BREAKING
February 4, 2025

သတင်း

လူစုလူဝေးနှင့် မဲဆွယ်ခြင်းကို မွန်ညီညွတ်ရေးပါတီ ဆိုင်းငံ့

diz_admin

October 4, 2020

ဒေသအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများလာသည့် လတ်တလော အခြေအနေကြောင့် မွန်ညီညွတ်ရေးပါတီ အနေနှင့် လူစုလူဝေးဖြင့် လှည့်လည် မဲဆွယ်စည်းရုံးခြင်းကို စက်တင်ဘာ ၂၀ ရက်နေ့မှစပြီး ခေတ္တဆိုင်းငံ့လိုက်ကြောင်း ပါတီခေါင်းဆောင်တို့က ပြောသည်။ ထိုသို့ဆိုင်းငံ့လိုက်မှုကို ပါတီဗဟိုမှ သက်ဆိုင်ရာပါတီအဆင့်ဆင့်၊ ထိုမှ တစ်ဆင့် ကိုယ်စားလှယ်လောင်းတို့အား ညွှန်ကြားထားသည်ဟု မွန်ညီညွတ်ရေးပါတီ၊ ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေး (ဗဟို) တွဲဘက်အတွင်းရေးမှူး မင်းအောင်မွန် က ပြောသည်။ ပြည်ပရောက် မွန်ပြည်နယ်သား ၁၂၂၀ဝ ကျော် ကြိုတင်မဲပေးနိုင်မည် ပါတီဆိုင်းဘုတ်ထောင်ခြင်း၊ ပါတီ အောင်နိုင်ရေးဆိုင်းဘုတ် ထောင်ခြင်းတို့ကိုလည်း လူအင်အားအနည်းဆုံးဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်တို့မှ ထုတ်ပြန်ချက်များနှင့်အညီ လုပ်ဆောင်ကြရန်လည်း ပါတီဗဟိုက ညွှန်ကြားထားသည်။ လက်ရှိအနေအထားအရ မဲဆွယ်စည်းရုံး လုပ်ဆောင်ရန် မဖြစ်နိုင်သည့် အနေအထားကြောင့် မဲဆွယ်စည်းရုံးရေး […]

ပြည်ပရောက် မွန်ပြည်နယ်သား ၁၂၂၀ဝ ကျော် ကြိုတင်မဲပေးနိုင်မည်

diz_admin

October 4, 2020

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်ပသို့ တရားဝင် ရောက်ရှိနေသည့် မွန်ပြည်နယ်သားများအနက် ကြိုတင်မဲပေးမည့်သူ ၁၂၂၀ဝ ကျော်ရှိသည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။ ပြည်ပသို့ ရောက်ရှိနေကြသည့် မွန်ပြည်နယ်သား ကြိုတင်မဲပေးလိုသူ ၁၃၀ဝ၀ ကျော်၏ စာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လက်ခံရရှိခဲ့သော်လည်း ၁၂၂၀ဝ ကျော်သာ မဲစာရင်းတွင် ဖြည့်သွင်းနိုင်သည်ဟု မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။ ရွေးကောက်ပွဲ မဲရုံဝန်ထမ်းများ မရွေးရသေး “ပို့လိုက်တဲ့စာရင်းတွေမှာ ထပ်စာရင်းတွေ ၇၀ဝ ကျော်ပါတယ်။ နောက် လိပ်စာမှားရောက်လာတာရှိတယ်။ နောက် ပုံစံ (၁၅) နဲ့ လျှောက်ပြီးတော့ နေရပ်ပြန် ရောက်လာတာရှိတယ်။ ဒါတွေကို ဖယ်လိုက်ရင် ကျွန်တော်တို့ ဖြည့်သွင်းတာ […]

