BREAKING
February 3, 2025

သတင်း

ရေဖြူ ပိုးတွေ့လူနာ ရန်ကုန်တွင်နေထိုင်သူဖြစ်

diz_admin

September 2, 2020

ယနေ့နံနက်ပိုင်း၌ ထုတ်ပြန်သည့် ကိုဗစ်အတည်ပြုလူနာစာရင်းတွင် ပါဝင်သော ရေဖြူမြို့နယ်မှ လူနာသည် ရန်ကုန်မြို့တွင်နေထိုင်သူဖြစ်ကြောင်း ရေဖြူမြို့နယ် ကုသရေးဦးစီးမှူးက အတည်‌ပြုပြောကြားသည်။ယင်းအမျိုးသားမှာ ရေဖြူမြို့နယ်၊ ကန်ပေါက်ဇာတိဖြစ်ပြီး ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ပြန်လာစဉ် နေမကောင်းသဖြင့် စစ်ဆေးရာမှ ကိုဗစ်ရောဂါပိုးတွေ့ရှိခြင်းဖြစ်ကြောင်း မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာခင်မျိုးက ပြောသည်။ ကိုဗစ်အတည်ပြုလူနာ ၁၉ ဦး ထပ်မံတွေ့ရှိရကြောင်း ယနေ့နံနက် ၈ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာခဲ့ရာ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ တောင်ကြီး၊ လားရှိုးနှင့် ရေဖြူမြို့များ ပါဝင်ခဲ့သည်။

မောင်တောမှ အလည်လာသူနှင့် အိမ်ရှင်တို့ ကွာရန်တင်းစခန်းဝင်

diz_admin

September 2, 2020

ရခိုင်ပြည်နယ် မောင်တောမြို့မှ မြိတ်မြို့သို့ အလည်လာသူ အမျိုးသားတစ်ဦးနှင့် ၎င်းတည်းခိုနေထိုင်သည့် နေအိမ်ရှင်တို့အား သြဂုတ်လ ၂၆ ရက် နေ့က မြိတ်တက္ကသိုလ်ဝင်းရှိ ကွာရန်တင်း စခန်းသို့ ပို့ဆောင်ခဲ့ကြောင်း မြိတ်ခရိုင် ကိုဗစ်-၁၉ ကာကွယ်ရေး အရပ်ဘက် ပူးပေါင်းကော်မတီထံမှ သိရသည်။ မောင်တောမြို့နေ အသက် ၂၂ နှစ် ရှိ အမျိုးသားမှာ ခရီးသည်တင်ယာဉ်ဖြင့် ရန်ကုန်မြို့သို့ သြဂုတ်လ ၁၀ ရက်နေ့က ရောက်ရှိခဲ့ပြီး ရန်ကုန်မှ မြိတ်မြို့သို့ လေကြောင်းလိုင်းဖြင့် သြဂုတ်လ ၂၀ ရက်နေ့က ရောက်ရှိလာကာ တပ်ပြင်ရပ်ရှိ နေအိမ်တိုက်ခန်းတစ်ခုတွင် တည်းခိုနေ ထိုင်ခဲ့ကြောင်း သိရသည်။ သဲစုပ်ခြင်းကြောင့် ရွာအဝင်လမ်းထပ်ပြိုမည်ကို ရွာခံများစိုးရိမ် အဆိုပါ အမျိုးသားမှာ ကျန်းမာရေး ဌာနသို့ အကြောင်းကြားခဲ့သဖြင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် […]

