BREAKING
February 3, 2025

သတင်း

ကိုဗစ်ထောက်ပံ့ငွေ အလွဲသုံးသည်ဟု တိုင်ခံရသည့်အုပ်ချုပ်ရေးမှူးကိစ္စ တိုင်းအစိုးရထံ ဆက်တင်မည်

diz_admin

September 7, 2020

အစိုးရက ထောက်ပံ့သည့် ကိုဗစ်ထောက်ပံ့ငွေကို အလွဲသုံးသည်ဟုဆိုကာ တိုင်ကြားခံထားရသည့် လောင်းလုံးမြို့နယ်ရှိ တီဇစ်ကျေးရွာအုပ်ချုပ်ရေးမှူး ကိစ္စကို စုံစမ်းစစ်ဆေးပြီးဖြစ်သည့်အတွက် တိုင်းအစိုးရထံ ထပ်မံတင်ပြမည် ဖြစ်ကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေး မှူး ဦးအောင်စိုးမိုးက ပြောကြားသည်။ ယင်းအမှုမှာ တီဇစ်ကျေးရွာနေသူများက လက်မှတ်ထိုး တိုင်ကြားထားခြင်း ဖြစ်သည်။ COVID-19 ကာလ အလုပ်သွားအလုပ်ပြန်သင့်ခရီးစဉ်တစ်လျှောက်ရောဂါမှ ကာကွယ်နိုင်ရန် လိုက်နာရမည့် အချက်များ ထိုသို့ တိုင်ကြားထားမှုအပေါ် ခရိုင်အုပ်ချုပ်ရေးမှူးက လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူးကို အဖွဲ့ဖွဲ့ပြီး စုံစမ်းစစ်ဆေးခိုင်းသည့်အတွက် စစ်ဆေးပြီး သြဂုတ်လ ၂၇ ရက်နေ့တွင် ပြန်လည် တင်ပြလိုက်ပြီးဖြစ်သည်။ စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးပေါ် ပေါက်ချက်၊ သုံးသပ်အကြံပြုချက်များကိုမူ ထုတ်ဖော်ပြောဆို၍မရကြောင်း ဦးအောင်စိုးမိုးက ဆိုသည်။ “တိုင်းအစိုးရအဖွဲ့ကို တင်ဦးမှာပေါ့နော်။ လက်ရှိအချိန်ကတော့ ပြောလို့မရ သေးဘူး” ဟု ၎င်းက ပြောသည်။ […]

အသက်ရှစ်နှစ်အရွယ် မိန်းကလေးအား မုဒိမ်းကျင့်ရန် ကြိုးပမ်းမှုဖြင့် အမှုဖွင့်

diz_admin

September 6, 2020

ရေဖြူမြို့နယ်တွင် အသက်ရှစ်နှစ်အရွယ် မိန်းကလေးငယ်ကို အသက် ၂၄ နှစ်အမျိုးသားက မုဒိမ်းကျင့်ရန်ကြိုး ပမ်းခဲ့မှုနှင့်ပတ်သက်၍ အမှုဖွင့်တိုင်ကြားထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။ ထားဝယ်တက္ကသိုလ် ကွာရန်တင်းအခန်းများ ပျက်စီးပြီး ကျန်ရစ် နတ်ကြီးစင်ကျေးရွာနေ မိန်းကလေးငယ်ကို နေအိမ်နှင့်မျက်နှာချင်းဆိုင်တွင် နေထိုင်သည့် အဆိုပါအမျိုးသားက ကြံဝယ်ကျွေး မည်ဟုဆိုကာ သြဂုတ်လ ၂၂ ရက်ည ၇ နာရီခွဲခန့်က မိဘထံမှ ခေါ်ဆောင်သွားခဲ့သည်။ ထိုနောက် ည ၁၀ နာရီခန့်တွင် မိန်းကလေးငယ်တစ်ဦးတည်း နေအိမ်သို့ ပြန်လာပြီး ငိုနေသည်ကို မိဘများက တွေ့ရှိသဖြင့် မေးမြန်းရာ အထက်ပါ အမျိုးသားသည် ၎င်း၏နေအိမ်အောက်တွင် မုဒိမ်းကျင့်ရန်လုပ် ဆောင်ခဲ့သည် မိန်းကလေးငယ်က ပြန်ပြောပြခဲ့သည်။ မုဒိမ်းကျင့်ရန် ကြိုးပမ်းချိန်တွင် မိန်းကလေးငယ်က […]

