၀န်ထမ်းများ ရုတ်တရက် အနံ့အရသာပျောက်ဆုံးပြီး ကိုဗစ်သံသယရှိက အကြောင်းကြားပါ
diz_admin
September 22, 2020ရုံး/ဌာနများရှိ ဝန်ထမ်းများအနေနှင့် ရုတ်တရက် အနံ့အရသာပျောက်ဆုံးပြီး ကိုဗစ်ကူးစက်ခံရမှုသံသယရှိက သက်ဆိုင်ရာ ဌာနအကြီးအကဲနှင့် နီးစပ် ရာကျန်းမာရေးဌာနသို့ ဆက်သွယ် အကြောင်းကြားရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ဝန်ထမ်းများ ဖျားခြင်း၊ ရုတ်တရက် အနံ့အရသာပျောက်ဆုံးခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း ကိုဗစ်-၁၉ ရောဂါ သံသယဖြစ်ဖွယ် လက္ခဏာများ ခံစားနေရပါက ရုံး/ဌာနသို့ လုံးဝမလာရဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကိုဗစ်ပိုးတွေ့ရှိသူများနေထိုင်သည့် လမ်းနှစ်လမ်းအား အသွားအလာကန့်သတ် ယင်းအပြင် လွန်ခဲ့သော ၁၄ ရက်အတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာ၊ စောင့်ကြည့်လူနာ၊ အသွားအလာ ကန့်သတ်ခံရသူတို့နှင့် ထိတွေ့မှုရှိခြင်း၊ ရောဂါဖြစ်ပွာမှုများပြားနေသော ဒေသများသို့ ခရီးသွားရောက်ခဲ့ခြင်းတို့ ရှိပါက ရုံး/ဌာနသို့ လာရောက်ခြင်း (လုံးဝ) မပြုရန် ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ […]