BREAKING
April 24, 2025

သတင်း

ထိုင်းတွင် အခြေခံလုပ်အားခ တိုးမြှင့်သတ်မှတ်သည့်အတိုင်း ဒေသအချို့တွင် စတင်ရရှိ

Dawei Watch

February 5, 2025

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ထိုင်းနိုင်ငံအတွင်း ခရိုင်အလိုက် အခြေခံလုပ်အားခများကို တိုးမြှင့်သတ်မှတ်လိုက်ပြီဖြစ်ပြီး ဒေသအချို့တွင် ယင်းနှုန်းထားအတိုင်း စတင်ရရှိနေပြီဖြစ်ကြောင်း အလုပ်သမားများနှင့် အလုပ်သမားအရေးလှုပ်ရှားနေသူများထံမှ သိရသည်။ မြန်မာအများဆုံးလုပ်ကိုင်နေသော စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသ၊ အုန်းနွဲ့၊ အုန်းယိုင်နှင့် ဘန်ကောက်ခရိုင် ဘန်ဘော်ဒေသ၊ စမွတ်ပရကန်ခရိုင်ရှိ စက်ရုံကြီးများတွင် အခြေခံလုပ်အားခ တိုးမြှင့်သတ်မှတ်ထားသော တစ်နေ့ ဘတ် ၃၇၂ ဘတ်ကို ခံစားနေရပြီဖြစ်ကြောင်း သိရသည်။ ယခင်က တစ်နေ့ ဘတ် ၃၆၃ ဘတ်ရရှိနေပြီး ၉ ဘတ်တိုးလာခြင်းဖြစ်သည်။ စမွတ်စခွန်ခရိုင်ထဲရှိ စက်ရုံကြီးများက တစ်နေ့လုပ်အားခနှင့် အချိန်ပိုကြေးများကို တိုးမြှင့်သတ်မှတ်ထားသော အခြေခံလုပ်အားခအတိုင်း အလုပ်သမားများကို ပေးနေပြီဖြစ်ကြောင်း Labour Rights Foundation အဖွဲ့က ကိုဇော်က ပြောသည်။ “ထိုင်းနိုင်ငံက ကြေညာချက်အတိုင်း […]

ပန်းရောင်ဘတ်အသစ်လုပ်သူများကို နိုင်ငံကူးလက်မှတ်ထဲ ဗီဇာထည့်ခွင့်ပြု

Dawei Watch

February 5, 2025

ထိုင်းနိုင်ငံအတွင်း နေထိုင်အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) အသစ်ပြုလုပ်ထားသော ရွှေ့ပြောင်းအလုပ်သမား များကို သက်တမ်းကျန်ရှိသော နိုင်ငံကူးလက်မှတ်ထဲသို့ အခြေခံအလုပ်သမားဗီဇာကို ထည့်သွင်းခွင့်ပြုပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၃ ရက်တွင် ထုတ်ပြန်သည်။ ဗီဇာထည့်သွင်းလိုသူများသည် အမည်စာရင်း (Name List) စာရွက်၊ ဘိုင်အနုမတ် ဟုခေါ် သည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ် စာရွက်များ ရရှိထားပြီး ထိုင်း လဝကတွင် လက်ဗွေနှိပ်၊ မျက်လုံးစကင်ဖတ်၍ ကိုယ်ရေးအချက်အလက် သွင်းပြီးသူ ဖြစ်ရမည်ဖြစ်ကြောင်း ဖော်ပြသည်။ ယင်းလုပ်ငန်းစဉ် ပြီးဆုံးသူများအနေဖြင့် Non L-A ဟုခေါ်သည့် အခြေခံအလုပ်သမားဗီဇာကို သက်တမ်းကျန်ရှိနေသော နိုင်ငံကူးလက်မှတ် (PV၊ PJ) ထဲသို့ ဖြစ်စေ၊ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) ထဲသို့ ဖြစ်စေ ထည့်သွင်း […]

အမေရိကန်ထောက်လှမ်းရေး စီအိုင်အေက ဝန်ထမ်းများ ပိုက်ဆံယူပြီး အလုပ်ထွက်ကြရန်ကမ်းလှမ်း

