BREAKING
January 12, 2025

သတင်း

ထိုင်း စမွတ်စခွန်တွင် နာမည်ကြီး မြန်မာအလှပြင်ဆိုင်ကို ထိုင်းအာဏာပိုင်များဝင်ဖမ်း

Dawei Watch

September 24, 2024

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသအနီး အုန်းနွဲ့ဒေသတွင် မြန်မာနိုင်ငံသားတစ်ဦး ဖွင့်လှစ်ထားသော နာမည်ကြီး အလှပြင်ဆိုင်တစ်ဆိုင်ကို ထိုင်းအဖွဲ့ပေါင်းစုံက စက်တင်ဘာလ ၂၃ ရက်နေ့တွင် ဝင်ရောက်ဖမ်းဆီးကြောင်း စမွတ်စခွန်ခရိုင် အလုပ်သမားရုံးက ထုတ်ပြန်သည်။ ကထူးဘင်နယ်မြေ အုန်းနွဲ့ဒေသတွင် မြန်မာနိုင်ငံသားတစ်ဦးက အလှပြင်ဆိုင်ဖွင့်ထားကြောင်း အွန်လိုင်းပေါ်တွင် ကြော်ငြာ ထားသဖြင့် ထိုင်းလဝကအဖွဲ့နှင့် အလုပ်သမားရုံး တာဝန်ရှိသူတို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။ ဆံပင်ညှပ်၊ ခေါင်းလျှော်၊ အလှပြင်နေသည်ကို တွေ့ရှိရပြီး ဆိုင်အတွင်း အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ခြောက်ဦး ကိုပါ ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ မြန်မာနိုင်ငံသားများအနက် တစ်ဦးသာ နိုင်ငံကူးလက်မှတ်နှင့် အလုပ်လုပ်ခွင့်လက်မှတ်ကို ပြသနိုင်ခဲ့ကြောင်း ဆိုသည်။ လက်ရှိတွင် ၎င်းတို့ကို ကထူးဘင်ရဲစခန်းတွင် ဖမ်းဆီးထားဆဲဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ဖမ်းဆီးခံရသောဆိုင်သည် […]

စစ်ကောင်စီတပ် မောင်မယ်ရှောင်ရွာကို ဆက်တိုက်မီးရှို့

Dawei Watch

September 24, 2024

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာတွင် စစ်ကောင်စီတပ် ယခုအပတ်အတွင်း နှစ်ကြိမ်တိုက်ခိုက်ခံရပြီးနောက် ကျေးရွာထဲရှိ နေအိမ်များကိုဆက်တိုက်မီးရှို့နေကြောင်း ဒေသခံများက ပြောသည်။ မောင်မယ်ရှောင်ရွာတွင် တပ်စွဲထားသည့် စစ်‌ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲများက စက်တင်ဘာလ ၂၀ ရက်နှင့် ၂၂ ရက်နေ့တို့တွင် တိုက်ခိုက်ခဲ့ကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ စက်တင်ဘာလ ၂၄ ရက်တွင် ထုတ်ပြန်သည်။ ထိုသို့တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သည် စက်တင်ဘာလ ၂၀ ရက်နေ့တွင် မောင်မယ်ရှောင်ရွာအဝင်ဘုရားနီးရှိ နေအိမ်များနှင့် စက်တင်ဘာလ၂၃ ရက်နေ့တွင် ရွာလယ်ပိုင်းရွာအရှေ့ပိုင်းတွင်ရှိသည့် နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြောင်း ဒေသခံများက ဆိုသည်။ “ရွာလယ် ဇရပ်နားတဝိုက်ကနေ ရှို့ သွားတာ (ရွာ) အရှေ့ပိုင်းတစ်ကြောလုံးပဲ။ အိမ်ခြေဘယ်လောက်ပါသွားတယ်၊ ဘယ်သူ့အိမ် ပါသွားတယ်ဆိုတာမသိရသေးဘူး။ မနေ့က အလှူသွားရင်း ကိုယ့်အိမ်အနားက မီးခိုးလုံးတွေ တက်နေတာပဲ တွေ့တယ်။ မြင်ရတာ […]

