BREAKING
February 4, 2025

သတင်း

လောင်းလုံးဆေးရုံအဆောင်သစ် ယခုလကုန် စသုံးမည်

diz_admin

September 17, 2020

ယခင်လောင်းလုံးမြို့နယ်ဆေးရုံအဆောင်အဟောင်း အနောက်ဘက်တွင် တည်ဆောက်ထားသည့် နှစ်ထပ်ဆေးရုံ အဆောင်အသစ်ကို ယခုလကုန်တွင် စတင်အသုံးပြုတော့မည်ဖြစ်ကြောင်း ယင်းဆေးရုံအုပ် ဒေါက်တာမင်းညွန့်ဝင်း က ပြောသည်။ လက်ရှိအသုံးပြုနေဆဲ အဆောင်အဟောင်းရှိ ဓာတ်ခွဲခန်း၊ လူနာအဆောင်များမှာ ဟောင်းနွမ်းပြီး ကျပ်တည်းနေသဖြင့် အဆောင်အသစ်ကို ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း ဒေါက်တာ မင်းညွန့်ဝင်းက ပြောသည်။ မြန်မြန် လာခေါ်ကြပါ ယင်းဆေးရုံသည် ၂၅ ကုတင်ဆံ့ ဆေးရုံတစ်ခုဖြစ်သော်လည်း အဆောင်အသစ်ကို စတင်အသုံးပြုပါက ယင်း ပမာဏထက် လူနာဦးရေတိုးပြီး ကုသနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “အဆောင်အသစ်က ခပ်ကျယ်ကျယ် ဝန်းဝန်းလေးနဲ့ တော်တော်ကြီးကြီး မားမားလေးပါ” ဟု ၎င်းကဆိုသည်။ အဆောင်အဟောင်းတွင်မူ ပြည်သူ့ကျန်းမာ၊ အစည်းအဝေးခန်းမ၊ သွားဆေးကုခန်း၊ ပစ္စည်းသိုလှောင်ရုံ စသည့်ဖြင့် ဆက်လက်အသုံးပြုမည်ဖြစ်သည်။ ဆေးရုံ အဆောင်အသစ်နှင့်အတူ လေးခန်းတွဲ သုံးထပ် သူနာပြုအဆောင်အသစ်တစ်ခုလည်း […]

ဖျားနာဆေးကုသခန်း ဖွင့်လှစ်သည့် သုံးလတာတွင် လူနာဦး‌ရေ ရှစ်ရာဦး‌ကျော် ကုသပေးခဲ့

diz_admin

September 17, 2020

မြိတ်မြို့ မြို့သစ်ရပ်ကွက်တွင် ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့က ဖွင့်လှစ်ခဲ့သည့် ဖျားနာ အခမဲ့ဆေးကုသခန်း (Fever Client 4) တွင် သုံးလကြာအထိ လူနာဦး‌ရေ ရှစ်ရာဦး‌ကျော် ဆေးဝါးများ ကုသပေးနိုင်ခဲ့ကြောင်း ယင်းဆေးခန်း ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။ အဆိုပါ ဖျားနာဆေးကုသခန်းအား မြန်မာနိုင်ငံဆရာဝန်အသင်း (မြိတ်)၊ မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအထောက်အကူပြု ကော်မတီ၊ မြိတ်ခရိုင် ကိုဗစ်-၁၉ ကာကွယ်ရေး အရပ်ဘက်ပူးပေါင်းကော်မတီနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း( မြိတ်)တို့မှ ပူးပေါင်းဖွင့်လှစ်ထားခြင်းဖြစ်သည်။ ကြံချောင်းတွင် ဗိုလ်ချုပ်ပုံပေါ်သည်ဟုဆိုကာ လူအများနေ့စဉ်လာရောက် ကြည့်ရှု ဖျားနာ အခမဲ့ဆေးကုသခန်းအား နှစ်လသာဖွင့်ရန် စီစဉ်ထားသော်လည်း ‌လိုအပ်ချက်အရ တစ်လထပ်တိုး ဖွင့် လှစ်ခဲ့ကာ ဆေးကုသခန်းနေရာနှင့် အခြား အခြေအနေတို့ကြောင့် သြဂုတ်လ ၂၉ ရက်နေ့မှစပြီး […]

