BREAKING
February 3, 2025

သတင်း

ရွေးကောက်ပွဲဝင်မည့် အမျိုးသမီး ၆ ရာခိုင်နှုန်း တိုးလာ

diz_admin

September 1, 2020

၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် အမျိုးသမီးကိုယ်စားလှယ်လောင်း အရေအတွက်မှာ ယခင်ရွေးကောက်ပွဲထက် ၆ ရာခိုင်နှုန်းခန့် တိုးလာကြောင်း တနင်္သာရီတိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ (ရွေး/ကော်) စာရင်းအရ သိရသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ရွေး/ ကော်က အတည်ပြုထားသည့် ကိုယ်စားလှယ်လောင်း ၁၇၈ ဦးရှိသည့်အနက် အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၈ ဦးသာရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၁၀ ရာခိုင်နှုန်း ဖြစ်သည်။ လက်ရှိတွင် ပါတီအသီးသီးနှင့် တစ်သီးပုဂ္ဂလဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း၂၇၃ ဦးရှိပြီး အမျိုးသမီး ကိုယ်စားလှယ်လောင်း က ၄၃ ဦးအထိ ပါဝင်လာရာ ရာခိုင်နှုန်းအားဖြင့် ၁၆ ရာခိုင်နှုန်းဝန်းကျင် ဖြစ်သည်။ အမျိုးသမီးကိုယ်စားလှယ်လောင်း ပါဝင်မှုများလာခြင်းက ကောင်းသည့် ရလဒ်တစ်ခုဖြစ်သော်လည်း ကဏ္ဍအသီးသီးတွင် အမျိုးသမီးပါဝင်မှု သုံးဆယ်ရာခိုင်နှုန်း ပြည့်မီစေရေး တိုက်တွန်းချက်ကိုမူ ပြည့်မီခြင်းမရှိသေးကြောင်း ထားဝယ် […]

မြိတ်တွင် လူငယ်တစ်ဦး မေ့ဆေးဖြင့် ခေါ်ဆောင်ခံရ

diz_admin

August 31, 2020

မြိတ်တွင် မေ့ဆေးအသုံးပြုကာ လူငယ်တစ်ဦး ခေါ်ဆောင်ခံခဲ့ရကြောင်း ကာယကံရှင်နှင့် မြိတ်မြို့မရဲစခန်းတို့ထံ မှ သိရသည်။ သြဂုတ်လ ၂၈ ရက်နေ့၊ မွန်းတည့်အချိန် အသက် ၁၇ နှစ်ရှိ လူငယ်တစ်ဦးမှာ မြိတ်ဆေးရုံရှေ့ ဗန္ဒုလလမ်းထိပ်တွင် ထမင်းထွက်ဝယ်စဉ် ကားတစ်စီးရောက်လာပြီး မေ့ဆေးတို့ကာ ခေါ်ဆောင်ခြင်း ခံခဲ့ရသည်ဟု ကာယကံရှင်နှင့် မြိတ် ရဲစခန်းတာဝန်ရှိသူတို့က ပြောသည်။ အဝတ် ပါးစပ်နှင့် နှာခေါင်းစည်း ဘယ်လိုချုပ်မှာလဲ ကာယကံရှင်သည် ကျွန်းစုမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ဆေးရုံတက်နေသည့် ဦးလေးအား အဖိုးဖြစ်သူနှင့်အတူ လူနာလာစောင့်ရန် မြိတ်မြို့သို့ ရောက်ရှိနေခြင်း ဖြစ်သည်။ “ကျွန်တော့်ကို အဲဒီလူက မျက်နှာကို လက်နဲ့ အုပ်လိုက်တာပဲသိတယ် ကျန်တာ မသိတော့ဘူး” ဟု ကာယကံရှင် ကပြောသည်။ ၎င်းလက်တွင်ပဝါပိုင်းရှိပြီး စူးရှသည့် ရေမွေးရနံ့ ကိုရခဲ့သည်ဟု […]