သံဖြူဇရပ်မြို့ခံများကို စစ်ကောင်စီတပ် ဆက်တိုက်ဖမ်းဆီး

Dawei Watch

September 24, 2024

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့်ဆက်စပ်သည်ဟု စွပ်စွဲပြီး လူမှုကူညီရေး အသင်းဝင်များအပါအဝင် မြို့ခံများကို စစ်ကောင်စီတပ်တို့က ဆက်တိုက်ဖမ်းဆီးနေကြောင်း မြို့ခံတို့ထံမှ သိရသည်။ စက်တင်ဘာလ ၂၂ ရက်နေ့ ည ၉နာရီခန့်က သံဖြူဇရပ်မြို့၊ ကြံ့ခိုင်ရေးရပ်ကွက်နှင့် ကိုးနဝင်းရပ်ကွက်တို့တွင် နေထိုင်သည့် အသက် ၃၀နှစ်အရွယ် အရပ်သားအမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်တို့က အင်အားအလုံးအရင်းဖြင့် နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း မြို့ခံတို့က ပြောသည်။ အဆိုပါအမျိုးသားနှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ် PDF ကို ဆက်သွယ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ကြားသိရကြောင်း မြို့ခံတို့က ဆိုသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့ညက သံဖြူဇရပ်မြို့ ပိုင်ရှင်မဲ့ ဟုအမည်ပေးထားသည့် လူမှုကူညီရေးအသင်း၏ ဥက္ကဋ္ဌ ဦးရဲမင်းထိုက်၊ ဦးဇော်ဝမ်း၊ ကိုရဲလှိုင်နှင့် အခြားအသင်းဝင် […]

ကျိုက်ထိုတွင် သားအဖနှစ်ဦး ပစ်သတ်ခံရ

Dawei Watch

September 24, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုက္ခမူကျေးရွာတွင် စက်တင်ဘာလ ၂၃ ရက်နေ့ ညက သားအဖနှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံတို့ထံမှ သိရသည်။ မုက္ခမူကျေးရွာတွင်နေထိုင်သည့် ဦးမြင့်အောင်ဆိုသူနှင့် သမီးဖြစ်သူ မဝင်းနုခိုင် (ခေါ်) မကေတို့ သားအဖနှစ်ဦးကို ယမန်နေ့ည ၈ နာရီခွဲခန့်တွင်သေနတ်သမားလေးဦးတို့က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး နေအိမ်အတွင်း ဝင်ရောက် ပစ်ခတ်သွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတို့ကပြောသည်။ ဦးမြင့်အောင်တို့ သားအဖနှစ်ဦးသည် သေနတ်ဖြင့် ရှစ်ချက်ခန့် ပစ်ခတ်ခံရပြီး အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးသွားကြောင်း ဒေသခံတစ်ဦးကဆိုသည်။ “အိမ်ထဲဝင်ပစ်သွားတာ။ သူတို့ သားအဖက ကြံ့ခိုင်ရေးပါတီဝင်တွေ ဟုတ်တယ်။ ဘာကြောင့် ဒီလိုလုပ်သွားလဲတော့ မပြောတတ်ဘူး။ ဒီဘက်မှာက ဒီလိုမျိုး ပစ်သတ်ခံနေရတာတော့ ခဏခဏပါပဲ။ တချို့ဆို ဘာအကြောင်းပြချက်မှမရှိဘဲ ပစ်သတ်ခံနေရတာတွေလည်း ရှိတယ်” ဟု […]

