BREAKING
January 12, 2025

သတင်း

မောင်မယ်ရှောင် ကားလမ်းမဘေး လူမရှိသည့်အိမ်များကို စစ်ကောင်စီတပ် ဖောက်ထွင်း

Dawei Watch

September 27, 2024

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာတွင် စက်တင်ဘာလ ၂၆ရက်နေ့ ညနေပိုင်းက ကားလမ်းဘေးရှိ လူမရှိသည့် နေအိမ်များကို စစ်ကောင်စီတပ်က ဖောက်ထွင်းပြီး ပစ္စည်းများ ယူဆောင်သွားကြောင်း ကိုယ်တိုင်တွေ့မြင်သည့် ခရီးသွား ဒေသခံများက ပြောသည်။ မောင်မယ်ရှောင်ရွာနှင့် အနီးဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား ထိတွေ့ တိုက်ပွဲများ ကြောင့် ဒေသခံရွာသူရွာသားများမှာ ယ‌ခုနှစ် ဧပြီလကစပြီး ရွာလုံးကျွတ်နီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရသည်။ ယင်းသို့ ဒေသခံများ တိမ်းရှောင်နေချိန် နေအိမ်များ ဖောက်ထွင်းခံရခြင်းဖြစ်ကြောင်း ခရီးသွားဒေသခံတို့က ဆိုသည်။ “ဘီရိုတွေ၊ ဂစ်အိုးတွေ သယ်ထုတ်လာတာ မြင်တယ်။ လမ်းမတမ်းအိမ်တွေကတော့ အကုန်ဖောက်ထားတယ်။ လမ်းတစ်လျှောက်လုံးမှာလည်း စစ်သားတွေအပြည့်ပဲ” ဟု ကိုယ်တိုင်တွေ့မြင်ခဲ့သည့် ခရီးသွား ဒေသခံတစ်ဦးက ပြောသည်။ စင်တင်ဘာလ ၂၆ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်သည် မောင်မယ်ရှောင်ရွာနှင့် ဇာဟာရွာ […]

စစ်ကောင်စီတပ် ဖမ်းသွားသည့် မောင်းမကန်ရွာသားသုံးဦး ၁၆ ရက်အကြာတွင် အလောင်းပြန်တွေ့

Dawei Watch

September 27, 2024

လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာတွင် စစ်ကောင်စီတပ်က ဖမ်းသွားသည့် ရွာသားသုံးဦး၏ ရုပ်အလောင်းကို ယနေ့ စက်တင်ဘာလ ၂၇ ရက် နံနက်ပိုင်းတွင် ရေတွင်းထဲ၌ ပြန်တွေ့ရကြောင်း ဒေသခံများက ပြောသည်။ ဖမ်းဆီးခံရပြီး ၁၆ရက်အကြာ မောင်းမကန်ရဲစခန်းအနီး စစ်ကောင်စီတပ် တပ်စွဲခဲ့သည့် ယာယီစခန်းအနီး ရေတွင်းထဲတွင် ပြန်လည်တွေ့ရှိခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ “မျက်နှာနဲ့ ရေတွင်းဘောင်ကို ဆောင့်ထားတယ်။ ကြိုးတွေတုပ်ထားတယ်။ ‌အလောင်းက ပုပ်ပွနေပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။ သတ်ဖြတ်ခံရသည့် အမျိုးသားသုံးဦးမှာ မောင်းမကန်ရွာသား ကိုမျိုးအပါအဝင် အမျိုးသားသုံးဦးဖြစ်ကြောင်း ဒေသခံတို့ ထံမှ သိရသည်။ စစ်ကောင်စီတပ် ယာယီတပ်စွဲထားသည့်နေရာမှ ထွက်ခွာသွားပြီးနောက် ဒေသခံများ သွားရောက် ရှာဖွေချိန်တွင် ရုပ်အလောင်းတို့ကို ပြန်တွေ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ စက်တင်ဘာလ ၁၂ ရက်နေ့ […]

