BREAKING
February 4, 2025

သတင်း

ထိုင်းငါးဈေးပိတ်၊ မြိတ်ရေလုပ်ငန်းများ အကျပ်ရိုက်

diz_admin

October 7, 2020

ထိုင်းနိုင်ငံ၏ အဓိကငါးဈေးကြီး များဖြစ်ကြသည့် ဘန်ကောက်မြို့ တောင်ဘက် စမွတ်စုမ်ခရမ်ခရိုင်ရှိ မဲ့ကလောင်ငါးဈေးနှင့် ထလေထိုင်း (မဟာချိုင်)ငါးဈေးကြီးတို့မှာ မြန်မာ ရေထွက်ကုန်များဝယ်ယူနေခြင်းကို စက်တင်ဘာလ ၂၁ ရက်နေ့မှစပြီး ယာယီရပ်နားလိုက်ပြီဖြစ်သည်။ အဆိုပါငါးဈေးတို့တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပင်လယ်ပြင်မှရရှိသည့် သားငါးများအား ရနောင်းမှတစ်ဆင့် တင်ပို့‌ရောင်းချလေ့ရှိပြီး ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့မှ ကင်းမွန်(ပြည်ကြီးငါး)များအား မြဝတီ နယ်စပ်မှတဆင့် တင်ပို့ရောင်းချမှုအချို့ရှိကြောင်း ‌ငါးဖမ်းလုပ်ငန်းအသိုင်း အဝိုင်းမှ သိရသည်။ မြန်မာရေထွက်ကုန်များ ဝယ်ယူမှု ယာယီရပ်နားကြောင်းကို စမွတ်ဆာခွန် ခရိုင် ငါးရောင်းဝယ်သူများအသင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယင်းထုတ်ပြန်ချက်အရ မြန်မာပြည်တွင် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ရှိသူ မြင့်မားလာနေပြီး ရေထွက်ကုန်ပစ္စည်းများမှတစ်ဆင့် ရောဂါပိုးများပါရှိလာနိုင်သည့်အတွက် ယာယီရပ်နားလိုက်ခြင်းဖြစ်ကြောင်း မြန်မာ-ထိုင်းနှစ်နိုင်ငံ ဆက်ဆံရေး တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။ သိုသော် ရနောင်းငါးအဝယ်ဒိုင်များမှာ ဖွင့်လှစ်ထားသော်လည်း ငါးဈေးနှုန်းများကျဆင်းခဲ့ကြောင်း […]

ယာဉ်တိုက်မှုဖြစ်ရာမှ ကိုဗစ်လူနာတင်ကား စီးမိသဖြင့် အမျိုးသမီးလေးဦး ကွာရန်တင်းဝင်လိုက်ရ

diz_admin

October 6, 2020

ထားဝယ်မြို့မှ အမျိုးသမီးနှစ်ဦး သည် ယာဉ်တိုက်မှုဖြစ်ရာ လူနာတင်ယာဉ်က လာရောက်ခေါ်ဆောင်ခဲ့သည်။ ယင်းနောက် ဆေးရုံသို့ ရောက်သွားခဲ့သည်။ အဆိုပါယာဉ်မှာ ထို့မတိုင်မီက ကိုဗစ်လူနာကို တင်ဆောင်ခဲ့သည့် ယာဉ်ဖြစ်နေသောကြောင့် ကွာရန်တင်းပါ ဝင်လိုက်ရသည်။ ဖြစ်စဉ်မှာ ထားဝယ်မြို့ ညောင်ရမ်း တောင်ရပ်ကွက်မှ အမျိုးသမီးနှစ်ဦးသည် စက်တင်ဘာလ ၂၄ ရက်က သရက်ချောင်း မြို့နယ်ရှိ ပိတိုင်ကျေးရွာတွင် အမျိုးသမီး နှစ်ဦးစီးလာသော အခြားဆိုင်ကယ်တစ်စီးနှင့် ယာဉ်မတော်တဆဖြစ်ပွားကာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယင်းနောက်တွင် အရေးပေါ်လူနာ တင်ယာဉ်တစ်စီးရောက်ရှိလာပြီး ၎င်းလေးဦးအား ထားဝယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ အဆိုပါယာဉ်မှာ ရန်ကုန်တိုင်းမှ မြိတ်ခရိုင် ပလောက်မြို့သို့ ကြွလာသည့် သံဃာတော်များကို ပို့ဆောင်ပြီး ပြန်လာသောယာဉ်ဖြစ်သည်။ ထို့နောက် ရက်ပိုင်းအကြာတွင် ယင်းယာဉ်ဖြင့် ပို့ဆောင်ခဲ့သည့် သံဃာတော် ခုနစ်ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့ ရှိကြောင်း ကျန်းမာရေးဌာနက […]

၀န်ထမ်းလစာ လချီမရှင်းနိုင်သည့်အတွက် ပုလဲကုမ္ပဏီ မန်နေဂျာ အလုပ်ထွက်

diz_admin

October 6, 2020

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မလိကျွန်း ပုလဲမွေးမြူရေး ကုမ္ပဏီတွင်ဝန်ထမ်းလစာများအား မရှင်းနိုင်သည်မှာ လချီရှိနေပြီဖြစ်ပြီး ယင်းအတွက်ကြောင့် မန်နေဂျာကိုယ်တိုင် အလုပ်မှနုတ်ထွက်ခဲ့ပြီဖြစ်ကြောင်း ကာယကံရှင် ထံမှသိရသည်။ ကိုဗစ်ကပ်ဘေး စတင်ဖြစ်ပွားခဲ့သည့် အချိန်ကစပြီး ယနေ့အချိန်အထိ အကွာဂိုလ်း (Aqua Gold Co.ltd) ဟုခေါ်သည့် ယင်းကုမ္ပဏီတွင် မန်နေဂျာ အပါအဝင် ဝန်ထမ်းများအား လုပ်ခလစာ မရှင်းပေးနိုင်သေးခြင်း ဖြစ်သည်။ သို့ကြောင့် လက်ရှိတာဝန်မှ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ၎င်းက ပြောသည်။ “ကျွန်တော်လည်း လစာတွေ မရနိုင်လို့ ခုအလုပ်ကထွက်လိုက်ပြီ” ဟု ယင်း ကုမ္ပဏီမန်နေဂျာ ဦးမျိုးသန့်က ပြော သည်။ ၎င်းမှာ ကုမ္ပဏီထံမှ ခုနစ်လစာ ရရန် ကျန်နေသေးပြီး ယခုအခါ ရန်ကုန်တွင် ပြန်လည်နေထိုင်နေပြီ ဖြစ်သည်။ ကိုဗစ်စဖြစ်သည့် အချိန်မှစပြီး ကုမ္ပဏီမှ […]

မြိတ်တွင် အသွားအလာကန့်သတ်သည့် လမ်းနှစ်လမ်းထပ်တိုး

diz_admin

October 5, 2020

မြိတ်မြို့တွင် ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာသစ်များ တွေ့ရှိလာသောကြောင့် ၎င်းတို့ နေထိုင်သည့် လမ်းနှစ်လမ်းအား အောက်တိုဘာလ ၁ ရက်နေ့က စတင်ကာ အသွားအလာ ကန့်သတ်လိုက်သည်။ မြိတ်မြို့၊ ကန်ခေါင်းရပ်ကွက်ရှိ မြနန္ဒာလမ်းနှင့် မြိုင်ဟေဝန်လမ်းတို့ဖြစ်သည်။ အဆိုပါ ပိုးတွေ့သူငါးဦးတို့နှင့် ထိတွေ့သူ ၁၉ ဦးအားလည်း မြိတ် တက္ကသိုလ် ပုလဲရာဇာအဆောင်ရှိ ကွာရန်တင်းစခန်းသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်း မြိတ်ခရိုင်အရေးပေါ်လူနာတင် ယာဉ်အသင်းထံမှ သိရသည်။ ကွာရန်တင်းစခန်းမှ ထွက်ပြေးသူကို ထောင်တစ်နှစ်ချနိုင်သည့် ပုဒ်မဖြင့် အမှုဖွင့် ယခု ကန့်သတ်ခဲ့သည့် လမ်းနှစ် လမ်းတို့တွင် နေအိမ် ၆၆ ၊ အိမ်ထောင်စု ၁၃၀ နှင့် လူဦးရေ ၅၅၀ ရှိသည်။ အသွားအလာကန့်သတ်ခဲ့သည့် လမ်းတို့ မှာ ၁၄ ရက်ကြာ Stay […]