Dawei Watch

February 5, 2025

အမေရိကန် ထောက်လှမ်းရေးဗဟိုဌာန(CIA)က ၎င်း၏ဝန်ထမ်းအားလုံးကို ပိုက်ဆံယူပြီး အလုပ်ထွက်ကြရန် အင်္ဂါနေ့က ကမ်းလှမ်းခဲ့ကြောင်း Wall Street Journal က ဖော်ပြထားသည်။ ဝန်ထမ်းအသစ် ခန့်အပ်မှုကိုပါ ရပ်နားလိုက်ကြောင်း CIA ညွှန်ကြားရေးမှူးဂျွန်ရက်ကလစ်ဖ်၏ အမည်မဖော်လိုသည့် လက်ထောက်တစ်ဦးကို ကိုးကား၍ ယင်းသတင်းတွင် ဖော်ပြထားသည်။ သမ္မတဒေါ်နယ်ထရမ့်၏ ဦးစားပေးမူဝါဒများနှင့် လိုက်လျောညီထွေဖြစ်စေရန် CIA က ယင်းသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ အမေရိကန်၏ ရန်သူအဖြစ် သတ်မှတ်ခြင်းမခံခဲ့ရသည့် အနောက်အုပ်စုဝင်နိုင်ငံများကိုပါ CIA က ပိုပစ်မှတ်ထားလာတော့မည်ဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်က ပြောသည်။ သမ္မတဒေါ်နယ်ထရမ့် တက်လာပြီးနောက် CIA ၏ ရည်မှန်းချက်အသစ်များတွင် မူးယစ်ဆေးဝါးဂိုဏ်းများကို တိုက်ဖျက်ရေး ၊ ကုန်သွယ်ရေးစစ်ပွဲနှင့် တရုတ်ကို အနိုင်ယူရေးတို့တွင် သမ္မတအား အထောက်အကူပြုရေးတို့ ပါဝင်သည်။ ဝန်ထမ်းများကို အလုပ်ထုတ်ပြီး […]

ဆွီဒင်နိုင်ငံတွင် အထက်တန်းကျောင်းကို သေနတ်ဖြင့်ဝင်ပစ်၊ အဆိုးရွားဆုံး အကြမ်းဖက်မှုဟု သုံးသပ်

Dawei Watch

February 5, 2025

ဆွီဒင်နိုင်ငံ ၊ အဲရာဘရူးမြို့ရှိ အထက်တန်းကျောင်းတစ်ခုတွင် အင်္ဂါနေ့က သေနတ်ပစ်ခတ်တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး သံသယရှိလူသတ်တရားခံအပါအဝင် လူ ၁၁ ဦးဝန်းကျင် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ အခင်းဖြစ်ပွားရာ စာသင်ကျောင်းအပါအဝင် အနီးပတ်ဝန်းကျင်ရှိ စာသင်ကျောင်းများ၌ လုံခြုံရေးအကြောင်းပြချက်ဖြင့် ကျောင်းသားများကို ရဲတပ်ဖွဲ့က ယာယီထိန်းသိမ်းထားခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။ ဆွီဒင်နိုင်ငံတွင် ဒုစရိုက်ဂိုဏ်းများနှင့် ဆက်နွယ်သည့် ပစ်ခတ်တိုက်ခိုက်မှု ၊ ဗုံးခွဲတိုက်ခိုက်မှုများကြောင့် နှစ်စဉ် လူဒါဇင်နှင့်ချီ၍ သေဆုံးလေ့ရှိသော်လည်း ယခုတိုက်ခိုက်မှုမှာ ရှားပါးဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်။ ယင်းကို ခေတ်သစ်ဆွီဒင်နိုင်ငံသမိုင်းတွင် အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် ပစ်သတ်မှုဟု CNA သတင်းဌာနက ဖော်ပြထားသည်။ ပစ်ခတ်ရသည့်အကြောင်းအရင်း အသေးစိတ်ကိုမူ မသိရှိရသေးပေ။ နော်ဒစ်အုပ်စုဝင်နိုင်ငံဖြစ်သည့် ဆွီဒင်သည် ကမ္ဘာပေါ်တွင် အငြိမ်းချမ်းဆုံးနှင့် အကြွယ်ဝဆုံးနိုင်ငံများထဲမှ တစ်ခုအပါအဝင်အဖြစ် သတ်မှတ်ခံထားရသည်။ Source: CNA