ဟောင်ကောင်အယ်ဒီတာ ထောင်ဒဏ် ၂၁ လ ချမှတ်ခံရ

Dawei Watch

September 27, 2024

ဒီမိုကရေစီအရေးထောက်ခံသည့် ဟောင်ကောင်သတင်းဌာန တစ်ခု၏ အယ်ဒီတာချုပ်ဟောင်းကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ကြာသပတေးနေ့တွင် တရားရုံးက ထောင်ဒဏ် ၂၁ လ ချမှတ်ခဲ့သည်။ အဆိုပါသတင်းဌာန၏ နောက်ထပ်အယ်ဒီတာဟောင်းတစ်ယောက်ကိုမူ ၎င်း၏ ကျန်းမာရေးအခြေအနေနှင့် အချုပ်ကျခံရသည့်ရက်များကို ထည့်တွက်၍ ထောင်ဒဏ်မှ ကင်းလွတ်ခွင့် ပေးလိုက်သည်။ Stand News သတင်းဌာန၏ အယ်ဒီတာချုပ်ဟောင်းဖြစ်သူ Chung Pui-Kuen နှင့် ယာယီအယ်ဒီတာချုပ်ဟောင်း Patrick Lam တို့သည် တရုတ်ပြည်မအုပ်ချုပ်မှုအောက်သို့ ဟောင်ကောင်ကျရောက်သွားသည့် ၁၉၉၇ ခုနှစ်မှစ၍ နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် စီရင်ချက်ချခံလိုက်ရသည့် ပထမဆုံးဂျာနယ်လစ်များ ဖြစ်လာသည်။ ယခုကဲ့သို့ အရေးယူထောင်ချနိုင်သည့် ဥပဒေကို ဗြိတိသျှကိုလိုနီခေတ်ကတည်းက ဟောင်ကောင်ကျွန်းတွင် ပြဌာန်းလာခဲ့ပြီး အများဆုံးထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်သည်။ အခုနှစ် မတ်လတွင် ပြဌာန်းလိုက်သည့် လုံခြုံရေးဥပဒေသစ်အရ အများဆုံးထောင်ဒဏ် ၇ […]

ထိုင်းတွင် လုပ်ငန်းခွင်ထဲ မျက်လုံးထိခိုက်သော မြန်မာလုပ်သားသုံးဦး နစ်နာကြေးမရသဖြင့် အခက်အခဲဖြစ်

Dawei Watch

September 27, 2024

ထိုင်းနိုင်ငံ လယောင်မြို့ရှိ သံစက်ရုံတွင် အလုပ်လုပ်ကိုင်နေစဉ် မတော်တဆဖြစ်ပြီး မျက်လုံးထိခိုက်ခဲ့သော မြန်မာ အလုပ်သမားသုံးဦးကို စက်ရုံဘက်က နစ်နာကြေး မပေးသဖြင့် အခက်အခဲဖြစ်နေကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမားသုံးဦးသည် ပြီးခဲ့သော မေလအလယ်ပိုင်းလောက်က လုပ်ငန်းခွင်ထဲတွင် အုတ်နံရံသို့ ဂန်းဖြင့် သံပစ်နေစဉ် မတော်တဆ သံစလွင့်ထွက်ပြီး မျက်လုံးလာမှန်ခဲ့ရာမှ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူ သုံးဦးအနက် နှစ်ဦးက ညာမျက်လုံးကို ထုတ်လိုက်ရပြီး တစ်ဦးက ဘယ်ဘက်မျက်လုံး လုံးဝ မမြင်တော့သည် အထိ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြကြောင်း အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) အဖွဲ့ထံမှ သိရသည်။ ၎င်းတို့သုံးဦးသည် လယောင်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ရပြီး ဆေးကုသစရိတ်များအနက် နှစ်ဦးကို လူမှုဖူလုံရေး ရန်ပုံငွေ (ပကန်စံခွန်) က ကျခံထားပြီး ကျန်တစ်ဦးကို စက်ရုံဘက်က […]

