BREAKING
February 4, 2025

သတင်း

ကျိုက်ထီးရိုးဘဏ္ဍာငွေ ကျပ်သိန်းရှစ်ရာကျော် အလွဲသုံးစားမှုဖြင့် ဂေါပကရုံးစာရေးကြီးကို အမှုဖွင့်

diz_admin

September 29, 2020

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီသို့ လှူဒါန်းထားသော ဘဏ္ဍာငွေကို အလွဲသုံးစားလုပ်သည်ဟုဆိုကာ စေတီ၏ ဂေါပကရုံးမှ စာရေးကြီး ဦးမြင့်သန်းဆိုသူကို အမှုဖွင့် ထားသည်။ ကျိုက်ထီးရိုးစေတီ ရွှေဆိုင်းအရောင်းဌာနနှင့် ဘတ်စုံအလှူခံဌာနတို့မှ ရရှိသည့် ငွေများအနက်မှ ငွေကျပ်သိန်း ၈၆၀ ကျော်ကို စေတီဘဏ္ဍာရန်ပုံငွေထဲသို့ ပေးသွင်းခြင်းမပြုဘဲ ကိုယ်ကျိုးအတွက် အလွဲသုံးစား လုပ်ထားသည်ကို စစ်ဆေးတွေ့ရှိရသည့်အတွက် အရေးယူနိုင်ရေး ယခုကဲ့သို့ အမှုဖွင့်ရခြင်းဖြစ်သည်ဟု စေတီဂေါပက အဖွဲ့ဝင် ဦးအေးမြင့်သိန်းက ပြောသည်။ “ဘတ်ဂျက်နှစ် တစ်နှစ်ပြီးသွားရင် စာရင်းတွေကို စစ်တယ်။ ပုံမှန်ပဲ။ စစ်တော့ ဒီလိုမျိုး (ငွေကွာဟမှု) ပေါ်တာ” ဟု ၎င်းက ပြောသည်။ စေတီဂေါပကအဖွဲ့ အရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ဂေါပကအဖွဲ့ဝင် ဦးစိုးတင့်မှ တရားလိုပြုလုပ်ကာ ကင်မွန်းချောင်းနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်သည်။ တိုင်ကြားခံထားရသည့် စာရေးကြီး […]

ထားဝယ်မြို့ပေါ် မြေယာအငြင်းပွားမှု ခုနစ်ဦး အမှုနှစ်မှု ဖွင့်ခံရ

diz_admin

September 29, 2020

ထားဝယ်မြို့ပေါ်ရှိ မြေယာအငြင်း ပွားမှုဖြစ်စဉ်တွင် လယ်သမားခုနစ်ဦးကို အမှုဖွင့်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ဆန်းချီတိုးချဲ့ရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါပြဿနာတွင် မူလ ပိုင်ရှင်ဟုဆိုသည့် လယ်သမားမိသားစုနှင့် ၎င်းတို့ကိုဝန်းရံသည့် လယ်သမားအချို့အား အမှုဖွင့်ထားခြင်းဖြစ်သည်။ လက်ရှိပိုင်ဆိုင်ထားသည့် မြေပိုင် ရှင်ဆိုသူက အလုပ်သမားများနှင့်အတူ စက်တင်ဘာလ ၂၃ ရက်နေ့က ခြံစည်း ရိုးကာရံနေစဉ် အဆိုပါလယ်သမားများ ရောက်ရှိလာပြီး ဟန့်တားနှောင့်ယှက်ခြင်း၊ ဆဲဆိုခြင်း၊ စိုက်ထားသည့် ခြံစည်းရိုးတိုင်များကို ဆွဲနုတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ လောင်းလုံးကျူစခန်းမှ ထွက်ပြေးသွားသူကို ရှစ်ရက်ကြာမှ ပြန်ဖမ်းမိ ထိုအခြေအနေကြောင့် မြေပိုင်ရှင် ဆိုသည့် အမျိုးသမီးက ရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့ကြောင်း ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူးက ဆိုသည်။ ထိုကြောင့် အဆိုပါ ခုနစ်ဦးကို ရာဇသတ်ကြီးပုဒ်မ- ၄၄၇/၄၂၇ /၂၉၄/ […]