တိုင်းအတွင်း ခင်းမည့်လမ်းများအတွက် ကတ္တရာ တင်ဒါခေါ်ရန်စီစဉ်

diz_admin

October 4, 2020

လာမည့်ဘဏ္ဍာနှစ်တွင် တနင်္သာရီတိုင်းအတွင်း အသုံးပြုမည့် လမ်းခင်း ကတ္တရာများ ဝယ်ရန်အတွက် တင်ဒါ ခေါ်ယူရန်ပြင်ဆင်နေကြောင်း တိုင်းဒေသကြီး လမ်းဦးစီးဌာနထံမှ သိရသည်။ တိုင်းအတွင်း AC (နိုင်လွန်ကတ္တရာ) လမ်း ၂၄ မိုင်ကျော် ခင်းရန်နှင့် ရိုးရိုး ကတ္တလမ်းချဲ့ရန်၊ ထပ်ပိုးလွှာခင်းရန်တို့အတွက် ပြင်ဆင်နေခြင်းဖြစ်ကြောင်း လမ်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသက်ဇော်ဝင်းက ဆိုသည်။ သို့သော် မည်မျှပမာဏဝယ်ယူမည် ဆိုသည်ကိုမူ မသိရသေးပေ။ ဝယ်ယူမည့် ကတ္တရာပမာဏကို ခရိုင်အလိုက်တွက်ချက်တောင်းခံထားဆဲဖြစ်ပြီး တင်ဒါလျှောက်လွှာမရောင်းမီ ဝယ်ယူမည့်ပမာဏကို သိနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ တနင်္သာရီတိုင်းသား ငါးထောင်ကျော် နိုင်ငံပြင်ပ ကြိုတင်မဲပေးမည် ကတ္တရာဝယ်မည့် တင်ဒါလျှောက်လွှာကို အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ရောင်းချမည်ဖြစ်ပြီး ၂၀ ရက်နေ့တွင် လျှောက်လွှာပိတ်မည်ဖြစ်သည်။ “အဲဒီအချိန်မတိုင်ခင်တော့ ကျွန်တော်တို့စုစည်းပြီး အခုအချိန်ကတော့ တွက်နေကြတုန်းပဲလေ” […]

တနင်္သာရီတိုင်းသား ငါးထောင်ကျော် နိုင်ငံပြင်ပ ကြိုတင်မဲပေးမည်

diz_admin

October 3, 2020

၂၀၂၀ ရွေးကောက်ပွဲတွင် နိုင်ငံပြင်ပရောက် ကြိုတင်မဲပေးမည့် မဲဆန္ဒရှင်ဦးရေ ငါးထောင်ကျော်ရှိနေပြီး ပြီးခဲ့သည့် ငါးနှစ်ကထက် ငါးထောင်ဝန်းကျင် တိုးလာကြောင်း တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ(ရွေး/ ကော်)ထံမှ သိရသည်။ ပြီးခဲ့သည့် ရွေးကောက်ပွဲကျင်းပချိန်က နိုင်ငံပြင်ပ ကြိုတင်မဲပေးသူ သုံးရာခန့်သာရှိရာမှ လက်ရှိတွင် ငါးထောင်ကျော်ရှိလာခြင်း ဖြစ်သည်။ ကြိုတင်မဲပေးရန် လျှောက်ထားသူ ခြောက်ထောင်ကျော်ရှိခဲ့သည့်အနက်မှ အချက်အလက်မပြည်စုံမှုနှင့် မှားယွင်းနေသည်တို့ကို စစ်ထုတ်ခဲ့ရာ ငါးထောင်ကျော် ကျန်ရှိနေခြင်း ဖြစ်သည်။ ထိုင်း၊ မလေးရှားနှင့် စင်ကာပူတို့မှ အများဆုံးဖြစ်ပြီး ယင်းသုံးနိုင်ငံအနက် ထိုင်းနိုင်ငံမှ လျှောက်ထားသူကအများဆုံးဖြစ်ကြောင်း အထက်ပါကော်မရှင် ဥက္ကဋ္ဌ ဦးသန်းညွန့်ကပြောသည်။ “နိုင်ငံခြားက လျှောက်တဲ့သူတွေက တချို့က လိပ်စာတွေအတိအကျမဖော် ပြထားကြဘူး။ ဥပမာ တနင်္သာရီဆိုရင် တနင်္သာရီမြို့နယ်လား၊ တနင်္သာရီတိုင်း ကိုဆိုလိုလား” ဟု ၎င်းက ဆိုသည်။ ၂၀၁၅ […]

