BREAKING
February 4, 2025

သတင်း

ယာဉ်မောင်းလိုင်စင်အသစ် လုပ်ပေးမှု ရပ်နား

diz_admin

September 11, 2020

ကိုဗစ်ရောဂါဖြစ်ပွားမှု ပြန်များလာသဖြင့် ယာဉ်မောင်းလိုင်စင်အသစ်များ ပြုလုပ်ပေးနေမှုကို စက်တင်ဘာလ ၃ ရက်နေ့မှစတင်ကာ ရပ်နားလိုက်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာန(ကညန) ထံမှ သိရသည်။ ယာဉ်မောင်းလိုင်စင်အသစ်လုပ်ရာတွင် လူစုလူဝေးဖြစ်စေသည့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ သင်တန်းကို ရပ်ဆိုင်းရန် ညွှန်ကြားလာသည့်အတွက် လိုင်စင်အသစ်မလုပ်ပေးတော့ ကြောင်း ကညနဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးထင်ပေါ်က ဆိုသည်။ ဖုန်းကုမ္ပဏီဝန်ထမ်းတစ်ဦး ငွေကျပ် သိန်းတစ်ရာကျော်လိမ်လည် သို့သော် ယာဉ်လိုင်စင်သက်တမ်း တိုးခြင်းများကိုမူ မပိတ်သေးကြောင်း ၎င်းက ဆိုသည်။ ကိုဗစ်ကပ်ဘေးစဖြစ်ချိန်က ကညန ရုံးလုပ်ငန်းများကို မတ်လ ၂၃ ရက်မှ ဇွန်လဆန်းအထိ ပိတ်ခဲ့ပြီး ယာဉ်မောင်း လိုင်စင်အသစ် လုပ်ခြင်းကို သြဂုတ်လ ၄ ရက်နေ့တွင် ပြန်လည်ခွင့်ပြုခဲ့သည်။ ယင်းနောက် လက်ရှိတွင် ကိုဗစ်ဒုတိယလှိုင်းဖြစ်လာသည့်အတွက် ပြန်ပိတ် လိုက်ခြင်းဖြစ်သည်။ […]

ကလေးသူငယ်များ မူးယစ်ဆေး ရောင်းဝယ်သုံးစွဲမှု ပိုများလာ

diz_admin

September 10, 2020

တိုင်းအတွင်း ကလေးသူငယ်မှုခင်းများတွင် မူးယစ်ဆေး ရောင်းဝယ်သုံးစွဲ မှုသည် ပြီးခဲ့သည့်နှစ်ကထက် ပိုများလာသည်ဟု တနင်္သာရီတိုင်းဒေသကြီးလူမှု ဝန်ထမ်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလ ကုန်အထိ တစ်နှစ်စာ စာရင်းများအရ ကလေးသူငယ်များ မူးယစ်ဆေး ရောင်းချ ခြင်းနှင့် သုံးစွဲခြင်းအမှုပေါင်း ခြောက်မှု သာ ရှိခဲ့သော်လည်း ယခု ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လကုန်အထိ ခုနစ်လစာ စာရင်းများအရ မူးယစ်ဆေးရောင်း ချခြင်းနှင့် သုံးစွဲခြင်းမှုခင်း ဖြစ်ရပ်ပေါင်း ၁၀ မှုဖြစ်ပွားခဲ့သည်ဟု အထက်ပါဌာနမှ တာဝန်ရှိသူက ဆိုသည်။ ဒယ်လ်ကိုသတ္တုကုမ္ပဏီက သတ္တုလုပ်ကွက်အသစ်လျှောက်ထားမှု ဒေသခံများ သဘောမတူ “ကလေးသူငယ်ဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်ပဲလေ။ ဒီအနာဂတ် ကလေး သူငယ်တွေမှာ ဒီလိုပြစ်မှုတွေ များနေတယ်ဆိုတော့ လုံးဝကို […]