မိုး ဆက်နည်းဦးမည်

diz_admin

August 26, 2020

တိုင်းအတွင်း မိုးရွာသွန်းမှုမှာ ဆက်နည်းနေဦးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။ သြဂုတ်လ တတိယ ဆယ်ရက်တွင် တိုင်းအတွင်းတွင် မိုးရွာရက် ၄ ရက်မှ ၆ ရက်အထိ မိုးထစ်ချုန်းရွာနိုင်သော်လည်း ရွာသွန်းမြဲအောက်သာ ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ထားဝယ် မြို့ရှောင်လမ်းအတွက် ငွေကျပ်သန်းသုံးထောင်ကျော်သုံးမည် ရာသီဥတုပြောင်းလဲခြင်း၊ မုတ်သုန် အားနည်းခြင်း၊ တောင်တရုတ်ပင်လယ် ပြင်တွင်ဖြစ်ပေါ်သည့် အပူပိုင်းမုန်တိုင်း၏ အကျိုးသက်ရောက်မှုမှာလည်း အားနည်းသဖြင့် တနင်္သာရီတိုင်းတွင် မိုးနည်းခြင်းဖြစ်ကြောင်း အထက်ပါ ဌာနမှ ဦးကျော်မိုးခိုင်က ပြောသည်။ “မိုးကြီးရင်လည်း တစ်ရက် နှစ်ရက် လောက်တော့ နှစ်လက်မ၊ သုံးလက်မလောက် ရသွားနိုင်တဲ့အနေအထားမျိုးရှိတာပေါ့။ ကျန်တာဟာတော့ အခုလိုပဲ တစ်လက်မကျော်ကျော်၊ နှစ်လက်မ ဝန်းကျင် မိုးလေးတွေပဲ ရွာနိုင်တယ်” […]

ထားဝယ် မြို့ရှောင်လမ်းအတွက် ငွေကျပ်သန်းသုံးထောင်ကျော်သုံးမည်

diz_admin

August 26, 2020

ထားဝယ်မြို့၊ မြို့ရှောင်လမ်းကို လာမည့်ဘဏ္ဍာနှစ်တွင် စတင်ဖောက် လုပ်မည်ဖြစ်ပြီး ယင်းအတွက် ငွေကျပ် သန်းသုံးထောင်ကျော် အသုံးပြုရန် လျာထားကြောင်း လမ်းဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဦးသက်ဇော်ဝင်းက ပြောကြားသည်။ အဆိုပါလမ်းတွင် သဗြေချောင်းရွာအနီးမှ မေတ္တာလမ်း(ဇလွန်းရွာ)အထိ တစ်ပိုင်း၊ ယင်းမှ ထားဝယ်မြို့အထွက် ပေါက်တိုင်းတံတားအလွန်အထိ တစ်ပိုင်းဟူ၍ လမ်းပိုင်းနှစ်ခု သတ်မှတ်ထားသည်။ ကျေးလက်လမ်းများအဆင့်မြှင့်ရန် ကျပ်ဘီလီယံငါးဆယ် လျာထား ဇလွန်းကျေးရွာမှ ကျောက်ရပ် (ပေါက်တိုင်းတံတား) အနီးအထိ အပိုင်းအား လာမည့်ဘဏ္ဍာနှစ်တွင် ဖောက်လုပ် မည်ဖြစ်ကြောင်း ဦးသက်ဇော်ဝင်းက ဆိုသည်။ အဆိုပါလမ်းပိုင်းကို ၂၄ ပေ အကျယ် နိုင်လွန်ကတ္တရာ(AC) ခင်းမည်ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။ အထက်ပါ မြို့ရှောင်လမ်း ဖောက်မည်ဆိုပါက လယ်ကွင်းများကို ဖြတ်သန်း ဖောက်လုပ်ရမည်ဖြစ်သည်။