လောင်းလုံးကျူစခန်းမှ ထွက်ပြေးသွားသူကို ရှစ်ရက်ကြာမှ ပြန်ဖမ်းမိ

diz_admin

September 28, 2020

လောင်းလုံးမြို့၊ မိုးကုပ်ရိပ်သာကွာ ရန်တင်းစခန်းမှ ထွက်ပြေးသွားသူကို စက်တင်ဘာလ ၂၅ ရက်တွင် ပန်းတလဲကျေးရွာတွင် ဖမ်းမိခဲ့ကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းသိန်းက ပြော သည်။ အသက် ၂၇ နှစ်အရွယ် ကုန်းဇရပ် ကျေးရွာသားသည် ထိုင်းနိုင်ငံမှပြန်လာသဖြင့် အသွားအလာကန့်သတ်ကာ ဓာတ်ခွဲ နမူနာယူထားခဲ့သည်။ ဓာတ်ခွဲနမူနာအဖြေမသိရသေးခင် စက်တင်ဘာလ ၁၇ ရက်တွင် ကွာရန်တင်းစခန်းမှထွက်ပြေးသွားသဖြင့် ရဲတပ်ဖွဲ့ ဖြင့် ချိတ်ဆက်ကာ လိုက်လံရှာဖွေခဲ့သည်။ လာလည်သူများကြောင့် လိပ်ကုန်းတောင် နာတာလူးပန်းခင်း ပျက်စီး၊ အမှိုက်ပွပြီးကျန်ခဲ့ ယင်းသို့ရှာဖွေနေစဉ် စက်တင်ဘာ လ ၂၅ ရက်က ပန်းတလဲကျေးရွာ ကားလမ်းပေါ်တွင် လမ်းလျှောက်သွားနေသည်ကို ရွာသားတစ်ဦးကတွေ့ပြီး ဖမ်းမိခဲ့ခြင်း ဖြစ်သည်။ ညီဖြစ်သူက ကွာရန်တင်းစခန်းတွင် လာတွေ့စဉ် ဆိုင်ကယ်ယူကာ ထွက်ပြေးသွားခြင်းဖြစ်ကြောင်းကိုလည်း ဝန်ခံ ဖွင့်ပြောခဲ့သည်။ ၎င်းအနေဖြင့် […]

မောတောင်-စင်ခွန်းနယ်စပ် တစ်လျှောက် ထိုင်းဘက်မှ လုံခြုံရေးတိုးမြှင့်

diz_admin

September 28, 2020

မြန်မာ-ထိုင်းနယ်စပ်ဂိတ်တစ်ခု ဖြစ်သည့် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ မောတောင်နှင့် ထိုင်းနိုင်ငံ ပရာကျွပ်ခီရီ ခန်ခရိုင်၊ စင်ခွန်းနယ်စပ်တစ်လျှောက် တွင် စက်တင်ဘာလ ၁၄ ရက်နေ့မှစပြီး ထိုင်းဘက်မှ လုံခြုံရေးအစီအစဉ်များ တိုးမြှင့်ဆောင်ရွက်ထားကြောင်း မြိတ်-ပရာကျွပ်မောင်နှမမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်ထံမှ သိရသည်။ မြိတ်ခရိုင်နှင့် ပရာကျွပ်ခီရီခန်ခရိုင် တို့အကြား ကီလိုမီတာ နှစ်ရာကျော်ရှိ နယ်စပ်တစ်လျှောက်ရှိ တောလမ်းမှ သွားလာနိုင်သည့် နေရာ ၂၇ ခုအား ပရာကျွပ်ခရိုင်ဝန်မှ မြွေပွေးအထူးတပ်ဖွဲ့ (တပ်မတော်ကြည်း)အား နယ်စပ်လုံခြုံရေးနှင့် စောင့်ကြည့်ရေးတာဝန်ကို ပေးအပ်ထားကြောင်း ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်က ပြောပြသည်။ ကော့သောင်းမြို့တွင် ဟိုတယ်ကွာရန်တင်းဝင်နေသည့် သ‌င်္ဘောသားနှစ်ဦး ထွက်ပြေးသော်လည်း မလွတ် အဆိုပါ နေရာ ၂၇ ခုအား ထိုင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ မြွေပွေးအထူးတပ်ဖွဲ့(တပ်မတော်ကြည်း)၊ ခရိုင်လုံခြုံ ရေးတပ်ဖွဲ့(ပြည်သူ့စစ်) စသဖြင့် […]

