BREAKING
April 23, 2025

သတင်း

VOA ကို ပိတ်သိမ်းရန် အီလွန်မတ် လှုံ့ဆော်

Dawei Watch

February 10, 2025

အမေရိကန်အစိုးရက ထောက်ပံ့သည့် VOA နှင့် လွတ်လပ်တဲ့ ဥရောပအသံ(Radio Free Europe) သတင်းဌာနတို့ကို ပိတ်သိမ်းရန် အီလွန်မတ်က X လူမှုကွန်ရက်စာမျက်နှာပေါ်မှတစ်ဆင့် လှုံ့ဆော်ရေးသားလိုက်သည်။ အမေရိကန် အစိုးရစွမ်းဆောင်ရည်ဌာန( DOGE) ၏ ခေါင်းဆောင်ဖြစ်သူ အီလွန်မတ်က အမေရိကန်သမ္မတ အထူးကိုယ်စားလှယ် Richard Grenell ၏ X လူမှုကွန်ရက်စာမျက်နှာအောက်တွင် တနင်္ဂနွေနေ့က ယင်းသို့ ရေးသားလှုံ့ဆော်လိုက်ခြင်း ဖြစ်သည်။ “လွတ်လပ်တဲ့ ဥရောပအသံ(RFE)သတင်းဌာနနဲ့ VOA တို့ဆိုတာ အမေရိကန်အခွန်ထမ်းပြည်သူတွေရဲ့ ငွေနဲ့ ထောက်ပံ့ပေးထားရတဲ့ မီဒီယာကုမ္ပဏီတွေပဲ။ အဲဒါတွေက အစိုးရပိုင်တဲ့ မီဒီယာတွေပဲ။ ဒီမီဒီယာကုမ္ပဏီတွေထဲမှာ လက်ဝဲယိမ်း တက်ကြွလှုပ်ရှားသူတွေနဲ့ ပြည့်နေတယ်” ဟု အမေရိကန်သမ္မတ အထူးကိုယ်စားလှယ် Richard Grenell က အီလွန်မတ်ပိုင် X လူမှုကွန်ရက်ပေါ်တွင် […]

မျောက်တစ်ကောင်ကြောင့် တစ်နိုင်ငံလုံး လျှပ်စစ်မီးပြတ်သွားဟု သီရိလင်္ကာအစိုးရ ထုတ်ပြန်

Dawei Watch

February 10, 2025

သီရိလင်္ကာနိုင်ငံတွင် တနင်္ဂနွေနေ့က တစ်နိုင်ငံလုံး လျှပ်စစ်မီးပြတ်တောက်သွားပြီး စီးပွားရေးလုပ်ငန်းများ ကြီးကြီးမားမား ထိခိုက်နစ်နာခဲ့ရကာ ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးလိုက်ရသည်။ တနင်္ဂနွေနေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၄၅ မိနစ်မှ ညနေ ၆ နာရီအထိ လျှပ်စစ်မီး ပြတ်တောက်သွားခြင်းဖြစ်ပြီး သီရိလင်္ကာနိုင်ငံတွင် အဆိုးရွားဆုံး လျှပ်စစ်မီးပြတ်တောက်မှုများထဲမှတစ်ခု ဖြစ်ခဲ့သည်။ ယင်းလျှပ်စစ်မီးပြတ်တောက်မှုမှာ မျောက်တစ်ကောင်ကြောင့် ဖြစ်သည်ဟု သီရိလင်္ကာအာဏာပိုင်များက စွပ်စွဲအပြစ်ပုံချခဲ့ကြသည်။ ကနဦးတွင် ဆေးလုံလျှပ်စစ်ဓာတ်အားဘုတ်အဖွဲ့က ယင်းလျှပ်စစ်မီးပြတ်လပ်မှုမှာ မြို့တော်ကိုလံဘိုတောင်ပိုင်းရှိ ဓာတ်အားပေးစက်ရုံခွဲတစ်ခုတွင် အရေးပေါ်အခြေအနေတစ်ခုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ပြီး အသေးစိတ်အချက်အလက်များ ထုတ်ပြန်ခြင်း မရှိခဲ့ပေ။ နောက်ပိုင်းတွင် လျှပ်စစ်စွမ်းအင်ဝန်ကြီး ကုမာရဇယာကောဒိက ယင်းလျှပ်စစ်မီးပြတ်တောက်မှု၏ အကြောင်းရင်းမှာ မျောက်တစ်ကောင်ကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။ လုံးထွေးသတ်ပုတ်နေသည့် မျောက်အုပ်တစ်အုပ် ပန္နဒူရလျှပ်စစ်ဓာတ်အားပေး စက်ရုံအတွင်းသို့ ရောက်ရှိလာပြီး […]

