မြေယာပြဿနာအရေး ဌာနဆိုင်ရာတွေ မရိုးမသားလုပ်နေသလား
diz_admin
September 16, 2020စက်တင်ဘာလ ၁၁ ရက်ကပြုလုပ်တဲ့ တိုင်းလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ဥက္ကဋ္ဌပြောဆိုလိုက်တဲ့ စကားတစ်ခွန်းကြောင့် တိုင်းအတွင်းက မြေယာပြဿနာတွေကို ဌာနဆိုင်ရာတွေက ဖြေရှင်းတဲ့နေရာမှာ မှန်ကန်မှု မရှိဘဲ ဘက်လိုက်ဆောင်ရွက်နေတာ တွေရှိနေသလားဆိုတာ မေးခွန်းထုတ် စရာရှိလာပါတယ်။ တိုင်းလွှတ်တော် မြေယာအငြင်းပွား မှုစောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့က တင်သွင်းတဲ့ အစီရင်ခံစာလေးစောင်နဲ့ ပတ်သက်ပြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက အောက်ပါအတိုင်း ပြောဆိုခဲ့ပါတယ်။ “မြေယာပြဿနာများ ပေါ်ပေါက်အောင် တမင်ရည်ရွယ်ချက်နှင့် မမှန်မကန် ဘက်လိုက်ဆောင်ရွက်နေသူ နိုင်ငံ့ ဝန်ထမ်းများကိုလည်း ထိရောက်စွာ ဖော်ထုတ်အရေးယူပေးပါလို့ ထောက်ပြ လိုပါတယ်” ပိုလျှံရန်ပုံငွေများ ဖောင်းပွနေကြောင်း လွှတ်တော်ဒုဥက္ကဋ္ဌ ဝေဖန် ဌာနဆိုင်ရာများ၊ နိုင်ငံ့ဝန်ထမ်းများ ဆိုတဲ့နေရာမှာ မြေယာပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ ပါဝင်ပတ်သက်တဲ့ ဌာနဆိုင်ရာက ဝန်ထမ်း အဆင့်ဆင့်ကို ဆိုလိုပါတယ်။ လွှတ်တော်ဥက္ကဋ္ဌက အဲဒီစကားကို ပြောဆိုခဲ့တဲ့အကြောင်းကို ဆက်ပြောရရင် […]