BREAKING
February 3, 2025

သတင်း

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်သင်တန်းကျောင်းတွင် ပဉ္စမတန်းနှင့် ဆဋ္ဌမတန်း ကျောင်းသားသုံးဆယ်ကျော် ထပ်မံလက်ခံမည်

diz_admin

September 9, 2020

ပဉ္စမတန်း(Grade-6) နှင့် ဆဋ္ဌမ တန်း(Grade-7) ကျောင်းသား သုံးဆယ်ကျော်ကို ကျောင်းဖွင့်ချိန်အထိ ထပ်မံ လက်ခံမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်သင်တန်းကျောင်းထံမှ သိရသည်။ ဆင်းရဲချို့တဲ့၊ မိဘမဲ့ ကလေးငယ်များကို နိုင်ငံတော်စရိတ်ဖြင့် စရိတ်ငြိမ်း ပညာသင်ယူရန် ပဉ္စမတန်း (Grade-6) ကျောင်းသား ၃၀ ဦးနှင့် ဆဋ္ဌမတန်း (Grade-7) ကျောင်းသား ၃၀ ဦးကို သြဂုတ်လ ၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ လျှောက်လွှာခေါ်ယူခဲ့သော်လည်း ကျောင်း အပ်လက်ခံမှုကို အချိန်ထပ်တိုးပေးခဲ့ခြင်း ဖြစ်သည်။ စာသင်ကျောင်းများကို ကွာရန်တင်းစခန်းအဖြစ် ပြန်သုံးမည် လျှောက်ထားသူမှာ နှစ်ဆယ့်လေးဦး သာရှိသဖြင့် သတ်မှတ်ပမာဏပြည့်မီစေရန် သုံးဆယ့်ခြောက်ဦးကို ထပ်မံခေါ် ယူသွားမည်ဖြစ်ကြောင်း တာဝန်ခံ ကျောင်းအုပ် ဦးပန်းအောင်က […]

ကော့သောင်းလျှပ်စစ်တင်ဒါ လျှောက်သူမရှိသေး

diz_admin

September 8, 2020

ကော့သောင်းမြို့နယ် လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်းအတွက် တင်ဒါခေါ်ထားရာ လက်ရှိအချိန်ထိ လျှောက်သည့်ကုမ္ပဏီ မရှိသေးကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးထံမှ သိရသည်။ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်းတင်ဒါလျှောက်လွှာကို သြဂုတ် လ ၈ ရက်နေ့တွင် စတင်ရောင်းချခဲ့ ခြင်းဖြစ်ပြီး စက်တင်ဘာလ ၉ ရက်နေ့ တွင် တင်ဒါပိတ်မည်ဖြစ်သည်။ သို့ရာတွင် စက်တင်ဘာလ ၂ ရက် နေ့အထိ လာလျှောက်သည့်ကုမ္ပဏီ မရှိသေးကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ဆိုသည်။ ကော့သောင်းကိုဗစ်ပိုးတွေ့ သုံးဦးနှင့် ထိတွေ့ မှုရှိခဲ့သူ ၄၀ ဦးကျော်တွင် ပိုးမ‌တွေ့ “အရင်တုန်းကလည်း နောက်ဆုံး ပိတ်ရက်မှ လာလျှောက်ကြတယ်” ဟု ဦးအောင်သူရက ပြောသည်။ လက်ရှိခေါ်ယူထားသည့် တင်ဒါ မှာ ဒုတိယအကြိမ်ပြန်ခေါ်ခြင်းဖြစ်သည်။ ပထမအကြိမ်တင်ဒါကို ယခုနှစ် […]

ကော့သောင်းကိုဗစ်ပိုးတွေ့ သုံးဦးနှင့် ထိတွေ့ မှုရှိခဲ့သူ ၄၀ ဦးကျော်တွင် ပိုးမ‌တွေ့

diz_admin

September 8, 2020

ကော့သောင်းမြို့ရှိ ကိုဗစ်-၁၉ ရောဂါပိုးရှိသည့် သုံးဦးနှင့် ထိတွေ့မှုရှိ ခဲ့သူ ၄၀ ဦး‌ကျော်တွင် ရောဂါပိုးမတွေ့ ရှိကြောင်း ကော့သောင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ လင်းထိုက်ထံမှ သိရသည်။ ကော့သောင်းမြို့တွင် ဟိုတယ် ကွာရန်တင်းဝင်နေသည့် နေရပ်ပြန် သင်္ဘောသားသုံးဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သြဂုတ်လ ၃၀ ရက်နေ့က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ကိုဗစ်ရောဂါဖြစ်ပါက ခံစားရမည့် နောက်ဆက်တွဲရေရည်ဆိုးကျိုးများ အဆိုပါ ကိုဗစ်ပိုးတွေ့သူတို့နှင့် ထိတွေ့မှု ရှိခဲ့သည့် ဟိုတယ်ဝန်ထမ်းများနှင့် သင်္ဘောသားတို့၏ ဓာတ်ခွဲနမူနာ လေးဆယ်ကျော်နှင့် ကွာရန်တင်းစခန်းဝင်သူတို့၏ စုစုပေါင်း ဓာတ်ခွဲနမူနာ ၄၀၁ ခုအား အမျိုးသားဓာတ်ခွဲမှုဆိုင်ရာဌာနသို့ စက်တင်ဘာလ ၂ ရက်နေ့က ပေးပို့ ခဲ့ခြင်း ဖြစ်သည်။ “ကျန်းမာရေးဝန်ထမ်းတွေလည်း ပါတယ်။ […]