မြိတ်ကမ်းနားလမ်းတွင် အုပ်စုဖွဲ့ ဓားဖြင့်ခုတ်၊ လူငယ်လေးဦး ဆေးရုံရောက်

diz_admin

September 6, 2020

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မြိတ်ကမ်းနားလမ်းတွင် အုပ်စုဖွဲ့ဓားခုတ် မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူငယ်လေးဦးကို ဆေးရုံတင်ပို့ခဲ့ရကြောင်း မြိတ်မြို့မ ရဲစခန်းမှ သိရသည်။ မြိတ်မြို့၊ ရွှေပေးကျေးရွာနေ လူငယ်သူငယ်ချင်း ငါးဦးသည် ကမ်းနားလမ်းသို့ လည်ပတ်ပြီးအပြန် ကုန်တိုက်ရှေ့ အရောက်တွင် အသက်နှစ်ဆယ်ဝန်းကျင် လူငယ်တစ်ဆယ့်ငါးဦးခန့်မှ ဆဲဆိုရန်စပြီး ၎င်းတို့အား ဝင်ရောက်ထိုးကြိတ်ခဲ့သလို ဓားရှည်များဖြင့်လည်း ခုတ်ခဲ့ခြင်း ဖြစ်သည်။ ကြက်ဝိုင်း ရဲဖမ်း၊ ဆိုင်ကယ် လေးဆယ်နီးပါးနှင့် လူလေးဦးဖမ်းမိ ဓားခုတ်ခံရသဖြင့် လူငယ်လေးဦးတွင် ပြတ်ရှဒဏ်ရာ (မစိုးရိမ်ရ)များ ရရှိခဲ့ပြီး မြိတ်ပြည်သူ့ဆေးရုံ သို့တက် ရောက်ကုသခဲ့ရသည်ဟု မြိတ်မြို့မ ရဲစခန်းမှ သိရသည်။ ယင်းနောက် အခင်းဖြစ်ပွားပြီး တစ်ရက်အကြာတွင် ရဲတပ်ဖွဲ့အနေနှင့် ဓားဖြင့်ခုတ်သည့် အုပ်စုဘက်မှ လူငယ် ဆယ်ဦးနှင့် ဓားရှည်သုံးချောင်းကို လိုက်လံ ဖမ်းဆီးနိုင်ခဲ့သည်။ ကျန်လူငယ်တချို့မှာ ထွက်ပြေးတိမ်းရှောင် […]

ထိုင်းသို့ ငါးအမှုန့်တင်ပို့မှု နှစ်နှစ်အတွင်း တန်ချိန်ငါးသောင်းကျော်ရှိ

diz_admin

September 6, 2020

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု အင်းလေးမြိုင်စက်မှုဇုန်အတွင်းရှိ ငါးအမှုန့်ကြိတ်စက်ရုံတို့မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ငါးအမှုန့်(Fishmeal) အား ထိုင်းနိုင်ငံသို့ တင်ပို့ရာတွင် တန်ချိန်ငါး သောင်းကျော်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးလှကျော်က ပြောကြားခဲ့သည်။ သြဂုတ်လ ၂၅ ရက်နေ့က ပြုလုပ်သည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ၁၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ ၁၁ ရက်မြောက်နေ့တွင် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။ ကြက်ဝိုင်း ရဲဖမ်း၊ ဆိုင်ကယ် လေးဆယ်နီးပါးနှင့် လူလေးဦးဖမ်းမိ အဆိုပါ ငါးအမှုန့်ကြိတ်စက်ရုံများအား အပြီးအပိုင်ပိတ်သိမ်းရန် အစီအစဉ် ရှိ /မရှိနှင့် နှစ်စဉ် နိုင်ငံတော်သို့ အခွန် မည်မျှထမ်းဆောင်နေရကြောင်းကို မြိတ်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင်ဝေ၏ မေးခွန်းအား ဖြေကြားရာတွင် ဒုတိယဝန်ကြီး […]