ကျေးလက်လမ်းများအဆင့်မြှင့်ရန် ကျပ်ဘီလီယံငါးဆယ် လျာထား

diz_admin

August 26, 2020

လာမည့်ဘဏ္ဍာနှစ်တွင် ကျေးလက်လမ်းများ အဆင့်မြှင့်တင်ရန်အတွက် ကျပ်ဘီလီယံငါးဆယ် သုံးစွဲရန် လျာထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနထံ မှ သိရသည်။ ကွန်ကရစ်လမ်း၊ ကတ္တရာလမ်းနှင့် မြေသားလမ်းများ အဆင့်မြှင့်တင်ခြင်း အပါအဝင် တံတားတည်ဆောက်ရေး လုပ်ငန်းများကို လုပ်ဆောင်မည်ဖြစ် ကြောင်း အဆိုပါဦးစီးဌာန၊ တိုင်းဒေသ ကြီးဦးစီးမှူး ဦးဇော်မိုးဦးက ဆိုသည်။ လိုင်စင်မရှိသည့် လက်ကိုင်လွှစက်များ တစ်နှစ်အတွင်း အပ်ရမည် ယင်းအစီအစဉ်တွင် လမ်းအရှည် စုစုပေါင်း ၂၄၅ မိုင်ကို အဆင့်မြှင့်တင်ခြင်း၊ တံတား ၉၃ စင်း တည်ဆောက်ခြင်း အပါအဝင် အခြားလုပ်ငန်းများပါဝင်သည်။ “ဦးစားပေးကတော့ ရာသီမရွေး သွားလာလို့ရတဲ့ Class- A လမ်းတွေ အများဆုံးပါတာပေါ့” ဟု ဦးဇော်မိုးဦးက ဆိုသည်။ ကျေးလက်လမ်းဖွံ့ဖြိုးရေးဌာန အနေနှင့် ကျေးလက်ဒေသရှိ လမ်းများကို အတန်းအစား […]

လိုင်စင်မရှိသည့် လက်ကိုင်လွှစက်များ တစ်နှစ်အတွင်း အပ်ရမည်

diz_admin

August 26, 2020

သစ်တောဦးစီးဌာနတွင် တရားဝင် လိုင်စင်ပြုလုပ်ထားခြင်းမရှိဘဲ ကိုင်ဆောင် အသုံးပြုနေသည့် လက်ကိုင်လွှစက် (Chain Saw) များကို တစ်နှစ်အတွင်း လာရောက်အပ်နှံရမည်ဖြစ်ကြောင်း တိုင်းသစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်သိန်းထွန်းက ပြောသည်။ ယင်းအပြင် သက်ဆိုင်ရာခွင့်ပြုချက်ဖြင့် လက်ကိုင်လွှစက်တင်သွင်း ရောင်းချနေသည့် ကုမ္ပဏီ၊ အရောင်းဆိုင် များအနေနှင့် တင်သွင်းလာသည့် စက်အမျိုးအစား၊ စက်အင်အား၊ စက်အရေအတွက်နှင့် ရောင်းထွက်သွားသည့် စက် စာရင်းကို သစ်တောဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့ထံတွင် လစဉ်စစ်ဆေးမှု ခံယူရမည်ဖြစ်သည်။ နှာခေါင်းစည်းများ ဈေးပြန်တက် “ဒီလို ပြန်သိမ်းလိုက်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနဲ့ သစ်တော များပြုန်းတီးခြင်းကို အထိုက်အလျောက်တော့ အထောက်အကူဖြစ်သွားမှာပေါ့” ဟု ၎င်းက ဆိုသည်။ သစ်တောများပြုန်းတီးခြင်းသည် လက်ကိုင်လွှစက်တစ်ခုတည်းကြောင့် မဟုတ်သော်လည်း ယင်းစနစ်ကို အခြား နိုင်ငံများတွင်လည်း ကျင့်သုံးလုပ်ဆောင်နေသည်ဟု ၎င်းက ပြောသည်။ ယခု […]