လောင်းလုံးတွင် ပစ်ခတ်သံများထွက်၊ ကမြောကင်းတံတားကို ယာယီပိတ်

Dawei Watch

February 10, 2025

လောင်းလုံးမြို့ ပေါ်တွင် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်က နာရီဝက်ကြာ ပစ်ခတ်သံများကြားခဲ့ရပြီး ကမြောကင်းတံတားကိုလည်း ယာယီပိတ်ထားခဲ့ကြောင်း ဒေသခံများကပြောသည်။ လောင်းလုံးမြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် စရဖရုံးတို့ကို ယနေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်က တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်‌ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။ ယင်းဖြစ်စဉ်အသေးစိတ်ကိုမူ သိရှိရခြင်းမရှိသေးပေ။ “လက်နက်ကြီးတွေရော လက်နက်ငယ်တွေရောပါ ပစ်နေတာ ခုတော့ငြိမ်နေပြီ”ဟု ဒေသခံတစ်ဦးက ယနေ့မွန်းလွဲ ၂ နာရီကျော်အချိန်တွင် Dawei Watch သို့ပြောသည်။ ပစ်ခတ်သံများမှာ နာရီဝက်နီးပါးကြာထွက်ပေါ်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ခန့်တွင် ပစ်ခတ်သံများ ငြိမ်သက်သွားကြောင်း မြို့ခံများကပြောသည်။ ယင်းတိုက်ပွဲဖြစ်ပြီးနောက် ထားဝယ်မြို့ဝင်ဂိတ်ဖြစ်သည့် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီက နာရီဝက်ခန့်ပိတ်ပြီးနောက် ယနေ့ညနေသုံးနာရီဝန်းကျင်တွင် ပြန်လည်ဖြတ်သန်း သွားလာခွင့် ပြုလိုက်ပြီဖြစ်ကြောင်း စုံစမ်းသိရသည်။

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

February 10, 2025

အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။

မင်းတပ်မြို့တွင် ပြန်လည်နေထိုင်ခွင့်ပြု၊ တော်လှန်ရေးရန်ပုံငွေထည့်ပြီးမှ ဝင်ခွင့်ပြုမည်

Dawei Watch

February 10, 2025

ချင်းကာကွယ်ရေးတပ်များ သိမ်းယူထိန်းချုပ်ထားသည့် မင်းတပ်မြို့ကို ပြည်သူများအား ပြန်လည် ဝင်ရောက်နေထိုင်ခွင့် ပြုနေပြီဖြစ်ပြီး ပြန်လည်ဝင်ရောက်သူများသည် တော်လှန်ရေးရန်ပုံငွေ ထည့်ဝင်ရမည်ဖြစ်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖေဖော်ဝါရီလ ၉ရက်တွင် ထုတ်ပြန်သည်။ မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်သူများသည် မြို့နယ်၊ တိုက်နယ်အုပ်ချုပ်ရေးမှူး သို့မဟုတ် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်မှူး သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ဖြင့်သာ ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း ဖော်ပြသည်။ ထောက်ခံစာကို မိမိနေထိုင်တဲ့ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေဆီမှာ အခမဲ့တောင်းယူနိုင်ပြီး ထောက်ခံစာကို မြို့အဝင်ဂိတ်များတွင် ပြသနိုင်သူများသာ မြို့အတွင်းသို့ ဝင်ခွင့်ရမည်ဖြစ်ကြောင်း ဆိုသည်။ တော်လှန်ရေးရန်ပုံငွေ ထည့်ဝင်ထားခြင်း မရှိသေးသူများသည် မြို့အဝင်ဂိတ်များတွင် တော်လှန်ရေးရန်ပုံငွေထည့်ဝင်စေကာ ယင်းဖြတ်ပိုင်းဖြင့်သာ ဝင်ခွင့်ရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ သီတင်းပတ်တစ်ခုလျှင် အင်္ဂါနှင့် ကြာသပတေးနေ့များတွင် နံနက် ၆နာရီမှ ညနေ […]