ကွာရန်တင်းစခန်းမှ ထွက်ပြေးသူကို ထောင်တစ်နှစ်ချနိုင်သည့် ပုဒ်မဖြင့် အမှုဖွင့်

diz_admin

October 5, 2020

လောင်းလုံးမြို့၊ မိုးကုတ်ရိပ်သာ ကွာရန်တင်းစခန်းမှ ထွက်ပြေးသွားသူကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၀ (က)ဖြင့် လောင်းလုံးမြို့ မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ထံမှ သိရသည်။ ယင်းပုဒ်မမှာ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုတစ်ရပ်ရပ်ကို ဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်းခံရသည့် ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်၏ညွှန်ကြားချက်တစ်ရပ်ရပ်ကို လိုက်နာရန် တမင်ပျက်ကွက်ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံမှ ပြန်ရောက်လာပြီး ကွာရန်တင်းဝင်နေသူ အသက် ၂၇ နှစ်အရွယ်အမျိုးသားသည် စက်တင်ဘာ လ ၁၇ ရက်က ထွက်ပြေးသွားခဲ့သည်။ ကိုဗစ်ကြောင့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသအတွင်း အသွားအလာ ကန့်သတ် ယင်းသို့ထွက်ပြေးသွားပြီး ရှစ်ရက်အကြာတွင် ပြန်ဖမ်းမိခဲ့ပြီးနောက် လောင်းလုံးမြို့နယ်အုပ်ချုပ်ရေးမှူးက တရားလို ပြုလုပ်ကာ အမှုဖွင့်လိုက်ခြင်းဖြစ်သည်။ ဆက်လက်ပြီး တရားရုံးသို့ တရားစွဲတင်နိုင်ရေးအတွက် တိုင်းအစိုးရအဖွဲ့ ထံတွင် တရားစွဲဆိုခွင့် […]

ကိုဗစ်ကြောင့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသအတွင်း အသွားအလာ ကန့်သတ်

diz_admin

October 5, 2020

ကိုဗစ်-၁၉ ကူးစက်ရောဂါ ပျံ့နှံ့မှု ပိုမိုများပြားလာနေသည့် လတ်တလော အခြေအနေကြောင့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဒေသအတွင်း ဝင်ထွက် သွားလာခွင့်ကို ကန့်သတ်ထားလိုက်ကြောင်း မွန်ပြည်သစ်ပါတီထံမှ သိရသည်။ လတ်တလောအခြေအနေကြောင့် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ဒေသအတွင်းသို့ ကျန်းမာရေးဆိုင်ရာကိစ္စရပ် များဆောင်ရွက်ရန်မှလွဲပြီး မည်သူ မည်သည့်အဖွဲ့အစည်းမှ ဝင်ခွင့်မပေးတော့ကြောင်းဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းဆက်ဆံရေးတာဝန်ခံ နိုင်ဗညားလယ်က ပြောသည်။ ယင်းဒေသတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် CBO, CSO, NGO စသဖြင့် အရပ်ဘက်အဖွဲ့အစည်း များရှိနေပြီး ကန့်သတ်မှုထဲတွင် ယင်းအဖွဲ့ အစည်းများလည်း အကျုံးဝင်မည်ဖြစ်သည်။ “လုပ်ငန်းအကောင်အထည်လာ ဖော်တာ သင်တန်းပေးတာတွေ လူစုတာတွေ စသဖြင့်ပေါ့ ခွင့်မပြုတော့ဘူး။ ဒီရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ဖို့ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတစ်ခုကိုပဲ ကျွန်တော်တို့ ထိန်းချုပ်ဒေသမှာ လာလုပ် ခွင့်ပြုမယ်။ အဲဒီလို ချမှတ်ထားတာရှိတယ်” ဟု […]