သဲစုပ်ခြင်းကြောင့် ရွာအဝင်လမ်းထပ်ပြိုမည်ကို ရွာခံများစိုးရိမ်

diz_admin

September 2, 2020

မြစ်အတွင်း သဲစုပ်ခြင်းကြောင့် ကမ်းပါးထပ်ပြိုမည်ကို ရွာခံများစိုးရိမ် နေကြသည်။မြိတ်မြို့၊ ကျွဲကူး-ကျောက်ဖြာ မြစ်အတွင်း လွန်ခဲ့သည့် တစ်လခန့်မှ စတင်ကာ အနည်းဆုံး လှေခုနစ်စီး ဝန်းကျင်က နေ့စဉ်သဲစုပ် နေခြင်းဖြစ်သည်။ ပြီးခဲ့သည့် နှစ်နှစ်ခန့်မှ ယင်းသို့ သဲစုပ်ခြင်းကြောင့် ရေမြစ်ကြီးရွာအဝင် တောင်ပတ်လမ်း မြစ်အတွင်းသို့ ပြိုကျခဲ့ရပြီး လမ်းပြန်လည် ဖောက်လုပ်ခဲ့ရကြောင်း ယင်းရွာသား များကပြောသည်။ ဧည့်လမ်းညွှန်လိုင်စင် သက်တမ်းတိုးရန် အခက်ကြုံ “ရွာအဝင်မိန်းလမ်း တစ်ခုလုံး မြစ်ထဲပြိုကျဖူးတော့ အခုလည်း စိုးရိမ် နေရတယ်” ဟု ရေမြစ်ကြီးရွာသား ဦးမြင့်စိုး က ပြောသည်။ ရေမြစ်ကြီးရွာသည် ကျောက်ဖြာ မြစ်ကမ်းနံဘေးတွင် တည်ရှိသည့် ရွာဖြစ်ပြီးရွာအဝင် အဓိကလမ်းကို မြစ်ကမ်းနံဘေး တောင်ကမ်းပါးတွင် ဖောက်လုပ်ထားသည်။ ရရှိသည့်သဲများကို ရေမြစ်ကြီးရွာအနီး မိကျောင်းတက်ရွာပိုင် ဆယ်ဧက ခန့်ရှိ […]

ကမ်းခြေနှင့် ရေတံခွန်များ ပြန်ပိတ်မည်

diz_admin

September 2, 2020

ကိုဗစ်ရောဂါ ကူးစက်မှုများနေသည့်အတွက် ကမ်းခြေနှင့် ရေတံခွန်များသို့ လည်ပတ်ခွင့်အား ပြန်လည်ကန့်သတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူးက ပြောကြားသည်။ ထိုသို့ ပြန်ပိတ်ရန် သြဂုတ်လ ၂၇ ရက်နေ့က ပြုလုပ်သည့် ကော်မတီညှိနှိုင်း အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။ ပါတီလေးခုမှ ကိုယ်စားလှယ်လောင်းလေးဦး ရွေးကောက်ပွဲဝင်ခွင့်မရ ကိုဗစ်ကပ်ဘေးကြောင့် တိုင်းအတွင်းရှိ ကမ်းခြေအားလုံးကို မတ်လ ၂၇ ရက်နေ့တွင် လည်ပတ်ခွင့်ပိတ်ခဲ့ပြီးနောက် ဇွန်လဆန်း(၃ရက်နေ့) တွင် ပြန်လည်လည်ပတ်ခွင့်ပြုခဲ့သည်။ သို့ရာတွင် ကိုဗစ်ရောဂါကူးစက်မှုမြင့်လာသည့်အတွက် ပြန်လည်ကန့် သတ်ရန် ကော်မတီတွင် ဆုံးဖြတ်ထားပြီး မကြာခင်ထုတ်ပြန်မည်ဖြစ်ကြောင်း ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ အတွင်းရေးမှူးဗိုလ်မှူး ကြီးကျော်ဇေယျက ဆိုသည်။ အသေးစိတ်အချက်အလက်များကိုမူ သက်ဆိုင်ရာဝန်ကြီးနှင့် ဆွေးနွေးရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “ဘယ်နေ့ပိတ်မယ်ဆိုတာတော့ […]