ရေဖြူ၊ ဇာဒီရွာတွင် ဆက်သွယ်ရေးလိုင်းအချို့ပြန်ရ

Dawei Watch

September 26, 2024

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာတွင် စက်တင်ဘာလ တတိယအပတ်က ပြတ်တောက်သွားသည့် ဆက်သွယ်ရေးလိုင်း အချို့ပြန်လည်ရရှိနေပြီဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ အက်တမ် (တယ်လီနော) နှင့် မိုင်တဲလ် အော်ပရေတာနှစ်ခုသာပြန်လည်ရရှိပြီး အမ်ပီတီအော်ပရေတာသည် ယနေ့ စက်တင်ဘာလ ၂၆ ရက်အထိပြန်လည်ရရှိခြင်းမရှိသေးကြောင်း ၎င်းတို့က ဆိုသည်။ စက်တင်ဘာလ ၁၆ ရက်က ဇာဒီရွာဘက်သို့ မောရဝတီရေတပ်နှင့် စစ်သင်္ဘောတို့က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် လမ်းပိုင်းရှိ လျှပ်စစ်မီးတိုင်များ ထိခိုက်ပျက်စီး၍ လျှပ်စစ်မီးနှင့်အတူ အော်ပရေတာလိုင်းများလည်း ပြတ်သွားကြောင်း ဒေသခံတို့က ပြောဆိုသည်။ “လေးငါးရက်လောက် ပြတ်သွားတယ်။ လမ်းမှာမီးတိုင်တွေ ပြင်ပြီးမှ မီးရော၊ ဖုန်းလိုင်းရောပြန်ရတယ်။ အမ်ပီတီက အရင်ပျက်တာ၊ အခုထိလည်း မရသေးဘူး” ဟု ဇာဒီရွာသားတစ်ဦးက ပြောသည်။ အမ်ပီတီ ဆက်သွယ်ရေးတာဝါအတွက် စက်မောင်းမည့် ဝန်ထမ်းကို ကံပေါက်ရွာဘက်မှ […]

ကမ္ဘောဒီးယားတွင် ယခုနှစ်အတွင်း မိုးကြိုးပစ်ခံရမှုကြောင့် လူ ၅၀ သေဆုံး

Dawei Watch

September 26, 2024

ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း မိုးကြိုးပစ်ခံရမှုကြောင့် လူ ၅၀ သေဆုံးခဲ့ပြီး ၄၃ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ကမ္ဘောဒီးယား နိုင်ငံလုံးဆိုင်ရာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီက ဆိုသည်။ ၂၀၂၃ ခုနှစ် တစ်နှစ်တည်းမှာပင် မိုးကြိုးပစ်ခံရမှုကြောင့် လူ ၁၃၀ နီးပါး သေဆုံးခဲ့ရသေးသည်ဟု အဆိုပါကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ မိုးကြိုးပစ်ခံရသည့် လူသေဆုံးမှုများအပြင် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။ ၂၀၂၄ ခုနှစ်အတွင်း မုန်တိုင်းများကြောင့် လူ ၄ ဦး သေဆုံး၍ ၃၂ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ နေအိမ် ၄၈၂ ဆောင် ထိခိုက်ပျက်စီးခဲ့သည်ဟု အထက်ပါ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ရာသီဥတုဖောက်ပြန်မှုမှ ထိုသို့ သေဆုံးမှုများပြားရခြင်း အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း သူက ဆိုထားဖူးသည်။ လူထုအနေနှင့် မိုးသည်းထန်၊ […]