ကော့သောင်းမြို့တွင် ဟိုတယ်ကွာရန်တင်းဝင်နေသည့် သ‌င်္ဘောသားနှစ်ဦး ထွက်ပြေးသော်လည်း မလွတ်

diz_admin

September 28, 2020

ကော့သောင်းမြို့၊ ဗစ်တိုရီးယား ဟိုတယ်တွင် ကွာရန်တင်းဝင်နေသည့် သ‌င်္ဘောသားနှစ်ဦးမှာ စက်တင်ဘာလ ၂၂ ရက် ည ၁၂ နာရီခန့်က ထွက်ပြေးသွားခဲ့ကြောင်း ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်ရာအိမ်မှူး ဦးနွယ်ထွန်း က ပြောသည်။ အဆိုပါ အမျိုးသားနှစ်ဦးမှာ MV.ASIA PEARL(VII) သင်္ဘောဖြင့် အိန္ဒိယနိုင်ငံမှ ပြန်လာသူများဖြစ်ပြီး ၂၂ ရက်နေ့ညနေတွင် ကော့သောင်း ရေပြင်ပိုင်နက် ဇာဒက်ကြီးကျွန်းမှ ကော့သောင်းမြို့မဆိပ်ကမ်းသို့ တက်လာပြီး ဗစ်တိုရီးယားဟိုတယ်တွင် ကွာရန်တင်းဝင်နေသူများဖြစ်သည်ဟု ဦးနွယ်ထွန်းက ပြောသည်။ လာလည်သူများကြောင့် လိပ်ကုန်းတောင် နာတာလူးပန်းခင်း ပျက်စီး၊ အမှိုက်ပွပြီးကျန်ခဲ့ ဦးနွယ်ထွန်းအတူ မီးသတ်ဝန်ထမ်း နှစ်ဦးမှာ ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက်တွင်း ညမထွက်ရအမိန့်အတွက် လုံခြုံရေးယူနေစဉ် ည ၁၂ နာရီခန့်တွင် ဆိုင်ကယ်သမားတစ်ဦးက ယင်းဟိုတယ် အနီးတွင် လူနှစ်ဦး ဆိုင်ကယ်များကို […]

လာလည်သူများကြောင့် လိပ်ကုန်းတောင် နာတာလူးပန်းခင်း ပျက်စီး၊ အမှိုက်ပွပြီးကျန်ခဲ့

diz_admin

September 28, 2020

လူငယ်များအကြား စိတ်ဝင်းစားမှုမြင့်တက်ပြီး သွားရောက်လည်ပတ် လျက်ရှိသည့် လောင်းလုံးမြို့နယ်၊ မင်းရပ်ကျေးရွာတွင်ရှိသည့် လိပ်ကုန်းတောင် နာတာလူးပန်းခင်းသည် လည်ပတ်သူများကြောင့် ပျက်စီးမှုများနှင့် အမှိုက်များ ကျန်ရစ်ခဲ့ကြောင်း တွေ့ရ သည်။ တောင်စောင်းရှိ အဝါရောင်နာတာ လူးပန်းပွင့်များအလှအပနှင့် ထားဝယ်မြစ်အား လှမ်းကြည့်နိုင်သည့် ရှုခင်းတို့ကြောင့် ယင်းနေရာမှာ လူစိတ်ဝင်စား လည်ပတ်သူများ ရုတ်တရက်မြင့်တက် လာခြင်းဖြစ်သည်။ အချိန်နီးကပ်မှထုတ်သည့် စည်ပင်ကြေညာချက် စားသောက်ဆိုင်များ အခက်တွေ့ “ဟိုလူက နင်းချိုးလိုက်၊ ဒီလူက နင်းချိုးလိုက်ဆိုတော့လေ။ အမှိုက်ကိုလည်း ဟိုလူပစ်၊ ဒီလူပစ်နဲ့ အမှိုက် ကောက်အဖွဲ့နဲ့ လာပြီးကောက်ပေး ကြရတယ်။ ကျွန်တော်တို့လည်း ကောက်နေရတယ်” ဟု ဦးစိုးညွန့်က ဆိုသည်။ အသက် ၅၉ နှစ်အရွယ် ဦးစိုးညွန့် မှာ အဆိုပါ ပန်းခင်းကို စတင်စိုက်ပျိုးခဲ့ရာတွင် ပါဝင်သူ ဖြစ်သည်။ […]