အခြေတိုးမြင့် ကျန်ကောင်းသင့်၏- ကော့သောင်းအရေးအား တွေးဆခြင်း

diz_admin

September 5, 2020

“ကော့သောင်း” ဟုဆိုလျှင် မြန်မာပြည်တောင်စွန်း အငူအချွန်လေးက သာယာလှပလွန်းတဲ့ မြို့ကလေးဆိုတာ မြန်မာပြည်သူပြည်သားအားလုံး သိကြပေလိမ့်မည်။ ရှားရှားပါးပါး ပင်လယ်ဆိပ်ကမ်းရှိသည့် နယ်စပ်မြို့လေးဖြစ်၍ ကုန်သွယ်ရေးလုပ်ငန်းနှင့် ပင်လယ်ရေ ထွက်ပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်းများကြောင့် မြို့ငယ်သော်လည်း စည်ကားပြီး နိုင်ငံအနှံ့အပြားမှ စီးပွားလာရှာရ သည်အထိ စီးပွားရေးအချက်အချာကျ ဖွံ့ဖြိုးလှသည့် နာမည်ကျော်နယ်စပ်မြို့လေး ဖြစ်ခဲ့ပါသည်။ “ရွှေကော့သောင်း” ဟုပင် ခေါ်တွင်ခဲ့ကြသည်။ နယ်စပ်မြို့ တို့ထုံးစံ ပျော်စရာရွှင်စရာ ဆန်းသစ်မှု များစွာနှင့် ငါးဖမ်းစက်လှေများ၊ လုပ်ငန်းရှင် ကုန်သည်ကြီးများ၏ တစ်ထောက်နား အပန်းဖြေငွေသုံးရာ မြို့လေးအဖြစ် စီးပွားဖြစ်ကာ ငွေရှာရလွယ်သည့် မြို့ကလေး ဖြစ်ခဲ့ပါသည်။ ထိုမြို့ကလေးသည် ၁၉၉၆/၁၉၉၇ ခုနှစ်များအတွင်း မြိတ်မြို့တွင် တိုင်းရုံးများ အခြေစိုက်ခဲ့ချိန်မှစ၍ မြင်ကွင်း အခြေအနေများ တစ်မျိုးပြောင်းလဲခဲ့ပြီး စီးပွားရေးအခွင့်အလမ်းများ လျော့ပါးကာ တဖြည်းဖြည်းအားနည်းခြောက်ကပ် လာခဲ့ပါသည်။ […]

ထားဝယ်တက္ကသိုလ် ကွာရန်တင်းအခန်းများ ပျက်စီးပြီး ကျန်ရစ်

diz_admin

September 5, 2020

သြဂုတ်လ ဒုတိယအပတ်က ယာယီ ပိတ်လိုက်ပြီဖြစ်သော ထားဝယ်တက္ကသိုလ် ကွာရန်တင်းစခန်းနှစ်ခုမှာ အပျက်အစီးများဖြစ်ကာ ကျန်ခဲ့ကြောင်း ယင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သိင်္ဂီရွှေက ပြောသည်။ တန်ဖိုးအားဖြင့် မည်မျှပျက်စီးသွားသည်ကို တွက်ချက်ထားခြင်းမရှိသော်လည်း ကွာရန်တင်းစခန်းရှိ ပြတင်းပေါက်မှန်များ ကွဲအက်ခြင်း၊ တံခါးပေါက်များ ပြုတ်ထွက်ခြင်း၊ အဆောင်မှူးအခန်းကဲ့သို့သော မဝင်ရ သတ်မှတ်ထားသည့် အခန်းများကို တံခါးဖျက်ဆီးပြီး ဝင်ရောက်ခြင်းတို့ ရှိကြောင်း ဒေါက်တာသိင်္ဂီရွှေက ပြောသည်။ ကိုဗစ်ထောက်ပံ့ကြေးကိစ္စ အတိုင်ခံရသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှစ်ဦးအမှု ခရိုင်ဆုံးဖြတ်ချက် စောင့်ဆိုင်း ယင်းကွာရင်တင်းစခန်းနှစ်ခုကို တနင်္သာရီအပတ်စဉ်က သြဂုတ်လ ၂၈ ရက်က သွားရောက်ကြည့်ရှုခဲ့ရာ ရွှေဝယ် ထိပ်ထားအဆောင် အုတ်တံတိုင်းအပေါ် ဘက် သံဆူးကြိုးများကို ချိုးဖျက်ထားသည်ကို တွေ့ခဲ့ရသည်။ အဆောင်အတွင်းဘက်ကိုမူ သော့ခတ်ထားသဖြင့် ဝင်ရောက်ကြည့်ရှုခွင့် မရခဲ့ပေ။ “ပျက်စီးတာကတော့ အတော်တော် များများ […]