မြေအောက် အပူစွမ်းအင်ဖြင့် လျှပ်စစ်ထုတ်ရန် တိုင်းအစိုးရနှင့် လက်မှတ်ရေးထိုး

diz_admin

October 2, 2020

မြေအောက် အပူစွမ်းအင်ဖြင့် လျှပ်စစ်ထုတ်ရန် ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်သည့် Seni Htai နှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရတို့အကြား ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက နားလည်မှုစာချွန်လွာ (MoU) လက်မှတ်ရေးထိုးခဲ့ကြောင်း ယင်းကုမ္ပဏီတာဝန်ရှိသူထံမှ သိရသည်။ ပြည်တွင်းအခြေစိုက် Seni Htai နှင့် နယ်သာလန်အခြေစိုက် TDD International ကုမ္ပဏီတို့ ပူးပေါင်းကာ Geo-Plutonic Power Plant ဟုခေါ် သည့် မြေအောက်အပူစွမ်းအားမှတစ်ဆင့် နောက်ဆုံးပေါ်နည်းပညာဖြင့် လျှပ်စစ်ထုတ်ယူပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမည့် အစီအစဉ်ဖြစ်သည်။ မီးဆက်ပျက်နေလျှင် ယခင်ကဲ့သို့ ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ပြန်သွားရန်တိုက်တွန်းမည်ဟု လွှတ်တော်ကိုယ်စားလှယ်ပြော ယင်းအတွက် ထုတ်လုပ်မူ ကုန်ကျစရိတ်မှာ တစ်ယူနစ်လျှင် ၁၀၅ ကျပ်သာ ကျသင့်မည်ဖြစ်ကြောင်း Seni Htai ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ ဒေါ်အိရွေစင်က ပြောသည်။ တစ်ယူနစ်လျှင် ၁၀၅ […]

ရွေးကောက်ပွဲ မဲရုံဝန်ထမ်းများ မရွေးရသေး

diz_admin

October 2, 2020

နိုဝင်ဘာလတွင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ ရပ်/ကျေး မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် မဲရုံဝန်ထမ်း မရွေးချယ်ရသေးကြောင်း တနင်္သာရီတိုင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။ လတ်တလောတွင် မဲရုံစာရင်းကို ပြင်ဆင်နေဆဲသာရှိသေးသဖြင့် မဲရုံဝန်ထမ်းရွေးချယ်ခြင်း၊ သင်တန်းပေးခြင်း ကိစ္စများကို မဆောင်ရွက်သေးကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသန်းညွန့်က ပြောသည်။ စည်းကြပ်မှုလွတ်ကင်းငွေများ အခွန်ပေးသွင်းခြင်းကို ဒီဇင်ဘာလကုန်အထိ ခွင့်ပြု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပို့ချသည့် ရွေးကောက်ပွဲဆိုင်ရာ သင်တန်းကို တိုင်းရွေးကောက်ပွဲကော်မရှင်မှ ဝန်ထမ်းများက တက်ရောက်ခဲ့ပြီး သက်ဆိုင်ရာ မဲရုံဝန်ထမ်းအား ဆင့်ပွားသင်တန်း ထပ်မံပို့ချရမည်ဖြစ်သည်။ လက်ရှိတွင် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်မှလည်း သင်တန်းတက်ရန် အကြောင်းမကြားသေးကြောင်း ဦးသန်းညွန့်က ပြောသည်။ “မဲရုံဝန်ထမ်းကတော့ ကျောင်း ဆရာ၊ ဆရာမတွေကိုရွေးပြီးခန့်ထားပြီးမှ သင်တန်းပေးရတာတွေရှိတာလေ။ အခုက အဲဒီအဆင့်ကိုမရောက်သေးဘူး” ဟု ၎င်းက ဆိုသည်။ […]

