BREAKING
January 12, 2025

သတင်း

မြိတ်နှင့် တနင်္သာရီတွင် စစ်ကောင်စီ စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဆက်တိုက်ဖြစ်

Dawei Watch

September 25, 2024

မြိတ်မြို့နယ်နှင့် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်များအကြား ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ စက်တင်ဘာလ ၁၇ ရက် ၊ ၁၈ ရက် နှင့် ၂၄ ရက်တို့တွင် တိုက်ပွဲများဖြစ်ပွားကြောင်း ၎င်းတို့က ပြောသည်။ စက်တင်ဘာလ ၁၇ ရက်တွင် မြိတ်နှင့် တနင်္သာရီမြို့နယ်အစပ်ရှိ တုံးဗျောကျေးရွာအုပ်စု၊ တောင်ပုရွာစာသင်ကျောင်းတွင် ကင်းလာယူသည့် စစ်ကောင်စီတပ်သားများကို မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၂) က ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာမှ ထိတွေ့တိုက်ပွဲဖြစ်ကြောင်း အဆိုပါစစ်ကြောင်းက ယနေ့ စက်တင်ဘာလ ၂၅ရက်တွင် ထုတ်ပြန်သည်။ စက်တင်ဘာလ ၁၈ ရက်တွင်လည်း တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စု၊ ညောင်ပင်ကုန်းရွာဘက်သို့ ဦးတည် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီခြေလျင်စစ်ကြောင်းကို တနင်္သာရီ ပကဖ […]

လွှတ်တော် ဖျက်သိမ်းကြောင်း သီရိလင်္ကာ သမ္မတသစ် ကြေညာ

Dawei Watch

September 25, 2024

မကြာသေးမီက ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် သီရိလင်္ကာသမ္မတသစ်က တစ်နှစ်သက်တမ်း ကျန်သေးသော လက်ရှိလွှတ်တော်ကို ဖျက်သိမ်း၍ လွှတ်တော်ရွေးကောက်ပွဲသစ် ခေါ်ယူကျင်းပမည်ဟု ကြေညာလိုက်သည်။ သီရိလင်္ကာနိုင်ငံတွင် နောက်ဆုံးကျင်းပခဲ့သော လွှတ်တော်ရွေးကောက်ပွဲမှာ ၂၀၂၀ ခုနှစ် ဩဂုတ်လ ဖြစ်သည်။ ငါးနှစ်သက်တမ်းရှိသည့် လက်ရှိလွှတ်တော်မှာ ၂၀၂၅ ခုနှစ် ဩဂုတ်လမှသာ သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။ စုစုပေါင်း နေရာ ၂၂၄ နေရာဖြင့် ဖွဲ့စည်းထားသည့် သီရိလင်္ကာလွှတ်တော်တွင် သမ္မတသစ် ဒစ်ဆန်နစ်ယာကာ၏ National People’s Power (NPP) ပါတီက ၃ နေရာသာ ရရှိထားသည်။ သမ္မတသစ်အနေဖြင့် ၎င်း၏ မူဝါဒများကို အကောင်အထည်ဖော်နိုင်ရန် အခက်အခဲရှိနေသည်။ ယင်းကြောင့် လက်ရှိလွှတ်တော်ကို ဖျက်သိမ်း၍ ၎င်းတို့ ပိုမိုထိန်းချုပ်နိုင်မည့် လွှတ်တော်သစ် ဖွဲ့စည်းရန် ကြိုးပမ်းခြင်း ဖြစ်သည်။ […]

စစ်ကောင်စီတပ် ဖမ်းခေါ်သွားသည့် သဘော့ဆိပ်ရွာသားငါးဦးပြန်မလွတ်သေး

Dawei Watch

September 25, 2024

လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်နှင့် ပြည်ကြီးရွာတို့တွင် ၁၃ရက်ကြာတပ်စွဲပြီး စက်တင်ဘာလ ၉ရက်နေ့တွင် ထွက်သွား သည့် စစ်ကောင်စီတပ်ကဖမ်းဆီးခေါ်ဆောင်သွားသည့် သဘော့ဆိပ်ရွာသား ၁၀ ကျော်အနက် ငါးဦးမှာ ယနေ့အထိ ပြန်မလွတ်လာသေးကြောင်း ဒေသခံများက ပြောသည်။ အထက်ပါဒေသခံများအနက် အများစုမှာ သဘော့ဆိပ်နှင့် ပြင်ကြီးရွာတို့ကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာချိန် ရွာထဲတွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး သုံးဦးမှာ ရွာသို့ ခတ္တပြန်လာစဉ် လမ်းတွင် စစ်ကြောင်းနှင့် ထိပ်တိုက်တိုးပြီး ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ “ဖမ်းတာက တစ်ဆယ်ကျော်တယ်။ ကျန်တဲ့သူတွေ လွတ်လာပြီ။ သူတို့ ငါးယောက်က မလွတ်လာသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ ရွာသို့ ခတ္တပြန်လာစဉ် ဖမ်းဆီးခံရသူ သုံးဦးမှာ ဆက်လက် ဖမ်းဆီးခံထားရဆဲဖြစ်ပြီး မိသားစုနှင့်လည်း အဆက်အသွယ် လုံးဝမရသေးကြောင်းမိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။ […]