ဒယ်လ်ကိုသတ္တုကုမ္ပဏီက သတ္တုလုပ်ကွက်အသစ်လျှောက်ထားမှု ဒေသခံများ သဘောမတူ

diz_admin

September 8, 2020

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် ဒယ်လ်ကို(Delco) သတ္တုကုမ္ပဏီက အကြီးစားသတ္တုလုပ် ကွက်အသစ် စမ်းသပ်တိုင်းတာရန် လျှောက်ထားချက်ကို ဒေသခံများက သဘောမတူသဖြင့် ကန့်ကွက်ရန် ပြင်ဆင်နေကြောင်း ကံပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။ ဒယ်လ်ကိုကုမ္ပဏီသည် လက်ရှိ ကံပေါက်ရှိ မြေဧက နှစ်ထောင်ကျော်ပေါ်တွင် သတ္တုထုတ်လုပ်ခွင့်ကို ၂၀၂၅ ခုနှစ်အထိ လုပ်ကိုင်ခွင့်ရထားသည့် ကုမ္ပဏီတစ်ခုလည်းဖြစ်သည်။ ရေဖြူတွင် ပိတောက်သစ်ခွဲသား ဆယ်တန်ကျော်ဖမ်းမိ ယင်းလုပ်ကွက်အပြင် နောက်ထပ် မြေဧက နှစ်ထောင်ကျော်(၂၁၁၀) ပေါ် တွင် သတ္တုစမ်းသပ်တိုင်းတာရန် လျှောက်ထားလာကြောင်းနှင့် ကန့်ကွက်လိုက ကန့်ကွက်နိုင်ကြောင်း ရေဖြူမြို့နယ် မြေစာရင်းဦးစီးဌာတွင် သြဂုတ်လ ၈ ရက်က စတင်ကြေညာခဲ့သည်။ ယင်းသို့ ကြေညာထားသည်ကို ဒေသခံများက လုံးဝမသိကြောင်း ကံပေါက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်စိုးက ပြောသည်။ ယင်းကြေညာချက်သည် ကံပေါက် […]

ကူးစက်ရောဂါဖြင့် ဝက်များသေနေသည်ဆိုသည့် မမှန်သတင်းကြောင့် ဝက်မွေးသူများအခက်တွေ့

diz_admin

September 8, 2020

မြိတ်မြို့နယ်၊ သစ်ယာဝကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာတချို့တွင် ကူးစက်ရောဂါဖြင့် ဝက်များ သေဆုံးနေသည်ဆိုသည့် မဟုတ်မှန်သတင်းကြောင့် ဝယ်သူမရှိသဖြင့် ဝက်မွေးသူများအခက် တွေ့နေရကြောင်း ယင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဝက်မွေးသူတချို့ထံမှ သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် Facebook ပေါ်တွင် ရင်ထဲကသစ်ယာဝ အမည်ဖြင့် သစ်ယာဝရွာတွင် ဝက်နာ ရောဂါကူးစက်မှုကြောင့် နေ့စဉ်လိုလို ဝက်များသေဆုံးမှုများရှိနေကြောင်းကို ရေးသားထားကြောင်း သစ်ယာဝကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးသိန်းက ပြောပြသည်။ ကိုဗစ်ရောဂါဖြစ်ပါက ခံစားရမည့် နောက်ဆက်တွဲရေရည်ဆိုးကျိုးများ “မြေပြင်အနေအထားမှာက ဒီလို မဟုတ်ပါဘူး” ဟု သစ်ယာဝကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးသိန်းက ပြောသည်။ ကူးစက်ရောဂါဖြင့် နေ့စဉ်သေဆုံး ခြင်းမဟုတ်ဘဲ သေဆုံးခဲ့ရသည့် ဝက်ငါးကောင်အား စနစ်တကျ တွင်းတူးမြှုပ်နှံခဲ့ကြောင်း အုပ်ချုပ်ရေးမှူး ဦးမျိုးသိန်း […]