အထူးရဲသင်တန်း အောက်တိုဘာလဆန်းတွင် ပေးမည်

diz_admin

October 2, 2020

ရွေးကောက်ပွဲလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်မည့် အထူးရဲများကို အောက်တိုဘာလဆန်းတွင် သင်တန်းပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ သင်တန်းမှာ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ သက်ဆိုင်ရာ မြို့နယ်တွင်ပင် ပြုလုပ်မည်ဖြစ်သည်။ “မြို့နယ်အလိုက် မဲရုံအရေအတွက်နဲ့ ညီမျှတဲ့ အထူးရဲတွေကို မြို့နယ်အလိုက် (သင်တန်း) ပေးမှာ” ဟု ယင်း တာဝန်ရှိသူက ပြောသည်။ “နိုလ်” မုန်တိုင်းဒဏ်သင့်သူများအတွက် ထောက်ပံ့ကြေး မဲရုံတစ်ရုံလျှင် အထူးရဲတစ်ဦးနှုန်း ခန့်အပ်မည်ဖြစ်ပြီး ၎င်းတို့ကို ရဲတပ်သား လစာ၊ နေ့တွက်ရိက္ခာစရိတ်နှင့် ယူနီဖောင်း ထောက်ပံ့မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ရဲတပ်သားတစ်ဦး၏ လစာမှာ ၁၄၄၀ဝ၀ ကျပ်ရှိပြီး ရိက္ခာစရိတ်မှာ တစ်ရက်လျှင် ၁၈၀ဝ ကျပ်နှုန်း ခံစားခွင့်ရှိသည်။ လတ်တလောစာရင်းများအရ တိုင်းအတွင်း အထူးရဲ […]

ပေါက်တိုင်းချောင်းအတွင်း ခွင့်ပြုချက်မဲ့ သဲကျောက်ထုတ်သူ ဖမ်းခံရ

diz_admin

October 1, 2020

ထားဝယ်မြို့နယ်အတွင်းရှိ ပေါက်တိုင်းချောင်းအတွင်း တရားမဝင် သဲကျောက်ထုတ်လုပ်နေသူတစ်ဦးကို စက်တင်ဘာလ ၂၂ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အဆိုပါချောင်းအတွင်း စက် ယန္တရားများဖြင့် တရားမဝင်သဲကျောက် စုပ်ယူနေကြောင်း လိပ်ကြယ်ပြောင် ကျေးရွာ ဒေသခံများက ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးထံ စာပို့တိုင်ကြားခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြသည်။ တိုင်စာ၏ မိတ္တူကို ဝန်ကြီးချုပ်နှင့် ပကာရီကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူထံ ပေးပို့ခဲ့သည်။ ထိုသို့တိုင်ကြားချက်ကြောင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများပါဝင်သည့်အဖွဲ့ဖြင့် သွားရောက်စစ်ဆေးရာမှ တရားမဝင်သဲကျောက်ထုတ်နေသူကို ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ယင်းသို့ မဖမ်းဆီးမီအချိန်က ပေါက်တိုင်းချောင်းအတွင်း တရားမဝင် သဲကျောက်လုပ်ငန်းများအပြင် တရား မဝင်ခဲစုပ်သည့်ဖောင်များလည်း ရှိနေဆဲသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ တရားမဝင်သဲကျောက်တူးသည့် အသက် ၃၈ နှစ်အရွယ် အမျိုးသားကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဥပဒေပုဒ်မ -၂၆ […]