ဂါဇာကို အမေရိကန် သိမ်းပိုက်မည်ဟု ထရမ့်ပြော

Dawei Watch

February 5, 2025

ဂါဇာကမ်းမြောင်ဒေသကို အမေရိကန်သိမ်းပိုက်မည်ဟု သမ္မတဒေါ်နယ်ထရမ့်က မည်သူမျှထင်မှတ်မထားသည့် အဆိုပြုချက်တစ်ရပ်ကို အင်္ဂါနေ့က ပြုလုပ်လိုက်သည်။ ဟားမတ်စ်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး အရေးတကြီး ဆွေးနွေးရန် အိမ်ဖြူတော်သို့ အလည်အပတ်ရောက်ရှိလာသည့် အစ္စရေးဝန်ကြီးချုပ်နေတန်ညာဟုကို လက်ခံတွေ့ဆုံစဉ် ထရမ့်က ယင်းသို့ အဆိုပြုလိုက်ခြင်း ဖြစ်သည်။ စစ်ပွဲဒဏ် အပြင်းအထန်ခံစားထားရသည့် ဂါဇာကမ်းမြောင်ဒေသမှ ပါလက်စတိုင်းလူမျိုးများ ထွက်ခွာပြီး အီဂျစ်နှင့် ဂျော်ဒန်နိုင်ငံတို့တွင် ပြောင်းရွှေ့နေထိုင်ကြရန်လည်း ထရမ့်က ထပ်မံတိုက်တွန်းခဲ့သည်။ ယင်းနှစ်နိုင်ငံစလုံးနှင့် ပါလက်စတိုင်းလူမျိုးများကပါ ထရမ့်၏ အဆိုပါတိုက်တွန်းချက်ကို ပြတ်ပြတ်သားသား ငြင်းဆန်ထားကြပြီး ဖြစ်သော်လည်း ၎င်းက ထပ်မံတိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ Source : AFP/dy

မြန်မာသတင်းသမားနှင့် လူ့အခွင့်အရေးကာကွယ်သူ နှစ်ထောင်ကျော်ကို အကူအညီပေးနိုင်ခဲ့ဟု Exile Hub ထုတ်ပြန်

Dawei Watch

February 5, 2025

ထိုင်းနိုင်ငံတွင် အခြေစိုက်သည့် Exile Hub အဖွဲ့က မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီလ ၁ နေ့မှစပြီး ယနေ့အချိန်အထိ မြန်မာသတင်းသမားများနှင့် လူ့အခွင့်အရေး ကာကွယ်သူ ၂၁၀၀ ကျော်ကို အကူအညီပေးအပ်နိုင်ခဲ့ကြောင်း ယင်းအဖွဲ့ကထုတ်ပြန်လိုက်သည်။ “မြန်မာနိုင်ငံက လူ့အခွင့်အရေး ကာကွယ်သူတွေနဲ့ သတင်းထောက်တွေကို ဆက်ပြီးပံ့ပိုးပေးခွင့် ရတဲ့အတွက် အရမ်းဂုဏ်ယူမိပါတယ်။ ဒီပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ လုပ်ဆောင်နိုင်မှုတွေက ဘေးကင်းမှု၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှုတို့ အလှမ်းဝေးနေတဲ့ မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးပါတယ်။ ပိုကောင်းတဲ့ အနာဂတ်မြန်မာနိုင်ငံကို အတူတကွ ဆက်တည်ဆောက်သွားပါမယ်”ဟု Exile Hub ၏ မန်နေးဂျင်း ဒါရိုက်တာမဇီးက ပြောဆိုသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို တုံ့ပြန်သည့်အနေဖြင့် Exile Hub သည် မြန်မာသတင်းသမားများနှင့် လူ့အခွင့်အရေး ကာကွယ်သူများကို အကူအညီပေးရေးအပေါ် […]