ပန်းရောင်ဘတ်အသစ်ပြုလုပ်ပေးရန် အတည်ပြုလိုက်ပြီဟု ထိုင်းအစိုးရကြေညာ

Dawei Watch

September 26, 2024

ထိုင်းနိုင်ငံအတွင်းရှိ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများကို အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) အသစ်ပြုလုပ်ပေးရန် စက်တင်ဘာလ ၂၄ ရက်နေ့က ပြုလုပ်သော ထိုင်းဝန်ကြီးများအစည်းအဝေးတွင် အတည်ပြုလိုက်ပြီဖြစ်ကြောင်း ထိုင်းအစိုးရစာမျက်နှာက ထုတ်ပြန်ကြေညာထားသည်။ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများအား တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် ပြုလုပ်ပေးရန် အချက်များအပါအဝင် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာအချက်များကို အလုပ်သမားဝန်ကြီးဌာနက အဆိုတင်သွင်းခဲ့ခြင်းဖြစ်ပြီး အစိုးရအဖွဲ့ ဝန်ကြီးများ အစည်းအဝေးက အတည်ပြုပေးလိုက်ခြင်း ဖြစ်သည်။ ယင်းကြောင့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လေးနိုင်ငံက အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို တရားဝင် အလုပ်လုပ်ခွင့် မှတ်ပုံတင် ထုတ်ပေးတော့မည်ဖြစ်သည်။ အစည်းအဝေးအတည်ပြုချက်အရ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်လမ်းကြောင်းဖြင့် ဝင်ရောက်လာသူများ၊ အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းကုန်ဆုံးသွားသူများ၊ တရားဝင် ဝင်ရောက်လာပြီး အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ လုပ်ကိုင်နေသူများ အကျုံးဝင်မည်ဖြစ်ကြောင်း အစိုးရအဖွဲ့ စာမျက်နှာက ထုတ်ပြန်ထားသည်။ […]

စစ်ကောင်စီတပ်က မောင်မယ်ရှောင်ဝန်းကျင်ကို စစ်ကြောင်းထိုး၊ အိမ်များမီးထပ်ရှို့

Dawei Watch

September 25, 2024

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာ၏ အရှေ့ဘက်ဝန်းကျင်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး နေပြီး ‌နေအိမ်‌များကို မီးထပ်ရှို့နေကြောင်း ဒေသခံများကပြောသည်။ စစ်ကောင်စီတပ်သည် ယနေ့(စစ်တင်ဘာ ၂၅) နံနက်ပိုင်းမှစပြီး မောင်မယ်ရှောင်ရွာ အရှေ့ဘက်ကို လက်နက်ကြီးနှင့်ပစ်ခတ်ပြီး ‌စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ “ဒရုန်းတွေ ပါတယ်လို့ပြောတယ်။ ခုညနေတော့ ရွာထဲပြန်ရောက်နေကြတယ်”ဟုဒေသခံကပြောသည်။ လက်နက်ကြီးဖြင့်ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေသည့်အတွက် မောင်မယ်ရှောင်ရွာအရှေ့ဖက်ရှိ ရဲအိုင်၊ပဒိုင်းချောင်းကျေးရွာများက ဒေသခံများ စစ်ဘေးရှောင်ထွက်ပြေး နေကြရဟု၎င်းတို့ကဆိုသည်။ ယင်းစစ်ကြောင်းသည် မွန်းလွဲပိုင်း မောင်မယ်ရှောင်ရွာသို့ ပြန်ရောက်လာပြီး နေအိမ်များကို မီးထပ်ရှို့နေ ကြောင်း ဒေသခံများကပြောသည်။ “ခုရှို့တာက ဒတ်ချောင်း နဲ့ သစ်တိုထောင့်ရပ်ကွက်ဘက်မှာ အိမ်ဘယ်လောက်ရှို့တာလဲဆိုတာ တော့ မသိရဘူး”ဟု ဒေသခံကပြောသည်။ Dawei Watch ကရရှိထားသည့် ဓာတ်ပုံမှတ်တမ်းအရ မောင်မယ်ရှောင်ရွာအနီးဝန်းကျင်တွင် နေရာနှစ်နေရာမှ မီးခိုးများထွက်ပေါ်နေသည်ကို တွေ့ရသည်။ မောင်မယ်ရှောင်ရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် […]