နှာခေါင်းစည်းများ ဈေးပြန်တက်

diz_admin

August 26, 2020

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာများ ဆက်တိုက်တွေ့ရှိလာရပြီး နောက်ရက်ပိုင်းအတွင်း နှာခေါင်းစည်း (Mask) ဈေးများ မြင့်တက်လျက်ရှိသလို ဆိုင်အချို့တွင် ပစ္စည်းပြတ်လပ်သွားခဲ့သည်။ ယခင်က နှာခေါင်းစည်း ၅၀ ခုပါ တစ်အုပ်လျှင် ကျပ် ၂၀ဝ၀ ခန့်ရှိခဲ့ရာမှ ယခုအခါ ကျပ် ၆၅၀ဝ အထိဖြစ်နေကြောင်း ထားဝယ်မြို့၊ ဆေးဆိုင်ရောင်း သူအချို့က ပြောသည်။ ဖိုးဖိုးကျောက်ကမ်းခြေ သဲသောင်ပြင်ကို မည်သည့်ကုမ္ပဏီကမှ မပိုင်ပါ “ဈေးကတော့ တစ်နေ့တစ်ဈေး ဖြစ်နေတယ်။ မနေ့တုန်းက ဈေးကို ရွှေ ဈေးမျိုးဖြစ်သွားတယ်” ထားဝယ်မြို့၊ ဈေးကြီးမြောက်ဘက်ခြမ်းရှိ ပန်းရနံ့ မွှေးကြိုင် ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်မှ ဆိုင်ရှင် ဦးစိုးကြိုင်က ပြောသည်။ ရန်ကုန်မှ မှာယူထားသည့် ပစ္စည်းမှာလည်း ယနေ့၊ သြဂုတ်လ […]

ဖိုးဖိုးကျောက်ကမ်းခြေ သဲသောင်ပြင်ကို မည်သည့်ကုမ္ပဏီကမှ မပိုင်ပါ

diz_admin

August 26, 2020

လောင်းလုံးမြို့နယ်၊ ကျောင်တွင်း ကျေးရွာရှိ ဖိုးဖိုးကျောက်ကမ်းခြေ သဲသောင်ပြင်ကို မည်သည့်ကုမ္ပဏီကမှ မပိုင်ဘဲ အများပြည်သူပိုင် နေရာတစ်ခုသာဖြစ်ကြောင်း ကမ်းခြေများကို စီမံခန့်ခွဲပိုင်ခွင့်ရှိသူ ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။ ယင်းကမ်းခြေသဲသောင်ပြင်တွင် ရောင်းချနေသည့် စားသောက်ဆိုင်ပိုင်ရှင်အများစုမှာ ကမ်းခြေမြေနေရာသည် အများပြည်သူပိုင်နေရာဟု မသိကြဘဲ ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်သည်ဟုသာ ထင်မြင်ယူဆနေကြသည်။ ဖိုးဖိုးကျောက်ကမ်းခြေသဲသောင်ပြင်ကို မည်သည့်ကုမ္ပဏီကမှ မပိုင်ပါ ယင်းသို့ထင်မြင်ရသည့်အကြောင်းမှာ ပြီးခဲ့သည့်နှစ်က ကုမ္ပဏီတစ်ခုက ဖိုးဖိုးကျောက်ကမ်းခြေကို ၎င်းတို့ ပိုင်ဆိုင်သည်ဟုဆိုကာ ပင်လယ်ကမ်းခြေရေစပ် အထိ မှတ်တိုင်လာစိုက်ခဲ့ဖူးကြောင်း ယင်းကမ်းခြေတွင် ရောင်းချနေသော စားသောက်ပိုင်ရှင်အချို့က ဖွင့်ပြောကြ သည်။ ထို့အပြင် ကမ်းခြေတွင် စားသောက်ဆိုင်များကို ရောင်းချခွင့်ပေးတော့မည် မဟုတ်ကြောင်းလည်း ကုမ္ပဏီဝန်ထမ်းဟုဆိုသူတို့က ပြောဆိုမှုများရှိကြောင်းလည်း ၎င်းတို့က ပြောသည်။ ယခုနှစ် သြဂုတ်လ ဒုတိယအပတ်ကလည်း ၎င်းကုမ္ပဏီကပင် အလားတူ မှတ်တိုင်များ လာရောက်စိုက်ထူခဲ့ကြောင်း […]