မြိတ်တွင် WY စိတ်ကြွဆေးပြား နှစ်သောင်းနီးပါး ဖမ်းမိ
diz_admin
September 5, 2020မြိတ်မြို့၊ အလယ်ကျွန်းနယ်မြေ၊ သန်းဖိုရပ်ကွက်တွင် သြဂုတ်လ ၂၄ ရက်နေ့က WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား နှစ်သောင်းနီးပါးအား ဖမ်းမိခဲ့ကြောင်း မြိတ်မြို့ မြို့မရဲစခန်းထံမှ သိရသည်။ မူးယစ်ဆေးဝါးသတင်းအရ သန်းဖိုရပ်ကွက်ရှိ လမ်းတစ်နေရာတွင် စောင့်ဆိုင်းနေစဉ် မသင်္ကာဖွယ် အမျိုးသားတစ်ဦးအားတွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ ခန္ဓာကိုယ်အတွင်းမှ WY ဆေးပြား တစ်သောင်းနှင့်အတူ တွေ့ရှိခဲ့ပြီး နေအိမ်၌ ဆက်လက်ရှာဖွေရာ ဆေးပြား ၉၈၀ဝ ပြားအား ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။ ကြက်ဝိုင်း ရဲဖမ်း၊ ဆိုင်ကယ် လေးဆယ်နီးပါးနှင့် လူလေးဦးဖမ်းမိ ဖမ်းမိခဲ့သည့် WY စိတ်ကြွဆေးပြား တစ်ပြားလျှင် ဒေသပေါက်ဈေး သုံးထောင်ကျပ်နှုန်းဖြင့် တွက်ချက်ပါက စုစုပေါင်း ကျပ်သိန်းခြောက်ရာနီးပါးခန့် တန်ဖိုးရှိကြောင်း မြို့မရဲစခန်းမှ သိရသည်။ ဖမ်းမိခဲ့သည့် အသက် ၃၆ […]