ရေဖြူတွင် ပိတောက်သစ်ခွဲသား ဆယ်တန်ကျော်ဖမ်းမိ

diz_admin

September 8, 2020

တရားမဝင်ပိတောက်သစ်ခွဲသား ဆယ်တန်ကျော်ကို သြဂုတ်လ ၃၀ ရက်နေ့က မလွှဲတောင်စုပေါင်းစစ်ဆေးရေးစခန်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း ရေဖြူမြို့နယ် သစ်တောဦးစီးဌာနထံမှ သိရသည်။ တရားမဝင်ပိတောက်သစ်ခွဲသား ၅၁ ချောင်း(၁၀.၁၁၈) တန်ကို တင်ဆောင်လာသည့် အဖြူရောင် ခြောက်ဘီးယာဉ် တစ်စီးနှင့်အတူ ယာဉ်မောင်းတစ်ဦးနှင့် ယာဉ်နောက်လိုက်တစ်ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု အထက်ပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သူနာပြုသားဖွားနှင့် ဘက်စုံသားဖွား ဒီပလိုမာသင်တန်း လျှောက်လွှာခေါ်ယူ “သစ်ပိုင်ရှင်က မမိတာလည်း များတယ်ပေါ့။ မတွေ့တာလည်း များတယ်။ ခုနလို ကားနဲ့ ဖမ်းမိလို့ရှိရင်တော့ ယာဉ် မောင်းနဲ့ ယာဉ်နောက်လိုက်ကတော့ ပါတာပေါ့ဗျာ။ သူတို့ကတော့ သစ်ပိုင်ရှင်တော့ မဟုတ်လောက်ဘူး” ဟု တာဝန် ရှိသူက ပြောသည်။ အဆိုပါ ဖမ်းဆီးရမိသူနှစ်ဦးကို သစ်တောဥပဒေပုဒ်မ ၄၂ (က)ဖြင့် ကလိန်အောင်နယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ထားပြီး သစ်ပိုင်ရှင်ကိုမူ […]

သူနာပြုသားဖွားနှင့် ဘက်စုံသားဖွား ဒီပလိုမာသင်တန်း လျှောက်လွှာခေါ်ယူ

diz_admin

September 8, 2020

သူနာပြုသားဖွား ဒီပလိုမာသင်တန်း နှင့် ဘက်စုံသားဖွား ဒီပလိုမာသင်တန်းအတွက် လျှောက်လွှာခေါ်ယူနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(သူနာပြု)က ပြောသည်။ လျှောက်လွှာတစ်စောင်လျှင် ကျပ်တစ်ထောင်ဖြင့် သြဂုတ်လ ၁၁ ရက် မှ စတင်ရောင်းချပေးနေပြီး လျှောက်ထား သူသည် ကျန်းမာရေး စောက်ရှောက်မှု လုပ်ငန်းများကို ကောင်းမွန်စွာ ဆောင်ရွက် နိုင်ရန်အတွက် ကျန်းမာရေးကောင်းမွန်မှု အဆင့်ပြည့်မီရမည်ဖြစ်ကြောင်း လက် ထောက်ညွှန်ကြားရေးမှူး(သူနာပြု)က ပြောသည်။ တစ်ညအတွင်း ညမထွက်ရ အမိန့်ဖောက်ဖျက်သူ လေးဆယ်ကျော် အရေးယူ လျှောက်လွှာများကို တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန (သူနာပြု)တွင် လူကိုယ်တိုင် လာရောက် လျှောက်ထားရမည်ဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်ကျန်းမာရေးဦးစီးဌာနများ သို့လည်း လျှောက်လွှာများကို ပေးပို့ထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။ လက်ရှိတွင် လျှောက်လွှာလာဝယ်သူ လူဦးရေသုံးရာကျော်ပြီဖြစ်ကြောင်း […]

တနင်္သာရီဂျာနယ်အမှု အထူးအယူခံ ဆက်တက်

diz_admin

September 8, 2020

တနင်္သာရီတိုင်းအစိုးရက တရားစွဲ ဆိုခဲ့သည့် တနင်္သာရီဂျာနယ်အမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် စက်တင်ဘာလ ၂ ရက်နေ့က အထူးအယူ ခံတင်ထားကြောင်း ဂျာနယ်ဘက်မှ အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ဇာနည်စိုးက ပြောကြားသည်။ အထူးအယူခံတင်ထားသည့်အပေါ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမှုအမှတ်ထွက်ပြီးဖြစ်ကာ အမှုကို လက်ခံသင့်/မသင့် ကြားနာရန် ကျန်နေသေးကြောင်း ၎င်းက ဆိုသည်။ COVID-19 ကာလ အလုပ်သွားအလုပ်ပြန်သင့်ခရီးစဉ်တစ်လျှောက်ရောဂါမှ ကာကွယ်နိုင်ရန် လိုက်နာရမည့် အချက်များ တနင်္သာရီဂျာနယ်၏အမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ် (တစ်ပါးထိုင်) က ဇူလိုင်လ ၁၇ ရက်နေ့တွင် ပယ်ချထားသည်။ ထိုကြောင့် လက်ရှိတွင် အထူးအယူခံ (နှစ်ပါးထိုင်) ဆက်တင်ခြင်းဖြစ်ကြောင်း ဦးအောင်ဇာနည်စိုးက ဆိုသည်။ “နိုင်ငံသားအခွင့်အရေးတွေ၊ သတင်း မီဒီယာရဲ့အခွင့်အရေးတွေနဲ့ ပတ်သက်ပြီးတော့ ရချင်တဲ့အတွက် ရေဆုံးရေဖျား လိုက်တာပါ” ဟု ဦးအောင်ဇာနည်စိုးက ပြောသည်။ […]