ကိုဗစ်ကြောင့် ကွန်ပျူတာရောင်းအားတက်

diz_admin

September 17, 2020

ကိုဗစ်ကာလအတွင်း ကွန်ပျူတာ ရောင်းအားမှာ မြင့်တက်ခဲ့ကြောင်း ထားဝယ်မြို့ အီလက်ထရောနစ်ဈေးကွက်မှ စုံစမ်းသိရှိရသည်။ ကိုဗစ်ကာလတွင် အွန်လိုင်းဆွေး နွေးပွဲများနှင့် အွန်လိုင်းမှ စာသင်ကြားမှုများကြောင့် ကွန်ပျူတာဝယ်ယူအသုံးပြုသူမှာ ကိုဗစ်မဖြစ်ခင်ကထက် ၇၅ ရာခိုင်နှုန်းခန့်အထိ ရောင်းအားတက် လာကြောင်း DCOM ကွန်ပျူတာ အရောင်းဆိုင်ပိုင်ရှင် ဦးရန်ပိုင်က ပြောသည်။ “ရှင်းရှင်းပြောမယ်ဆိုရင် ပစ္စည်းက ကုမ္ပဏီက သွင်းကို မနိုင်ဘူးတော့ဘူး ပေါ့နော်။ ကျွန်တော်တို့ လုနေရတဲ့အဆင့် ထိ ဖြစ်သွားတယ်ပေါ့နော်” ဟု ဦးရန်ပိုင် က ဆိုသည်။ ကိုဗစ်မဖြစ်ခင်က တစ်လလျှင် အလုံး ၃၀ ဝန်းကျင်ခန့်သာ ‌ရောင်းရသော်လည်း ကိုဗစ် ပထမလှိုင်းမှ စတင်ကာ ပစ္စည်း ရောက်လာသည်နှင့် ကုန်နေသဖြင့် အလုံးရေကို ခန့်မှန်း၍မရကြောင်း ၎င်းက ပြောသည်။ ၀ဥဈေး ကျပ်သုံးရာခန့် […]

ရေဖြူမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ် ဖျက်ဆီးခံရ

diz_admin

September 17, 2020

ရေဖြူမြို့နယ်၊ ပုဂေါဇွန်းကျေးရွာ အုပ်စု၊ သဗြေဇွန်းရွာတွင် ဘုန်းကြီးကျောင်းအနီး စိုက်ထူထားသည့် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တစ်ခုမှာ စက်တင်ဘာလ ၁၁ ရက်ည ဆယ်နာရီ ဝန်းကျင်တွင် ဖျက်ဆီးခံလိုက်ရကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။ စက်တင်ဘာလ ၁၀ ရက်က စိုက်ထူထားသောဆိုင်းဘုတ်မှာ နောက်တစ်နေ့ညပိုင်းတွင် ဖျက်ဆီးခံလိုက်ရခြင်းဖြစ်သည်။ “လူဖျက်ဆီထားတာလို့ ပြောလို့ ရတယ်။ လေကြောင့် လဲကျသွားတာမျိုး မဟုတ်ဘူး” ဟု ပုဂေါဇွန်းအုပ်ချုပ်ရေးမှူး ဦးယူစွမ်က ဆိုသည်။ သစ်သားတိုင်နှစ်တိုင်ဖြင့် စိုက်ထူထားသည့် ဆိုင်းဘုတ်၏ တိုင်တစ်ဘက်ကို ဆွဲနုတ်ထားပြီး ကျိူးနေသည်ကို တွေ့ရကြောင်း ၎င်းက ပြောသည်။ ယင်းဆိုင်းဘုတ်ဖျက်ဆီးခံရသည့် ကိစ္စကို ရေဖြူမြို့မရဲစခန်းထံတိုင်ကြားထားကြောင်း ရေဖြူမြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးနိုင်ဦးက ပြောသည်။ “ကျွန်တော်ကတော့ ဒီကိစ္စကို ထိထိ ရောက်ရောက်အရေးယူခိုင်းမယ့် အစီအစဉ်ရှိတယ်” ဟု ၎င်းက […]

တက္ကသိုလ် ဆရာ၊ ဆရာမများကို ကျန်းမာရေးစရိတ် ထောက်ပံ့ပေးမည်

diz_admin

September 17, 2020

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များရှိ ဆရာ၊ ဆရာမများကို ဆရာများ သမဂ္ဂကွန်ရက်မှ ကျန်းမာရေးစရိတ် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ယင်း သမဂ္ဂထံမှ သိရသည်။ သာမန် ဖျားနာမဟုတ်သည့် နည်တာရှည်ရောဂါ၊ ခွဲစိတ်ကုသရန်လို အပ်သောရောဂါများနှင့် ဆေးရုံ၊ ဆေးခန်းသို့ တက်ရောက်ကုသရန်လိုအပ်သော ရောဂါများအတွက် ထောက်ပံ့ကြေးပေးအပ်မည်ဖြစ်ကြောင်း ဆရာများသမဂ္ဂ ကွန်ရက် ဒုဥက္ကဋ္ဌ ဦးလှိုင်တင့်က ပြောသည်။ မြိတ်ခရိုင် ၈၈ မျိုးဆက်က ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဆွေးနွေး “စတင်နိုင်မယ့် အချိန်ကတော့ အောက်တိုဘာငါးရက်နေ့ပေါ့။ ကမ္ဘာ့ ဆရာများနေ့မှာ ဒီအစီအစဉ်ကို စတင် နိုင်ဖို့ လျာထားပါတယ်။ အရင်ဆုံး ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ဝင်တော့ လုပ်ရပါမယ်” ဟု ဦးလှိုင်တင့်က ပြောသည်။ တက္ကသိုလ် ဆရာ၊ ဆရာမအများစုမှာ ကျန်းမာရေးမကောင်းပါက ငွေကုန် ကြေးကျများသဖြင့် ဆေးရုံ၊ ဆေးခန်းသို့ […]