တနင်္သာရီ ပဝရွာကို စစ်ကောင်စီအမြောက်တပ်က လက်နက်ကြီး နှစ်ရက်ဆက်ပစ်ခတ်

Dawei Watch

September 25, 2024

တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအုပ်စုဘက်ကို မော်တုန်းရွာအခြေစိုက် စစ်ကောင်စီ အမှတ် ၃ဝ၆ အမြောက်တပ်က စက်တင်ဘာလ ၂၄ ရက်ကစ၍ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။ စက်တင်ဘာလ ၂၄ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ပဝရွာဘက်ကို လက်နက်ကြီးဖြင့် သုံးချက်ပစ်ခတ်ခဲ့သဖြင့် နေအိမ် နှစ်လုံး ထိခိုက်ပြီး လုံးဝပျက်စီးသွားကာ နောက်ထပ်နေအိမ်တစ်လုံး အနည်းငယ်ထိခိုက်ကြောင်း ဒေသခံများက ဆိုသည်။ “မော်တုန်း အမြောက်တပ်ကနေ ပစ်လိုက်တာ။ ပဝရွာဘက်မှာသွားကျတယ်။ ပစ်လိုက်တာ အဝေးကြီးပဲ။ ပဝရွာဘက်မှာ တိုက်ပွဲဖြစ်တာမျိုးတော့ မကြားရဘူး။ လက်နက်ကြီးကြောင့် အိမ်သုံးလုံးတော့ ထိသွားတယ်။ လူမထူထပ်တဲ့နေရာမျိုး ကျလို့ လူမထိဘူးလို့ ပြောတယ်” ဟု မော်တုန်းရွာသားတစ်ဦးက စက်တင်ဘာလ ၂၄ ရက်က ပြောသည်။ ယနေ့ စက်တင်ဘာလ […]

အာရှရဲ့ အတုလုပ်ဈေးကွက်ထဲက ခေတ်သစ်ထရိုဂျန်စစ်ဆင်ရေး

Dawei Watch

September 25, 2024

ဆိုက်ဘာလုံခြုံရေးပညာရှင်တွေ နှစ်ပေါင်းများစွာ သတိပေးလာခဲ့တဲ့ အကြီးစားခြိမ်းခြောက်မှုတစ်ခုက ဒီရက်ပိုင်းအတွင်း အစ္စရေးရဲ့ ခေတ်သစ်ထရိုဂျန်စစ်ဆင်ရေးနဲ့အတူ တကမ္ဘာလုံးကို လိပ်ပြာနှိုးလိုက်ပါတယ်။ ဖောက်ခွဲရေးပစ္စည်းထည့်ထားတဲ့ ပေဂျာစက်တွေနဲ့ ဝေါ်ကီတော်ကီတွေ ဘယ်လိုထောက်ပံ့မှုကွင်းဆက်(supply chain)နဲ့ လက်ဘနွန်နိုင်ငံထဲ ဘယ်လိုဘယ်ပုံရောက်ရှိလာခဲ့တယ်ဆိုတာကို တကမ္ဘာလုံးက စိတ်ဝင်စားလာခဲ့ပါတယ်။ ဒါကို ခြေရာခံဖို့ ကြိုးစားကြရင်းနဲ့ အနံ့ဆိုးထွက်လာတာကတော့ အာရှရဲ့ နည်းပညာနိမ့် မော်ဒယ်ဟောင်းလျှပ်စစ်ပစ္စည်းအတုလုပ်ဈေးကွက်ပဲ ဖြစ်ပါတယ်။ အာရှရဲ့ အတုလုပ်ဈေးကွက် အမှောင်ခြမ်း ဖောက်သည်တွေအနေနဲ့ သူတို့ လက်ထဲရောက်လာမယ့်ပစ္စည်းဟာ ဘယ်လိုပစ္စည်းမျိုးလဲဆိုတာ သေသေချာချာ အာမခံလို့မရနိုင်တဲ့ နည်းပညာနိမ့် မော်ဒယ်ဟောင်းလျှပ်စစ်ပစ္စည်းအတုလုပ်ဈေးကွက်ဟာ အာရှတိုက်ရဲ့ အမှောင်ခြမ်းမှာ အချိန်ကြာမြင့်စွာ ထွားကျိုင်းလျက် ရှိနေပါတယ်။ အမြတ်အစွန်းများများရတဲ့ နည်းပညာထုတ်ကုန်အသစ်တွေအတွက် ထောက်ပံ့မှုကွင်းဆက်(Supply Chain) နဲ့ ဖြန့်ဖြူးရေးလမ်းကြောင်းတွေကို ကမ္ဘာဈေးကွက်မှာ တင်းတင်းကျပ်ကျပ် ထိန်းချုပ်စီမံထားပါတယ်။ ဒါပေမယ့် အာရှရဲ့ နည်းပညာနိမ့် မော်ဒယ်ဟောင်းလျှပ်စစ်ပစ္စည်းဈေးကွက်ကတော့ […]

