ပုလောဒေသခံတစ်ဦး စစ်ကောင်စီတပ် စစ်ကြောရေးတွင် သေဆုံး
Dawei Watch
January 29, 2025ပုလောမြို့နယ် တပိုရွာတွင် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် အရပ်သားတစ်ဦး စစ်ကြောရေးတွင် သေဆုံးသွားကြောင်း ဒေသခံအချို့နှင့်မိသားစုဝင်ထံမှ သိရသည်။ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် တပိုကျေးရွာအတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က အရပ်သားသုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအချို့က ဆိုသည်။ ဦးကြည်စိုး၊ ဦးမျိုးထိုက်ဦး၊ ဦးတင်ဝင်းတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ၎င်းတို့အနက် အသက် ၄၅ နှစ်အရွယ် ဦးကြည်စိုးမှာ စစ်ကြောရေးတွင် သေဆုံးသွားသည်ဟုသိရကြောင်း သေဆုံးသူ၏ မိသားစုဝင်တစ်ဦးက ဆိုသည်။ “ဆုံးသွားတာ အို(ကျွန်မ)အစ်ကိုပါ။ ဖြေဖို့နဲ့ ပြောဖို့တောင်အားမရှိတော့ဘူး”ဟု ၎င်းက ပြောသည်။ စစ်ကောင်စီတပ်က ဦးကြည်စိုးအား ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မြိတ်မြို့ ရွှေဘေးကျေးရွာရှိ အမှတ် ၁၀၃ ခြေလျင်တပ်ရင်းရှိ စစ်ကြောရေးစခန်းတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း အထက်ပါ မိသားစုဝင်က ဆိုသည်။ ဦးကြည်စိုးအား ဖမ်းဆီးခေါ်ဆောင်သွားသည့်နေ့မှစကာ မည်သည့်အဆက်အသွယ်မှမရဘဲ […]