

ပဲ့စင်ကျွန်းတွင် ခရီးသွားလုပ်ငန်း လုပ်မည်ဟုဆိုကာ လုပ်ငန်းရှင်ကြီး တစ်ဦးက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လုပ်ကိုင်ခွင့် လျှောက်ထားသည့်အပေါ် ပြည်ထောင်စုဝန်ကြီးဌာနက သဘောထားမှတ်ချက်တောင်းခံလာကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီး ဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဦးညိုအေးက ပြောကြားသည်။ ဇူလိုင်လနှောင်းပိုင်းက သဘောထားမှတ်ချက်တောင်းခံလာဖြင်းဖြစ်ပြီး ဌာနအနေဖြင့် လိုအပ်သည့်သတ်မှတ်ချက်များကို ကုမ္ပဏီကို ဖြည့်သွင်းစေပြီး ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဖိုးဖိုးကျောက်ကမ်းခြေသဲသောင်ပြင်ကို မည်သည့်ကုမ္ပဏီကမှ မပိုင်ပါ ထိုသို့ ကွင်းဆင်းစစ်ဆေးပြီးပါက စာရွက်စာတမ်းများကို ပြည်ထောင်စု ဝန်ကြီးဌာနထံ ပေးပို့ကာ Video Conference ဖြင့် ရှင်းပြရန်ရှိသည်ဟု ၎င်းက ဆိုသည်။ “ကျွန်တော်ထင်တယ်။ အစောဆုံး သြဂုတ်လအကုန်လောက်မှာ။ တစ်လ လောက်တော့ ကြာသွားမှာပါ” ဟု ဦးညိုအေး က ပြောသည်။ လောင်းလုံးမြို့နယ်အတွင်းရှိ ပဲ့စင်ကျွန်းတွင် Excellent […]

မော်လမြိုင်-ရန်ကုန် လေအိတ်ရထား သြဂုတ် ၂၂ ရက်တွင် စပြေးဆွဲမည်

diz_admin

August 25, 2020

မော်လမြိုင်-ရန်ကုန် လေအိတ်ရထားကို သြဂုတ်လ ၂၂ ရက်နေ့တွင် စတင်ပြေးဆွဲမည်ဟု မြန်မာ့မီးရထား တိုင်းအမှတ် (၈) ထံမှ သိရသည်။ မော်လမြိုင်-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင်သို့ စတင်ပြေးဆွဲမည့် လေအိတ်ရထားသည် (၈၃) အဆန် (၈၄) အစုန်ရထားဖြစ်ပြီး အထက်တန်း လေးတွဲ၊ ရိုးရိုးတန်း ငါးတွဲပါသည်ဟုလည်း မြန်မာ့မီးရထား တိုင်းအမှတ်(၈) မှ သိရသည်။ မွန်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ တစ်လအတွင်း နှစ်ဆနီးပါးတိုး “နောက်ဆုံးပေါ် လေအိတ်ရထားဖြစ်တဲ့အတွက် သက်သောင့်သက်သာဖြစ်ဖို့အတွက်ကို ဝန်ဆောင်မှုအပြည့်ပေး ထားတယ်။ အဲဒီအပြင် ရထားတွဲဆိုင်းတွေမှာ လုံခြုံရေးအတွက် CCTV တွေလည်း ပါမှာဖြစ်ပါတယ်” ဟု မြန်မာ့မီးရထား တိုင်းအမှတ် (၈) မန်နေဂျာ ဦးတင်ထွန်းအောင်က ပြောသည်။ လေအိတ် ရထားပေါ်တွင် ပြင်ပဈေးသည်များ ရောင်းချခြင်းမပြုဘဲ မြန်မာ့ မီးရထားဝန်ထမ်းများက […]

မွန်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ တစ်လအတွင်း နှစ်ဆနီးပါးတိုး