ဘင်္ဂလားဒေ့ရှ် သွေးထွက်သံယို အဓိကရုဏ်းကြောင့် စစ်တကောင်းဒေသခံများ ထွက်ပြေးနေရ

Dawei Watch

September 24, 2024

ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းရှိ စစ်တကောင်း တောင်တန်းဒေသများမှ ဒေသခံလူနည်းစုလူမျိုးစုဝင်များသည် ၎င်းတို့အပေါ် ပစ်မှတ်ထားတိုက်ခိုက်သည့် သွေးထွက်သံယို အဓိကရုဏ်းများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည်။ ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က ခါဂရာချာရီခရိုင်၊ ဒင်ဟင်နာလာ အရပ်တွင် ဘင်္ဂါလီအမျိုးသားတစ်ဦးကို ဆိုင်ကယ်ခိုးသူဟု စွပ်စွဲ၍ သက္ကမလူမျိုးစုဝင်များက အသက်သေသည်အထိ ရိုက်နှက်ခဲ့သောဖြစ်ရပ် ဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်ရပ်၏ နောက်ဆက်တွဲဆန္ဒပြပွဲများနှင့် လူမျိုးရေးအဓိကရုဏ်းများ ပေါ်ပေါက်လာခဲ့သည်။ လူများစုဘင်္ဂါလီလူမျိုးစုဝင်များနှင့် လူနည်းစုသက္ကမလူမျိုးစုဝင်များအကြား သွေးထွက်သံယိုအဓိကရုဏ်းများကြောင့် အနည်းဆုံး လူ လေးဦး သေဆုံးခဲ့ပြီး ဆိုင်ခန်းပေါင်း ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ မြန်မာနိုင်ငံနှင့် ထိစပ်နေသည့် စစ်တကောင်းတောင်တန်းဒေသကြီးမှ ခါဂရာချာရီနှင့် ရန်ဂါမာတီခရိုင်များများတွင် လူနည်းစုလူမျိုးစုဝင်မိသားစုအမြောက်အများ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်သည်။ အခြား လူနည်းစုဘာသာဝင်များ ပိုင်ဆိုင်သည့် နေအိမ်နှင့် စီးပွားရေးလုပ်ငန်းများ၊ ဘုရားကျောင်း ဒါဇင်ပေါင်းများစွာ မီးရှို့တိုက်ခိုက်ခံရသည်။ ဒေသအတွင်းရှိ ဗလီများက […]

မြိတ် ဂိုဏ်းပေါင်းစုံသံဃာတော်များ ဦးဆောင်သည့် ရေဘေးအလှူအဖွဲ့ မြို့နယ်လေးခုသို့ သွားကူမည်

Dawei Watch

September 23, 2024

မြိတ်မြို့နယ်အတွင်း သီတင်းသုံးကြသည့် ‌ဂိုဏ်းပေါင်းစုံ သံဃာတော်များ ဦးဆောင်ပါဝင်သည့် ရေဘေး အလှူအဖွဲ့ နေပြည်တော် တပ်ကုန်း၊ လယ်ဝေး၊ ရမည်းသင်းနှင့် တောင်ငူမြို့နယ်များသို့ သွားရောက်ကူညီမည်ဖြစ်ကြောင်း ဦးဆောင်ဆရာတော်များထံမှ သိရသည်။ တနင်္သာရီတိုင်း သံဃမဟာနာယက ဥက္ကဋ္ဌ မော်တောင်ဆရာတော်၏ ဩဝါဒကိုခံ၍ မြိတ်မြို့နယ် သံဃမဟာနာယကအဖွဲ့က ဦးဆောင်ကာ မြို့နယ်အတွင်းရှိ သုဓမ္မာ ၊ ဒွါရ ၊ ဝေဠုဝန် ဂိုဏ်းသုံးဂိုဏ်းဝင် ကျောင်းတိုက်များထံ စက်တင်ဘာလ ၁၈ ရက် ကစ၍ အလှူခံခဲ့ကြောင်း ဆရာတော်များထံမှ သိရသည်။ ကျောင်းတိုက်ဆရာတော်များမှတစ်ဆင့် တကာ၊ တကာမများ၏ လှူဒါန်းထည့်ဝင်ငွေသည် စက်တင်ဘာလ ၂၁ ရက် အလှူခံစာရင်း ပိတ်သိမ်းချိန်တွင် ကျပ်သိန်း တစ်ထောင့်ခုနစ်ရာကျော် ရရှိကြောင်း ဦးဆောင် ဆရာတော်တို့က မိန့်သည်။ မြိတ်မြို့နယ်အပြင် မော်တောင်မြို့ […]

