ထားဝယ်တွင် စစ်မှုထမ်းသင်တန်းဆင်းတစ်ဦးနှင့် စစ်ကောင်စီတပ်သားတစ်ဦး ဘက်ပြောင်းခိုလှုံ
Dawei Watch
February 6, 2025ထားဝယ်အရှေ့တောဒေသတွင် စစ်ရေးလှုပ်ရှားနေသည့် က္လားသစ္ဏတ် (ကျားသစ်နက်) တပ်ဖွဲ့ နှင့် ဘီလုံးပျောက်ကြားတပ်ဖွဲ့ ပူးပေါင်းစစ်ကြောင်းတို့ထံ စစ်ကောင်စီတပ်သားနှစ်ဦး ဘက်ပြောင်းခိုလှုံကြောင်း ယင်းစစ်ကြောင်းက ဖေဖော်ဝါရီလ ၅ ရက်တွင် ထုတ်ပြန်သည်။ ဘက်ပြောင်းခိုလှုံလာသူများသည် ထားဝယ်အခြေစိုက် ခလရ ၂၆၇ စစ်ကောင်စီတပ်ရင်းက တပ်သားစိုးသန်းနှင့် ရေဖြူမြို့နယ် ကံပေါက်အခြေစိုက် ခလရ ၂၇၃ စစ်ကောင်စီတပ်ရင်းက တပ်သား ညီညီဇင်တို့ ဖြစ်ကြောင်း ဖော်ပြသည်။ ၎င်းတို့နှစ်ဦးစလုံးမှာ ထားဝယ်ဒေသခံများမဟုတ်ကြောင်း ကျားသစ်နက်အဖွဲ့ထံမှ သိရသည်။ တပ်သားညီညီဇင်သည် အဓမ္မစစ်သားစုဆောင်းခံရပြီး ရန်ကုန်၊ ဂျိုးဖြူရှိ အမှတ် ၁ တပ်မတော် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းတွင် စစ်မှုထမ်း အပတ်စဥ် (၂) သင်တန်း တက်ခဲ့ရသူဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ ၎င်းတို့နှစ်ဦးသည် ထားဝယ်အရှေ့တောဒေသကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၁ […]