အချိန်နီးကပ်မှထုတ်သည့် စည်ပင်ကြေညာချက် စားသောက်ဆိုင်များ အခက်တွေ့

diz_admin

September 28, 2020

ကိုဗစ်ကပ်ဘေးကြောင့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်ရောင်းခွင့်မပြုတော့ကြောင်း ကြေညာချက်ကို အချိန် နီးကပ်မှထုတ်ပြန်သည့်အတွက် စားသောက်ဆိုင်နှင့် လက်ဖက် ရည်ဆိုင်များအနေနှင့် အခက်တွေ့ရကြောင်း ယင်းဆိုင်ရှင်အချို့ထံမှ သိရသည်။ ဆိုင်ထိုင်စားသောက်ခြင်း အပါအဝင် ဆိုင်အနီးပတ်ဝန်းကျင်တွင် ဝိုင်းဖွဲ့ စားသောက်ခြင်းကို စက်တင်ဘာလ ၂၃ ရက်နေ့မှ စတင်ကာ ခွင့်မပြုတော့ကြောင်း စက်တင်ဘာလ ၂၂ ရက်နေ့စွဲဖြင့် ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ယင်းထုတ်ပြန်ချက်ကို လက်ဖက်ရည်ဆိုင်ရှင်အများစုက စက်တင်ဘာလ ၂၂ ရက်နေ့ ညနေ ၅ နာရီခွဲ အထိ မသိကြသေးပေ။ ယင်းဆိုင်များအနေနှင့် ဆိုင်တွင် ရောင်းချရန် ပစ္စည်းအမယ်များကို ကြို တင်ပြင်ဆင်(ဈေးပစ္စည်းများ ကြိုတင် ဝယ်ယူထားရ)ပြီး ဆိုင်ထိုင်ရောင်းခွင့်မရှိကြောင်း အချိန်မီ မသိရသည့်အတွက် နစ်နာမှုများ ကြုံတွေ့ရကြောင်း ထားဝယ်မြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင်ပိုင်ရှင် […]

ဂျပန်ကလှူသည့် ဆေးရုံအဆောက်အအုံအသစ် နောက်နှစ်ဆန်းတွင် စဆောက်ရန် အဆိုပြု

diz_admin

September 25, 2020

ထားဝယ်ဆေးရုံကြီးဝင်းအတွင်း ဂျပန်နိုင်ငံကလှူသည့် အဆောက်အအုံအသစ်ကို လာမည့်နှစ်ဆန်းပိုင်းတွင် စဆောက်ရန် အဆိုပြုထားကြောင်း ယင်းဆေးရုံအုပ်ကြီးထံမှ သိရသည်။ ဂျပန်နိုင်ငံ၏ JICA (အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ) က လှူဒါန်းခြင်းဖြစ်ပြီး နှစ်ထပ်အဆောက်အအုံဖြစ်ကာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် စဆောက်ရန် အဆိုပြုထားခြင်းဖြစ်သည်။ လက်ရှိတွင် ဆေးရုံဝင်းအတွင်း မြေနေရာရှင်းလင်းထားပြီး အဆောက်အအုံအပြင် ခွဲစိတ်ခန်း၊ ရောဂါရှာဖွေရေး ဌာန (ဓာတ်ခွဲ၊ဓာတ်မှန်) အစရှိသည့် ကုသရေးနှင့် သက်ဆိုင်သည့် အခန်းများ ပါဝင်မည်ဖြစ်ကြောင်း ထားဝယ်ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးမင်းက ဆိုသည်။ သုံးဘီးယာဉ်အသင်းတစ်ခုက ယာဉ်ရပ်နားစခန်းအတွက် မြေနေရာလျှောက်ထား ယင်းမြေကွက်လပ်အတွင်း ထိုင်းနိုင်ငံနှင့် ဂျပန်နိုင်ငံတို့က နှစ်ထပ်အဆောက်အအုံတစ်ခုစီကို တည်ဆောက်မည်ဖြစ်ပြီး ထိုင်းနိုင်ငံကဆောက်မည့် အဆောက်အအုံကို ယခုနှစ်အတွင်းမဆောက်ဖြစ်ပါက ဂျပန်နိုင်ငံက စဆောက်တော့မည်ဟု အဆိုပြုထားကြောင်း ၎င်းက ရှင်းပြသည်။ ယင်းအဆောက်အအုံနှစ်ခုကို တစ်ပြိုင်တည်းဆောက်ရန် အဆင်မပြေသဖြင့် […]