diz_admin

August 25, 2020

မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုအခြေအနေသည် တစ်လအတွင်း နှစ်ဆနီးပါး တိုးလာသည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှိထံမှ ရရှိသည့် စာရင်းအရ သိရသည်။ ပြည်နယ်အတွင်း သွေးလွန်တုပ် ကွေးကူးစက်ဖြစ်ပွားမှုသည် ဇူလိုင်လ ၁၄ ရက်နေ့အထိ ၄၉၀ ကျော်ရှိနေရာမှ သြဂုတ်လ ၁၄ ရက်နေ့အထိတွင် ၉၀ဝ နီးပါးထိ ရောက်ရှိလာခြင်း ဖြစ်သည်။ ယခုနှစ် မွန်တော်လှန်ရေးနေ့ ဗဟိုအခမ်းအနား မကျင်းပဖြစ် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုများ လာရခြင်းသည် ရေကို စနစ်တကျသို လှောင်မှုမရှိခြင်း၊ အမှိုက်စနစ်တကျ စွန့်ပစ်မှုမရှိခြင်းနှင့် သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နင်းရေးလုပ်ငန်းဆိုင်ရာအပေါ် လိုက်နာဆောင်ရွက်မှု အားနည်းခြင်းတို့ကြောင့် ဖြစ်သည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစည်သူရဲနောင် က ပြောသည်။ “လက်တွေ့ အကောင်အထည်ဖော်တဲ့ နေရာမှာ အားနည်းနေတာတွေ့ရတယ်” […]

ယခုနှစ် မွန်တော်လှန်ရေးနေ့ ဗဟိုအခမ်းအနား မကျင်းပဖြစ်

diz_admin

August 25, 2020

ဝါခေါငလွပှညွ့နေ့ (စကတွငဘွာ ၂ ရကနွေ့) တှငွ ကရှောကသွညွ့ ၇၃ ကှိမမွှောကွ မှနတွောလွှနရွေးနေ့တှငွ ဗဟို အခမွးအနားမကငွှးပဖှဈတော့ကှောငွး တောလွှနရွေးနေ့ကို နှဈစဉွ ဦးဆောငကွငွှးပလာခဲ့ကှသညွ့ မှနလွူငယတွို့ထံမှ သိရသညွ။ ယမန်နှစ်များက မွန်တော်လှန်ရေးနေ့ ဗဟိုအခမ်းအနားကို အမျိုးသားလွတ်မြောက်ရေးအတွက် အသက်ပေး သွားခဲ့ကြသည့် မွန်ခေါင်းဆောင်များ၏ အုတ်ဂူတည်ရှိရာ မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ဝင်းစိန်တောရသာသနာ့ဝင်းထဲတွင် ကျင်းပပြုလုပ်ခဲ့ကြသော်လည်း ယခုနှစ်တွင် လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် အခမ်းအနား မကျင်းပနိုင်တော့ခြင်းဖြစ်ကြောင်း မွန်လူငယ် မင်းထောက ပြောသည်။ ကိုဗစ်-၁၉ ကြောင့် မွန်တော်လှန် ရေးနေ့အထိမ်းအမှတ်အဖြစ် အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးပွဲပြုလုပ်သွားရန် စီစဉ်ထားသည်ဟုလည်း ၎င်းက ဆိုသည်။ “ဆွေးနွေးပွဲလုပ်ပြီးတော့ live လွှင့်ဖို့ဖို့ စီစဉ်ထားတယ်။ နောက်တစ်ခုက အွန်လိုင်းကနေ တော်လှန်ရေးနေ့နဲ့ ပတ်သက်တဲ့ ကဗျာရေးပြိုင်ပွဲတွေ […]

လမ်းဘေးရပ်နေသူကို အိမ်စီးကား ဖြင့်ဝင်တိုက်၊ ဓားရှည်ဖြင့်ခုတ်ပြီး ထွက်ပြေး

diz_admin

August 25, 2020

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာ အုပ်စု၊ ကုန်းဖောက်ရပ်၊ အဝေးပြေးကား ဝင်းအနီး၌ သြဂုတ်လ ၁၉ ရက်နေ့က လမ်းနံဘေးတွင် ရပ်နေသည့် အမျိုးသားတစ်ဦးအား အိမ်စီးကားတစ်စီးက ဝင်တိုက်ပြီး ဓားရှည်ဖြင့်ခုတ်ကာ ထွက်ပြေးသွားခဲ့ကြောင်း မြိတ်မြို့၊ မြို့မရဲစခန်းထံမှ သိရသည်။ ကုန်းဖောက်ရပ်ရှိ ပိုင်ဆိုင်မှုအငြင်းပွား မြေနေရာပေါ်တွင် ခြံစည်းရိုးကာရံခဲ့သည်ကို မကျေနပ်သဖြင့် Honda Fit အမျိုးအစားယာဉ်ဖြင့်ဝင်တိုက်ပြီး ကားထဲတွင် အသင့်ပါလာသည့် ဓားဖြင့် ဆင်းခုတ်ခြင်းဖြစ်ကြောင်း မြိတ်မြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ချိုလွင်က ပြောပြသည်။ မဲစာရင်းအမည်မပါသဖြင့် ပြန်လည်လျှောက်ထားသူ မြိတ်ခရိုင်တွင် တစ်သောင်းကျော်ရှိ “ဝင်တိုက်တော့ ညာဘက်ပေါင်ကို ထိပြီး ကားကဓာတ်မီးတိုင်ကို ဝင်ဆောင့် သွားတာ” ဟု စခန်းမှူး ဒုရဲမှူးချိုလွင်က ပြောသည်။ ဓားဖြင့်ခုတ်ခံရသူအား မြိတ်ဆေးရုံကြီးသို့ တင်ပို့ခဲ့ရကြောင်း မြို့မရဲစခန်းမှ […]