မွန်ငါးဖမ်းပိုက်ချက်လေလံ ရောင်းချမှု ကိုဗစ်ကြောင့် သိန်းလေးထောင်ခန့်လျော့

diz_admin

September 5, 2020

လာမည့်နှစ် ငါးဖမ်းလုပ်ငန်းရာသီအတွက် မွန်ပြည်နယ်အတွင်းရှိ ငါးဖမ်း ပိုက်ချက်များကို လေလံတင်ရောင်းချခဲ့ရာ အခွန်ငွေ ကျပ်သိန်းခြောက်ထောင် ကျော်ရရှိသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီးထံမှ သိရသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ပြည်နယ်အတွင်းရှိ ငါးဖမ်းပိုက်ချက် ၁၁၃ ချက်ကို သြဂုတ်လ ၁၁ ရက်နေ့က စတင် လေလံရောင်းချခြင်းမှ ရရှိခဲ့ခြင်း ဖြစ်သည်။ ဘဏ္ဍာရေးစည်းမျဉ်း လုပ်ထုံးလုပ်နည်းနှင့် မညီသည့်အပေါ် အရေးယူမှုမရှိဟုဆို ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် မွန်ပြည်နယ် ငါးဈေးကွက်ပျက်နေသည့် အနေအထားတွင် ငါးလုပ်ငန်းရှင်များ ငါးဖမ်းပိုက်ချက်များကို အပြိုင်အဆိုင်မဝယ်ယူကြသည့်အတွက် လေလံ ရောင်းရငွေလည်း ယမန်နှစ်ကနှင့် နှိုင်းယှဉ်လျှင် လျော့နည်းရရှိခဲ့သည်။ “ဒီနှစ်တော့ တရုတ်ပြည် ငါးဈေးကွက်က ပျက်တော့ တင်ဒါဆွဲသူတွေကလည်း အပြိုင်အဆိုင်ဝယ်ဖို့လျှော့ထားကြတယ်။ ကြမ်းခင်းဈေးကို မီရုံလေး ပေါ့” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ […]

ဘဏ္ဍာရေးစည်းမျဉ်း လုပ်ထုံးလုပ်နည်းနှင့် မညီသည့်အပေါ် အရေးယူမှုမရှိဟုဆို

diz_admin

September 5, 2020

ပြည်သူ့ဘဏ္ဍာရန်ပုံငွေများကို သုံးစွဲရာတွင် ဌာနဆိုင်ရာအချို့မှာ ဘဏ္ဍာရေး စည်းမျဉ်း လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုမရှိသော်လည်း အစိုးရက အရေးယူဆောင်ရွက်မှုမရှိဟု မွန်ပြည် နယ်စာရင်းစစ်ချုပ်၏ အစီရင်ခံစာအရ သိရသည်။ မွန်ပြည်နယ်စာရင်းစစ်ချုပ်၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ အရအသုံးခန့်မှန်းခြေငွေစာရင်း စစ်ဆေးတွေ့ရှိချက်နှင့် ဝန်ကြီးဌာန အချို့တို့၏ ထူးခြားသော စစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို လက်ရှိကျင်းပလျက်ရှိသည့် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့ပြီး အစီရင်ခံစာတွင် ထိုကဲ့သို့ ပါရှိခြင်းဖြစ်သည်။ မွန်တွင် မသန်စွမ်း သောင်းနှင့်ချီ မဲပေးခွင့် ဆုံးရှုံးဖွယ်ရှိ ဘဏ္ဍာငွေများကို သုံးစွဲရာတွင် ဘဏ္ဍာရေး စည်းမျဉ်း လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှုမရှိခဲ့သည့် ဌာနဆိုင်ရာ ကိုးခုကို အရေးယူမှုများဆောင်ရွက်ပေး နိုင်ရန် အကြောင်းကြားစာ ၂၁ စောင် ပေးပို့ခဲ့သည်ဟု အစီရင်ခံစာတွင် ပါရှိသည်။ အကြောင်းကြားစာများနှင့် ပတ်သက်ပြီး အချို့ဆိုလျှင် […]