အယုဒ္ဓယ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မြန်မာ ၂၇၀ ကျော် ဖမ်းဆီးခံရ

Dawei Watch

September 25, 2024

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် တရားမဝင် လုပ်ကိုင်နေသည်ဟုဆိုကာ မြန်မာအလုပ်သမား ၂၇၀ ကို ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၆ နာရီခန့်က အူထိုင်းဒေသရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲကို ထိုင်းလဝကရဲတပ်ဖွဲ့နှင့် နယ်မြေခံအရာရှိများက ကွင်းဆင်းစစ်ဆေးစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။ စစ်ဆေးစဉ် အလုပ်သမားတန်းလျားများတွင် နေထိုင်နေကြသော မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၂၇၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။ မြန်မာအလုပ်သမားများတွင် တရားဝင် အလုပ်လုပ်ခွင့်လက်မှတ်စာရွက်စာတမ်းများ မတွေ့ရကြောင်း ဆိုသည်။ မြန်မာအလုပ်သမားများသည် တစ်ဦးလျှင် ပွဲစားများကို ဘတ်နှစ်သောင်းခန့်ပေး၍ မြဝတီ-မဲဆောက်လမ်းကြောင်းက တရားမဝင် ဝင်ရောက်လာကြကြောင်း အလုပ်သမားများ၏ ဖြေကြားချက်ကို ဖော်ပြထားသည်။ ယခုလုပ်ငန်းခွင်တွင် မြန်မာနိုင်ငံသားများက ကျွမ်းကျင်မှုအလိုက် လုပ်အားခ […]

ကော့စမွေကျွန်းက ကြက်ဝိုင်း ထိုင်းရဲဝင်ဖမ်း၊ မြန်မာအပါအဝင် ၂၂ ဦး ဖမ်းဆီးခံရ

Dawei Watch

September 25, 2024

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့စမွေကျွန်းတွင် တရားမဝင် ကြက်ဝိုင်းတစ်ခုကို ထိုင်းရဲတပ်ဖွဲ့များ ဝင်ရောက်ဖမ်းဆီးရာမှ မြန်မာနိုင်ငံသားများ အပါအဝင် ၂၂ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ စက်တင်ဘာလ ၂၃ ရက်နေ့က ကော့စမွေကျွန်း၊ လမိုင်ဒေသတွင် ကြက်တိုက်၍ တရားမဝင် လောင်းကစား ပြုလုပ်နေသော လူအုပ်စုနောက်ကို ထိုင်းရဲတပ်ဖွဲ့က ခြေရာခံပြီးနောက် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဝင်ရောက်ဖမ်းဆီးချိန် ကြက်တိုက်နေသော မြန်မာ၊ ထိုင်း၊ လာအိုနိုင်ငံသား ၂၂ ဦးကို ဖမ်းဆီးရမိခဲ့ပြီး အိမ်ကြိုအိမ်ကြား ထွက်ပြေး၍ လွတ်မြောက်ခဲ့သူများလည်းရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ အဆိုပါကြက်ဝိုင်းသည် ခွင့်ပြုချက်မရှိဘဲ တရားမဝင် ပြုလုပ်နေသော လောင်းကစားဝိုင်းဖြစ်သဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ဖမ်းဆီးခံရသူများကို ဘိုဖွတ်ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး လောင်းကစားအမှုများဖြင့် အရေးယူထားကြောင်း ဖော်ပြထားသည်။ Ref: […]

ထိုင်းမြောက်ပိုင်း ရေကြီးမည့်သတိပေးချက်ကြောင့် မွေးထားသည့် မိကျောင်းများကို သတ်ရန်ဆုံးဖြတ်

Dawei Watch

September 24, 2024

ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ရေးကြီးမည်ဆိုသည့် သတိပေးချက်များ ထုတ်ပြန်ထားသဖြင့် မွေးမြူရေးလုပ်ငန်းရှင်က လန်ဖွန်ခရိုင်တွင် မွေးထားသည့် မိကျောင်းများကို သတ်ပစ်လိုက်ရန် ဆုံးဖြတ်လိုက်ကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။ ရေဘေးကျရောက်လာပါက မိကျောင်းများ လွတ်မြောက်သွားနိုင်ပြီး လူအများကို အန္တရာယ်ပြုမည်စိုးရိမ်သဖြင့် ခြံပိုင်ရှင်ဖြစ်သူက မိကျောင်းအားလုံးကို သတ်လိုက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စက်တင်ဘာလ ၂၃ ရက်နေ့က ကြေညာခဲ့သည်။ ထိုခြံကို ၁၇ နှစ်တိုင်တိုင်လုပ်ကိုင်လာခြင်းဖြစ်ပြီး ယခုကဲ့သို့ ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲ ချလိုက်ရခြင်းဖြစ်ကြောင်း ခြံပိုင်ရှင်က ပြောဆိုထားသည်။ ခြံပိုင်ရှင်သည် သတ်ဖြတ်ထားသော မိကျောင်းအကောင်များကို Facebook တွင် တင်ထားပြီး အကောင်အရေအတွက်ကိုမူ ဖော်ပြထားခြင်းမရှိပေ။ Ref: Khaosod English