ခိုးဝင်လာသည့် ထိုင်းနိုင်ငံသားထံမှ ဘိန်းစာရွက်မိ၊ မူးယစ်ဆေးဥပဒေအပြင် လဝကဥပဒေဖြင့်ပါ အမှုဖွင့်

diz_admin

September 10, 2020

ကော့သောင်းမြို့နယ်အတွင်း ခိုးဝင်လာသည့် ထိုင်းနိုင်ငံသားထံမှ ဘိန်းစာရွက်ဖမ်းမိသဖြင့် မူးယစ်ဆေး ဥပဒေပုဒ်မအပြင် လဝကဥပဒေပုဒ်မ ဖြင့်ပါ အမှုဖွင့်ထားကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အထက်လုံးဖောကျေးရွာတွင် ထိုင်းနိုင်ငံသားတစ်ဦး ရောက်နေကြောင်း သတင်းအရ သြဂုတ်လ ၁၂ ရက်နေ့က သွားရောက် စစ်ဆေးရာ အသက် ၂၆ နှစ်အရွယ် ထိုင်းနိုင်ငံသား အမျိုးသားတစ်ဦးကို တွေ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ကော့သောင်းကိုဗစ်ပိုးတွေ့ သုံးဦးနှင့် ထိတွေ့ မှုရှိခဲ့သူ ၄၀ ဦးကျော်တွင် ပိုးမ‌တွေ့ အဆိုပါ အမျိုးသားကိုင်ထားသည့် ဆာလာအိတ်ကို စစ်ဆေးရာ ဘိန်းစာ ရွက်အစို နှစ်ကီလိုဂရမ်ခန့်ကို တွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ဘိန်းစာရွက်များဖမ်းမိသည့် အမျိုးသားကို သက်ဆိုင်ရာ မူး/စိတ် ဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားသည့်အပြင် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး […]

မဲပေးသူများသည့် မဲရုံများအတွက် မဲရုံအဖွဲ့ဝင်များ တိုးခန့်မည်

diz_admin

September 10, 2020

ကိုဗစ် စည်းကမ်းချက်နှင့်အညီ မဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်များသည့် မဲရုံများတွင် မဲရုံအဖွဲ့ဝင်များကို အဆိုင်းများခွဲကာ တိုးမြှင့်ခန့်သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံးထံမှ သိရသည်။ ကိုဗစ်ကာလတွင် (Social Distancing) တစ်ဦးနှင့် တစ်ဦး ခြောက်ပေအကွာမှ နေကာ မဲပေးရမည်ဖြစ်သောကြောင့် အချိန်လုံလောက်မှုရှိစေရန်အတွက် ယင်းသို့ စီစဉ်ရခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံး ဥက္ကဋ္ဌ ဦးသန်းညွှန့်က ပြောသည်။ ကိုဗစ်ရောဂါဖြစ်ပါက ခံစားရမည့် နောက်ဆက်တွဲရေရည်ဆိုးကျိုးများ “ဘယ်လို အဆိုင်းတိုးမယ်ဆိုတာ အသေးစိတ်ကတော့ မရှိသေးဘူး။ အောက်ကနေ ပြန်တက်လာတဲ့အပေါ်မူ တည်ပြီးလုပ်ပေးမယ်” ဟု ၎င်းက ပြောသည်။ မဲဆန္ဒရှင် တစ်ထောင်ရှိသည့် မဲရုံတွင် အဖွဲ့တစ်ဖွဲ့၊ တစ်ထောင်ထက်ပိုပါက အဖွဲ့နှစ်ဖွဲ့၊ နှစ်ထောင်ထက်ပိုပါက သုံးဖွဲ့ ချထားပေးရန် စီစဉ်နေခြင်း ဖြစ်သည်။ အဖွဲ့များ တိုးပေးနိုင်ရန်အတွက် […]