ထိုင်းရောက်မြန်မာတွေ ထွက်သွားကြဟု ထိုင်းနိုင်ငံသားတွေ မြန်မာသံရုံးရှေ့ ဆန္ဒပြ

Dawei Watch

September 23, 2024

ထိုင်းရောက်မြန်မာနိုင်ငံသားများ ထွက်သွားကြရန် ထိုင်းနိုင်ငံသားများက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ယနေ့ (စက်တင်ဘာ ၂၃) နေ့လယ်ပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ ဆန္ဒပြရာတွင် ပါဝင်သော အရပ်ဘက် အဖွဲ့အစည်းများသည် မြန်မာနိုင်ငံသားများကို အလုပ်လုပ်ခွင့် ရက် ၉၀ သာပေးရန်နှင့် ကိုယ်ဝန်ဆောင် အလုပ်သမားများကို အလုပ်လုပ်ခွင့်ပိတ်၍ နေရပ်ပြန်မီးဖွားစေရန် အချက်များ အပါအဝင် အချက် ၈ ချက်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနသို့ စာပို့တောင်းဆိုထားသော အဖွဲ့များဖြစ်သည်။ ယင်းအဖွဲ့ဝင်များသည် ယနေ့ နေ့လယ်ပိုင်းတွင် မြန်မာသံရုံးရှေ့သို့ ရောက်ရှိလာပြီး “မြန်မာနိုင်ငံသားတွေ ကိုယ့်အိမ်ကိုယ်ပြန်ကြ” ဟု အော်ဟစ်ကာ ဆန္ဒပြခဲ့ကြသည်။ မြန်မာအလုပ်သမားများ၏ တရားမဝင် လုပ်ရပ်များက ထိုင်းနိုင်ငံတော်၏ ဂုဏ်သိက္ခာကို ကျဆင်းနေစေပြီး ထိုင်းနိုင်ငံသားများ၏ အလုပ်အကိုင်များလည်း ဆုံးရှုံးနေရကြောင်း ဆိုထားသည်။ ယနေ့ နေ့လယ်ပိုင်းတွင် မြန်မာသံရုံးရှေ့ […]

ထားဝယ်မြို့တွင် ကျောင်းသားက ဆရာမအား ထိုးကြိတ်

Dawei Watch

September 23, 2024

ထားဝယ်မြို့၊ အမှတ် (၁) အထက်တန်းကျောင်းတွင် ကျောင်းသားတစ်ဦးက ဆရာမအား ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာလ ၁၉ ရက်က အမှတ် (၁) အထက်တန်းကျောင်း၊ Grade – 9၊ အခန်း B တွင် ပညာသင်ကြားနေသော ကျောင်းသားတစ်ဦးက သင်္ချာ ၂ ဘာသာရပ်သင်ကြားနေသည့် ဆရာမအား ထိုးကြိတ်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။ ကျောင်းသားဖြစ်သူက စာသင်ခန်းအတွင်းသို့ ဖုန်းယူလာပြီး အသုံးပြုနေသည်ကို ဆရာမက တားမြစ်ရာမှ ထိုးကြိတ်ခြင်း ဖြစ်ကြောင်း ယင်းဖြစ်စဉ်အားသိရှိသော ကျောင်းသားမိဘတစ်ဦးက ပြောသည်။ “ဖုန်းယူလာပြီး သုံးလို့ ဆရာမက လွှင့်ပစ်မယ်ပြောလို့ အဲဒီမှာ ထိုးတာ။ ဆရာမက အသက်ကြီးနေပြီ။ ဒဏ်ရာများတယ်။ ချုပ်ပါချုပ်လိုက်ရတယ်” ဟု ၎င်းက ပြောဆိုသည်။ အဆိုပါကျောင်းသားမှာ ထားဝယ်မြို့ထဲတွင် […]