အတည်ပြု ထားဝယ်မြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်း၏ ထူးခြားချက်များ

diz_admin

September 17, 2020

ထားဝယ်မြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်းအပိုင်း (၁) ကို စက်တင်ဘာလ ၇ ရက်က ပြုလုပ်သော တိုင်းလွှတ်တော်ပုံမှန် အစည်းအဝေးတွင် အတည်ပြုလိုက်ပြီဖြစ်သည်။ အဆိုပါမြို့ဖွံ့ဖြိုးရေးစီမံကိန်း၏ ထူးခြားချက်များကို တိုင်းလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေး ကော်မတီ၏ အစီရင်ခံစာအား ကိုးကားပြီး အများပြည်သူသိရှိရန်အတွက် ထုတ်နုတ်ဖော်ပြပေးပါမည်။ အဆိုပါ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း တည်နေရာအပိုင်း(၁)မှာ ထိန်သစ်ရပ်ကွက် ကမြောကင်းလမ်းနှင့် ဆိပ်ကမ်းသာလမ်း(ကမ်းနားလမ်း) အကြားတွင် တည်ရှိသည်။ ၀င်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ခြင်းကို သုံးလနောက်ဆုတ်ပေး ယင်းမြို့ပြစီမံကိန်းအား အရှေ့ဘက်တွင် ထိန်သစ်ရပ်ကွက်၊ အနောက်ဘက်တွင် ထားဝယ်မြစ်၊ တောင်ဘက်တွင် ရွှေဂူချောင်းနှင့် ဆန်းချီရပ်ကွက်၊ မြောက်ဘက်တွင် ထားဝယ်မြစ်တို့က ဝန်းရံထားကြသည်။ စီမံကိန်းအား အဆင့်နှစ်ဆင့် ထပ်ခွဲထားသည်။ အဆင့် (၁) နေရာမှာ ဆန်းချီချောင်းအောက်ဘက်(တောင်ဘက်)၊ အဆင့်(၂) နေရာမှာ ဆန်းချီချောင်း […]

မြန်မာ-ထိုင်းနယ်စပ်ရှိရွာသို့ဆက်ရန်လမ်းအတွက် ကျပ်သန်းတစ်ရာကျော် လျာထား

diz_admin

September 17, 2020

မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ချောင်းလမုကျေးရွာအုပ်စု အေးမွန်သာရွာ (ခေါ်)ချောင်ချိ ကျေးရွာသို့ ဆက်သွယ်မည့် လမ်းအတွက် ကျပ်သန်းတစ်ရာကျော် လျာထားကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရ က ပြောကြားသည်။ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးတွင် တနင်္သာရီ မဲဆန္ဒနယ်အမှတ် ၂ မှ ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ၏ မေးခွန်းအား ဖြေဆိုရာတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ မြိတ်ခရိုင် ၈၈ မျိုးဆက်က ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဆွေးနွေး အေးမွန်သာရွာ ( ခေါ်) ချောင်ချိနှင့် ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့သို့ ဆက်သွယ်မည့်လမ်းအား လမ်းဦးစီးဌာနမှ နှစ်စဉ်ဘဏ္ဍာရန်ပုံငွေ ထည့်သွင်းလျာထားပြီး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက မေးမြန်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ […]

မွန်ပြည်နယ်တွင် ဝင်ပြိုင်ကြမည့် ပါတီကြီးအချို့ အပြိုင်စတင်မဲဆွယ်

diz_admin

September 16, 2020

မွန်ပြည်နယ်တွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီများအနက်မှ အင်အားကြီး ပါတီတချို့မှာ စက်တင်ဘာ ၈ ရက်နေ့တွင် အပြိုင်အဆိုင် စတင်မဲဆွယ်နေကြပြီ ဖြစ်သည်။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးကာလကို စက်တင်ဘာ ၈ ရက်နေ့ကစပြီး ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုလိုက်ခြင်းဖြစ်ပြီး မွန်ပြည်နယ်တွင် လွှတ်တော် မဲဆန္ဒ ၄၅ နေရာစလုံး ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ ယင်းနေ့ကပင် မဲဆွယ်စည်း ရုံးရေး စတင်လုပ်ဆောင်ခဲ့သည်။ “ဒီနေ့ကတော့ ကျွန်တော်တို့ မဲ ဆန္ဒရှင်တွေဆီတော့ မသွားသေးဘူး ခင်ဗျ။ ဒီနေ့ကတော့ ရပ်ကွက်အလိုက် ကျေးရွာအလိုက်ကို ကျွန်တော်တို့ ပါတီ ဝင်အင်အားတွေ စုပြီးတော့ လူမှုအကျိုး ပြုလုပ်ငန်းတွေလုပ်ပါဆိုပြီး အဲဒါနဲ့ စပါတယ်” ဟု ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ၊ မွန်ပြည်နယ်မှ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမော်ဦး က […]