ရွှေဝယ်သီရိရုပ်ရှင်ရုံ ဖျက်ပြီးပြန်ဆောက်မည့်အပေါ် ဘုံကျောင်းဂေါပက အဖွဲ့ ကန့်ကွက်

diz_admin

September 10, 2020

ထားဝယ်မြို့ရှိ ရွှေဝယ်သီရိရုပ်ရှင်ရုံကို ဖျက်ပြီးအသစ်ပြန်ဆောက်မည့်အပေါ် ဘုံကျောင်းဂေါပကအဖွဲ့က တနင်္သာရီတိုင်း ဝန်ကြီးချုပ်ထံ ကန့်ကွက်စာ ပေးပို့ခဲ့သည်။ အဆိုပါရုပ်ရှင်ရုံမြေနေရာမှာ ကျမ်းတိတ်ဗုဒ္ဓဘာသာဘုရားကျောင်းပိုင် ဖြစ်သည့်အတွက် လုပ်ငန်းရှင်တစ်ဦးက ရုပ်ရှင်ရုံ အဆောက်အအုံဟောင်းကို ဖျက်ပြီးအသစ်တည်ဆောက်မည့်အပေါ် ကန့်ကွက်ခဲ့ခြင်းဖြစ်ကြောင်း ဘုံကျောင်း ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးခင်မင်း က ဆိုသည်။ ကော့သောင်းလျှပ်စစ်တင်ဒါ လျှောက်သူမရှိသေး ကန့်ကွက်စာကို ဝန်ကြီးချုပ်အပြင် တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့တိုင်ကြားစာနှင့် အသနားခံစာများ စိစစ် ရေးကော်မတီထံလည်း စက်တင်ဘာလ ၂ ရက်နေ့က ပေးပို့ထားသည်။ ကန့်ကွက်စာတွင် ဂေါပကအဖွဲ့အပါအဝင် အခြားလူ လေးဆယ်ဦးကလည်း လက်မှတ်ထိုး တင်ပြထားသည်။ အဆိုပါရုပ်ရှင်ရုံကို ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်က ၁၉၉၉ ခုနှစ်တွင် စီးပွားရေးလုပ်ငန်းရှင်ထံ စည်းကမ်း သတ်မှတ်ချက်များဖြင့် အပြီးအပိုင် ရောင်းချထားကြာင်း တိုင်းအစိုးရအဖွဲ့ ထံမှ သိရသည်။ အထက်ပါ […]

ကုမ္ပဏီများနှင့် ဥပဒေပြင်ပက စောင်းကောက်ကျွန်း

diz_admin

September 10, 2020

စောင်းကောက်ကျွန်းရှိ မြေနေရာ ဧကတစ်ထောင်ကျော်(၁၁၇၀) အပေါ် တွက် ကုမ္ပဏီအချို့သည် ဥပဒေမဲ့ ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်နေကြမှုနှင့် ရသင့်သည့် အခွန်များ မရသည့်ကိစ္စကို ကျွန်းစုမြို့နယ်က တိုင်းလွှတ်တော်ကိုယ် စားလှယ် ဒေါက်တာထူးနေအောင်က မေးခွန်းထုတ်လိုက်သည်။ စက်တင်ဘာလ ၄ ရက်က ပြုလုပ်သည့် တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေး၌ စောင်းကောက်ကျွန်းပေါ်တွင် ဥပဒေနှင့်အညီ ခွင့်ပြုချက်လျှောက်ထားသည့် ကုမ္ပဏီများကို ဥပဒေအတိုင်း မျှတစွာ ဆောင်ရွက်ပေးရန် ရှိ/မရှိကို မေးမြန်းရာတွင် ထည့်သွင်းမေးခွန်း ထုတ်လိုက်ခြင်းဖြစ်သည်။ “စောင်းကောက်ကျွန်းအပေါ်မှာ ကုမ္ပဏီအသီးသီးကနေပြီးတော့ လျှောက် ထားတဲ့အပေါ်မှာ စိစစ်တဲ့အခါကျတော့ ဥပဒေနဲ့အညီလျှောက်ထားတဲ့ ကုမ္ပဏီတွေကို တွေ့ရသလို ဥပဒေမဲ့လုပ်တဲ့ လုပ်ငန်းစဉ်တွေလဲတွေ့ရတယ်” ဟု ဒေါက်တာထူးနေအောင်က ဆိုသည်။ စောင်းကောက်ကျွန်းသည် ကော့သောင်းမြို့နယ် ဇာဒက်ကြီးကျေးရွာ အုပ်စုတွင် တည်ရှိသည်။ ကုမ္ပဏီများနှင့် စောင်းကောက်ကျွန်းရသင့်ရထိုက်သည့် အခွန်မရသည့်အကြောင်းနှင့် ကုမ္ပဏီအချို့ […]