အသက် ၅၇ နှစ်နှင့်အထက် ဝန်ထမ်းများကို ကားပါမစ်ပေးမည်

diz_admin

October 5, 2020

အသက် ၅၇ နှစ်နှင့်အထက် ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ကား ပါမစ်ပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၉ ရက်နေ့က ကြေညာထားသည်။ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိပြီး အောက်တိုဘာလ ၁ ရက်တွင် အသက် ၅၇ နှစ်နှင့် အထက်ရှိသည့် ပင်စင်ယူရန် သုံးနှစ်အလိုဖြစ်သော တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းများ (သက်ပြည့်ပင်စင် မယူမီ ကြိုတင်ပြင်ဆင်၍ ခွင့်ခံစားနေသော ဝန်ထမ်း များအပါအဝင်) အမြဲတမ်းအတွင်းဝန် ရာထူးမှ ဒုတိယညွှန်ကြားရေးမှူးအထိ ဝန်ထမ်းများကို ပြည်ပမှ တင်သွင်းသည့် မော်တော်ယာဉ်တင်သွင်းခွင့်(သို့) ပြည်တွင်းအရောင်းပြခန်းများမှ ဝယ်ယူခွင့် ပြုမည်ဟု ကြေညာထားသည်။ လျှပ်စစ်ဈေးတန်းတူရရှိရေး အပါအဝင် မိန့်ခွန်းပါအချက်များကို ဆင်ဆာဖြတ်မှု ရွေးကောက်ပွဲကော်မရှင်အား ထားဝယ်ပါတီ ဝေဖန် လက်ထောက်ညွှန်ကြားရေးမှူးနှင့် အောက်အဆင့် ဝန်ထမ်းများကိုမူ ပြည်တွင်းမှ SKDစနစ်(ပြည်တွင်း၌ တစ်စိတ်တစ်ပိုင်း တပ်ဆင်ထုတ်လုပ်သည့် […]

လျှပ်စစ်ဈေးတန်းတူရရှိရေး အပါအဝင် မိန့်ခွန်းပါအချက်များကို ဆင်ဆာဖြတ်မှု ရွေးကောက်ပွဲကော်မရှင်အား ထားဝယ်ပါတီ ဝေဖန်

diz_admin

October 5, 2020

လျှပ်စစ်ယူနစ်ဈေးနှုန်း တန်းတူရရှိရေးအပါအဝင် မိန့်ခွန်းပါအချက်များကို ဖြတ်တောက်ခြင်းနှင့်ပတ်သက်၍ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပမည်ဟုပြောဆိုထားသည့် ရွေးကောက်ပွဲကော်မရှင်အား ထားဝယ် တိုင်းရင်းသားများပါတီက ဝေဖန်ပြော ဆိုလိုက်သည်။ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများအနေနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV) မှတစ်ဆင့် ၁၅ မိနစ်စာ မဲဆွယ်မိန့်ခွန်းပြောကြားခွင့် ရရှိထားရာတွင် ထားဝယ်တိုင်းရင်းသား များပါတီ၏ ဗီဒီယိုပါ ပြောကြားချက် အချို့ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဖြုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ဖြုတ်ပယ်ခြင်းသည် မဲဆန္ဒရှင်လူထုထံ အစီရင်ခံမည့် အကြောင်းအရာကို ကန့်သတ်လိုက်ခြင်းဖြစ်သည့်အတွက် လွတ်လပ်စွာပြောဆိုခွင့်ကို ပိတ်ပင်ခြင်းပင်ဖြစ်ကြောင်း ထားဝယ်တိုင်းရင်းသားများပါတီ ဥက္ကဋ္ဌ ဦးအေးမင်း က ဆိုသည်။ လျှပ်စစ်ဈေးနှုန်းကို မြန်မာနိုင်ငံ၏ အခြားသောနေရာများနှင့် တန်းတူရရှိ ရေးကိစ္စ၊ ထားဝယ်လူမျိုးများကို ဗမာအဖြစ် လွဲမှားစွာမှတ်ပုံတင်ခံထားရသည့်ကိစ္စ စသည်တို့အပါအဝင် အချက်ရှစ်ချက်(မိန့်ခွန်း၏ လေးပုံတစ်ပုံဝန်းကျင်)ကို […]