သရက်ချောင်းမြို့နယ် ဥတ္တူရွာက အရပ်သားနေအိမ်အချို့ကို စစ်ကောင်စီတပ်မီးရှို့

Dawei Watch

February 10, 2025

သရက်ချောင်းမြို့နယ် ဥတ္တူရွာက အရပ်သားနေအိမ်အချို့ကို စစ်ကောင်စီတပ်ဖွဲ့က နှစ်ရက်ဆက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်မှာ ဖေဖော်ဝါရီလ ၈ ရက် မနက်ပိုင်းတွင် ပန်းပြင်ရွာမှနေ၍ မဲနယ်အိုးရွာလမ်းမှတစ်ဆင့် ဥတ္တူရွာထဲဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ရွာအတွင်းရှိ နေအိမ်များကို ဖေဖော်ဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့များတွင် နှစ်ရက်ဆက်တိုက်မီးရှို့ခဲ့ကြောင်း ထွက်ပြေးတိမ်းရှောင်နေရသည့် ဥတ္တူရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “ထွက်ပြေးလာရင်း စစ်တပ်နဲ့တိုးပြီး ဖမ်းခံရသူရှိတယ်လို့လည်း ကြားတယ်” ဟု ဥတ္တူရွာကနေ ထွက်ပြေးတိမ်းရှောင်လာသည့် လူငယ်အမျိုးသားတစ်ဦးက ဆိုသည်။ လက်ရှိတွင် စစ်ကောင်စီတပ်စစ်ကြောင်းမှာ ဥတ္တူရွာမှ ပြန်ထွက်သွားပြီဖြစ်ပြီး နေအိမ် ၆ လုံးမီးရှို့ခံရသလို ဒေသခံတစ်ဦးကိုလည်း ဖမ်းဆီးသွားကြောင်း ထပ်မံစုံစမ်းသိရှိရသည်။ ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေပိုင်းတွင် ဥတ္တူရွာမှထွက်လာသည့် စစ်ကောင်စီတပ်က သရက်နှစ်ခွရွာလယ်ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များတွင် […]

မလေးရှားသွားမည့် မြန်မာ ၃၀ကျော် ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးခံရ

Dawei Watch

February 10, 2025

မလေးရှားနိုင်ငံသို့ သွားရန် တရားမဝင် လမ်းကြောင်းဖြင့် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၃၀ ကျော်သည် ထိုင်း-မလေးရှားနယ်စပ် စွန်ခရာခရိုင်တွင် ဖေဖော်ဝါရီလ ၉ ရက်က ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မြန်မာနိုင်ငံသား ၃၃ ဦးသည် အလုံပိတ်ကုန်ကားထဲ လိုက်ပါလာကြပြီး အာရှလမ်းမကြီးအတိုင်း စွန်ခရာမြို့ထဲသို့ အဝင်တွင် ထိုင်းရဲတပ်ဖွဲ့က သတင်းအရ နောက်က လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ မြန်မာနိုင်ငံသားများသည် လွန်ခဲ့သော သုံးရက်ခန့်က ကရင်ပြည်နယ် ဘုရားသုံးဆူမှ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်သို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူများဖြစ်ကြောင်း ဆိုသည်။ မြန်မာနိုင်ငံသားများတွင် အမျိုးသား ၂၁ ဦးနှင့် အမျိုးသမီး ၁၂ ဦး ပါဝင်ပြီး အားလုံးတွင် နေထိုင်ခွင့် စာရွက်စာတမ်း မရှိကြောင်း ဖော်ပြသည်။ အားလုံးသည် မလေးရှားနိုင်ငံသို့ […]

ခွေးကို ညှင်းပန်းခဲ့သည်ဆိုသော မြန်မာတစ်ဦး ထိုင်းရဲစခန်းတွင် လာရောက်အဖမ်းခံ၊ နေရပ်ပြန်ပို့ခံရမည်

Dawei Watch

February 10, 2025

လွန်ခဲ့သော ၂ နှစ်ခန့်က ခွေးကို ပင်လယ်ထဲပစ်ချ၍ ညှင်းပန်းခဲ့သည်ဟုဆိုသော မြန်မာနိုင်ငံသားတစ်ဦးကို ဖေဖော်ဝါရီလ ၈ ရက်နေ့က ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး နေရပ်ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အသက် ၁၉ နှစ်အရွယ် မောင်သီဟအောင်မှာ ၂၀၂၃ ခုနှစ်က ချွန်ဖော်ခရိုင်ရှိ ပါနန်းကမ်းခြေတွင် ခွေးကို ပင်လယ်ထဲသို့ ပစ်ချလိုက် ပြန်ဆယ်လိုက် အကြိမ်များစွာပြုလုပ်ခဲ့ကြောင်း ထိုင်းရဲတပ်ဖို့ကို ဝန်ခံထားသည်။ ယင်းအချိန်တွင် သူသည် နောက်ထပ်သူငယ်ချင်းတစ်ဦးနှင့်အတူ အရက်အတူတူသောက်နေကြပြီး အရက်လည်းမူး ဘေးကသူငယ်ချင်းကလည်း တိုက်တွန်းခဲ့သဖြင့် ခွေးကို ပင်လယ်ထဲ ပစ်ချခဲ့မိကြောင်း ဆိုသည်။ ဖြစ်စဉ်ကို သူငယ်ချင်းက ဗီဒီယိုရိုက်ထားပြီး ယင်းသူငယ်ချင်းနှင့် စကားများ ရန်ဖြစ်ပြီးနောက် အွန်လိုင်းပေါ်တင်ခဲ့သဖြင့် ပျံ့နှံ့လာခဲ့ခြင်းဖြစ်ကြောင်း မောင်သီဟအောင်က ရဲတပ်ဖွဲ့သို့ ဖြေကြားသည်။ ယင်းဗီဒီယိုတက်လာပြီးနောက် ခွေးကို ညှင်းပန်းနှိပ်စက်နေသည်ဟုဆိုကာ […]