တိုင်းအတွင်း အနာကြီးရောဂါ လူနာအသစ် ရှစ်ဦးရှိသည်ဟုဆို

diz_admin

September 10, 2020

တိုင်းအတွင်း အနာကြီးရောဂါ လူနာအသစ် ရှစ်ဦးရှိသည်ဟု တနင်္သာရီ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊ အနာကြီးရောဂါတိုက်ဖျက်ရေး အဖွဲ့ထံမှ သိရသည်။ ယခု ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ စာရင်းဖြစ်ပြီး ထားဝယ် ခရိုင်တွင် သုံးဦးနှင့် မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တွင် ငါးဦးတို့ ဖြစ်သည်။ COVID-19 ကာလ အလုပ်သွားအလုပ်ပြန်သင့်ခရီးစဉ်တစ်လျှောက်ရောဂါမှ ကာကွယ်နိုင်ရန် လိုက်နာရမည့် အချက်များ အနာကြီးရောဂါမှာ လူဦးရေ တစ်သောင်းတွင် တစ်ဦးခန့်သာဖြစ်ပွား တတ်ပြီး တိုင်းအတွင်းရှိ မြို့နယ်ဆယ်ခုတွင် လူဆယ်ဦးမှ နှစ်ဆယ်ဦးအထိ နှစ်စဉ် ဖြစ်ပွားသူအသစ်များရှိနေသည် ဟု အထက်ပါအဖွဲ့မှ လက်ထောက် ကျန်းမာရေးမှူးက ပြောသည်။ ရောဂါတွေ့ရှိရသူအများစုသည် ထိုင်းနိုင်ငံမှ ပြန်လာသူများနှင့် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး စသည့် ဒေသများမှ […]

ပိုးကိုက်ခံရသည့် ပင်လယ်

diz_admin

September 9, 2020

ငါးဖမ်းစက်လှေတို့၏ မရေရာသည့်အနာဂတ် ယခုနှစ်ငါးဖမ်းရာသီတွင် ငါးဈေးကွက် မရှိသည့်အတွက် တိုင်းအတွင်းရှိ ကမ်းဝေးငါးဖမ်းလှေထက်ဝက်ကျော်မှာ ယာယီ ရပ်နားထားရသည်။ သြဂုတ်လ ၃၁ ရက်တွင် ငါးမဖမ်းရရာသီ ကုန်ဆုံးပြီး စက်တင်ဘာလ ၁ ရက်နေ့တွင် ကမ်းဝေးငါးဖမ်းလှေများ နှစ်စဉ် ပင်လယ် ပြင်သို့ ပုံမှန် ပြန်လည်ထွက်ခွာလေ့ရှိကြသည်။ သို့သော် ယခုနှစ်တွင်မူ တချို့ တဝက်သာ ထွက်ခွာနိုင်တော့သည်။ တိုင်းအတွင်း ကမ်းဝေးငါးဖမ်းလှေ ထက်ဝက်ကျော် လောလောဆယ်တွင် ရပ်နားထားရသည်ဟု တနင်္သာရီတိုင်း ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများက ပြောသည်။ တနင်္သာရီတိုင်းအတွင်း ကမ်းဝေးငါးဖမ်းလှေ တစ်ထောင့်လေးရာခန့်ရှိနေသည်။ မြိတ်ဒေသမှ ထွက်သည့် ရေထွက်ပစ္စည်း ကိုးဆယ်ရာခိုင်နှုန်းအား ထိုင်းနိုင်ငံ ရနောင်းသို့ နှစ်စဉ်ပုံမှန် တင်ပို့နေရပြီး ကိုဗစ်ကြောင့် ယခုအခါ ရေထွက်ပစ္စည်းများမှာ ဈေးနှုန်းထက်ဝက်ကျော် ကျဆင်းနေသည်။ ထိုင်းကုန်သည်တို့အနေနှင့်လည်း […]