ထီးခီးလမ်းမြေယာနှင့် သီးနှံလျော်ကြေးပေးသည့်စနစ် ဒေသခံများအတွက် အဆင်မပြေ
diz_admin
September 25, 2020ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံသို့ ဆက်သွယ်ထားသည့် ထီးခီးနှစ်လမ်းသွားကားလမ်းအဖြစ် ဖောက်မည့် စီမံကိန်းအတွက် မြေယာနှင့် သီးနှံလျော်ကြေးပေးမည့်စနစ်မှာ အဆင်မပြေဖြစ်နေကြောင်း ဒေသခံတောင်သူ အချို့ထံမှ သိရသည်။ အဆိုပါလမ်း မြေယာလျော်ကြေးငွေအတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံမှုကို စက်တင်ဘာလ ၇ ရက်နေ့က မေတ္တာမြို့တွင် ပြုလုပ်ခဲ့သည်။ ပုံစံ ၇ (လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်)ရှိသူကိုသာ လျော်ကြေးပေးမည်ဟု ဌာနတာဝန်ရှိသူများက ပြောဆိုခဲ့ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူအချို့ထံမှ သိရသည်။ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဟောင်း ဦးစောဟာဗီနှင့် တွေ့ဆုံခြင်း ပုံစံ-၇ ရှိသည့် မြေယာအတွက် ကာလတန်ဖိုး၏ သုံးဆကို ပေးလျော်မည်ဖြစ်ပြီး တစ်ဧကလျှင် ကာလတန်ဖိုး ကျပ် ၁၀ သိန်း သတ်မှတ်ထားရာ ကျပ်သိန်း ၃၀ ရရှိမည်ဖြစ်သည်။ လက်ရှိမြေပြင်တွင်မူ အစိုးရက ထုတ်ပေးသည့် ပုံစံ- ၇ လက်မှတ်မရှိသည့် တောင်သူများလည်း […]