ကိုဗစ်ထောက်ပံ့ကြေးကိစ္စ အတိုင်ခံရသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှစ်ဦးအမှု ခရိုင်ဆုံးဖြတ်ချက် စောင့်ဆိုင်း

diz_admin

September 2, 2020

လောင်းလုံးမြို့နယ်တွင် အခြေခံ လူတန်းစား ထောက်ပံ့ကြေးငွေကိစ္စဖြင့် အတိုင်ခံထားရသည့် တီဇစ်ကျေးရွာ အုပ်ချုပ်ရေးမှုးနှင့် (က) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှစ်ဦးကိစ္စ စစ်ဆေးပြီးဖြစ် ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး မှူးရုံးထံမှ သိရသည်။ တီဇစ်ကျေးရွာ အုပ်ချုပ်ရေးမှူးကိစ္စ စစ်ဆေးချက်များကို ထားဝယ်ခရိုင်အုပ် ချုပ်ရေးမှူးထံသို့ သြဂုတ်လ ၂၇ ရက်က တင်ပြထားပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်မည် ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထူးက ပြောသည်။ “ခရိုင်က အဖွဲ့ဖွဲ့ပြီး စစ်ဆေးပါ ဆိုလို့ စစ်ဆေးပြီးတော့ တွေ့ရှိချက်တွေ တင်ပါဆိုလို့ မနေ့(သြဂုတ် ၂၇ ရက်)က တင်ပေးလိုက်ပြီ” ဟု ၎င်းက ဆို သည်။ တီဇစ်အုပ်ချုပ်ရေးမှူးသည် ကိုဗစ်ကာလ အခြေခံလူတန်းစားများကို ထောက်ပံ့ပေးသည့် ငွေကြေးနှင့် အခြားငွေကြေးများကို အလွဲသုံးစားလုပ်သည်ဟုဆိုကာ ကျေးရွာသား ၃၀ […]

ဓာတ်အားခ ထောက်ပံ့ငွေများအား အိမ်တိုင်ရာရောက် ထုတ်ပေး

diz_admin

September 2, 2020

မြိတ်မြို့တွင် လျှပ်စစ်ဓာတ်အားခ ထောက်ပံ့ငွေများအား သြဂုတ်လ ၂၄ ရက်နေ့ မနက်ပိုင်းအချိန်မှစပြီး ထုတ်ပေးခဲ့ရာ လူစုလူဝေးများဖြစ်ပေါ်ခဲ့ရသဖြင့် ရပ်ဆိုင်းခဲ့ရပြီး နေအိမ်များအရောက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း Petro & Trans ကုမ္ပဏီလီမိတက်ထံမှ သိရသည်။ ထောက်ပံ့ငွေများကို တနင်္သာရီတိုင်းဒေသကြီးအစိုးရ၏ အစီအစဉ်ဖြင့် ထုတ်ပေးခြင်းဖြစ်ပြီး သြဂုတ်လ ၂၅ ရက် နေ့မှ စက်တင်ဘာလ ၂၄ ရက်နေ့အထိ အိမ်တိုင်အရောက် လိုက်လံထုတ်ပေးသွားမည်ဖြစ်ကြောင်း Petro & Trans ကုမ္ပဏီလီမိတက်မှ တာဝန်ရှိ အမျိုးသမီး ဝန်ထမ်းတစ်ဦးက ပြောပြသည်။ မြိတ်တွင် လူငယ်တစ်ဦး မေ့ဆေးဖြင့် ခေါ်ဆောင်ခံရ “ရုံးကနေပြီး ဝန်ဆောင်မှုပေးတာ ပေါ့နော်” ဟု အထက်ပါ တာဝန်ရှိ အမျိုးသမီးဝန်ထမ်းက ပြောသည်။ ထောက်ပံ့ငွေများအား ကန်ဖျား မြေနီလမ်းရှိ Petro & […]

ဧည့်လမ်းညွှန်လိုင်စင် သက်တမ်းတိုးရန် အခက်ကြုံ

diz_admin

September 2, 2020

ထားဝယ်မြို့နယ်အတွင်း ဒေသဆိုင် ရာဧည့်လမ်းညွှန်လိုင်စင်(RG) သက်တမ်း တိုးရန်မှာ အခက်အခဲကြုံတွေ့နေကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူ အချို့ထံမှ သိရသည်။ ဒေသဆိုင်ရာဧည့်လမ်းညွှန် လုပ်ငန်းလိုင်စင်သက်တမ်းတိုးရန်အတွက် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် (သို့မဟုတ်) ဝင်ငွေမပြသနိုင်ပါက အကျိုးအကြောင်းခိုင်လုံစွာဖြင့် လျှောက်ထားကာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနသို့ တင်ပြရမည်ဖြစ်သည်။ ရွေးကောက်ပွဲဝင်မည့် အမျိုးသမီး ၆ ရာခိုင်နှုန်း တိုးလာ အခွန်ဆောင်နိုင်သည့်ငွေကြေး ပမာဏ မရရှိခြင်းကြောင့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်လည်း မရ၊ အကျိုးအကြောင်းခိုင်လုံစွာ ဝန်ခံကတိဖြင့် တင်ပြသည်ကိုလည်း ဟိုတယ်ခရီးက လက်မခံသဖြင့် ဒေသဆိုင်ရာဧည့် လမ်းညွှန်အချို့မှာ လိုင်စင်သက်တမ်းတိုးရန် အခက်တွေ့နေကြခြင်းဖြစ်သည်။ ဒေသဆိုင်ရာဧည့်လမ်းညွှန် လုပ်ငန်းများကို လက်ခံဆောင်ရွက်ခဲ့သည်မှာ ရက်အနည်းငယ်ခန့်သာ လုပ်ကိုင်ခဲ့သဖြင့် အခွန်ဆောင်နိုင်သည့်ငွေကြေး ပမာဏ မရရှိကြောင်း ထားဝယ်မြို့နယ်မှ ဒေသဆိုင်ရာဧည့်လမ်းညွှန်လုပ်ကိုင်နေသူ ဦးအောင်မိုးသူက ပြောသည်။ အခွန်ဆောင်နိုင်သည့်ငွေကြေး ပမာဏ မတင်ပြနိုင်သဖြင့် […]

လောင်းကစားမှုဖြင့် တရားစွဲခံရသည့် KTV ပိုင်ရှင်အမှု နောက်လဆန်းတွင် အမိန့်ချမည်

diz_admin

September 2, 2020

လောင်းကစားမှုဖြင့် တရားစွဲခံရသည့် KTV ပိုင်ရှင်အမှု နောက်လထားဝယ်မြို့တွင် လူထုစိတ်ဝင် စားမှုများနေသော KTV ပိုင်ရှင်တစ်ဦး ပါဝင်သည့် လောင်းကစားအမှုကို လာမည့် လဆန်းပိုင်းတွင် အမိန့်ချတော့မည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် တရားရုံးထံမှ သိရသည်။ အဆိုပါအမှုတွင်KTV ပိုင်ရှင်အပါ အဝင် စုစုပေါင်း ၁၅ ဦးကို လောင်းကစား ဥပဒေပုဒ်မ ၁၆(က)နှင့် ၁၇ (က)တို့ဖြင့် ရဲတပ်ဖွဲ့က တရားစွဲဆိုထားခြင်းဖြစ်သည်။ လက်ရှိအဆိုပါအမှုတွင် ရုံးချိန်း ပေါင်း ၄၄ ကြိမ်စစ်ဆေးထားပြီး တရားလိုပြ သက်သေ ၁၈ ဦးနှင့် တရားခံပြသက် သေ ၄၀ ဦးကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း ထားဝယ်မြို့နယ်တရားရုံး၏ သတင်း ပြန်ကြားရေးအရာရှိဖြစ်သူ တရားသူ ကြီးဒေါ်မြင့်မြင့်စန်းက ဆိုသည်။ အဆိုပါအမှုကို စက်တင်ဘာလ ၂ ရက်နေ့တွင် အမိန့်ချရန် […]