ထိုင်းတွင် ဗီဇာသက်တမ်းကုန်သည့် မြန်မာများ၏ True Money အကောင့် ယာယီအပိတ်ခံရမည်
Dawei Watch
February 12, 2025ထိုင်းနိုင်ငံ၌ ဖေဖော်ဝါရီလ ၁၃ရက်တွင် နေထိုင်ခွင့်ဗီဇာသက်တမ်းကုန်ဆုံးမည့် မြန်မာများ၏ True Money အကောင့် များကို ယာယီပိတ်ထားမည်ဖြစ်ကြောင်း True Money ၏ ဝန်ထမ်းတစ်ဦးက ပြောသည်။ ၂၀၂၂နှင့် ၂၀၂၃ ခုနှစ်တွင် ထိုင်းအစိုးရက ထုတ်ပေးသည့် ပန်းရောင်ဘတ်ဟုခေါ်သည့် ယာယီနေထိုင် အလုပ်လုပ်ခွင့်ကတ် ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသားများ၏ ဗီဇာသက်တမ်းမှာ မနက်ဖြန် ဖေဖော်ဝါရီလ ၁၃ ရက်တွင် သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်သည်။ အဆိုပါမြန်မာနိုင်ငံသားများကို ထိုင်းအစိုးရက အချိန်မီ ဗီဇာမတိုးပေးဘဲ နေထိုင်ခွင့် ၆ လ သက်တမ်းသာ ထပ်တိုး ပေးထား သည်။ နှစ်နိုင်ငံအစိုးရ နားလည်မှုစာချွန်လွှာ MoU စနစ်ဖြင့် ပြောင်းလဲလုပ်ဆောင်မည်ဖြစ်ရာ အချိန် မလုံလောက် သဖြင့် ဗီဇာ အချိန်မီ သက်တမ်းတိုး မပေးနိုင်သေးကြောင်း […]