မဲစာရင်းအမည်မပါသဖြင့် ပြန်လည်လျှောက်ထားသူ မြိတ်ခရိုင်တွင် တစ်သောင်းကျော်ရှိ

diz_admin

August 25, 2020

မြိတ်ခရိုင်အတွင်းတွင် မဲစာရင်း အမည်မပါသဖြင့် ပုံစံ ၃ ဖြင့် ပြန်လည် လျှောက်ထားသူဦးရေမှာ တစ်သောင်းကျော်ရှိကြောင်း မြိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ မဲစာရင်းတွင် အမည်မပါက ပုံစံ ၃၊ ကိုယ်ရေးအချက်အလက် မှားယွင်းပါ က ပုံစံ ၄-ဂ နှင့် မပါဝင်သင့်သူ ပါဝင်နေပါက ပုံစံ ၄ တို့ဖြင့် မဲစာရင်းကြေညာပြီး ၁၄ ရက်အတွင်း လျှောက်ထားရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။ သြဂုတ်လ ၁၄ ရပ်နေ့အထိ စာရင်းအရ မဲစာရင်းအမည်မပါသဖြင့် ပုံစံ ၃ ဖြင့် လျှောက်ထားသူ ၁၀၄၅၃ ဦး၊ ကိုယ်ရေးအချက်အလက် မှားယွင်းနေသဖြင့် ပုံစံ ၄-ဂ ဖြင့်လျှောက်ထားသူ ၆၈၅၂ ဦးနှင့် မပါသင့်သူ ပါနေသဖြင့် ပုံစံ […]

လျှပ်စစ်ထုတ်ရန် အကြိုစူးစမ်းသည့်ကုမ္ပဏီ NLDအစိုးရလက်ထက် နှစ်ဆယ်နီးပါးရှိ

diz_admin

August 25, 2020

လျှပ်စစ်ထုတ်ရန် ဖြစ်မြောက်နိုင် စွမ်းရှိ/ မရှိ အကြိုစူးစမ်းလေ့လာသည့် ကုမ္ပဏီပေါင်း လက်ရှိအစိုးရလက်ထက်တွင် နှစ်ဆယ်နီးပါးရှိကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ ၂၀၁၆ ခုနှစ်မှ လက်ရှိအချိန်အထိ ဇီဝလောင်စာသုံးနှင့် နေရောင်ခြည်စွမ်း အင်သုံးလုပ်ငန်းများအတွက် လေ့လာခြင်းဖြစ်ပြီး အကြိုစူးစမ်းလေ့လာသည့်ကုမ္ပဏီ ၁၇ ခုနှင့် MoU စာချုပ်လက်မှတ်ထိုးခဲ့ကြောင်း အထက်ပါရုံးထံမှ သိရသည်။ ၎င်းတို့မှာ ထားဝယ်ခရိုင်အတွင်းလုပ်ငန်း ကိုးခု၊ မြိတ်ခရိုင်အတွင်း ငါးခုနှင့် ကော့သောင်းခရိုင်အတွင်း သုံးခု ဖြစ်သည်။ MoU စာချုပ်၏ သက်တမ်းမှာ ပျမ်းမျှအားဖြင့် ၁၂ လမှ ၁၈ လ ဖြစ်သည်။ ထို့အပြင် MoU စာချုပ်လက်မှတ်ထိုးရန် အဆင်သင့်ဖြစ်နေသည့် ကုမ္ပဏီများလည်းရှိနေသေးပြီး ကိုဗစ်ကပ်ဘေး ကြောင့် နှောင့်နှေးနေကြောင်း တိုင်းဒေသကြီးလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ဆိုသည်။ “တတ်နိုင်သလောက်တော့ ထိုးရမယ့်ဟာကတော့ […]