Tik Tok ဆော့သည့် အမေရိကန်ဖွား ပါကစ္စတန်မိန်းကလေးကို ဖခင်ဖြစ်သူ ပစ်သတ်

Dawei Watch

February 4, 2025

ပါကစ္စတန်နိုင်ငံ၊ Quetta မြို့တွင် Tik Tok သုံးစွဲသည့် ဆယ်ကျော်သက် သမီးဖြစ်သူအား ဖခင်ဖြစ်သူက သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ ၁၅နှစ်အရွယ် သမီးဖြစ်သူ Tik Tok ပေါ် တင်ထားသည့် ဗီဒီယိုများကို မနှစ်မြို့သည့်အတွက် ဖခင်ဖြစ်သူ Anwar ul-Haq က ပြီးခဲ့သည့်သီတင်းပတ် အင်္ဂါနေ့တွင် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဖခင်ဖြစ်သူက ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားသည်။ သမီးဖြစ်သူ၏ ဝတ်စားဆင်ယင်မှု၊ ဘဝနေထိုင်မှုဟန်ပန်နှင့် လူမှုပေါင်းသင်းဆက်ဆံရေးပုံစံတို့ကို သူမ၏ မိသားစုက မနှစ်မြို့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ကနဦးတွင် သမီးဖြစ်သူအား ပစ်သတ်ခဲ့သူမှာ မည်သူမည်ဝါမှန်း မသိရကြောင်း ဖခင်ဖြစ်သူက လိမ်လည်ထွက်ဆိုခဲ့သေးသည်။ ၎င်းမိသားစုသည် အမေရိကန်နိုင်ငံတွင် ၂၅ နှစ်ကြာ နေထိုင်ခဲ့ပြီးမှ ပါကစ္စတန်နိုင်ငံသို့ ပြောင်းရွှေ့လာသူများ ဖြစ်သည်။ အသတ်ခံရသည့် မိန်းကလေးမှာ […]

မြန်မာဘက်ရှိ ကျားဖြန့်လုပ်ငန်းများကို လျှပ်စစ်မီးချက်ချင်းဖြတ်ရန် ထိုင်းအစိုးရအတည်ပြု

Dawei Watch

February 4, 2025

ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်ခြမ်းရှိ အွန်လိုင်းငွေကြေးလိမ်လည်ရာဇဝတ်မှုများပြုလုပ်နေသော ကျားဖြန့်လုပ်ငန်း များကို လျှပ်စစ်မီးနှင့် လောင်စာဆီများ ချက်ချင်းဖြတ်တောက်ရန် ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်က ယနေ့ ဇန်နဝါရီလ ၄ ရက်တွင် ညွှန်ကြားလိုက်သည်။ အဆိုပါလုပ်ငန်းများသည် ထိုင်းနိုင်ငံက ပေးသော လျှပ်စစ်မီးနှင့် လောင်စာဆီများကြောင့် လည်ပတ်နေသည်ကို သက်သေ ပြနိုင်ပြီးနောက် ချက်ချင်းဖြတ်တောက်ရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ယနေ့အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ အကယ်၍ လျှပ်စစ်မီးဖြတ်တောက်ရေး ဆွေးနွေးချက်ပြီးမြောက်ပါက ယနေ့တွင်ပင် လျှပ်စစ်မီး ဖြတ်တောက်မည်ဟု ထိုင်းဝန်ကြီးချုပ်က ဆိုသည်။ အကယ်၍ နိုင်ငံတော်လုံခြုံရေးကို ထိပါးလာပါက လျှပ်စစ်ဦးစီးဌာနအနေဖြင့် နယ်စပ်ဖြတ်ကျော်ထောက်ပံ့ပေးနေသော လျှပ်စစ်မီးကို ချက်ချင်းဖြတ်တောက်ရမည်ဖြစ်ကြောင်း ထိုင်းဒုဝန်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေးဝန်ကြီးလည်းဖြစ်သော Mr. Phutham Wechayachai က ပြောဆိုသည်။ စာချုပ်ထဲတွင် နိုင်ငံတော်လုံခြုံရေးအရ လျှပ်စစ်မီးများကို […]